Lithuanian

Myanmar

Proverbs

20

1Vynas­pasityčiotojas, o stiprus gėrimas­pašėlęs; kas jais apsigauna, nėra išmintingas.
1စပျစ်ရည်သည် လှည့်စားတတ်၏။ သေရည် သေရက်သည် ရုန်းရင်းခတ်ပြုခြင်းအမှုကို ဖြစ်စေတတ် ၏။ ထိုသို့သောအားဖြင့် မှားယွင်းသော သူသည် ပညာ မရှိ။
2Karaliaus rūstybė yra kaip liūto riaumojimas; kas jį erzina, nusideda prieš savo gyvybę.
2ရှင်ဘုရင်ကြောက်စေသော အမှုအရာသည် ခြင်္သေ့ဟောက်ခြင်းနှင့်တူ၏။ အမျက်တော်ကို နှိုးဆော် သောသူသည် မိမိအသက်ကို ပြစ်မှား၏။
3Garbė žmogui vengti ginčų, bet kiekvienas kvailys įsivelia į juos.
3ရန်တွေ့ခြင်းကို ငြိမ်းစေသောသူသည် ဂုဏ် အသရေရှိ၏။ မိုက်သောသူမူကား၊ အမှုနှင့်ရောနှော တတ်၏။
4Tinginys nearia dėl šalčio, todėl derliaus metu elgetaus ir nieko neturės.
4ချမ်းသောကြောင့် ပျင်းရိသောသူသည် လယ် မလုပ်လို။ ထိုကြောင့် စပါးရိတ်သော ကာလ၌သူတပါးကို တောင်းသော်လည်း မရရာ။
5Patarimas žmogaus širdyje yra kaip gilus vanduo, sumanus žmogus jį semia.
5လူစိတ်နှလုံး၌ ပညာအကြံသည် နက်သော ရေနှင့်တူသော်လည်း၊ ဥာဏ်ကောင်းသောသူသည် ခပ်ယူလိမ့်မည်။
6Daugelis žmonių skelbia savo gerumą, bet kas suras ištikimą žmogų?
6လူများတို့သည် မိမိတို့ပြုသော ကျေးဇူးကို ကြားပြောတတ်၏။ သစ္စာ ရှိသော သူကိုကား၊ အဘယ်သူရှာ၍ တွေ့နိုင်သနည်း။
7Teisus žmogus vaikšto savo nekaltume, ir jo vaikai bus palaiminti.
7ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း လမ်းသို့ လိုက်၍၊ သူ၏သားစဉ်မြေးဆက်တို့သည် မင်္ဂလာ ရှိကြ၏။
8Karalius, sėdėdamas teismo soste, savo akimis išsklaido visą blogį.
8တရားပလ္လင်ပေါ်မှာထိုင်သော ရှင်ဘုရင်သည် မကောင်းသော အမှုအရာရှိသမျှတို့ကို မျက်စိတော်နှင့် ပယ် ရှင်းတတ်၏။
9Kas gali sakyti: “Apvaliau savo širdį, esu be nuodėmės”?
9ငါသည် ကိုယ်စိတ်နှလုံးကို စင်ကြယ်စေပြီ။ အပြစ်နှင့်ကင်းလွတ်၏ဟု အဘယ်သူဆိုနိုင်သနည်း။
10Skirtingi svarsčiai ir skirtingi saikai yra pasibjaurėjimas Viešpaties akyse.
10အလေးချင်းမတူသောအလေး၊ အဝင်ချင်း မတူသော တင်းတောင်းတို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။
11Jau vaiką galima pažinti iš jo poelgių, ar jo darbai bus tyri ir teisingi.
11သူငယ်သော်လည်း၊ မိမိပြုသောအမှုသည် စင်သည်မစင်သည်၊ မှန်သည်မမှန်သည်ကို မိမိအခြင်း အရာအားဖြင့် ပြ၍၊ မိမိသဘောကို ထင်ရှားစေ၏။
12Viešpats sutvėrė girdinčią ausį ir matančią akį.
12ကြားတတ်သော နားကို၎င်း၊ မြင်တတ်သော မျက်စိကို၎င်း၊ ထာဝရဘုရား ဖန်ဆင်းတော်မူပြီ။
13Kas mėgsta miegoti, tampa beturtis; atsimerk ir turėsi pakankamai maisto.
13ဆင်းရဲမည်ဟု စိုးရိမ်စရာရှိသည်ဖြစ်၍၊ အိပ် ခြင်းကိုမတပ်မက်နှင့်။ နိုးတတ်လျှင် ဝစွာစားရ၏။
14Pirkėjas sako: “Niekam tikę, niekam tikę!”, o nuėjęs savo keliu giriasi.
14ဝယ်သောသူက၊ မကောင်းဘူး၊ မကောင်းဘူးဟု ဆိုတတ်၏။ ဝယ်၍သွားပြီမှ ဝါကြွားတတ်၏။
15Yra aukso ir daugybė perlų, bet pažinimo lūpos yra didelė brangenybė.
