1Un pie Viņa sapulcējās farizeji un daži no Jeruzalemes atnākušie rakstu mācītāji.
1ထိုအခါ ဖာရိရှဲတို့နှင့် ယေရုရှလင်မြို့မှရောက်လာသော ကျမ်းပြုဆရာအချို့တို့သည် အထံတော်၌ စု ဝေး၍၊
2Un tie, redzēdami dažus no Viņa mācekļiem netīrām, tas ir, nemazgātām rokām maizi ēdam, ņēma to ļaunā.
2တပည့်တော်အချို့တို့သည် ညစ်ညူးသောလက်တည်းဟူသော ရေမဆေးသောလက်နှင့် အစာစား သည်ကိုမြင်လျှင် အပြစ်တင်ကြ၏။
3Jo farizeji un visi jūdi neēd, pirms tie, turēdamies pie senču ieražām, nav vairākkārt nomazgājuši rokas.
3အကြောင်းမူကား၊ ရှေးလူဟောင်းတို့မှ ဆက်ဆံသော နည်းဥပဒေသကိုခံယူသော ဖာရိရှဲမှစ၍ ယုဒလူ အပေါင်းတို့သည် လက်ဆုပ်မဆေးဘဲ အစာကို စားလေ့မရှိ။
4Un tie, pārnākuši no tirgus, neēd, kamēr nav mazgājušies; un ir vēl daudz cita, kas tiem uzdots pildīt: kā biķeru, krūžu, vara trauku un guļamvietu mazgāšana.
4ဈေးမှ ပြန်လာသောအခါ၌လည်း ဆေးခြင်းမပြုဘဲစားလေ့မရှိ။ ထိုမှတပါး၊ ခွက်၊ ဖလား၊ ကြေးဝါ ပုကန်၊ ခုတင်တို့ ဆေးခြင်းမှစ၍ အခြားသောထုံးတမ်းများကို ခံယူ၍ ကျင့်လေ့ရှိ၏။
5Un farizeji un rakstu mācītāji jautāja Viņam: Kāpēc Tavi mācekļi nedzīvo pēc senču ieražām, bet ēd maizi, nemazgājuši rokas?
5ထိုအခါ ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့က၊ ရှေးလူဟောင်းတို့မှ ဆက်ခံသောနည်းဥပဒေသကို ကိုယ်တော်၏ တပည့်တို့သည် မကျင့်ဘဲလျက် အဘယ်ကြောင့် ညစ်ညူးသောလက်နှင့် အစာစားကြပါသနည်း ဟု မေးလျှောက်ကြလျှင်၊ ကိုယ်တော်က၊ ကျမ်းစာလာသည်အတိုင်း၊
6Bet Viņš tiem atbildēja un sacīja: Isajs labi pravietojis par jums, liekuļiem, kā ir rakstīts: Šī tauta godina mani lūpām, bet viņu sirdis ir tālu no manis.
6ဟေရှာယသည် လျှို့ဝှက်သော သင်တို့ကိုရည်မှတ်လျက်၊ ဤလူမျိုးသည် နှုတ်ခမ်းနှင့်ငါ့ကို ရိုသေ ကြ၏။ စိတ်နှလုံးမူကား ငါနှင့်ဝေးလှ၏။
7Velti viņi mani cienī, mācot cilvēku mācības un likumus. (Is.29,13)
7လူတို့စီရင်သော ပညတ်တို့ကို သွန်သင်၍ နည်းဥပဒေပေးလျက်ပင်၊ ငါ့ကို အချည်းနှီးကိုးကွယ် ကြ၏ဟု၊ နောက်ဖြစ်လတံ့သောအရာကို လျောက်ပတ်စွာ ဟောခဲ့ပြီ။
8Dieva bausli atmetuši, jūs pildāt cilvēku ieražas: krūžu un kausu mazgāšanas un daudz ko citu šim līdzīgu jūs darāt.
8အကြောင်းမူကား၊ သင်တို့သည် ဘုရားသခင်၏ ပညတ်တော်ကို ပယ်၍ ခွက်ဖလားဆေးခြင်းတည်းဟူ သော လူတို့မှ ဆက်ခံသောနည်းဥပဒေသကို ခံယူလျှက်၊ ထိုသို့သော အခြားအကျင့်အလေ့များတို့ကို ကျင့်လေ့ ရှိကြ၏။
9Un Viņš tiem sacīja: Vai labi, ka jūs Dieva bausli padarāt nesaistošu, lai pildītu savas ieražas?
