Lithuanian

Myanmar

Proverbs

27

1Nesigirk rytdiena, nes nežinai, ką ji tau atneš.
1နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။
2Tegul kitas giria tave, o ne tavo burna; svetimas, bet ne tavo lūpos.
2ကိုယ်တိုင်ကိုယ်ကို မချီးမွမ်းဘဲ သူတပါးချီးမွမ်း ပါလေစေ။ ကိုယ်နှုတ်နှင့် ကိုယ်ကိုမချီးမွမ်းဘဲ၊ ကိုယ်နှင့် မဆိုင်သော သူတပါး ချီးမွမ်းပါလေစေ။
3Akmuo ir smėlis yra sunkūs, bet kvailio pyktis yra sunkesnis už abu.
3ကျောက်နှင့်သဲသည်လေး၏။ မိုက်သောသူ၏ ဒေါသသည် ထိုနှစ်ပါးထက် သာ၍လေး၏။
4Rūstybė yra žiauri, pyktis nesuvaldomas, bet kas gali atsispirti pavydui?
4မာနသည်ကြမ်းကြုတ်သော သဘောရှိ၏။ ဒေါသသည် ပြင်းထန်တတ်၏။ ငြူစူသောစိတ်ကိုကား၊ အဘယ်သူဆီး၍ ခံနိုင်သနည်း။
5Geriau yra viešas įspėjimas negu slapta meilė.
5ထင်ရှားစွာဆုံးမ ပြစ်တင်ခြင်းသည် တိတ်ဆိတ် စွာ ချစ်ခြင်းထက် သာ၍ကောင်း၏။
6Žaizdos nuo draugo yra geriau negu klastingas priešo pabučiavimas.
6အဆွေခင်ပွန်းသည် ဒဏ်ပေးသောအခါ သစ္စာ စောင့်လျက်ပေး၏။ ရန်သူမူကား၊ နမ်းသောအခါ လှည့်စားတတ်၏။
7Sotus ir medaus nevalgo, o alkanam ir kartus daiktas yra saldus.
7စား၍ ဝသောသူသည် ပျားလပို့ကိုပင် ငြင်းပယ် လိမ့်မည်။ မွတ်သိပ်သောသူမူကား၊ ခါးသောအရာကို ချိုသည်ဟု ထင်တတ်၏။
8Žmogus, palikęs savo vietą, yra kaip paukštis, išskridęs iš lizdo.
8မိမိနေရာကိုစွန့်၍ လည်သောသူသည် မိမိ အသိုက်ကို စွန့်၍လည်သော ငှက်နှင့်တူ၏။
9Draugo žodžiai ir nuoširdūs patarimai gaivina širdį kaip aliejai ir brangūs kvepalai.
9နံ့သာဆီနှင့် နံ့သာရည်သည် ရွှင်လန်းစေသကဲ့ သို့၊ ကြည်ညိုသောစိတ်နှင့် အကြံပေးတတ်သော အဆွေ ခင်ပွန်း၏ ချစ်ဘွယ်သော လက္ခဏာသည် ရွှင်လန်းစေ တတ်၏။
10Neprarask savo draugo ir tėvo draugo. Nelaimės dieną neik į brolio namus. Kaimynas arti geriau negu brolis toli.
10ကိုယ်အဆွေခင်ပွန်းနှင့် အဘ၏ အဆွေခင်ပွန်း ကို မစွန့်နှင့်။ အမှုရောက်သောကာလ၌၊ ညီအစ်ကို အိမ်သို့မသွားနှင့်။ နီသောအိမ်နီးချင်းသည် ဝေးသော ညီအစ်ကိုထက် သာ၍ကောင်း၏။
11Mano sūnau, būk išmintingas ir pradžiugink mano širdį, kad galėčiau atsakyti tam, kuris man priekaištauja.
11ငါ့သား၊ ပညာရှိလော့။ ကဲ့ရဲ့သောသူ၏စကားကို ငါချေနိုင်အောင်၊ ငါ့စိတ်ကို ရွှင်လန်းစေလော့။
12Supratingas numato pavojų ir pasislepia, o neišmanėlis eina ir nukenčia.
12သမ္မာသတိရှိသောသူသည် အမှုကိုမြော်မြင်၍၊ ပုန်းရှောင်လျက်နေတတ်၏။ ဥာဏ်တိမ်သောသူမူကား၊ အစဉ်အတိုင်းသွား၍ အမှုနှင့်တွေ့တတ်၏။
13Paimk apdarą iš to, kas laidavo už svetimą, ir turėk užstatą iš suvedžiotojo.
13မကျွမ်းသော သူအတွက်၊ အမျိုးပျက်သော မိန်းမအတွက်၊ အာမခံတတ်သော သူသည် အဝတ်အစ ရှိသော ဥစ္စာတစုံတခုကို ပေါင်ထားစေ။
