Latvian: New Testament

Myanmar

Matthew

19

1Un notika, kad Jēzus šos vārdus bija beidzis runāt, ka Viņš aizgāja no Galilejas un nonāca pāri Jordānai Jūdejas robežās.
1ထိုဒေသနာတော်ကို ယေရှုသည်အကုန်အစင် ဟောတော်မူပြီးလျှင်၊ ဂါလိလဲပြည်မှပြောင်း၍ ယုဒပြည် စွန်း၊ ယော်ဒန်မြစ်တဘက်သို့ ကြွတော်မူ၏။
2Un daudz ļaužu sekoja Viņam; un Viņš tos turpat dziedināja.
2လူများအပေါင်းတို့သည် နောက်တော်သို့လိုက်ကြသည်ဖြစ်၍၊ ထိုအရပ်၌ အနာရောဂါများကို ငြိမ်းစေ တော်မူ၏။
3Un farizeji, kārdinādami Viņu, nāca pie Viņa un sacīja: Vai cilvēkam brīv kaut kādu iemeslu dēļ atstāt savu sievu?
3ဖာရိရှဲတို့သည် အထံတော်သို့လာ၍ လူသည် ခပ်သိမ်းသောအပြစ်ကြောင့် မိမိမယားနှင့် ကွာအပ်သ လောဟု စုံစမ်းနှောင့်ရှက်ခြင်းငှာ မေးလျှောက်ကြသော်၊
4Viņš atbildēja un sacīja tiem: Vai jūs neesat lasījuši, ka Tas, kas sākumā radīja cilvēku, tos radīja vīrieti un sievieti?
4ကိုယ်တော်က၊ အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမနှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။
5Un sacīja: Tāpēc cilvēks atstās tēvu un māti un paliks pie savas sievas; un būs divi vienā miesā.
5ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူနှစ် ယောက်တို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မတတ်ဘူးသလော။
6Tātad viņi nav vairs divi, bet viena miesa. Tāpēc: ko Dievs savienojis, to cilvēkam nebūs šķirt.
6ထို့ကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ်တဦးတည်းဖြစ်၏။ ဘုရားသခင်ဘက်စပ်၍ ထမ်းဘိုးတင် တော်မူသောအရာကို လူမခွဲမခွာစေနှင့်ဟု မိန့်တော်မူ၏။
7Tie sacīja Viņam: Kā tad Mozus lika dot šķiršanās grāmatu un šķirties?
7ဖာရိရှဲတို့ကလည်း၊ ထိုသို့မှန်လျှင် ဖြတ်စာကိုပေး၍ မယားနှင့်ကွာစေခြင်းငှာ မောရှေသည် အဘယ် ကြောင့်စီရင်သနည်းဟု လျှောက်ကြသော်၊
8Viņš sacīja tiem: Jūsu cietsirdības dēļ Mozus atļāva jums atstāt savas sievas, bet no sākuma tas tā nebija.
8ကိုယ်တော်က၊ သင်တို့စိတ်နှလုံးခိုင်မာသောကြောင့် မယားနှင့်ကွာရသောအခွင့်ကို မောရှေသည် စီရင် ၏ အစအဦး၌ ထိုသို့မဟုတ်။
9Bet es jums saku: kas savu sievu atstāj, ja ne laulības pārkāpšanas dēļ, un precē citu, tas pārkāpj laulību; un kas šķirtu precē, tas pārkāpj laulību.
9ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့် မိမိမယားနှင့်ကွာ၍ အခြားသောမိန်းမနှင့်စုံဘက်သောသူသည် မိမိမယားကိုပြစ်မှား၏။ ကွာသောမိန်းမနှင့်စုံဘက်သောသူသည် လည်း သူ့မယားကိုပြစ်မှားသည်ဟုမိန့်တော်မူ၏။
10Viņa mācekļi saka Viņam: Ja tas tā ir vīra un sievas starpā, tad labāk neprecēties.
10တပည့်တော်တို့ကလည်း၊ လင်မယားအမှုသည် ဤသို့ဖြစ်လျှင်စုံဘက်ခြင်းကိုမပြုကောင်းပါဟု လျှောက် ကြ၏။
11Viņš tiem sacīja: Visi nesaprot šo vārdu, bet tie, kam tas ir dots.
