1Kad Jēzus ķēniņa Heroda laikā bija dzimis jūdu Betlēmē, gudrie no austrumiem aizgāja uz Jeruzalemi,
1ယုဒပြည်ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည် ဘွားမြင်ခြင်းကိုခံတော်မူပြီးမှ၊ မာဂု ပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်။
2Sacīdami: Kur ir piedzimušais jūdu Ķēniņš? Jo mēs redzējām Viņa zvaigzni austrumos un atnācām Viņu pielūgt.
2ယခု ဘွားမြင်သောယုဒရှင်ဘုရင်သည်၊ အဘယ်မှာရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါ တို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏။
3Ķēniņš Herods, izdzirdis to, izbijās, un visa Jeruzaleme līdz ar viņu.
3ထိုစကားကိုကြားလျှင် ဟေရုဒ်မင်းကြီးသည် ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့နှင့်တကွ စိတ်ပူပန် ခြင်းသို့ ရောက်သဖြင့်၊
4Un viņš, sapulcinājis visus augstos priesterus un tautas rakstu mācītājus, iztaujāja tos, kur Kristum bija jāpiedzimst.
4ယဇ်ပုရောဟိတ်အကြီးတို့နှင့်လူတို့တွင် ကျမ်းပြုဆရာရှိသမျှတို့ကို စုဝေးစေ၍ ခရစ်တော်ကို အဘယ် အရပ်မှာ ဘွားမြင်လိမ့်မည်နည်းဟု မေးမြန်းတော်မူ၏။
5Un viņi tam sacīja: Jūdu Betlēmē, jo tā pravietis rakstījis:
5ထိုဆရာတို့ကလည်း၊ ပရောဖက်တဦး ရေးထားသောအချက်ဟူမူကား၊
6Un tu, Betlēme, jūdu zeme, necik neesi mazāka par Jūdas lielpilsētām, jo no tevis izies Vadonis, kas valdīs pār manu Izraēļa tautu.
6အိုယုဒပြည်ဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့တွင်သင်သည် မြို့ငယ်မြို့ယုတ်မဟုတ်။ အကြောင်း မူကား၊ ငါ၏လူစုဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် သင်၏အထဲမှာပေါ်ထွန်းလတံ့ဟု ကျမ်းလာ ရှိပါ၏။ ထို့ကြောင့် ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကိုဘွားမြင်ရပါမည်ဟု မင်းကြီးအား ပြန်ကြားလျှောက် ထားကြ၏။
7Tad Herods, slepeni pieaicinājis gudros, rūpīgi iztaujāja viņus par zvaigznes laiku, kas bija parādījusies tiem.
7ထိုအခါ ဟေရုဒ်မင်းကြီးသည်၊ မာဂုပညာရှိတို့ကိုမထင်မရှားခေါ်၍ ကြယ်ပေါ်ထွန်းသောအချိန် ကာလကို စေ့စေ့မေးမြန်းပြီးမှ၊
8Un, sūtīdams viņus uz Betlēmi, sacīja: Ejiet un rūpīgi iztaujājiet par Bērnu, un, kad jūs atradīsiet, ziņojiet man, lai arī es aizgājis pielūdzu Viņu!
8သင်တို့သွား၍ ထိုသူငယ်ကိုကြိုးစားရှာကြပါ။ တွေ့လျှင် ငါ့ထံသို့ပြန်လာ၍ ငါလည်း ထိုသူငယ်ကို ဖူးတွေ့ပူဇော်ရအောင် ကြားပြောကြပါဟု မှာထားတော်မူလျက်၊ ဗက်လျင်မြို့သို့ စေလွှတ်လေ၏။
9Šie, uzklausījuši ķēniņu, aizgāja. Un, lūk, zvaigzne, ko viņi redzēja austrumos, gāja tiem pa priekšu, līdz atnākusi apstājās augšā, kur atradās Bērns.
9ထိုသူတို့သည် မင်းကြီးစကားကိုနာခံပြီးလျှင်ထွက်သွားကြ၍ အရှေ့ပြည်၌မြင်ရသောကြယ်သည် သူတို့ ရှေ့ကသွားသဖြင့် သူငယ်တော်ရှိရာအရပ်အပေါ်သို့ရောက်၍ တည်လျက်နေ၏။
10Bet viņi, ieraudzījuši zvaigzni, priecājās lielā priekā.
10ထိုကြယ်ကိုမြင်ပြန်သောအခါ အလွန်ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍၊
11Un tie, iegājuši mājā, atrada Bērnu un Viņa māti Mariju; un Viņu, zemē nometušies, pielūdza; un tie, atvēruši savas mantas, upurēja Viņam zeltu, vīraku un mirres.
11အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့မြင်လျှင် ပြပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကိုဖွင့်ပြီးမှ လောဗန်နှင့်မုရန် တည်းဟူသောနံ့သာမျိုးကို၎င်း၊ ရွှေကို၎င်း ဆက်ကပ်ပူဇော်ကြ၏။
12Un viņi, sapnī saņēmuši atbildi neatgriezties pie Heroda, pa citu ceļu aizgāja savā zemē.
12နောက်မှ ဟေရုဒ်မင်းကြီးထံသို့ မပြန်ရမည်အကြောင်းကိုအိပ်မက်တွင် ဗျာဒိတ်တော်ကိုရ၍ မိမိတို့ ပြည်သို့ အခြားသောလမ်းဖြင့်ပြန်သွားကြ၏။
13Kad viņi bija aizgājuši, lūk, tā Kunga eņģelis parādījās Jāzepam sapnī, sacīdams: Celies un ņem Bērnu un Viņa Māti, un bēdz uz Ēģipti, un paliec tur, kamēr es tev sacīšu, jo notiks, ka Herods meklēs Bērnu nonāvēšanai!
