1Jozuė, Nūno sūnus, slaptai išsiuntė iš Šitimo du žvalgus įsakydamas: “Eikite ir apžiūrėkite kraštą ir Jerichą!” Juodu atėjo į paleistuvės Rahabos namus ir ten nakvojo.
1နုန်၏သားယောရှုသည် သူလျှိုနှစ်ယောက်ကို ရှိတ္တိမ်မြို့မှ တိတ်ဆိတ်စွာစေလွှတ်လျက်၊ ခါနာန်ပြည် ယေရိခေါမြို့ကို သွား၍ ကြည့်ရှုကြလော့ဟု မှာထားလိုက် သည်အတိုင်း၊ သူတို့သည် သွားပြီးလျှင် ရာခပ်အမည်ရှိ သော ပြည်တန်ဆာမိန်းမအိမ်သို့ ဝင်၍နေလေ၏။
2Buvo pranešta Jericho karaliui: “Naktį atėjo du vyrai iš Izraelio vaikų išžvalgyti kraštą”.
2ပြည်သားအချို့တို့ကလည်း၊ ဤပြည်ကို စူးစမ်း ခြင်းငှါ ဣသရေလအမျိုးသားအချို့တို့သည် ယနေ့ည မှာ မြို့တွင်းသို့ ဝင်ပါပြီဟု ယေရိခေါမင်းကြီးအား လျှောက်ကြားကြသည် ရှိသော်၊
3Jericho karalius nusiuntė pas Rahabą pasiuntinius, įsakydamas: “Išduok vyrus, kurie yra tavo namuose, nes jie yra žvalgai”.
3ယေရိခေါမင်းကြီးသည် ရာခပ်အား သင့်ဆီသို့ ရောက်လာ၍၊ သင့်အိမ်သို့ဝင်သောသူတို့ကို အပ်လော့။ သူတို့သည် တပြည်လုံးကို စူးစမ်းခြင်းငှါ ရောက်လာပြီဟု အမိန့်တော်နှင့် စေလွှတ်လေ၏။
4Moteris, abu vyrus paslėpusi, tarė: “Tiesa, vyrai buvo atėję pas mane, bet aš nežinojau, iš kur jie.
4ရာခပ်သည် ထိုသူနှစ်ယောက်တို့ကို ဝှက်ထား နှင့်ပြီးမှ ကျွန်မဆီသို့ လူရောက်သည် မှန်ပါ၏။ သို့ရာ တွင် အဘယ်အရပ်ကလာသည်ကို မသိပါ။
5Prieš uždarant vartus, temstant, tie vyrai išėjo. Aš nežinau, kur jie nuėjo. Skubiai vykitės juos, gal dar pavysite”.
5မိုဃ်းချုပ်၍ တံခါးပိတ်ချိန်ရှိသောအခါ၊ သူတို့ သည် ထွက်သွားကြပါ၏။ အဘယ်အရပ်သို့ ထွက်သွား သည်ကို မသိပါ။ အလျင်အမြန်လိုက်ကြလော့။ မှီကောင်း မှီပါလိမ့်မည်ဟု ပြန်ပြော၏။
6Ji buvo užvedusi juos ant stogo ir paslėpusi po nemintais linais, kurie ten buvo.
6သို့ဆိုသော်လည်း ထိုသူတို့ကို အိမ်အပေါ်သို့ တက်စေ၍၊ အမိုးပေါ်မှာဖြန့်ထားသော ပိုက်ဆန်ရိုးထဲ၌ ဝှက်ထားနှင့်ပြီ။
7Jericho vyrai vijosi juos Jordano keliu iki brastos. Kai tik persekiotojai išėjo, vartus užrakino.
7မင်းလုလင်တို့သည် ယော်ဒန်မြစ်ကူးရာလမ်းသို့ လိုက်ကြ၏။ မြို့ပြင်သို့ရောက်ကြပြီးမှ မြို့တံခါးများကို ပိတ်ကြ၏။
8Jiems dar neatsigulus, ji užlipo pas juos ant stogo
8သူလျှိုတို့သည် မအိပ်မှီ မိန်းမသည် သူတို့ရှိရာ အိမ်မိုးပေါ်သို့တက်၍၊
9ir tarė: “Aš žinau, kad Viešpats jums atidavė šitą šalį. Mus apėmė siaubas dėl jūsų, ir visi krašto gyventojai nusiminė.