11ကိုယ်တော်ကလည်း၊ ထိုစကားကို လူတိုင်းမခံမယူနိုင်။ အခွင့်ရသောသူတို့သာ ခံယူနိုင်ကြ၏။
12Ir einuhi, kas tādi dzimuši no mātes miesām; un ir einuhi, kurus par tādiem padarījuši cilvēki; un ir einuhi, kuri paši atteikušies no laulības dzīves debesvalstības dēļ. Kas var to saprast, lai saprot!
12လူအချို့တို့သည် အမိဝမ်းတွင်းကပင် မိန်းမလျှာဖြစ်ကြ၏။ အချို့တို့သည် သူတပါးဆုံးမ၍ မိန်းမလျှာ ဖြစ်ကြ၏။ အချို့တို့သည် ကောင်းကင်နိုင်ငံတော်အဘို့အလို့ငှာ မိမိကိုယ်ကိုဆုံးမ၍ မိန်းမလျှာဖြစ်ကြ၏။ ထို စကားကို ခံယူနိုင်သောသူသည် ခံယူစေဟုမိန့်တော်မူ၏။
13Tad atnesa pie Viņa bērnus, lai Viņš tiem uzliktu rokas un lūgtu Dievu; bet mācekļi norāja tos.
13ထိုအခါ သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်၍ မေတ္တာပို့တော်မူစေခြင်းငှာ အထံတော်သို့ဆောင်ခဲ့ သည်ဖြစ်၍ တပည့်တော်တို့သည် အပြစ်တင်ကြ၏။
14Bet Jēzus viņiem sacīja: Laidiet bērniņus un neliedziet viņiem pie manis nākt, jo tādiem pieder debesvalstība.
14ယေရှုကလည်း၊ ထိုသူငယ်တို့ကို ရှိစေတော့။ ငါ့ထံသို့လာသည်ကို မဆီးတားကြနှင့်။ ကောင်းကင်နိုင်ငံ တော်သည် ထိုသို့သောသူတို့၏ နိုင်ငံဖြစ်သည်ဟု မိန့်တော်မူ၍၊
15Un Viņš, uzlicis tiem rokas, aizgāja no turienes.
15သူငယ်တို့အပေါ်မှာ လက်တော်ကိုတင်ပြီးလျှင်၊ ထိုအရပ်မှ ကြွသွားတော်မူ၏။
16Un, lūk, viens piegāja un sacīja: Labais Mācītāj, kas man labs jādara, lai es iemantotu mūžīgo dzīvi?
16ထိုနောက်လူတယောက်သည် ချဉ်းကပ်၍၊ ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို ရအံ့သောငှာ အကျွန်ုပ်သည် အဘယ်ကောင်းမှုကို ပြုရပါမည်နည်းဟု မေးလျှောက်သော်၊
17Viņš tam atbildēja: Ko tu man jautā par labo? Viens ir labs, - Dievs. Bet ja tu gribi ieiet dzīvībā, pildi baušļus.
17ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တပါးတည်းသာ ကောင်းမြတ် တော်မူ၏။ အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင်ပညတ်တော်တို့ကို စောင့်ရှောက်လော့ဟု မိန့်တော်မူ၏။
18Tas jautāja Viņam: Kādus? Bet Jēzus sacīja: Tev nebūs nokaut, tev nebūs laulību pārkāpt, tev nebūs zagt, tev nebūs nepatiesu liecību dot,
18အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်းဟု လျှောက်ပြန်သော်၊ လူအသက်ကိုမသတ်နှင့်။ သူ့ မယားကို မပြစ်မှားနှင့်။ သူ့ဥစ္စာကို မခိုးနှင့်။ မမှန်သောသက်သေကို မခံနှင့်။
19Tev būs savu tēvu un māti godāt, un tev būs savu tuvāko mīlēt kā sevi pašu!
19မိဘကိုရိုသေစွာပြုလော့။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လော့ဟု မိန့်တော်မူ၏။
20Jauneklis sacīja Viņam: To visu pildīju no savas jaunības; kā vēl man trūkst?
20ထိုလုလင်ကလည်း၊ ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည်ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီ။ အဘယ်အကျင့်လိုသေးသနည်းဟု လျှောက်ပြန်လေ၏။
21Jēzus atbildēja viņam: Ja tu gribi būt pilnīgs, ej, pārdod, kas tev ir, un atdod nabagiem, un tev būs manta debesīs; un nāc, seko man!
