Lithuanian

Myanmar

Deuteronomy

25

1“Jei du kreiptųsi į teismą, teisėjai išteisins teisųjį ir pasmerks nusikaltusį.
1လူချင်းအမှုရှိ၍ မင်းထံ၌ အစီရင်ခံလျက်၊ မင်းရှေ့မှာ တရားတွေ့ကြသောအခါ၊ ဖြောင့်မတ်သောသူ ကို အပြစ်လွတ်စေခြင်းငှာ၎င်း၊ ဆိုးသောသူကို အရှုံးခံ စေခြင်းငှာ၎င်း စီရင်ရမည်။
2Jei nusikaltėlis nubaustas plakimu, teisėjas įsakys gulti, ir jis bus nuplaktas jo akivaizdoje. Kirčių skaičius bus pagal nusikaltimą,
2ဆိုးသောသူသည် အရိုက်ခံထိုက်လျှင်၊ တရားသူ ကြီးသည် ကိုယ်မျက်မှောက်၌ သူ့ကို ချ၍၊ အပြစ်နှင့် အလျောက် မည်မျှသော ဒဏ်ချက်ဖြင့် ရိုက်စေရမည်။
3bet neviršys keturiasdešimties kirčių, kad tavo brolis nebūtų žiauriai sužalotas tavo akyse.
3သို့သော်လည်း ဒဏ်ချက်လေးဆယ်ထက် မလွန် စေရ။ လွန်၍ များစွာသော ဒဏ်ချက်ဖြင့် ရိုက်လျှင်၊ သင်၏အမျိုးသားချင်းသည် ယုတ်ညံ့သောသူ ဖြစ်ဟန်ရှိ မည်ဟု စိုးရိမ်စရာရှိ၏။
4Neužrišk nasrų kuliančiam jaučiui.
4စပါးနင်းနယ်သော နွား၏နှုတ်ကို မချုပ်တည်းရ။
5Jei broliai gyventų kartu ir vienas jų mirtų bevaikis, mirusio žmona neištekės už svetimo, bet jos vyro brolis įeis pas ją ir ves ją, kad atliktų vyro brolio pareigą.
5အတူနေသော ညီအစ်ကို တို့တွင်၊ တစုံတ ယောက်သောသူသည် သားမရှိဘဲသေလျှင်၊ သေသောသူ ၏ မယားသည် အခြားတပါးသောလူစိမ်းနှင့် စုံဘက်ခြင်း ကို မပြုရ။ သူ၏လင်ညီသည် သူ့ကို သိမ်းယူဆက်ဆံ၍ မရီး၌ ပြုအပ်သောဝတ်ကို ပြုရမည်။
6Pirmagimį jos sūnų pavadins mirusiojo brolio vardu, kad jo vardas neišnyktų iš Izraelio.
6ဣသရေလအမျိုး၌ အစ်ကိုအမည်ကို မပျောက် စေခြင်းငှာ၊ အဦးဘွားသော သားသည် သေသောဘကြီး ၏ အရိပ်အရာကို ခံရမည်။
7Jeigu jis nenorės vesti savo brolio žmonos, moteris eis prie miesto vartų ir kreipsis į vyresniuosius: ‘Mano vyro brolis nenori atstatyti savo brolio vardo Izraelyje nė manęs vesti’.
7ညီသည် အစ်ကိုမယားကို မယူလိုလျှင်၊ မိန်းမ သည် အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့သွား၍၊ ကျွန်မ ၏ လင်ညီသည် အစ်ကိုအမည်ကို ဣသရေလအမျိုး၌ မတည်စေလိုပါ။ သူပြုအပ်သောဝတ်ကို မပြုလိုပါဟု လျှောက်လျှင်၊
8Tada miesto vyresnieji pasikvies jį ir kalbės su juo. Jei jis atsakys: ‘Nenoriu jos vesti’,
8မြို့၌ အသက်ကြီးသူတို့သည် ထိုသူကို ခေါ်၍ မေးမြန်းရကြမည်။ သူကလည်း၊ ထိုမိန်းမကို အကျွန်ုပ် မယူလိုပါဟုဆို၍ ခိုင်မာစွာနေလျှင်၊
9moteris vyresniųjų akyse nuaus nuo jo kojos apavą ir spjaus jam į veidą, tardama: ‘Taip atsitinka vyrui, kuris atsisako pratęsti savo brolio giminę’.
