1¶ A, ka oti i a Horomona te whare o Ihowa, me te whare o te kingi, me nga mea katoa i hiahia ai a Horomona, i pai ai kia mahia;
1ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ မိမိအလိုဆန္ဒရှိသမျှ ပြည့်စုံသောအခါ၊
2Na ko te rua o nga putanga o Ihowa ki a Horomona, pera me tona putanga ki a ia ki Kipeono.
2ထာဝရဘုရားသည် ဂိဗောင်မြို့၌ ထင်ရှားတော် မူသကဲ့သို့၊ ဒုတိယအကြိမ်၌ ထင်ရှားတော်မူလျက်၊
3Na ka mea a Ihowa ki a ia, Kua rongo ahau i tau inoi, i tau karanga i karanga ai koe i toku aroaro; kua oti i ahau te whakatapu tenei whare kua hanga nei e koe, hei waihotanga iho mo toku ingoa a ake ake; ka tau ano oku kanohi, me toku ngakau, ki reira i nga ra katoa.
3သင်သည် ငါ့ရှေ့မှာဆုတောင်းပဌနာပြုသော စကားကို ငါကြားပြီ။ သင်တည်ဆောက်သော ဤအိမ်ကို သန့်ရှင်းစေ၍၊ ငါ့နာမကို အစဉ်တည်စေ မည်။ အစဉ်ငါကြည့်ရှုလျက် နှလုံးစွဲလမ်းလျက် နေမည်။
4Na, ko koe, ki te rite tau haere i toku aroaro ki te haere a tou papa, a Rawiri, a ka tapatahi, ka tika te ngakau, ka mahi koe i nga mea katoa i whakahau ai ahau ki a koe, ka pupuri i aku tikanga, i aku whakaritenga;
4သင်သည် ငါမှာထားသမျှကိုပြု၍၊ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှါ၊ သင့်အဘဒါဝိဒ်ကဲ့သို့ ဖြောင့်မတ်စုံလင်သော စိတ်သဘောနှင့် ငါ့ရှေ့မှာ ကျင့်နေလျှင်၊
5Katahi ahau ka whakapumau i te torona o tou kingitanga ki a Iharaira a ake ake; ka pera me taku i korero ai ki tou papa, ki a Rawiri, i ahau i ki ra, E kore e whakakorea he tangata mau mo te torona o Iharaira.
5ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင်၏အမျိုးမင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ် အား ငါဂတိရှိသည်အတိုင်း၊ သင်ထိုင်ရသော ဣသရေလ နိုင်ငံ၏ရာဇပလ္လင်ကို အစဉ်ငါတည်စေမည်။
6Otiia ki te anga koutou ko a koutou tama, ki te tahuri ke, a kahore e whai i ahau, e pupuri i aku whakahau, i aku tikanga, i hoatu e ahau ki to koutou aroaro, a ka haere, ka mahi ki nga atua ke, ka koropiko ki a ratou,
6သို့မဟုတ်သင်နှင့် သင်၏သားမြေးတို့သည် ငါ့နောက်သို့မလိုက်၊ လမ်းလွှဲလျက် ငါမှာထားသော စီရင် ထုံးဖွဲ့ချက်တို့ကို မစောင့်၊ အခြားတပါးသော ဘုရားထံသို့ သွား၍ ဝတ်ပြုကိုးကွယ်လျှင်၊
7Katahi ka hautopea atu e ahau a Iharaira i te mata o te whenua i hoatu e ahau ki a ratou; a koe tenei whare i whakatapua nei e ahau mo toku ingoa, ka akiritia atu e ahau i toku aroaro, a ka waiho a Iharaira hei whakatauki, hei taunutanga i roto i nga iwi katoa.
7ဣသရေလအမျိုးကို ငါပေးသောပြည်မှ ငါပယ်ဖြတ်မည်။ ငါ့နာမဘို့ ငါသန့်ရှင်းစေသော ဤအိမ်တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည်။ ဣသရေလအမျိုးသည် လည်း တပါးအမျိုးသားတို့တွင် ပုံခိုင်းရာ ကဲ့ရဲ့ရာဖြစ်ရ လိမ့်မည်။
8Na, ahakoa te tiketike o te whare nei, ka miharo ia nga tangata katoa e haere ana na konei, ka whakahi, ka mea, Na te aha tenei mahi a Ihowa ki tenei whenua, ki tenei whare?
8အရပ်မြင့်သော ဤအိမ်တော်ကိုလည်း လမ်း၌ ရှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ ထာဝရ ဘုရားသည် ဤပြည်နှင့်ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု ကဲ့ရဲ့သံကိုပြုလျက် တယောက် မေးမြန်းသော်၊
9Na ka whakahoki ratou, Mo ratou i whakarere i a Ihowa, i to ratou Atua, i whakaputa mai nei i o ratou matua i te whenua o Ihipa, a ka tango ki nga atua ke, ka koropiko ki a ratou, ka mahi ki a ratou: no reira i homai ai e Ihowa tenei kino katoa k i runga ki a ratou.
