1Apie gailestingumą ir teisingumą giedosiu, skambinsiu Tau, Viešpatie.
1ငါသည် သနားစုံမက်ခြင်း၊ တရားသဖြင့် စီရင် ခြင်းကို အကြောင်းပြု၍ သီချင်းဆိုပါမည်။ အို ထာဝရ ဘုရား၊ ရှေ့တော်၌ သီချင်းဆိုပါမည်။
2Laikysiuos teisingo kelio. Kada Tu pas mane ateisi? Vaikščiosiu su tobula širdimi savo namuose.
2စုံလင်သော တရားအတိုင်း ပညာသတိနှင့် ကျင့်ပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ဆီသို့ အဘယ် ကာလမှ ကြွလာတော်မူမည်နည်း။ ကိုယ်အိမ်တွင် သန့်ရှင်းသော စိတ်နှလုံးနှင့်ကျင့်ပါမည်။
3Į tai, kas nedora, aš nežiūrėsiu. Aš nekenčiu neištikimųjų darbų; nieko bendro su jais neturėsiu.
3အဓမ္မအမှုအရာကို မျက်မှောက်မပြုပါ။ လမ်းလွှဲ သော သူ၏ အမှုကို ရွံရှာသည်ဖြစ်၍၊ ငါ၌ မမှီမကပ်ရ။
4Vengsiu iš tolo širdies nelabumo, pikto nenoriu pažinti.
4သဘောကောက်သော သူသည် ငါ့ထံမှ ထွက် သွားရမည်။ မကောင်းသောသူနှင့် ငါမပေါင်းဘော်။
5Kas slaptai savo artimą šmeižia, tą nutildysiu. Kas žiūri iš aukšto ir turi išdidžią širdį, to neapkęsiu.
5မိမိအိမ် နီးချင်း၏ အသရေကို တိတ်ဆိတ်စွာ ဖျက်သော သူကို ငါပယ်ဖြတ်မည်။ မျက်နှာထောင်လွှား၍ စိတ်မြင့်သောသူကို သည်းမခံ။
6Mano akys žvelgia į krašto ištikimuosius, kad jie gyventų su manimi. Kas vaikščioja tobulu keliu, tas tarnaus man.
6သစ္စာရှိသော ပြည်သားတို့ သည် ငါ့ထံမှာ နေမည် အကြောင်း သူတို့ကို ငါကြည့်ရှုမည်။ စုံလင်သောတရား၌ ကျင်လည်သောသူသည် ငါ၏ အမှုကို ဆောင်ရွက်ရမည်။
7Klastingieji negyvens mano namuose. Melagiai nepasiliks mano akivaizdoje.
7လှည့်စားတတ်သောသူမူကား၊ ငါ့အိမ်၌ မနေရ။ မုသာစကားကို ပြောတတ်သော သူသည်လည်း၊ ငါ့မျက်မှောက်၌ အခွင့်မရှိရ။
8Anksti išnaikinsiu krašto nedorėlius, kad pašalinčiau piktadarius iš Viešpaties miesto.
8ဆိုးသောအမှုကို ပြုသောသူအပေါင်းတို့ကို ထာဝရဘုရား၏ မြို့တော်မှ ပယ်ဖြတ်မည်အကြောင်း၊ မတရားသော ပြည်သားရှိသမျှတို့ကို စောစောဖျက်ဆီး လေအံ့သတည်း။