9သူ၏မရီးသည် အသက်ကြီးသူတို့ရှေ့မှာ သူ့အပါးသို့ ချဉ်း၍ သူ၏ခြေနင်းကို ချွတ်လျက်၊ သူ၏ မျက်နှာ၌ တံထွေးထွေးလျက်၊ မိမိအစ်ကို အိမ်ကို မဆောက်လိုသောသူ၌ ဤသို့ ပြုသင့်သည်ဟု သူ့အား ပြန်ပြောရမည်။
10Jis bus vadinamas Izraelyje: ‘Nuautojo namai’.
10နောက်မှ၊ ထိုသူကို ခြေနင်းချွတ်ရသော အမျိုးဟူ၍ ဣသရေလအမျိုး၌ ခေါ်ဝေါ်သမုတ်ရမည်။
11Jei du vyrai susivaidiję pradėtų grumtis, ir vieno žmona, norėdama padėti savo vyrui, nutvertų kitą už lyties,
11လူချင်းခိုက်ရန်ပြုကြစဉ်တွင်၊ တယောက်သော သူ၏မယားသည် အပါးသို့ချဉ်း၍ မိမိလင်ကို ကူညီလို သောငှာ ခိုက်ရန်ပြုသော သူ၏ ယောက်ျားတန်ဆာကို ကိုင်ဆွဲမိလျှင်၊
12nukirsk jai ranką, nepasigailėk jos.
12ထိုမိန်းမလက်ကို ဖြတ်ရမည်။ သင်၏ မျက်စိ သည် သူ့ကို မသနားရ။
13Nenaudok didesnių ir mažesnių svarsčių.
13သင့်အိတ်၌ ကြီးသောအလေး၊ ငယ်သောအ လေးတည်းဟူသော ခြားနားသော အလေးကို မရှိစေရ။
14Nelaikyk savo namuose didesnio ir mažesnio saiko.
14သင့်အိမ်၌ ခြားနားသော ခြင်စရာတန်ဆာ အကြီးအငယ်ကို မရှိစေရ။
15Naudok teisingus ir tikrus saikus bei matus, kad ilgai gyventum žemėje, kurią Viešpats, tavo Dievas, tau duoda.
15သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူ သောပြည်၌ သင်၏အသက် တာရှည်မည်အကြောင်း၊ မှန်ကန်သောအလေး၊ မှန်ကန်သောခြင်စရာ တန်ဆာ များကိုသာ သုံးရမည်။
16Visi, kurie taip daro ir neteisiai elgiasi, yra pasibjaurėjimas Viešpačiui, tavo Dievui.
16အထက်ဆိုခဲ့ပြီးသော အမှုကို ပြုသောသူအ ပေါင်းတို့နှင့် မတရားသဖြင့် ပြုသောသူအပေါင်းတို့ကို၊ သင်၏ဘုရားသခင် ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ ၏။
17Atsimink, ką tau padarė amalekiečiai, kai išėjai iš Egipto.
17သင်သည် အဲဂုတ္တုပြည်မှ ထွက်၍ ခရီးသွား သောအခါ၊
18Jie išėjo prieš tave ir tavo nuvargusius ir atsilikusius žmones išžudė, kai tu buvai pailsęs ir nuvargęs; jie nebijojo Dievo.
18သင်သည် အားကုန်၍ မောလျက်နေစဉ်တွင်၊ သင့်နောက်၌ လိုက်သောသူ၊ အားနည်းသော သူတို့ကို အာမလက် အမျိုးသားတို့သည် လမ်း၌ ဆီးကြို၍ လုပ်ကြံ ကြောင်းကို၎င်း၊ ဘုရားသခင်ကို မကြောက်ရွံ့ကြောင်းကို ၎င်း၊ အောက်မေ့လော့။
19Kai Viešpats, tavo Dievas, suteiks tau poilsį nuo visų priešų žemėje, kurią tau duoda paveldėti, išnaikink Amaleko vardą nuo žemės paviršiaus; žiūrėk, neužmiršk”.
19သို့ဖြစ်၍ သင်၏ဘုရားသခင် ထာဝရဘုရား သည် သင့်အမွေခံစရာဘို့ အပိုင်ပေးတော်မူသောပြည်၌ သင့်ပတ်လည်၌ နေသောရန်သူအပေါင်းတို့၏ လက်မှ ကယ်လွှတ်၍ ချမ်းသာပေးတော်မူသောအခါ၊ အာမလက် အမျိုးကို အောက်မေ့စရာ မရှိစေခြင်းငှာ၊ ကောင်းကင် အောက်၌ သုတ်သင်ပယ်ရှင်းရမည်။ ထိုအမှုကို မမေ့ မလျော့ရ။