15ရွှေရှိ၏။ ပတ္တမြားလည်းရှိ၏။ ပညာအတတ်နှင့် ပြည့်စုံသော နှုတ်မူကား၊ အလွန် အဘိုးထိုက်သော ရတနာ ဖြစ်၏။
16Paimk apdarą iš to, kuris laidavo už svetimą, ir turėk užstatą iš suvedžiotojo.
16မကျွမ်းသောသူအတွက်၊ အမျိုးပျက်သော မိန်းမအတွက်၊ အာမခံတတ်သောသူသည် အဝတ်အစ ရှိသော ဥစ္စာတစုံတခုကို ပေါင်းထားစေ။
17Skani žmogui duona, apgaule įgyta, bet paskui jo burna yra pilna žvyro.
17လှည့်စား၍ ရသောအစာသည် ချိုမြိန်သော် လည်း၊ စားသော သူ၏နှုတ်သည် ကျောက်စရစ်နှင့် ပြည့်လိမ့်မည်။
18Sumanymai įtvirtinami patarimais, ir kariauti nepradėk neapsvarstęs.
18အကြံရှိသောသူသည် သူတပါးနှင့်တိုင်ပင်လျှင်၊ အကြံထမြောက်တတ်၏။ ကောင်းသော တိုင်ပင်ခြင်း ရှိမှသာ စစ်မှုကို ပြုရမည်။
19Kas vaikšto plepėdamas, atidengia paslaptis, todėl nesusidėk su pataikūnais.
19လည်၍စကားများသောသူသည် လျှို့ဝှက်အပ် သောအရာကို ဘော်ပြတတ်၏။ သို့ဖြစ်၍ ချော့မော့တတ် သောသူနှင့် မပေါင်းဘော်နှင့်။
20Kas keikia tėvą ir motiną, to žiburys užges visiškoje tamsoje.
20အကြင်သူသည် မိဘကို ကျိန်ဆဲ၏။ ထိုသူ၏ မီးခွက်သည် ထူထပ်သော မှောင်မိုက်၌ သေလိမ့်မည်။
21Paveldėjimas, gautas paskubomis, galiausiai nebus palaimintas.
21အမွေဥစ္စာကို အစအဦး၌ အလျင်ရနိုင်သော် လည်း၊ အဆုံး၌ အမင်္ဂလာဖြစ်လိမ့်မည်။
22Nesakyk: “Atlyginsiu už pikta”. Lauk Viešpaties, ir Jis padės tau.
22ငါသည်ရန်တုံ့ပြုမည်ဟု မဆိုနှင့်၊ ထာဝရ ဘုရားကို ငံ့လင့်လော့။ သို့ပြုလျှင် ကယ်တင်တော်မူ လိမ့်မည်။
23Skirtingi svarsčiai yra pasibjaurėjimas Viešpačiui ir neteisingos svarstyklės nėra gerai.
23အလေးချင်းမတူသော အလေးတို့ကို ထာဝရ ဘုရားစက်ဆုပ်ရွံရှာတော်မူ၏။ စဉ်းလဲသောချိန်ခွင် လည်း အပြစ်ရှိ၏။
24Viešpats veda žmogų, kaip tad gali žmogus suprasti savo kelią?
24လူသွားရာလမ်းတို့ကို ထာဝရဘုရား စီရင်တော် မူ၏။ သို့ဖြစ်၍ သူသည် မိမိသွားရာလမ်းတို့ကို အဘယ် သို့ နားလည်နိုင်သနည်း။
25Spąstai žmogui­padaryti įžadą, o po to galvoti.
25ဘုရားအမှု၌စကားလွန်မိသောသူ၊ သစ္စာ ဂတိထားပြီးမှ မေးမြန်းသောသူသည် ကျော့ကွင်းနှင့် တွေ့မိပြီ။
26Išmintingas karalius išblaško nedorėlius ir juos smarkiai baudžia.
26ပညာရှိသော ရှင်ဘုရင်သည် လူဆိုးတို့ကို ကွဲပြားစေ၍၊ ဘီးနှင့် ဖိတတ်၏။
27Žmogaus dvasia yra Viešpaties žiburys, tiriantis širdies gelmes.
27လူ၏စိတ်ဝိညာဉ်သည် ကိုယ်အတွင်း၌ ရှိရှိ သမျှတို့ကို စစ်ဆေးသော ထာဝရဘုရား၏ မီးခွက်ဖြစ်၏။
28Gailestingumas ir tiesa apsaugo karalių, ir jo sostas palaikomas gailestingumu.
28ကရုဏာတရားနှင့်သစ္စာတရားသည် ရှင်ဘုရင် ကို စောင့်မတတ်၏။ ရာဇပလ္လင်တော်သည် ကရုဏာ တရားအားဖြင့် မြဲမြံတတ်၏။
29Jaunuolių garbė­jėga, o senuosius puošia žili plaukai.
29လူပျို၏ဘုန်းကား အစွမ်းသတ္တိ၊ လူအို၏ဂုဏ် အသရေကား ဖြူသောဆံပင်ဖြစ်၏။
30Kirčių žymės pašalina pikta ir randai išvalo žmogaus širdį.
30အနာကိုမွှေနှောက်ခြင်းအားဖြင့် အဆိုးအညစ် နှင့်ကင်းစင်တတ်၏။ ဒဏ်ချက်ရာတို့သည်လည်း၊ ကိုယ် အတွင်းအရပ်တို့၌ ထိုသို့သော ကျေးဇူးကို ပြုတတ်၏။