Maori

Myanmar

2 Corinthians

7

1¶ Na, i a tatou ka whiwhi nei ki enei kupu whakaari, e oku hoa aroha, tahuri tatou ki te horoi atu i a tatou i nga mea poke katoa o te kikokiko, o te wairua, me te whai ano ki te tino tapu i runga i te wehi ki te Atua.
1ထိုကြောင့်ချစ်သူတို့၊ ထိုဂတိတော်များနှင့် ငါတို့သည်ဆိုင်ကြသည်ဖြစ်၍၊ ကိုယ်ခန္ဓာ၏ အညစ်အကြေး၊ စိတ်ဝိညာဉ်၏အညစ်အကြေးရှိသမျှတို့နှင့် ကိုယ်ကိုကိုယ်ကင်းစင်စေလျက်၊ ဘုရားသခင်ကို ကြောက်ရွံ့၍ သန့်ရှင်းခြင်းပါရမီနှင့် ပြည့်စုံကြကုန်အံ့။
2Manako mai ki a matou; kahore a matou whakahaere he ki tetahi, kahore matou i kukume i tetahi ki te kino, kahore a matou whakapati i nga taonga a tetahi.
2ငါတို့ကိုလက်ခံကြလော့။ ငါတို့သည် အဘယ်သူကိုမျှမပြစ်မှား။ အဘယသူကိုမျှမယိုယွင်းစေ၊ အဘယ်သူ၏ဥစ္စာကိုမျှ ပရိယာယ်အားဖြင့် မယူ။
3Ehara taku kupu nei i te mea hei whakatau he ki a koutou: kua mea atu na hoki ahau, kei o matou ngakau koutou mo te mate tahi, mo te ora tahi.
3သင်တို့ကိုအပြစ်တင်၍ ဤသို့ငါဆိုသည်မဟုတ်။ သင်တို့နှင့် အတူအသက်ရှင်ခြင်းငှါ၎င်း၊ သေခြင်းငှါ၎င်း၊ အလိုရှိသည်တိုင်အောင်၊ ငါတို့သည် သင်တို့ကိုချစ်ကြ၏ဟု အထက်ကငါပြောခဲ့ပြီ။
4Nui atu toku maia ki te korero ki a koutou, nui atu toku whakamanamana mo koutou: ki tonu ahau i te whakamarie, hira ake toku koa i o matou matenga katoa.
4သင်တို့ကြောင့် အလွန်ရဲရင့်ခြင်းရှိ၏။ သင်တို့ကြောင့် အလွန်ကြွားဝါခြင်းရှိရ၏။ သက်သာခြင်းနှင့် ပြည့်စုံ၏။ ညှင်းဆဲခြင်းကို ခံလေရာရာ၌ အတိုင်းထက် အလွန်ဝမ်းမြောက်ခြင်းရှိ၏။
5¶ I to matou taenga mai hoki ki Makeronia, kihai i whai okiokinga to matou kikokiko, heoi mate ana matou i nga taha katoa; i waho ko nga whawhai, i roto ko nga mataku.
5ငါတို့သည် မာကေဒေါနိပြည်သို့ ရောက်သောအခါ၊ ကိုယ်ကာယငြိမ်ဝပ်ခြင်း အလျှင်းမရှိ၊ အရာရာ၌ ညှဉ်းဆဲခြင်းကို ခံကြရ၏။ ပြင်၌ကား တိုက်လှန်ခြင်းရှိ၏။ အတွင်း၌ကားစိုးရိမ်ခြင်းရှိ၏။
6Otira na te kaiwhakamarie o te hunga e whakaititia ana, ara na te Atua, nana matou i whakamarie, i a Taituha ka tae mai nei;
6သို့သော်လည်း နှိမ့်ကျလျက်ရှိသော သူတို့ကို သက်သာစေတော်မူတတ်သော ဘုရားသခင်သည်၊ တိတု ရောက်လာသောအားဖြင့် ငါတို့ကို သက်သာစေတော်မူ၏။
7Ehara i te mea na tona taenga mai anake, engari na te whakamarietanga ano hoki i whakamarietia ai ia e koutou, i tana korerotanga mai ki a matou i to koutou hiahia nui, i to koutou tangi, i to koutou ngakau nui ki ahau; a ka koa rawa ahau.
7တိတုရောက်လာခြင်းအားဖြင့်သာ သက်သာစေတော်မူသည်မဟုတ်။ တိတုသည် သင်တို့ဆီမှရသော သက်သာခြင်းအားဖြင့်လည်း သက်သာစေတော်မူ၏။ အဘယ်သို့နည်းဟူမူကား၊ သင်တို့၏တောင့်တခြင်း၊ ညည်းတွားခြင်း၊ ငါ၏အကျိုးအလို့ငှါ စေတနာစိတ်အားကြီးခြင်း အကြောင်းအရာများကို သူသည်ငါတို့အား ကြားပြော၏။ ထိုကြောင့် ငါသည်သာ၍ ဝမ်မြောက်ခြင်းရှိ၏။
8Ahakoa hoki i whakapouritia koutou e ahau ki taku pukapuka, kahore ahau i te mea e he ana ahau, ahakoa i mahara pera i mua ra: kua kite nei hoki ahau na taua pukapuka koutou i mea kia pouri, ara pouri potopoto nei.
8အထက်ကပေးလိုက်သော စာအားဖြင့် သင်တို့ကို ဝမ်းနည်းစေသောကြောင့်၊ ငါသည်ယခင်အခါ၌ နောင်တရှိသော်လည်း ယခုအခါ၌ မရှိ။ အကြောင်းမူကား၊ ထိုစာသည်သင်တို့ကို ခဏသာဝမ်းနည်းစေသည် ကို ငါမြင်၏။
9E hari ana tenei ahau, ehara i te mea mo te whakapouritanga i a koutou, engari no te mea i whakapouritia koutou a ripeneta iho: ko to koutou pouri hoki no ta te Atua, e kore noa iho ai koutou e whai he i a matou.