9သင်တို့သည် အဆက်ဆက်ခံသော နည်းဥပဒေသကိုကျင့်ရသော အခွင့်ရှိစေခြင်းငှါ၊ ဘုရားသခင်၏ ပညတ်တော်ကို လျောက်ပတ်စွာ ပယ်ကြသည်တကား။
10Jo Mozus saka: Godā savu tēvu un māti! Un kas nolād tēvu un māti, tam būs mirt.
10မောရှေ၏ ပညတ်ကား၊ မိဘကို ရိုသေစွာပြုလော့။ အကြင်သူသည် မိဘကို နှုတ်ဖြင့်ပြစ်မှား၏၊ ထိုသူ သည် အသေသတ်ခြင်းကို ခံစေဟု လာသတည်း။
11Bet jūs sakāt: Ja kāds sacītu tēvam un mātei: Korban, tas ir: Upura dāvana lai būs tas, kas tev no manis varētu par labu nākt,
11သင်တို့မူကား၊ အကြင်သူသည် ကိုယ်မိဘကို သင်တို့အသုံးရနိုင်သမျှသော ငါ၏ဥစ္စာသည် အလှူဝတ္ထု တည်းဟူသော ကော်ဘန်ဖြစ်စေဟုဆို၏။
12Tad jūs neļaujat viņam vairs nekā darīt sava tēva un mātes labā,
12ထိုသူသည် မိဘဝတ်ကို အလျှင်းမပြုရဟု မြစ်တား၍၊
13Atceldami Dieva vārdu ar jūsu ieražām, ko jūs esat ieveduši. Un daudz šim līdzīga jūs darāt.
13မိမိတို့အဆက်ဆက်ခံသော နည်းဥပဒေသအားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုပယ်ကြ၏။ ထိုသို့သောအကျင့်အလေ့များတို့ကို သင်တို့သည် ကျင့်လေ့ရှိကြသည်ဟု မိန့်တော်မူ၏။
14Un atkal Viņš, pieaicinājis ļaudis, tiem sacīja: Klausieties mani visi un saprotiet!
14ထိုအခါ လူအစုအဝေးအပေါင်းကို အထံတော်သို့ခေါ်၍၊ သင်တို့ရှိသမျှသည် နားထောင်နားလည်ကြ လော့။
15Nekas cilvēku nevar sagānīt, kas no ārienes viņā ieiet, bet kas no cilvēka iziet, tas ir, kas cilvēku apgāna.
15လူပြင်မှလာ၍ လူအတွင်းသို့ဝင်လျက်၊ လူကိုညစ်ညူးစေနိုင်သော အရာတစုံတခုမျှမရှိ။ လူအတွင်းမှ ထွက်သောအရာသည် လူကို ညစ်ညူးစေသောအရာဖြစ်၏။
16Ja kam ir ausis dzirdēšanai, lai dzird!
16ကြားစရာနားရှိသော သူမည်သည်ကား ကြားပါစေဟု မိန့်တော်မူ၏။
17Un kad Viņš aizgāja no ļaudīm namā, Viņa mācekļi jautāja Viņam par šo līdzību.
17လူအစုအဝေးရှိရာမှ ကြွ၍ အိမ်သို့ ဝင်တော်မူပြီးလျှင်၊ တပည့်တော်တို့သည် ထိုဥပမာကို မေးမြန်းကြ ၏။
18Un Viņš tiem sacīja: Tā arī jūs vēl esat neprašas? Vai jūs nesaprotat, ka viss, kas no ārienes ieiet cilvēkā, nevar to apgānīt?
18ကိုယ်တော်ကလည်း၊ သင်တို့သည် ဤမျှလောက် ပညာမဲ့လျက်နေသလော။ လူပြင်မှလာ၍ လူအတွင်း သို့ ဝင်သမျှသည် နှလုံးထဲသို့မဝင်။
19Jo tas neieiet viņa sirdī, bet nonāk vēderā un iziet laukā, tīrīdams katru barību.
