Lithuanian

Myanmar

Proverbs

30

1Žodžiai Agūro, Jakės sūnaus. Taip jis kalbėjo Itieliui, pačiam Itieliui ir Ukalui:
1ယာကေသားအာဂုရသည် ဣသေလနှင့် ဥကလ ကို ဆုံးမသောတရားစကား ဟူမူကား၊
2“Aš suprantu mažiau negu kiti ir neturiu žmogaus proto.
2အကယ်စင်စစ် ငါသည် လူမဟုတ်၊ တိရစ္ဆာန် ဖြစ်၏။ လူဥာဏ်နှင့် မပြည့်စုံ။
3Aš nesimokiau išminties ir neturiu Šventojo pažinimo.
3ပညာတရားကို မသင်၊ သန့်ရှင်းသော အရာ တို့ကို မလေ့ကျက်။
4Kas užžengė į dangų ir nusileido? Kas sulaikė vėją savo rankomis? Kas įvyniojo vandenis į drabužį? Kas nustatė žemės ribas? Kuo vardu Jis ir Jo sūnus, ar žinai?
4ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း။ အဘယ်သူဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏ အမည် နှင့်သူ၏သားအမည်ကား အဘယ်သို့နည်း။ သင်ပြော နိုင်သလော။
5Kiekvienas Dievo žodis yra tyras; Jis yra skydas tiems, kurie Juo pasitiki.
5ဘုရားသခင်၏ စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင် သည် အကွယ်အကာဖြစ်တော်မူ၏။
6Nieko nepridėk prie Jo žodžių, kad Jis neapkaltintų tavęs ir neliktum melagis.
6စကားတော်၌ ထပ်၍မသွင်းနှင့်။ သို့ပြုလျှင် အပြစ်တင်တော်မူ၍၊ သင်သည် မုသာသုံးသောသူ ဖြစ်လိမ့်မည်။
7Dviejų dalykų prašau, neužgink man jų pirma, negu mirsiu.
7ကိုယ်တော်ထံမှာ ဆုနှစ်ပါးကို အကျွန်ုပ်တောင်း ပါ၏။ အကျွန်ုပ်မသေမှီတိုင်အောင် ငြင်းတော်မမူပါနှင့်။
8Pašalink nuo manęs tuštybę ir melą; neduok man turtų nė skurdo, maitink mane tuo, ko man reikia,
8အကျွန်ုပ်မှ အနတ္တနှင့် မုသာကိုပယ်တော်မူပါ။ ဆင်း ရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်။ အသက်မွေးလောက်သောပညာကိုသာ ပေးတော်မူပါ။
9kad pasisotinęs neišsiginčiau Tavęs ir nesakyčiau: ‘Kas yra Viešpats?’ arba nuskurdęs nevogčiau ir be reikalo neminėčiau Dievo vardo.
9သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရ ဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု ဆိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ ဘုရားသခင် နာမ တော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာ ရှိပါ၏။
10Neskųsk tarno jo šeimininkui, kad jis nekeiktų tavęs ir tu neliktum kaltas.
10ကျွန်၏ အကျိုးကိုဖျက်ခြင်းငှါ သူ၏သခင်ကို မပြောနှင့်။ ပြောလျှင်ကျွန်သည် သင့်ကိုကျိန်ဆဲ၍၊ သင်၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။
11Yra karta, kuri keikia tėvą ir nelaimina motinos.
11အဘကိုကျိန်ဆဲ၍ အမိကိုလည်း ကောင်းကြီး မပေးတတ်သောလူတမျိုး၊
12Karta, kuri laiko save švaria, bet nenusiplauna savo purvo.
12ငါသည် စင်ကြယ်၏ဟု မိမိကိုယ်ထင်သော် လည်း၊ မိမိအညစ်အကြေးမှ မဆေးကြောသေးသော လူတမျိုး၊
13Karta, kurios išdidus žvilgsnis ir pakeltos blakstienos.
13အလွန်စိတ်မြင့်၍ မော်ကြည့်တတ်သော လူတမျိုး၊
14Karta, kurių dantys yra kardai ir peiliai, kuriais ji suryja vargšus krašte ir beturčius tarp žmonių.
14ဆင်းရဲသောသူတို့ကို မြေကြီးပေါ်က၎င်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲက၎င်း၊ ကိုက်စားပယ်ရှင်း စရာဘို့ သန်လျက်နှင့်တူသောသွား၊ ထားနှင့်တူသော အံနှင့် ပြည့်စုံသော လူတမျိုးရှိ၏။
15Siurbėlė turi dvi dukteris, kurios šaukia: ‘Duok, duok!’ Trys dalykai yra nepasotinami, o ketvirtas niekada nesako: ‘Užtenka’.
15မျှော့ကောင်၌ပေးပါနှင့်ပေးပါဟူသော သမီးနှစ် ကောင်ရှိ၏။ အလိုဆန္ဒမပြေနိုင်သော အရာသုံးပါးမက၊ တန်တော့ဟု မဆိုတတ်သော အရာလေးပါးဟူမူကား၊
