Latvian: New Testament

Myanmar

Matthew

14

1Tanī laikā tetrarhs Herods dzirdēja runājam par Jēzu,
1ထိုအခါ စော်ဘွားဟေရုဒ်သည် ယေရှု၏သိတင်းတော်ကိုကြားလျှင်၊
2Un viņš sacīja saviem ļaudīm: Šis ir Jānis Kristītājs; viņš no miroņiem uzcēlies, un tāpēc viņā brīnumdarītāja spēks.
2ဤသူကား ဗတ္တိဇံဆရာယောဟန်ဖြစ်သည်။ သေခြင်းမှထမြောက်လေပြီ။ ထို့ကြောင့် တန်ခိုးများကို ပြ နိုင်သည်ဟု မိမိငယ်သားတို့အားဆို၏။
3Jo Herods sava brāļa sievas Herodijas dēļ Jāni bija apcietinājs, saistījis un ieslodzījis cietumā.
3အထက်က ဟေရုဒ်သည်မိမိညီဖိလိပ္ပု၏ခင်ပွန်း ဟေရောဒိအကြောင်းကြောင့်၊ ယောဟန်ကိုဘမ်းဆီး ချည်နှောင်၍ ထောင်ထဲမှာလှောင်ထား၏။
4Jo Jānis sacīja viņam: Nav brīv tev to pie sevis atstāt.
4အကြောင်းမူကား၊ ယောဟန်က၊ အရှင်မင်းကြီးသည် ထိုမိန်းမကိုမသိမ်းအပ်ဟု ဟေရုဒ်အားဆိုလေပြီ။
5Bet, gribēdams viņu nonāvēt, baidījās tautas, jo tā atzina viņu par pravieti.
5ယောဟန်ကိုသတ်ခြင်းငှာ အလိုရှိသော်လည်း၊ လူအပေါင်းတို့၏မျက်နှာကိုထောက်၍ မသတ်ဝံ့ဘဲနေ ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ယောဟန်ကို ပရောဖတ်ကဲ့သို့ထင်မှတ်ကြသတည်း။
6Heroda dzimšanas dienā Herodijas meita dejoja viņu priekšā, un viņa patika Herodam.
6ထိုနောက်မှ ဟေရုဒ်ကိုဘွားသောနေ့ရက်၌ နှစ်စဉ်ပွဲခံစဉ်တွင်၊ ဟေရောဒိ၏သမီးသည် ပွဲသဘင်၌ က သဖြင့် ဟေရုဒ်သည် နူးညွတ်သောစိတ်ရှိလျှင်၊
7Tāpēc viņš zvērēdams apsolīja dot tai visu, ko vien viņa lūgs.
7ငါသည် သင်တောင်းသမျှကို ပေးမည်ဟု ကျိန်ဆိုလေ၏။
8Un viņa, savas mātes pamācīta, sacīja: Dod man šeit bļodā Jāņa Kristītāja galvu!
8ထိုမိန်းမငယ်သည် သူ၏အမိတိုက်တွန်းသည်အတိုင်း၊ ဗတ္တိဇံဆရာယောဟန်၏ ဦးခေါင်းကို ဤ လင်ပန်း၌ ပေးတော်မူပါဟု တောင်းလျှောက်၏။
9Un ķēniņš noskuma; bet zvēresta un to dēļ, kas atradās pie galda, viņš pavēlēja dot.
9မင်းကြီးသည် ဝမ်းနည်းသော်လည်းကျိန်ဆိုခြင်းကို၎င်း၊ အပေါင်းအဘော်တို့၏မျက်နှာကို၎င်း ထောက် သောကြောင့် ပေးစေဟုအမိန့်တော်ရှိလျက်၊
10Viņš sūtīja, lai Jānim cietumā nocērt galvu.
10လူကို စေလွှတ်၍ ယောဟန်၏လည်ပင်းကို ထောင်ထဲမှာဖြတ်စေ၏။
11Un viņa galvu atnesa bļodā un deva meitenei; viņa to aiznesa savai mātei.
11ဦးခေါင်းကို လင်ပန်း၌ဆောင်ခဲ့၍ ထိုမိန်းမငယ်အားပေးပြီးမှ၊ သူသည်လည်း မိမိအမိထံသို့ယူသွား၏။
12Un viņa mācekļi atnākuši paņēma tā miesu un apbedīja to; tad viņi aizgāja un paziņoja Jēzum.
12ယောဟန်၏တပည့်တို့သည်လည်းလာ၍ အလောင်းကိုဆောင်သွားသဖြင့် သင်္ဂြိုဟ်ပြီးမှ၊ ယေရှုထံတော် သို့သွား၍ ကြားလျှောက်ကြ၏။
13Kad Jēzus to dzirdēja, Viņš no turienes laivā aizbrauca uz atsevišķu tuksnešainu vietu; bet ļaudis, to dzirdēdami, no pilsētām sekoja Viņam kājām.