19ဝမ်းထဲသို့ဝင်၍ အစာရှိသမျှကို သန့်ရှင်းစေသဖြင့် ရေအိမ်တွင် ဆင်းသွားသောကြောင့်၊ လူကို မညစ် ညူးစေနိုင်သည်ကို နားမလည်ကြသလော။
20Bet Viņš sacīja: Kas no cilvēka iziet, tas apgāna cilvēku.
20လူအတွင်းမှထွက်သော အရာမူကား၊ လူကို ညစ်ညူးစေသောအရာဖြစ်၏။
21Jo no iekšienes, no cilvēka sirds iziet ļaunās domas, laulības pārkāpšana, nešķīstības, slepkavības.
21လူအတွင်းနှလုံးထဲက မကောင်းသော ကြံစည်ခြင်း၊ သူမယားကို ပြစ်မှားခြင်း၊ မိန်းမလွတ်နှင့် မှားယွင်း ခြင်း၊ လူအသက်ကို သတ်ခြင်း၊
22Zādzības, mantkārība, blēdības, viltība, nekaunība, skaudīga acs, Dieva zaimošana, lepnība, vieglprātība.
22သူ့ဥစ္စာကို ခိုးခြင်း၊ လောဘလွန်ကျူးခြင်း၊ မနာလိုခြင်း၊ လှည့်စားခြင်း၊ ညစ်ညူးခြင်း၊ ငြူစုခြင်း၊ သူ့ အသရေကို ဖျက်ခြင်း၊ ထောင်လွှားစော်ကားခြင်း၊ လျှပ်ပေါ်ခြင်း၊
23Visi šie ļaunumi iziet no iekšienes; un tie apgāna cilvēku.
23ဤဆိုးညစ်သောအရာများတို့သည် အတွင်းမှထွက်လာ၍ လူကို ညစ်ညူးစေကြသည်ဟု မိန့်တော်မူ၏။
24Un Viņš cēlies aizgāja no turienes uz Tiras un Sidonas apgabalu; un, iegājis kādā namā, Viņš vēlējās, lai neviens to nezinātu; bet Viņš nevarēja palikt apslēpts.
24ကိုယ်တော်သည် ထိုအရပ်မှထ၍ တုရုမြို့နှင့် ဖိဒုန်မြို့၏ ကျေးလက်သို့ ကြွတော်မူပြီးလျှင် အိမ်သို့ ဝင်၍ အဘယ်သူမျှ မသိစေခြင်းငှါ အလိုတော်ရှိသော်လည်း ပုန်းရှောင်၍ နေတော်မမူနိုင်။
25Un tūdaļ kāda sieviete, kuras meitiņa bija ļaunā gara apsēsta, izdzirdusi par Viņu, iegāja un krita pie Viņa kājām.
25အကြောင်းမူကား၊ ညစ်ညူးသောနတ်စွဲသော မိန်းမငယ်၏ အမိသည် သိတင်းတော်ကို ကြားသဖြင့်၊
26Bet šī sieviete bija pagāniete, pēc dzimuma sirofeniķiete. Un tā lūdza Viņu, lai Viņš izdzen ļauno garu no viņas meitas.
26မိမိသမီးထဲက နတ်ဆိုးကို နှင်ထုတ်တော်မူမည်အကြောင်း တောင်းပန်လေ၏။ ထိုမိန်းမကား၊ ဟေလသအမျိုး၊ ရှုရိဖိနိတ်ပြည်သူ ဖြစ်သတည်း။
27Viņš tai sacīja: Pagaidi, lai vispirms bērni tiek paēdināti, jo nav labi atņemt maizi bērniem un nomest to sunīšiem.
27ယေရှုကလည်း၊ ရှေးဦးစွာ သားများကို ဝစွာကျွေးပါရစေ။ သား၏ အစာကို ယူ၍ ခွေးအားမပေး မချ အပ်ဟု မိန့်တော်မူ၏။
28Bet tā atbildēja un sacīja Viņam: Jā gan, Kungs, jo arī sunīši ēd zem galda no bērnu druskām.