21ယေရှုကလည်း၊ သင်သည်စုံလင်ခြင်းသို့ ရောက်လိုလျှင်သွားလော့။ ကိုယ်ဥစ္စာများကိုရောင်း၍ ဆင်းရဲ သောသူတို့အား ပေးလော့။ ထိုသို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှ ငါ့နောက်သို့ လိုက် လော့ဟု မိန့်တော်မူ၏။
22Bet kad jauneklis dzirdēja šos vārdus, viņš aizgāja noskumis, jo viņam piederēja daudz īpašumu.
22ထိုလုလင်သည် များစွာသောဥစ္စာကို ရတတ်သောသူဖြစ်၍၊ ထိုစကားကိုကြားလျှင် စိတ်မသာသည်နှင့် သွားလေ၏။
23Bet Jēzus sacīja saviem mācekļiem: Patiesi es jums saku: bagātam grūti ieiet debesvalstībā.
23ယေရှုကလည်း၊ ငါအမှန်ဆိုသည်ကား၊ ငွေရတတ်သောသူသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခဲလှ ၏။
24Un atkal es jums saku: Vieglāk kamielim izlīst caur adatas aci, nekā bagātam ieiet debesvalstībā.
24တဖန် ငါဆိုသည်ကား၊ ကုလားအုပ်သည် အပ်နဖါးကိုလျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရား သခင်၏နိုင်ငံတော်သို့ ဝင်ခဲသည်ဟု တပည့်တော်တို့အားမိန့်တော်မူ၏။
25Kad mācekļi to dzirdēja, viņi ļoti brīnījās un sacīja: Kas tad var tikt pestīts?
25ထိုသူတို့သည်ကြားလျှင် အလွန်မိန်းမောတွေဝေခြင်းရှိ၍၊ သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင် တော်မူခြင်းသို့ ရောက်နိုင်မည့်နည်းဟု ပြောဆိုကြ၏။
26Bet Jēzus uzlūkoja viņus un sacīja: Cilvēkiem tas nav iespējams, bet Dievam viss iespējams.
26ယေရှုသည်လည်း သူတို့ကိုကြည့်ရှု၍ ဤအမှုကိုလူမတတ်နိုင်။ သို့သော်လည်း ဘုရားသခင်သည် ခပ် သိမ်းသော အမှုတို့ကို တတ်နိုင်တော်မူသည်ဟု မိန့်တော်မူ၏။
27Tad Pēteris atbildēja un sacīja Viņam: Lūk, mēs atstājām visu un sekojām Tev. Kas mums par to būs?
27ထိုအခါ ပေတရုက၊ အကျွန်ုပ်တို့သည် ရှိသမျှကိုစွန့်ပစ်၍ ကိုယ်တော်နောက်သို့လိုက်ကြပါပြီ။ အဘယ် အကျိုးကို ရကြပါမည်နည်းဟု လျှောက်လေသော်၊
28Bet Jēzus sacīja viņiem: Patiesi es jums saku, ka jūs, kas esat man sekojuši, pie atdzimšanas, kad Cilvēka Dēls sēdēs savā godības tronī, arī jūs sēdiesiet divpadsmit sēdekļos un tiesāsiet divpadsmit Izraēļa ciltis.
28ယေရှုက၊ ငါအမှန်ဆိုသည်ကား၊ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသော ပလ္လင်တော်ပေါ်မှာထိုင်တော်မူသောအခါ၊ ငါ့နောက်သို့လိုက်ကြသောသင်တို့သည် တဆယ်နှစ်ခု သော ပလ္လင်ပေါ်မှာထိုင်လျက်၊ ဣသရေလ လူတဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတံ့။
29Un katrs, kas atstās māju vai brāļus, vai māsas, vai tēvu, vai māti, vai sievu, vai bērnus, vai tīrumus mana vārda dēļ, tas saņems simtkārtīgi un iemantos mūžīgo dzīvību.
29အကြင်သူသည် ငါ၏နာမကြောင့် အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တပါး ပါးကိုစွန့်၏။ ထိုသူသည် အဆတရာသောအကျိုးကိုရ၍ ထာဝရအသက်ကို အမွေခံရလတံ့။
30Un daudzi pirmie kļūs pēdējie, bet pēdējie - pirmie.
30နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအများတို့သည် နောက်ကျ ကြလိမ့်မည်။