13ထိုသူတို့ သွားကြသည်နောက်၊ ယောသပ်သည်အိပ်မက်ကိုမြင်သည်မှာ၊ ထာဝရဘုရား၏ ကောင်းကင် တမန်သည်ထင်ရှား၍၊ သင်ထလော့။ မယ်တော်နှင့် သူငယ်တော်ကိုဆောင်ယူပြီးလျှင်၊ အဲဂုတ္တုပြည်သို့ပြေး၍၊ တဖန် ငါပြောဆိုသည်တိုင်အောင် ထိုပြည်၌နေလော့။ ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို သတ်အံ့သောငှာ ရှာလိမ့်မည်ဟုဆိုလေ၏။
14Viņš, uzcēlies naktī, paņēma Bērnu un Viņa māti un aizgāja uz Ēģipti.
14ထိုအခါ ယောသပ်သည် ထ၍ မယ်တော်နှင့်သူငယ်တော်ကို ညဉ့်အချိန်၌ ဆောင်ယူပြီးလျှင် အဲဂုတ္တု ပြည်သို့ ထွက်သွား၍၊
15Un viņš bija tur līdz Heroda nāvei, lai izpildītos, ko Kungs ir sacījis caur pravieti, kas priekšsludināja: No Ēģiptes es aicināju savu Dēlu.
15ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်တိုင်အောင် ထိုပြည်၌နေလေ၏။ ဤအကြောင်းအရာကား၊ ငါ့သား ကို အဲဂုတ္တုပြည်မှငါခေါ်ခဲ့ပြီဟု ထာဝရဘုရားသည် ပရောဖက်ဖြင့်ထားတော်မူသောဗျာဒိတ်တော် ပြည့်စုံမည် အကြောင်းတည်း။
16Tad Herods, redzēdams, ka viņu gudrie izsmējuši, ļoti dusmojās, aizsūtīja un nogalināja visus bērnus, kuri bija Betlēmē un visā tās apkārtnē, sākot ar diviem gadiem un jaunākus, saskaņā ar laiku, kādu viņš iztaujāja gudrajiem.
16ထိုအခါ ဟေရုဒ်မင်းကြီးသည် မာဂုပညာရှိတို့ လှည့်ဖြားသည်ကိုသိလျှင်၊ ပြင်းစွာအမျက်ထွက်၍ လူကို စေလွှတ်သဖြင့်၊ မာဂုပညာရှိတို့၌ စေ့စေ့မေးမြန်းပြီးသော ကြယ်၏အချိန်ကာလကိုထောက်၍၊ ဗက်လင်မြို့မှ စသော ကျေးလက်ရှိသမျှတို့၌ နှစ်နှစ်အရွယ်မှစ၍ ထိုအရွယ်အောက်ယုတ်သော သူငယ်ယောက်ျားအပေါင်း တို့ကို သတ်စေ၏။
17Tad izpildījās, ko bija teicis pravietis Jeremijs, kas sacīja:
17ပရောဖက်ယေရမိဟောဘူးသည်ကား၊
18Raudu un vaimanu balss bija dzirdama Ramā; Rahele apraud savus bērnus un nav iepriecināma, jo viņu vairs nav.
18ရာမအရပ်၌ သည်းစွာသောညည်းတွားငိုကြွေး၊ မြည်တမ်းခြင်းအသံကိုကြားရ၍၊ ရာခေလသည် မိမိ သားတို့ မရှိသောကြောင့်ငို၍ စိတ်မပြေနိုင်ဟူသောစကားသည် ထိုအခါ၌အမှန်ကျသတည်း။
19Bet pēc Heroda nāves, lūk, Kunga eņģelis Ēģiptē parādījās Jāzepam sapnī un sacīja:
19ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်နောက်၊ ယောသပ်သည် အဲဂုတ္တုပြည်၌ အိပ်မက်ကိုမြင်ပြန်သည် မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည်ထင်ရှား၍၊
20Celies un ņem Bērnu un Viņa māti, un ej uz Izraēļa zemi, jo miruši ir tie, kas tiecās pēc Bērna dvēseles.
20သင်ထလော့။ မယ်တော်နှင့် သူငယ်တော်ကိုဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့သွားလော့။ သူငယ် တော်ကိုသတ်အံ့သောငှါ ရှာသောသူတို့သည် သေကြပြီဟုဆိုလေ၏။
21Un viņš piecēlās, ņēma Bērnu un Viņa māti un iegāja Izraēļa zemē.
21ထိုအခါ ယောသပ်သည် ထ၍ မယ်တော်နှင့်သူငယ်တော်ကို ဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့ သွား၍ ရောက်သည်ရှိသော်၊
22Bet izdzirdis, ka Arhelaus valda Jūdejā, sava tēva Heroda vietā, viņš baidījās tur iet un, sapnī pamācīts, aizgāja Galilejas daļā.
22ဟေရုဒ်မင်းကြီး၏ အရာ၌ သားတော်အာခေလသည် ယုဒပြည်တွင်မင်းပြုကြောင်းကို ကြားရလျှင်၊ ထိုပြည်သို့ မသွားဝံ့၍ အိပ်မက်၌ ဗျာဒိတ်တော်ကိုရပြန်ပြီးမှ ဂါလိလဲပြည်သို့သွား၍၊
23Un nogājis Viņš dzīvoja pilsētā, kura saucās Nācarete, lai izpildītos, ko pravietis bija sacījis: Viņš tiks saukts Nācarietis.
23ခရစ်တော်ကို နာဇရက်လူဟုခေါ်ဝေါ်ကြလတံ့ဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက် အမည်ရှိသောမြို့သို့ရောက်၍ အမြဲနေလေ၏။