9သင်တို့ဝမ်းနည်းစေသောကြောင့် ငါဝမ်းမြောက်သည်မဟုတ်။ ဝမ်နည်းစေ၍ နောင်တရသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။ ငါတို့အားဖြင့် သင်တို့၏ အကျိုးအလျှင်းမပျက်ရမည်အကြောင်း၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ဝမ်းနည်းစေကြ၏။
10E meinga ana hoki e ta te Atua pouri he ripeneta e ora ai, he ripeneta kahore ona haku: ko ta te pouri ia o te ao e mahi ai he mate.
10အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင် ခြင်းနှင့်ယှဉ်သောနောင်တစိတ် တည်းဟူသော၊ မပြောင်းလဲနိုင်သောနောင်တစိတ်ကို ပြုပြင်တတ်၏။ လောကီ ဝမ်းနည်းခြင်းမူကား၊ သေခြင်းကိုပြုပြင်တတ်၏။
11Titiro hoki, ko taua mea nei ano, ko ta te Atua whakapouritanga i a koutou, na, tana mahinga nui i roto i a koutou, ae ra, nga kupu whakatikatika i a koutou, te riri, te wehi, te hiahia, te ngakau nui, te whakapa riri! I nga mea katoa kua whakak ite nui koutou, kahore o koutou hara i tenei mea.
11ဘုရားသခင်၏အလိုတော်နှင့်ညီသော သင်တို့၏ ဝမ်းနည်းခြင်းသည် သင်တို့၌ အဘယ်သို့သော သတိပြုခြင်း၊ ကိုယ်အပြစ်ကိုဖြေခြင်း၊ အမျက်ထွက်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အလွန်တောင့်တခြင်း၊ ငါ၏အကျိုး အလို့ငှါ စိတ်အားကြီးခြင်း၊ တရားသဖြင့် ဒဏ်စီရင်ခြင်းတို့ကို ပြုပြင်သည်ကို ကြည့်ရှုကြလော။ သင်တို့သည် ဤအမှု၌ အပြစ်ကင်းသည်ကို အရာရာအားဖြင့် ထင်ရှားပြကြပြီ။
12¶ No reira, ahakoa i tuhituhi ahau ki a koutou, kahore ahau i tuhituhi atu mo te tangata nana te he, mo te tangata ranei ki a ia nei te he, engari kia whakakitea ai ki a koutou i te aroaro o te Atua te nui o to koutou matapopore ki a matou.
12ထိုသို့နှင့်အညီ၊ ငါသည်သင်တို့အား ရေး၍ပေးလိုက်သောအခါ၊ ပြစ်မှားသောသူနှင့် ပြစ်မှားခြင်း ခံရသောသူကိုသာ ထောက်၍ ရေးသည်မဟုတ်။ သင်တို့အကျိုးကိုငါတို့သည် ဘုရားသခင်ရှေ့တော်၌ ပြုစု ချင်သောစေတနာစိတ်ရှိကြောင်းကို သင်တို့အား ထင်ရှားစေခြင်းငှါ ရေးသတည်း။
13Koia matou i whai marietanga ai: a i to matou whakamarietanga hira noa ake to matou koa i te koa hoki o Taituha, no te mea kua whakahauoratia tona wairua e koutou katoa.
13ထိုကြောင့်သင်တို့၏ သက်သာခြင်း အကြောင်း အားဖြင့်၊ ငါတို့သည်လည်း သက်သာခြင်း သို့ရောက်သည် သာမက၊ တိတု၏ဝမ်းမြောက်ခြင်းအကြောင်းအားဖြင့် သာ၍အလွန်ဝမ်းမြောက်ကြ၏။ သင်တို့ရှိသမျှသည် ထိုသူ၏စိတ်နှလုံးကို သက်သာဝမ်းမြောက်စေကြသည် ဖြစ်၍၊
14Mehemea hoki ahau i whakamanamana ki a ia ki tetahi mea a koutou, kahore ahau i meinga kia whakama; no te mea i korerotia e matou nga mea katoa ki a koutou i runga i te pono, waihoki ko to matou whakamanamana, i meinga nei e ahau i te aroaro o T aituha, kua kitea he pono.
14အထက်ကငါသည် သင်တို့ကိုအကြောင်းပြု၍ ဝါကြွားသော စကားကိုထိုသူအားပြောပြီးလျှင်၊ ယခု ရှက်ကြောက်ခြင်းမရှိ။ ငါတို့သည် အရာရာ၌ သင်တို့အား ဟုတ်မှန်စွာပြောသည်နည်းတူ၊ တိတုရှေ့၌ ငါ ဝါကြွားသောစကားသည်လည်း မှန်သောစကားဖြစ်ကြောင်း ထင်ရှား၏။
15A hira ake ano hoki tona ngakau aroha ki a koutou, i a ia e mahara ana ki te ngohengohe o koutou katoa, ki te wehi me te wiri i manako ai koutou ki a ia.
15သင်တို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် သူတို့ လက်ခံ၍နားထောင် ကြသည်ကို သူသည် အောက်မေ့သဖြင့်၊ သင်တို့ကို ချစ်သနားခြင်း မေတ္တာကရုဏာစိတ်နှင့် အလွန်ပြည့်စုံ၏။
16E hari ana ahau, no te mea ka marama toku whakaaro ki a koutou i nga mea katoa.
16ငါသည်အရာရာ၌ သင်တို့ကို ယုံနိုင်သောကြောင့် ဝမ်းမြောက်ခြင်းရှိ၏။