9ထာဝရဘုရားသည် သင်တို့အား ဤပြည်ကို ပေး တော်မူကြောင်းကို၎င်း၊ သင်တို့ကို ငါတို့ကြောက်လန့်အား ကြီး၍ သင်တို့ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက်ကြောင်းကို၎င်း ကျွန်မသိပါ၏။
10Mes girdėjome, kaip Viešpats, jums išeinant iš Egipto, išdžiovino prieš jus Raudonosios jūros vandenį ir ką jūs padarėte abiem amoritų karaliams anapus Jordano, Sihonui ir Ogui, kuriuos visai sunaikinote.
10သင်တို့သည် အဲဂုတ္တုပြည်မှထွက်လာသောအခါ၊ ဧဒုံပင်လယ်ရေကို ထာဝရဘုရား ခန်းခြောက်စေတော်မူ ကြောင်းကို၎င်း၊ ယော်ဒန်မြစ်တဘက်၌နေ၍ သင်တို့ ရှင်းရှင်းဖျက်ဆီးသော အာမောရိရှင်ဘုရင် ရှိဟုန်နှင့် ဩဃတို့၌ သင်တို့ပြုသောအမှုကို၎င်း၊ အကျွန်ုပ်တို့ကြား ရကြပြီ။
11Tai išgirdę, išsigandome ir netekome drąsos. Viešpats, jūsų Dievas, yra dangaus ir žemės Dievas.
11ထိုသိတင်းကိုကြားသောအခါ၊ အကျွန်ုပ်တို့သည် စိတ်ပျက်၍ သင်တို့ကြောင့် တစုံတယောက်သောသူ၌မျှ ရဲရင့်ခြင်းသတ္တိ အလျှင်းမကျန်ကြွင်းပါ။ အကြောင်းမူ ကား၊ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် အထက် ကောင်းကင်ဘုံ၌၎င်း၊ အောက်အရပ်မြေကြီး၌၎င်း၊ အစိုး ရသော ဘုရားသခင်ဖြစ်တော်မူ၏။
12Dabar prisiekite man Viešpačiu, kad jūs pasielgsite su mano tėvo namais taip, kaip aš pasielgiau su jumis, ir duokite man tikrą ženklą,
12သို့ဖြစ်၍ သင်တို့၌ ကျွန်မသည် ကျေးဇူးပြုသော ကြောင့် သင်တို့သည် ကျွန်မပေါက်ဘော်တို့၌ ကျေးဇူးပြု ၍၊
13kad paliksite gyvus mano tėvą, motiną, brolius, seseris ir visus, kurie jiems priklauso, ir išgelbėsite mūsų gyvybes”.
13ကျွန်မမိဘ၊ ညီအစ်မ၊ မောင်အစရှိသော သူတို့ နှင့်ဆိုင်သမျှသော သူတို့ကို မသတ်ဘဲ အသက်ချမ်းသာ ပေးမည်ဟု ထာဝရဘုရားကို တိုင်တည်၍ ကျိန်ဆိုကြပါ။ မှန်သောလက္ခဏာသက်သေကိုလည်း ပေးခဲ့ကြပါဟုဆို လျှင်၊
14Žvalgai jai atsakė: “Teištinka mus mirtis jūsų vietoje! Jei neišduosi mūsų, tai, kai Viešpats mums atiduos šitą šalį, mes gerai ir teisingai pasielgsime su tavimi”.
14ထိုသူတို့က၊ သင်သည် ငါတို့အမှုကို မဘော်မပြ လျှင် သင့်အသက်အတွက် ငါတို့အသက်သည် အာမခံ ဖြစ်စေတော့။ ဤပြည်ကို ထာဝရဘုရားပေးတော်မူသော အခါ၊ သင်၌ သစ္စာစောင့်၍ ကျေးဇူးပြုမည်ဟု ဝန်ခံကြ၏။
15Tada Raaba nuleido juos virve pro langą, nes ji gyveno miesto mūro sienoje.
15ထိုမိန်းမနေရာ အိမ်သည် မြို့ရိုးနားမှာရှိသော ကြောင့်၊ ထိုသူတို့ကို ပြတင်းပေါက်ကကြိုးနှင့် လျှော့ချ လျက်၊
16Ji tarė jiems: “Eikite į kalnus, kad jūsų nesutiktų besivejantieji, ten slapstykitės tris dienas, kol jie sugrįš; po to eikite savo keliu”.