16Tai mirusiųjų buveinė, nevaisingos įsčios, žemė, kuri sugeria vandenį, ir ugnis­ji nesako: ‘Užtenka!’
16သင်္ချိုင်းတပါး၊ မြုံသောမိန်းမဝမ်းတပါး၊ ရေမဝ နိုင်သောမြေတပါး၊ တန်တော့ဟု မဆိုတတ်သော မီးတပါးတည်း။
17Akis, kurios tyčiojasi iš tėvo ir niekina paklusnumą motinai, iškapos varnai slėnyje ir suės erelio jaunikliai.
17အဘကိုကျီစားသောသူ၊ အမိ စကားကိုနားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏ မျက်စိကို ချိုင့်၌ကျင်လည် သောကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတသငယ်တို့သည်လည်း စားကြလိမ့်မည်။
18Trys dalykai man nesuvokiami ir ketvirtojo nesuprantu:
18ငါ့ဥာဏ်မမှီနိုင်သော အရာသုံးပါးမက၊ ငါမသိ၊ နားမလည်နိုင်သော အရာလေးပါးဟူမူကား၊
19erelio kelias padangėje, gyvatės­ant uolos, laivo­jūroje ir vyro kelias su mergaite.
19လေ၌ရွှေလင်းတသွားရာလမ်းတပါး၊ ကျောက် ပေါ်မှာ မြွေသွားရာလမ်းတပါး၊ ပင်လယ်အလယ်၌ သင်္ဘောသွားရာလမ်းတပါး၊ အပျိုမနှင့် ယောက်ျားသွား ရာလမ်းတပါးတည်း။
20Štai kelias neištikimos moters; ji pavalgo ir, nusišluosčiusi lūpas, sako: ‘Nieko blogo nepadariau’.
20မျောက်မထားသော မိန်းမလမ်းလည်း ထိုအတူ ဖြစ်၏။ အစာစားပြီးမှ မိမိပစပ်ကိုသတ်၍၊ ဒုစရိုက်ကို ငါမပြုမိဟုဆိုတတ်၏။
21Dėl trijų dalykų sujuda žemė, ketvirtojo ji negali pakęsti:
21မြေကြီးကို မွှေနှောက်သောအရာသုံးပါးမက၊ မြေကြီးမခံနိုင်သော အရာလေးပါးဟူမူကား၊
22tarno, kai jis karaliauja, kvailio, kai jis pasisotina,
22မင်းပြုသောကျွန်တပါး၊ ဝစွာစားရသော လူမိုက် တပါး၊
23bjaurios moteriškės, kai ji išteka, ir tarnaitės, kuri užima šeimininkės vietą.
23လက်ထပ်သော မိန်းမဆိုးတပါး၊ သခင်မ ဥစ္စာ ကို အမွေခံရသော ကျွန်မတပါးတည်း။
24Keturi žemės gyvūnai yra maži, bet labai išmintingi:
24မြေကြီးပေါ်မှာ သေးနုပ်သော်လည်း၊ အထူး သဖြင့် ပညာရှိသော အရာလေးပါးဟူမူကား၊
25skruzdės nėra stipri tauta, tačiau vasarą prisirengia sau maisto;
25ခွန်အားမရှိသောအမျိုးဖြစ်သော်လည်း၊ နွေ ကာလ၌ မိမိစားစရာကို ပြင်ဆင်တတ်သော ပရွက်ဆိတ် တပါး၊
26triušiai yra silpni, tačiau pasidaro namus uolose;
26မသန်စွမ်းသော အမျိုးဖြစ်သော်လည်း၊ ကျောက် တွင်း၌ နေရာချတတ်သော ရှာဖန်ယုန်တပါး၊
27skėriai neturi karaliaus, tačiau tvarkingai skrenda būriais;
27မင်းမရှိသော်လည်း၊ တပ်ဖွဲ့၍ အစဉ်အတိုင်း သွားတတ်သောကျိုင်းတပါး၊
28voras audžia savo rankomis, tačiau būna ir karaliaus rūmuose.
28လက်ဖြင့်ကိုင်ဆွဲ၍၊ နန်းတော်၌ပင် နေတတ် သော အိမ်မြှောင်တပါးတည်း။
29Trys vaikšto išdidžiai, ketvirtas eina didingai:
29ကောင်းစွာသွားတတ်သော အရာသုံးပါးမက၊ အသွားလှသော အရာလေးပါးဟူမူကား၊
30liūtas­stipriausias tarp žvėrių, nebijo nieko;
30တိရစ္ဆာန်တကာတို့ထက် ခွန်အားကြီး၍၊ အဘယ်သူကိုမျှ မရှောင်တတ်သော ခြင်္သေ့တပါး၊
31kurtas, ožys ir karalius priešaky savo žmonių.
31စစ်မြင်းတပါး၊ ဆိတ်ထီးတပါး၊ အဘယ်သူမျှ မဆီးတားနိုင်သော ရှင်ဘုရင်တပါးတည်း။
32Jei buvai kvailas ir aukštinai save ar planavai pikta, užsidenk ranka savo burną.
32သင်သည် ကိုယ်ကိုချီးမြှောက်၍ မိုက်သောအမှု ကို ပြုမိသော်၎င်း၊ မကောင်းသော အကြံကိုကြံမိ သော်၎င်း၊ သင်၏နှုတ်ကို လက်နှင့်ပိတ်ထားလော့။
33Plakant pieną, gaunamas sviestas; stipriai šnypščiant nosį, pasirodo kraujas; pykčio kurstymas sukelia ginčą”.
33အကယ်စင်စစ် နို့ကိုမွှေလျှင် ထောပတ်တွက် တတ်၏။ နှာခေါင်းကိုဆွဲလိမ်လျှင် အသွေးထွက်တတ်၏။ ထိုနည်းတူ၊ ဒေါသကိုနှိုးဆော်လျှင် ခိုက်ရန်ထွက်တတ်၏။