9တယောက်က၊ သူတို့၏ ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော သူတို့၏ ဘုရားသခင် ထာဝရ ဘုရားကို သူတို့သည်စွန့်၍ အခြားတပါးသောဘုရားကို မှီဝဲလျက် ဝတ်ပြုကိုးကွယ်ကြသောကြောင့်၊ ထာဝရဘုရား သည် ဤအမှုအလုံးစုံကို ရောက်စေတော်မူကြောင်းကို ပြန်ပြောလိမ့်မည်ဟု မိန့်တော်မူ၏။
10¶ Na i te mutunga o nga tau e rua tekau, i te mea ka oti te hanga e Horomona nga whare e rua, te whare o Ihowa, me te whare o te kingi;
10ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်တည်းဟူသော အိမ်တော်နှစ်ဆောင်ကို တည်ဆောက်၍ အနှစ်နှစ်ဆယ်စေ့သောအခါ၊
11Na i homai e Hirama kingi o Taira he rakau hita ki a Horomona, he rakau kauri, he koura, ko ana katoa i pai ai; na hoatu ana e Kingi Horomona ki a Hirama e rua tekau nga pa i te whenua o Kariri.
11တုရုမင်းကြီးဟိရံသည် ရှောလမုန်လိုချင်သမျှအတိုင်း အာရဇ်သစ်သား၊ ထင်းရူးသစ်သားနှင့် ရွှေ အခွက်တရာနှစ်ဆယ်ကို ပေးနှင့်သည် ဖြစ်၍၊ ရှောလမုန်မင်းကြီးသည် ဂါလိလဲပြည်၌ မြို့နှစ်ဆယ်ကို ဟိရံမင်းကြီး အားပေး၏။
12A ka haere ake a Hirama i Taira kia kite i nga pa i hoatu nei e Horomona ki a ia, kihai i rite ki tana titiro.
12ရှောလမုန်ပေးသော မြို့တို့ကို ဟိရံသည် တုရုမြို့ မှလာ၍ ကြည့်ရှုသောအခါ အားမရ။
13Ka mea ia, He aha enei pa i homai nei e koe ki ahau, e toku tuakana? Na huaina iho e ia ko te whenua o Kapuru, koia tenei inaianei.
13ငါ့ညီ၊ ငါ့အားပေးသော မြို့တို့သည် အဘယ်သို့သောမြို့နည်းဟု ဆိုလျက်၊
14Na tukua atu ana e Hirama ki te kingi kotahi rau e rua tekau nga taranata koura.
14ထိုအရပ်ကို တာဗုလဟူ၍ ယနေ့တိုင်အောင် သမုတ်သတည်း။
15¶ Na ko te putake tenei o te whakataka i whakataka ai e Horomona; hei hanga i te whare o Ihowa, i tona ake whare, i Miro, i te taiepa o Hiruharama, i Hatoro, i Mekiro, i Ketere.
15ရှောလမုန်မင်းကြီးသည် ငွေခွဲရသောအကြောင်းဟူမူကား၊ ဗိမာန်တော်၊ နန်းတော်၊ မိလ္လောမြို့၊ ယေရုရှလင်မြို့ရိုး၊ ဟာဇော်မြို့၊ မေဂိဒ္ဒေါမြို့ ဂေဇာမြို့တို့ကို တည်ဆောက်ခြင်းငှါ ငွေခွဲရသတည်း။
16I haere mai hoki a Parao kingi o Ihipa, a horo ana a Ketere i a ia, tahuna ana e ia ki te ahi, patua iho hoki nga Kanaani e noho ana i te pa, a homai ana hei kaipakuha ki tana tamahine, ki te wahine a Horomona.
16ဂေဇာမြို့ကိုကား၊ အဲဂုတ္တုဖာရောဘုရင်သည် စစ်ချီ၍ တိုက်ယူ မီးရှို့သဖြင့်၊ မြို့သားခါနာနိလူတို့ကို လုပ်ကြံပြီးမှ၊ မိမိသမီး၊ ရှောလမုန်၏ ခင်ပွန်းအား လက်ဆောင်ပေးနှင့်လေပြီ။
17Na hanga ana e Horomona a Ketere me Petehorono ki raro,
17သို့ဖြစ်၍ ဂေဇာမြို့ကို ရှောလမုန်တည်လေ၏။ ထိုမှတပါး၊ အောက်ဗေသောရုန်မြို့၊
18Me Paarata, me Taramoro i te koraha, i taua whenua,
18ဗာလက်မြို့၊ တောအရပ်၊ ပြည်ထဲမှာ တာဒမော်မြို့တို့ကိုလည်း တည်လေ၏။
19Me nga pa taonga katoa o Horomona, me nga pa mo nga hariata, me nga pa mo nga kaieke hoiho, me ta Horomona i hiahia ai kia hanga ki Hiruharama, ki Repanona, ki te whenua katoa hoki o tona kingitanga.
