1Netylėk, mano gyriaus Dieve.
1အကျွန်ုပ် ချီးမွမ်းသော ဘုရားသခင်၊ တိတ် ဆိတ်စွာနေတော်မမူပါနှင့်။
2Nedorėlio burna ir klastingojo burna prieš mane atsivėrė. Jie kalba prieš mane melagingais liežuviais.
2မတရားသောသူနှင့် သစ္စာပျက်သော သူတို့ သည် အကျွန်ုပ်တဘက်၌နှုတ်ကိုဖွင့်၍၊ မုသားစကားကို ပြောဆိုကြပါ၏။
3Neapykantos žodžiais jie apsupo mane ir puola mane nekaltą.
3မနာလိုသောစိတ်နှင့် စကားပြောလျက်၊ အကျွန်ုပ်ကိုဝိုင်း၍ အကြောင်းမရှိဘဲ စစ်တိုက်ကြပါ၏။
4Už mano meilę jie kaltina mane, bet aš meldžiuosi.
4အကျွန်ုပ်၏ မေတ္တာအတွက် သူတို့သည် ရန်ဘက်ပြုကြပါ၏။ အကျွန်ုပ်မူကား ပဌနာပြုလျက် နေပါ၏။
5Piktu už gera jie man atlygina ir neapykanta už meilę.
5အကျွန်ုပ်ပြုသော ကျေးဇူးအတွက် မကောင်း သောအပြစ်ကို၎င်း၊ အကျွန်ုပ်မေတ္တာအတွက် မုန်းခြင်းကို ၎င်း ဆပ်ပေးကြပါ၏။
6Atiduok tokį nedorėlių valiai, te šėtonas stovi jo dešinėje.
6ထိုသို့သော သူ၏အပေါ်မှာ မတရားသောသူကို ခန့်ထားတော်မူပါ။ သူ၏လက်ျားနားမှာ ရန်သူနေပါစေ။
7Teisme tebūna jis pasmerktas, jo malda tebūna nuodėmė.
7သူသည် တရားစီရင်ခြင်းကို ခံရာတွင်ရှုံးပါစေ။ သူပြုသော ပဌနာသည် ပြစ်မှားခြင်းဖြစ်ပါစေ။
8Tebūna jo gyvenimas trumpas. Jo tarnystę tegauna kitas.
8သူ၏အသက်တိုပါစေ။ သူ၏အရာကိုလည်း အခြားသူရပါစေ။
9Jo vaikai tepalieka našlaičiais ir žmonanašle.
9သူ၏သားတို့သည် ဘသားဆိုး၊ မယားလည်း မုတ်ဆိုးမဖြစ်ပါစေ။
10Elgetomis ir benamiais tegu tampa jo vaikai, tebūna jie išmesti iš savų sunaikintų namų.
10သူ၏သားတို့သည် အရပ်ရပ်လည်၍ သူတောင်း စား ဖြစ်ကြပါစေ။ ပျက်စီးသော မိမိတို့နေရာများမှ ထွက်၍၊ အစာကိုရှာကြပါစေ။
11Skolintojas tepasiglemžia jo turtą ir svetimieji jo uždarbį teišgrobsto.
11သူ၌ရှိသမျှကို ကြွေးရှင်သိမ်းယူပါစေ။ သူလုပ် ၍ရသော ဥစ္စာကိုလည်း တပါးအမျိုးသား လုယူပါစေ။
12Nė vienas jo tenesigaili ir tenebūna kas užjaustų jo našlaičius.
12သူ၌ကျေးဇူးပြုသောသူ၊ သူ၏ဘသားဆိုး တို့ကို ကယ်မသနားသောသူ တယောက်မျှ မရှိစေနှင့်။
13Jo palikuonys tesunyksta. Kitoje kartoje teišdyla jų vardas.
13သူ၏အနွှယ်သည် ပြတ်ပါစေ။ လူမျိုးဆင်းသက် ၍ တဆက်တည်းတွင်၊ သူတို့၏ နာမည်သည် ကျေပျောက် ပါစေ။
14Viešpats teatsimena jo tėvų kaltes, ir jo motinos nuodėmė tenebūna išdildyta.
14သူ့ဘိုးဘေးတို့၏ ဒုစရိုက်ကို ထာဝရဘုရား သည် သတိရတော်မူပါစေ။ သူ့အမိ၏ အပြစ်သည် မဖြေပါစေနှင့်။
15Tegu nuolat Viešpats juos stebi, kad nuo žemės nušluotų jų atminimą.
15ထိုဒုစရိုက်အပြစ်သည် ထာဝရဘုရားရှေ့မှာ အစဉ်အမြဲ ထင်ရှား၍၊ မြေကြီးပေါ်မှာ ထိုသူတို့ကို အောက်မေ့စရာ အမှတ်မျှ မရှိစေခြင်းငှါ၊ ပယ်ရှင်းတော်မူ ပါစေ။
16Nes neparodė jis gailestingumo, bet persekiojo beturtį ir vargšą, kėsinosi nužudyti sudužusį širdyje.
16အကြောင်းမူကား၊ ထိုသူသည် ကယ်မ သနားခြင်းငှါ သတိမရှိ။ ဆင်းရဲငတ်မွတ်၍ စိတ်ပျက် သောသူကို သေစေသည်တိုင်အောင် ညှဉ်းဆဲပြီ။
17Jis mėgo prakeikimą, tegu jis užklumpa jį; jis nemėgo palaiminimo, tebūna jis toli nuo jo.