13ယေရှုသည် ကြားတော်မူလျှင်၊ ထိုအရပ်မှထွက်၍လှေကိုစီးလျက် တော၌ဆိတ်ကွယ်ရာအရပ်သို့ ကြွ တော်မူ၏။ လူအစုအဝေးတို့သည် ကြားသိရလျှင်၊ မြို့ရွာမှထွက်၍ ကုန်းကြောင်းလိုက်ကြ၏။
14Un Viņš izkāpis redzēja daudz ļaužu; un Viņš par tiem iežēlojās; un Viņš dziedināja viņu slimos.
14ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ သနားခြင်းစိတ်တော်ရှိ၍ လူနာရှိ သမျှတို့ကို ချမ်းသာပေးတော်မူ၏။
15Vakaram iestājoties, Viņa mācekļi piegāja pie Viņa un sacīja: Vieta tuksnešaina, un stunda jau vēla; atlaid ļaudis, lai tie iet miestos iepirkt sev barību!
15ညဦးယံ၌ တပည့်တော်တို့သည်ချဉ်းကပ်၍၊ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏။ မိုးလည်းချုပ်ပါပြီ။ လူအစုအဝေးတို့သည် မြို့ရွာသို့သွား၍ စားစရာကိုဝယ်စေခြင်းငှာ အခွင့်ပေးတော်မူပါဟု လျှောက်ကြလျှင်၊
16Bet Jēzus viņiem sacīja: Nevajag viņiem aiziet, dodiet jūs viņiem ēst!
16ယေရှုက၊ သွားရသောအကြောင်းမရှိ။ သူတို့စားစရာဘို့ သင်တို့ပေးကြလော့ဟု မိန့်တော်မူ၏။
17Tie atbildēja Viņam: Mums šeit nekā nav, bet ir tikai piecas maizes un divas zivis.
17တပည့်တော်တို့ကလည်း၊ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်မှတပါး အဘယ်စားစရာမျှ အကျွန်ုပ်တို့၌မရှိပါ ဟု လျှောက်ပြန်လျှင်၊ ထိုမုန့်နှင့်ငါးကို ယူခဲ့ကြဟုမိန့်တော်မူ၏။
18Un Viņš sacīja tiem: Atnesiet man tās šurp!
18ထိုအခါ လူအစုအဝေးတို့ကို မြက်ပင်ပေါ်မှာ လျောင်းကြစေဟုအမိန့်တော်ရှိ၏။
19Un Viņš, pavēlējis ļaudīm apmesties zālē, paņēma piecas maizes un divas zivis; un Viņš, pacēlis acis pret debesīm, svētīja un lauza, un pasniedza maizes mācekļiem, bet mācekļi - ļaudīm.
19မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ကိုလည်းယူ၍ ကောင်းကင်သို့ကြည့်မြော်လျက်၊ ကျေးဇူးတော်ကို ချီးမွမ်းပြီး မှ မုန့်နှင့်ငါးကိုဖဲ့၍ တပည့်တော်တို့အား ပေးတော်မူ၏။
20Un visi ēda un paēda. Un savāca atlieku druskas pilnus divpadsmit grozus.
20တပည့်တော်တို့သည်လည်းလူအပေါင်းတို့အား ပေးကြ၏။ လူအပေါင်းတို့သည်စား၍ ဝကြပြီးမှ ကြွင်း ရစ်သောအကျိုးအပဲ့ကို ကောက်သိမ်း၍ တင်းနှစ်တောင်းအပြည့်ရကြ၏။
21Bet to, kas ēduši, skaitā bija pieci tūkstoši vīriešu, neieskaitot sievietes un bērnus.
21စားသောသူအရေအတွက်ကား၊ မိန်းမနှင့်သူငယ်တို့ကိုမဆိုဘဲ၊ ယောက်ျားငါးထောင်မျှလောက် ရှိ သတည်း။
22Un tūliņ Jēzus pamudināja mācekļus kāpt laivā un pirms Viņa pārcelties otrā krastā, iekams Viņš atlaidīs ļaudis.
22ယေရှုသည် စည်းဝေးသောသူတို့ကိုလွှတ်တော်မူစဉ်တွင်၊ တပည့်တော်တို့ကိုလှေစီးစေ၍ ကမ်းတဘက် သို့ အရင်ကူးစေတော်မူ၏။
23Un Viņš, ļaudis atlaidis, viens pats uzkāpa kalnā lūgt Dievu. Vakaram iestājoties, Viņš bija tur viens pats.
23စည်းဝေးသောသူတို့ကိုလွှတ်ပြီးမှ ဆုတောင်းပဌာနပြုအံ့သောငှာ တောင်ပေါ်၌ ဆိတ်ကွယ်ရာအရပ်သို့ တက်ကြွသဖြင့်၊ ညအချိန်ရောက်သောအခါ၊ တယောက်တည်းရှိနေတော်မူ၏။
24Bet viļņi jūras vidū svaidīja laivu, jo bija pretvējš.