19ဘဏ္ဍာတော် သိုထားသောမြို့များ၊ ရထားတော်ထိန်းသောမြို့များ၊ မြင်းတော်ကျွေးသောမြို့များ၊ ယေရုရှလင်မြို့ပတ်လည်၊ လေဗနုန်တောင်ပေါ်၊ နိုင်ငံတော်အရပ်ရပ်၌ တည်ချင်သောမြို့များတို့ကိုလည်း တည်လေ၏။
20Ko nga morehu katoa o nga Amori, o nga Hiti, o nga Perihi, o nga Hiwi, o nga Iepuhi ehara nei i nga tama a Iharaira;
20ဣသရေလအမျိုးသား အကုန်အစင် မဖျက်ဆီးနိုင်သောကြောင့်၊
21Ko a ratou tamariki i mahue i muri i a ratou i te whenua, kihai nei i taea e nga tama a Iharaira te huna rawa, na whakatakohatia ana ratou e Horomona, he mahi te takoha, a tae noa ki tenei ra.
21ပြည်တော်၌ကျန်ကြွင်းသော တပါးအမျိုးသား၊ အာမောရိ၊ ဟိတ္တိ၊ ဖေရဇိ၊ ဟိဝိ၊ ယေဗုသိအမျိုးအနွယ် သားစဉ်မြေးဆက်အပေါင်းတို့ကို ရှောလမုန်သည် ယနေ့တိုင်အောင် လူခွဲ၍ ကျွန်ခံစေ၏။
22Ko nga tama ia a Iharaira, kihai i meinga e Horomona hei kaimahi; ko ratou hoki hei tangata whawhai, hei tangata mana, hei rangatira mana, hei kaiwhakahauhau mana, hei rangatira ano mo ana hariata, mo ana kaieke hoiho.
22ဣသရေလအမျိုးသားတို့ကိုကား၊ ရှောလမုန်သည် ကျွန်မခံစေ။ စစ်သူရဲ၊ အမှုတော်စောင့်၊ မှူးမတ်၊ စစ်ကဲ၊ ရထားတော်အုပ်၊ မြင်းတော်အုပ်အရာ၌ ခန့်ထား တော်မူ၏။
23Ko nga rangatira enei o nga kaitohutohu, o nga rangatira o te mahi o Horomona, e rima rau e rima tekau, he rangatira, mo nga kaimahi i te mahi.
23တည်ဆောက်ခြင်းအမှုတော်ကို စီရင်သောသူ အမှုတော်အုပ် ငါးရာငါးဆယ်ရှိ၏။
24Na, kua riro atu te tamahine a Parao i te pa o Rawiri ki runga, ki te whare i hanga e ia mona: katahi a Miro ka hanga e ia.
24ဖာရောရှင်ဘုရင်၏ သမီးတော်သည် ဒါဝိဒ်မြို့မှ ထွက်၍၊ သူ့အဘို့ ရှောလမုန်တည်ဆောက်သော နန်း တော်သို့ ပြောင်းပြီးမှ၊ ရှောလမုန်သည် မိလ္လောမြို့ကို ပြုပြင်လေ၏။
25Na i te tau kotahi, e toru nga tapaenga a Horomona i nga tahunga tinana, i nga whakahere mo te pai ki runga ki te aata i hanga e ia ma Ihowa, i tahuna ano e ia te whakakakara ki tera i te aroaro o Ihowa. Heoi kua oti te whare i a ia.
25ထာဝရဘုရားရှေ့တော်၌ရှိသော ယဇ်ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့သဖြင့် အိမ်တော်ကို လက်စသတ်လေ၏။
26Na he maha nga kaipuke i hanga e Kingi Horomona ki Ehiono Kepere, ki tera i Eroto i te taha o te Moana Whero, i te whenua o Eroma.
26တဖန်ရှောလမုန် မင်းကြီးသည် ဧဒုံပြည်တွင်၊ ဧဒုံပင်လယ်ကမ်းနား၌၊ ဧလုတ်မြို့နှင့် နီးစပ်သော ဧဇယုန်ဂါဗာမြို့မှာ သင်္ဘောတို့ကို တည်လုပ်၏။
27A tonoa ana e Hirama ana tangata ki runga ki nga kaipuke, he kaimahi kaipuke, he mohio ki te moana, hei hoa mo nga tangata a Horomona.
27ပင်လယ်ကူးသော အမှုကိုနားလည်သော မိမိကျွန်၊ သင်္ဘောသားတို့ကို ဟိရံမင်းသည် ထိုသင်္ဘော ပေါ်မှာ ရှောလမုန်၏ လူတို့နှင့်အတူ စီးစေ၏။
28Na ka rere ratou ki Opira, a utaina ana he koura i reira, e wha rau e rua tekau taranata, a kawea ana ki a Kingi Horomona.
28သူတို့သည် ဩဖိရမြို့သို့သွား၍ ရွှေအခွက်လေးရာနှစ်ဆယ်ကို ရှောလမုန်မင်းကြီးထံသို့ ဆောင်ခဲ့ ကြ၏။