16သင်တို့သည် လိုက်၍ရှာသောသူတို့နှင့် လွတ် မည်အကြောင်း တောင်ပေါ်သို့ပြေး၍ သုံးရက်ပုန်းနေကြ ပါ။ ရှာသောသူတို့သည် ပြန်သောနောက်မှ သွားကြပါဟု ဆိုလျှင်၊
17Vyrai jai atsakė: “Mes laisvi būsime nuo tau duotos priesaikos,
17ထိုသူတို့က၊ သင်သည် ကျိန်ဆိုစေသောအကျိန် ကြောင့်၊ ငါတို့၌ အပြစ်မရောက်ပါစေနှင့်။
18jei, mums įeinant į kraštą, nepririši raudonos virvės prie lango, pro kurį mus nuleidai, ir savo tėvo, motinos, brolių ir visų namiškių neatsivesi į savo namus.
18ဤပြည်သို့ ငါတို့ရောက်လာသောအခါ၊ ယခု လျှော့ချသော ပြတင်းပေါက်၌ ဤကြိုးနီကို ချည်ထား၍၊ သင့်မိဘ၊ သင့်မောင်များနှင့် ပေါက်ဘော်များအပေါင်းတို့ ကို သင့်အိမ်၌ ခေါ်ထားရမည်။
19Kiekvienas, kuris išeis į gatvę iš tavo namų, bus pats kaltas dėl savo mirties, mes būsime nekalti. O kas pasiliks tavo namuose ir bus nužudytas, jo kraujas kris ant mūsų.
19ထိုအခါ သင့်အိမ်ထဲက လမ်းသို့ထွက်သွားသော သူမည်သည်ကား၊ သေလျှင်သေပြစ်ကို ကိုယ်တိုင်ခံစေ၊ ငါတို့သည် အပြစ်လွတ်စေ။ သင့်အိမ်၌ ရှိသောသူမည် သည်ကို အသေသတ်လျှင် သေပြစ်ကို ငါတို့သည် ခံစေ။
20Tačiau jei mus išduosi, mes būsime laisvi nuo tau duotos priesaikos, kuria mus prisaikdinai”.
20ငါတို့အမှုကိုလည်း သင်သည် ဘော်ပြလျှင်၊ သင်ယခုကျိန်ဆိုစေသော အကျိန်နှင့် ငါတို့သည် လွတ်စေ ဟုဆိုလျှင်၊
21Ji tarė: “Tebūna, kaip sakote”. Ji išleido juos, ir jie nuėjo. Tuomet ji pririšo raudoną virvę lange.
21မိန်းမက၊ သင်တို့စကားရှိသည်အတိုင်း ဖြစ်ပါ စေတော့ဟု ဝန်ခံလျက် လွှတ်လိုက်၍ သူတို့သည် သွားကြ ၏။ မိန်းမသည်လည်း ထိုကြေးနီကို ပြတင်းပေါက်၌ ချည်ထားလေ၏။
22Jie nuėjo į kalnus ir ten pasiliko tris dienas, kol sugrįžo tie, kurie juos vijosi. Jie ieškojo jų kelyje, bet nieko nerado.
22ထိုသူတို့သည် တောင်ပေါ်သို့ရောက်အောင် သွား၍ လိုက်ရှာသောသူတို့ မပြန်မှီတိုင်အောင် သုံးရက် နေကြ၏။ ရှာသောသူတို့သည်လည်း လမ်းတရှောက်လုံး ရှာ၍ မတွေ့ကြ။
23Tuodu vyrai, grįžę pas Jozuę, Nūno sūnų, jam papasakojo visa, kas jiems atsitiko.
23ထိုလူနှစ်ယောက်တို့သည် လှည့်၍ တောင်ပေါ် က ဆင်းပြီးမှ မြစ်ကို ကူးသဖြင့်၊ နုန်၏သား ယောရှုထံသို့ ရောက်၍၊ မိမိတို့၌ ဖြစ်သမျှတို့ကို ပြန်ကြားလျက်၊
24Ir jie sakė: “Viešpats tikrai atidavė mums visą šitą kraštą, nes tos šalies gyventojai labai išsigando dėl mūsų atėjimo”.
24အကယ်စင်စစ် ထာဝရဘုရားသည် ထိုပြည် တရှောက်လုံးကို ငါတို့လက်သို့ အပ်တော်မူပြီ။ ငါတို့ ကြောင့် ပြည်သူပြည်သားအပေါင်းတို့သည် စိတ်ပျက် လျက် ရှိကြပါ၏ဟု ယောရှုအား လျှောက်ဆို၏။