14Kas atsikėlęs anksti rytą garsiai laimina savo draugą, tai bus jam įskaityta prakeikimu.
14နံနက်စောစောထ၍၊ မိမိအဆွေခင်ပွန်းကို ကျယ်သောအသံနှင့် ကောင်းကြီးပေးသောသူသည် ကျိန်ဆဲခြင်းကို ပြုရာရောက်၏။
15Varvantis stogas lietingą dieną ir vaidinga moteris yra panašūs.
15ရန်တွေ့တတ်သော မယားသည် မိုဃ်းသည်း စွာ ရွာသောနေ့၌ အစက်စက်ကျသော မိုဃ်းပေါက်နှင့် တူ၏။
16Kas nori ją sulaikyti yra kaip tas, kas galvoja sustabdyti vėją arba išlaikyti saujoje aliejų.
16ထိုမိန်းမကို သိမ်းထားသောသူသည် လေကို သိမ်းထားသောသူနှင့်တူ၏။ လက်ျာလက်၌ လိမ်းသော နံ့သာဆီကို ဝှက်၍မထားနိုင်။
17Kaip geležis galanda geležį, taip žmogus aštrina savo draugą.
17သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည်အဆွေ ခင်ပွန်း၏ မျက်နှာကို ထက်စေတတ်၏။
18Kas prižiūri figmedį, valgo jo vaisių; kas laukia šeimininko, sulaukia pagarbos.
18သင်္ဘောသဖန်းပင်ကို စောင့်သောသူသည် သင်္ဘောသဖန်းသီးကို စားရ၏။ ထိုနည်းတူ၊ သခင်အမှုကို ဆောင်ရွက်သော သူသည် ဂုဏ်အသရေကို ရတတ်၏။
19Kaip vanduo atspindi veidą, taip žmogaus širdis atspindi žmogų.
19ရေ၌လူမျက်နှာချင်းတူသကဲ့သို့၊ လူတယောက် နှင့်တယောက် စိတ်သဘောတူကြ၏။
20Kaip pragaras ir prapultis niekados neprisipildo, taip žmogaus akys niekados nepasisotina.
20မရဏာနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် အလိုမပြည့် စုံသကဲ့သို့၊ လူတို့မျက်စိသည် အလိုမပြည့်စုံတတ်။
21Kaip sidabras ir auksas ištiriamas ugnyje, taip žmogus ištiriamas pagyrimais.
21ငွေစစ်စရာဘို့ မိုက်ရှိ၏။ ရွှေစစ်စရာဘို့ မီးဖို ရှိ၏။ လူကိုစစ်စရာဘို့ သူတပါးချီးမွမ်းခြင်းရှိ၏။
22Nors sugrūstum kvailį piestoje su grūdais, jo kvailystė neatsiskirtų nuo jo.
22မိုက်သောသူကို စပါးနှင့်အတူဆုံ၌ ကျည်ပွေ့နှင့် ထောင်သော်လည်း၊ မိုက်သောသဘောမထွက်တတ်။
23Prižiūrėk rūpestingai savo avis ir bandą,
23သင်၏ သိုးစုအကြောင်းတို့ကို သိခြင်းငှါ ကြိုး စားလော့။ နွားစုတို့ကိုလည်း စေ့စေ့ကြည့်ရှုလော့။
24nes turtas nėra amžinas ir karūna neišlieka visoms kartoms.
24စည်းစိမ်သည် အမြဲမတည်တတ်။ ရှင်ဘုရင်၏ စည်းစိမ်သော်လည်း၊ လူမျိုးအစဉ်အဆက် မတည် တတ်။
25Kai šienas suvežamas, pasirodo atolas, ir renkamos kalnų žolės.
25မြက်ပင်ပေါက်တတ်၏။ ပျိုးပင်လည်း ထင်ရှား တတ်၏။ တောင်ယာအသီးကိုလည်း သိမ်းရ၏။
26Avinėliai tavo drabužiams, ožiai laukams nusipirkti.
26သိုးသငယ်တို့သည် သင်ဝတ်စရာဘို့၊ ဆိတ်တို့သည် လည်း မြေအဘိုးကိုဖြေစရာဘို့ ပြစ်၏။
27Ožkų pieno užteks maistui tau, tavo šeimai ir tarnaitėms aprūpinti.
27သင်စားစရာဘို့၊ အိမ်သူအိမ်သားစားစရာဘို့၊ ကျွန်မိန်းမများကို ကျွေးစရာဘို့ ဆိတ်နို့လောက်လိမ့်မည်။