17သူသည် ကျိန်ဆဲခြင်းကို နှစ်သက်သည်နှင့်အညီ၊ သူ့အပေါ်သို့ ရောက်ပါစေ။ ကောင်းကြီးမင်္ဂလာကို အလိုမရှိသည်အတိုင်း သူနှင့်ဝေးပါစေ။
18Jis apsivilko prakeikimu kaip drabužiu, todėl kaip vanduo jis teįsisunkia į kūną, kaip aliejus į kaulus.
18အဝတ်ကို ဝတ်သကဲ့သို့ ကျိန်ဆဲခြင်းကို ဝတ်ရပါ စေ။ ရေကဲ့သို့ သူ၏ဝမ်းထဲသို့၎င်း၊ ဆီကဲ့သို့ သူ၏အရိုး ထဲသို့၎င်း ဝင်ပါစေ။
19Jis tebūna jam kaip drabužis, kuris dengia jo kūną, kaip juosta, kuria jis susijuosia.
19သူ၏ကိုယ်ကိုခြုံသော အဝတ်ကဲ့သို့၎င်း၊ သူ၏ ခါး၌ အစဉ်စည်းသော ခါးစည်းကဲ့သို့၎င်း သူ၌ဖြစ်ပါစေ။
20Taip tegul užmoka Viešpats mano priešininkams ir tiems, kurie kalba pikta prieš mane.
20ငါ၏ဝိညာဉ်တဘက်၌ မကောင်းသောစကားကို ပြောတတ်သော ငါ၏ရန်သူတို့သည် ထိုသို့သော အကျိုး ကို ထာဝရဘုရားထံ ခံရကြပါစေ။
21Bet Tu, Viešpatie Dieve, sustiprink mane dėl savojo vardo, gelbėk dėl savo gailestingumo.
21အိုဘုရားရှင် ထာဝရဘုရား၊ နာမတော်အတွက် ကြောင့် အကျွန်ုပ်အမှုကို စောင့်တော်မူပါ။ ကရုဏာတော် ကောင်းသည်ဖြစ်၍၊ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။
22Aš esu vargšas ir beturtis, mano širdis sužeista.
22အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏။ အကျွန်ုပ် အထဲ၌ နှလုံးနာလျက်ရှိပါ၏။
23Nykstu kaip šešėlis, mane nešioja kaip vėjas skėrį.
23ရှည်လျားသော အရိပ်ကဲ့သို့ အကျွန်ုပ်ရွေ့သွား ပါ၏။ ကျိုင်းကောင်ကဲ့သို့ လှုပ်ရှားလျက်ရှိပါ၏။
24Mano keliai nuo pasninko linksta, sulyso mano kūnas.
24အစာမစားဘဲ နေရသောကြောင့်၊ ဒူးဆစ်နုန့်နဲ့ ၍ အသားလည်း လျော့ပါ၏။
25Aš jiems tapau pajuoka. Matydami mane, jie kraipė galvas.
25အကျွန်ုပ်သည်လည်း သူတပါးတို့ ကဲ့ရဲ့စရာ အကြောင်းဖြစ်၍၊ သူတို့သည် အကျွန်ုပ်ကို မြင်သော အခါ၊ ခေါင်းညှိတ်ခြင်းကို ပြုကြပါ၏။
26Padėk man, Viešpatie, mano Dieve, išgelbėk mane, būdamas gailestingas.
26အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ကို မစတော်မူပါ။ ကရုဏာတော်ရှိသည်အတိုင် ကယ်တင်တော်မူပါ။
27Viešpatie, težino jie, jog tai Tavo ranka padarė.
27ထိုအမှုသည် တန်ခိုးတော်ကြောင့်ဖြစ်၍၊ ထာဝရဘုရားတည်းဟူသော ကိုယ်တော်စီရင်တော်မူ သည်ဟု ထိုသူတို့သည် သိကြပါစေသော။
28Jie tegul keikia, bet Tu laimink! Kai jie pakyla, tebūna sugėdinti, o Tavo tarnas tesidžiaugia.
28ထိုသူတို့သည် ကျိန်ဆဲသော်လည်း၊ ကိုယ်တော်မူကား ကောင်းကြီးပေးတော်မူပါ။ သူတို့သည် ထသောအခါ အရှက်ကွဲကြပါစေသော။ ကိုယ်တော်၏ ကျွန်မူကား၊ ဝမ်းမြောက်ပါစေသော။
29Teapsivelka mano priešininkai nešlove, juos gėda kaip drabužis teapgaubia.
29အကျွန်ုပ်၏ ရန်သူတို့သည် ရှက်ကြောက်ခြင်း အဝတ်ကိုဝတ်၍၊ စောင်နှင့်ခြုံသကဲ့သို့၊ မျက်နှာပျက်ခြင်း နှင့် ကိုယ်ကိုခြုံကြပါစေသော။
30Savo burna garsiai girsiu Viešpatį, girsiu Jį minioje.
30အကျွန်ုပ်သည် နှုတ်မြွက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည်။ များစွာသော သူတို့အလယ်မှာ ချီးမွမ်းပါမည်။
31Jis stovi beturčio dešinėje, gina jį nuo pasmerkėjų.
31အကြောင်းမူကား၊ ဆင်းရဲသောသူ၏ ဝိညာဉ်ကို အပြစ်စီရင်သော သူတို့၏လက်မှ ကယ်တင်ခြင်းငှါ၊ သူ၏လက်ျာဘက်မှာရပ်၍ နေတော်မူတတ်၏။