28မိန်းမကလည်း မှန်ပါ၏သခင်။ ခွေးမည်သည်ကား၊ သားတို့၏ စားနုပ်စားပေါက်ကို စားပွဲအောက်၌ စားမြဲထုံးစံရှိပါသည်ဟု ပြန်၍ လျှောက်လျှင်၊
29Un Viņš tai sacīja: Šī vārda dēļ ej! Ļaunais gars ir izgājis no tavas meitas.
29ကိုယ်တော်က၊ ထိုစကားကြောင့် သင်သွားလော့။ နတ်ဆိုးသည် သင်၏သမီးထဲမှ ထွက်သွားပြီဟု မိန့် တော်မူ၏။
30Un tā, nogājusi savās mājās, atrada meitiņu gultā guļam; un ļaunais gars viņu bija atstājis.
30ထိုမိန်းမသည် မိမိအိမ်သို့ပြန်၍ နတ်ဆိုးထွက်သွားသည်ကို၎င်း၊ သမီးသည် အိပ်ရာ၌ အိပ်လျက် ရှိသည်ကို၎င်း တွေ့၏။
31Un atkal Viņš, izgājis no Tiras robežām, nāca caur Sidonu pie Galilejas jūras desmit pilsētu robežās.
31တဖန် ကိုယ်တော်သည် တုရုမြို့နှင့် ဇိဒုန်မြို့၏ ကျေးလက်မှထွက်၍ ဒေကာပေါလိပြည်နယ်ကို ရှောက်သွားသဖြင့်၊ ဂါလိလဲအိုင်သို့ ရောက်တော်မူ၏။
32Un pie Viņa atveda kurlmēmo un lūdza Viņu, lai Viņš tam uzliek roku.
32ထိုအခါ နားပင်း၍ စကားအသောသူတယောက်ကို အထံတော်သို့ဆောင်ခဲ့၍၊ သူ့အပေါ်မှာ လက်တော်ကို တင်ပါမည်အကြောင်း တောင်းပန်ကြ၏။
33Un Viņš, paņēmis to savrup no ļaudīm, ielika savus pirkstus tā ausīs; un Viņš izspļāvis aizskāra tā mēli.
33ကိုယ်တော်သည် ထိုသူကို လူအစုအဝေးထဲကခေါ်၍၊ ဆိတ်ကွယ်ရာအရပ်သို့ သွားပြီးလျှင်၊ လက်ညှိုး တော်ကို သူ၏နားပေါက်၌ သွင်းတော်မူ၏။ တံထွေးနှင့် ထွေး၍ သူ၏လျှာကိုလည်း တို့တော်မူ၏။
34Un Viņš, pacēlis acis pret debesīm, nopūtās un sacīja tam: Efeta, tas ir: atveries!
34ထိုနောက် ကောင်းကင်သို့ ကြည့်မျှော်၍ ညီးတွားသံကိုပြုလျက်၊ ဧဖသဟု မိန့်တော်မူ၏။ အနက် ကား၊ ပွင့်စေဟု ဆိုလိုသတည်း။
35Un tūdaļ viņa ausis atvērās, un viņa mēles saite atraisījās, un viņš runāja pareizi.
35ထိုခဏခြင်းတွင် သူသည် နားပွင့်ခြင်း၊ လျှာကြောလွတ်ခြင်းရှိသဖြင့် စကားပြီပြီပြောနိုင်၏။
36Un Viņš tiem pavēlēja par to nevienam nesacīt. Bet jo vairāk Viņš liedza, jo vairāk tie sludināja.
36ထိုအကြောင်းကို အဘယ်သူအားမျှမပြောစေခြင်းငှါ သူတို့ကို ပညတ်တော်မူ၏။ ပညတ်တော်မူသော် လည်း သူတို့သည် သာ၍ အလွန်သိတင်းကြားပြောကြ၏။
37Un jo vairāk tie brīnījās, sacīdami: Viņš visu labi darījis: kurliem deva dzirdi un mēmiem - spējas runāt.
37အတိုင်းထက် အလွန်မိန်းမောတွေဝေလျက်ရှိ၍၊ သူသည် အလုံးစုံတို့ကို လျောက်ပတ်စွာ ပြုတော်မူပြီ။ နားပင်းသောသူတို့ကို စကားပြောစေတော်မူပြီဟု ဆိုကြ၏။