24လှေမူကား အိုင်အလယ်၌ရှိ၍ လေမသင့်သောကြောင့် လှိုင်းတံပိုးလှုပ်ရှားခြင်းကို ပြင်းစွာရ၏။
25Bet Viņš ceturtās nakts sardzes laikā, iedams pa jūru, nāca pie tiem.
25ညသုံးချက်တီးကျော်အချိန်၌ ယေရှုသည် အိုင်ပေါ်မှာ စက်တော်ဖြန့်လျက်တပည့်တော်တို့ရှိရာသို့ ကြွ တော်မူ၏။
26Un tie, redzot Viņu staigājam pa jūru, iztrūkās un sacīja: Tā ir parādība. Un bailēs tie kliedza.
26ထိုသို့အိုင်ပေါ်မှာစက်တော်ဖြန့်၍ ကြွတော်မူသည်ကို သူတို့သည်မြင်လျှင်ထိတ်လန့်၍၊ ဖုတ်တစ္ဆေဖြစ် သည်ဟု ကြောက်သောစိတ်နှင့် အော်ဟစ်ကြ၏။
27Un Jēzus tūliņ viņus uzrunāja, sacīdams: Esiet droši! Es esmu, nebīstieties!
27ယေရှုသည် ချက်ခြင်းနှုတ်ဆက်၍ တည်ကြည်သောစိတ်ရှိကြလော့။ ငါပင်ဖြစ်သည်။ မကြောက်လန့် ကြနှင့်ဟု မိန့်တော်မူ၏။
28Bet Pēteris atbildēja un sacīja: Kungs, ja Tu tas esi, pavēli man iet pie Tevis pa ūdens virsu!
28ပေတရုကလည်း၊ သခင်ကိုယ်တော်မှန်လျှင် အကျွန်ုပ်သည်ကိုယ်တော်ထံသို့ ရေပေါ်မှာလာရမည်အ ကြောင်း မိန့်တော်မူပါဟုလျှောက်လျှင်၊
29Un Viņš sacīja: Nāc! Un Pēteris, izkāpis no laivas, gāja pa ūdens virsu, lai ietu pie Jēzus.
29လာခဲ့လော့ဟု မိန့်တော်မူ၏။ ပေတရုသည်လှေပေါ်ကဆင်း၍ ယေရှုထံသို့ရောက်အံ့သောငှာ ရေ ပေါ်မှာလှမ်းသွား၏။
30Bet viņš, redzēdams stipro vēju, izbijās un, kad sāka grimt, sauca, sacīdams: Kungs, glāb mani!
30လေပြင်းသည်ကိုမြင်လျှင် ကြောက်လန့်၍ နစ်မွန်းလုသည်ရှိသော်၊ ကယ်မတော်မူပါသခင်ဟု ဟစ် ကြော်လေ၏။
31Un Jēzus, roku izstiepis, satvēra viņu un sacīja: Mazticīgais, kāpēc tu šaubījies?
31ယေရှုသည် လက်တော်ကိုချက်ခြင်းဆန့်၍ ပေတရုကိုကိုင်တော်မူလျက်၊ ယုံကြည်အားနည်းသောသူ၊ အဘယ်ကြောင့် ယုံမှားသောစိတ်ဝင်သနည်းဟု မေးတော်မူ၏။
32Un kad viņi iekāpa laivā, vētra apklusa.
32လှေပေါ်သို့ရောက်ကြလျှင် လေသည်ငြိမ်းလေ၏။
33Bet tie, kas bija laivā, nāca un pielūdza Viņu, sacīdami: Patiesi, Tu esi Dieva Dēls!
33လှေသားတို့သည်ချဉ်းကပ်၍၊ စင်စစ်ကိုယ်တော်သည် ဘုရားသခင်၏သားတော်မှန်ပါသည်ဟု ညွတ် ပြပ်၍ လျှောက်ကြ၏။
34Un pārcēlušies viņi nonāca Ģenezaretes zemē.
34ကမ်းတဘက်သို့ကူးလျှင် ဂင်္နေသရက်နယ်သို့ ရောက်ကြ၏။
35Un tā novada ļaudis, Viņu pazinuši, izziņoja visā apgabalā; un tie atnesa pie Viņa visus savus slimniekus un lūdza Viņu, lai atļauj pieskarties kaut Viņa drēbju vīlei. Un visi, kas pieskārās, kļuva veseli.
35ထိုအရပ်သားတို့သည် မျက်နှာတော်ကိုမှတ်မိလျှင်၊ ပတ်ဝန်းကျင်အရပ်ရှိသမျှသို့ စေလွှတ်သဖြင့် လူနာ ရှိသမျှတို့ကို ဆောင်ခဲ့၍၊
36အဝတ်တော်၏ပန်းပွားကိုမျှသာတို့ရပါမည်အကြောင်း အခွင့်တောင်းကြ၏။ တို့သမျှသောသူတို့သည် လည်း ချမ်းသာရကြ၏။