Maori

Myanmar

2 Samuel

11

1¶ A, i te takanga o te tau, i te wa ano e haere ai nga kingi ki te whawhai, na ka unga e Rawiri a Ioapa ratou ko ana tangata, ko Iharaira katoa; a huna iho e ratou nga tama a Amona, whakapaea ana a Rapa. Ko Rawiri ia i noho ki Hiruharama.
1အခါလည်၍ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ၊ ဒါဝိဒ်သည် ယွာဘနှင့်ကျွန်များ၊ ဣသရေလ အမျိုးသားများအပေါင်းတို့ကို စေလွှတ်သဖြင့်၊ သူတို့သည် အမ္မုန်အမျိုးသားတို့ကို တိုက်ဖျက်၍ ရဗ္ဗာ မြို့ကို ဝိုင်းထားကြ၏။ ဒါဝိဒ်သည် ကိုယ်တိုင်ယေရုရှလင်မြို့၌ နေလေ၏။
2A, i te mea ka ahiahi, na ka maranga ake a Rawiri i tona moenga, a haereere ana i runga i te tuanui o te whare o te kingi: na ka kitea iho e ia i te tuanui tetahi wahine e kaukau ana; he ataahua rawa ano te wahine ki te titiro atu.
2နောက်တနေ့ညဦးယံ၌ ဒါဝိဒ်သည် လျောင်းစက်ရာမှထ၍ နန်းတော်မိုးပေါ်မှာ စင်္ကြံသွာစဉ်တွင်၊ အလွန်အဆင်းလှသောမိန်းမတယောက် ရေချိုးသည်ကို မြင်တော်မူ၏။
3Na ka tono tangata te kingi, a ka ui mo taua wahine. Na ko te meatanga, Ehara ianei tenei i a Patehepa tamahine a Eriama, ko te wahine ia a Uria Hiti.
3ထိုမိန်းမကား အဘယ်သူနည်းဟုစေလွှတ်၍ မေးမြန်းလျှင်၊ ဧလျံသမီး၊ ဟိတ္တိလူဥရိယ၏မယား ဗာသ ရှေဘဖြစ်ပါသည်ဟု လျှောက်လေ၏။
4Na ka unga etahi karere e Rawiri ki te tiki i a ia; a ka haere mai ia ki a ia; a takoto tahi ana raua; kua oti hoki tona poke te pure, a hoki ana ki tona whare.
4တဖန်လူကိုစေလွှတ်သဖြင့်၊ ထိုမိန်းမကို အထံတော်သို့ ခေါ်ခဲ့၍ ရှက်တင်လေ၏။ ထိုမိန်းမသည် မိမိအညစ်အကြေးနှင့် စင်ကြယ်အောင်ပြု၍ မိမိအိမ်သို့ ပြန်ပြီးမှ၊
5Na ka hapu te wahine, a ka tono tangata ki a Rawiri, ka mea, Kua hapu ahau.
5ပဋိသန္ဓေရှိသဖြင့် ဒါဝိတ်ထံသို့လူကိုစေလွှတ်၍၊ကျွန်မ၌ ပဋိသန္ဓေရှိပါ၏ဟု လျှောက်စေသော်၊
6¶ Na ka tono tangata a Rawiri ki a Ioapa, ka mea, Tena a Uria Hiti tonoa mai ki ahau. Na tonoa ana e Ioapa a Uria ki a Rawiri.
6ဒါဝိဒ်သည် ယွာဘဆီသို့ လူကိုစေလွှတ်၍ ဟိတ္တိလူ ဥရိယကို ငါ့ထံသို့ စေလွှတ်ရမည်ဟု မှာလိုက်သည် အတိုင်း၊ ယွာဘသည်စေလွှတ်၍၊
7A, i te taenga mai o Uria ki a ia, ka ui a Rawiri i pehea a Ioapa, i pehea hoki te iwi, a i pehea te whawhai.
7ဥရိယရောက်လာသောအခါ ဒါဝိဒ်က၊ ယွာဘ ကျန်းမာ၏လော။ လူများကျန်းမာ၏လော။ စစ်တိုက်၍ အောင်မြင်သလောဟုမေးမြန်းပြီးမှ၊
8Na ka mea a Rawiri ki a Uria, Haere ki raro, ki tou whare ki te horoi i ou waewae. Na ka puta a Uria i te whare o te kingi; a i maua i muri i a ia tetahi kai a te kingi.
8သင့်အိမ်သို့သွား၍ ခြေဆေးလော့ဟု မိန့်တော်မူသည်အတိုင်း၊ ဥရိယသည် နန်းတော်မှထွက်၍ သူ နောက်မှ ခဲဘွယ်စားဘွယ်ကို ရှင်ဘုရင် ပေးလိုက်လေ၏။
9Otiia moe ana a Uria ki te tatau o te whare o te kingi i roto i nga tangata katoa a tona ariki, kihai hoki i haere ki raro, ki tona whare.
9သို့ရာတွင် ဥရိယသည် မိမိအိမ်သို့မသွားဘဲ၊ မိမိအရှင်၏ကျွန်အပေါင်းတို့နှင့်အတူ နန်းတော်တံခါးဝ၌ အိပ်လေ၏။
10A ka korerotia te korero ki a Rawiri, Kihai a Uria i haere ki raro, ki tona whare; na ka mea a Rawiri ki a Uria, He teka ianei katahi ano koe ka tae mai i te haere? he aha koe te haere ai ki raro, ki tou whare?
10ဥရိယသည် မိမိအိမ်သို့ မသွားကြောင်းကို နားတော်လျှောက်လျှင် ဒါဝိဒ်က၊ သင်သည်ခရီးသွားရာမှ ရောက်လာသည်မဟုတ်လော။ သင့်အိမ်သို့ အဘယ်ကြောင့် မသွားဘဲနေသနည်းဟု ဥရိယကိုမေးသော်၊
11Na ka mea a Uria ki a Rawiri, Kei roto te aaka i te tihokahoka, me Iharaira, me Hura; kei te mata ano o te parae toku ariki, a Ioapa ratou ko nga tangata a toku ariki e noho ana; kia haere koia ahau ki toku whare ki te kai, ki te inu, ki te tako to ki taku wahine? e ora ana koe, e ora ana hoki tou wairua, e kore tenei mea e meatia e ahau.
11ဥရိယက၊ သေတ္တာတော်နှင့်ဣသရေလအမျိုး၊ ယုဒအမျိုးသားတို့သည် တဲ၌နေကြပါ၏။ သခင်ယွာဘနှင့် သခင်၏ကျွန်များတို့သည် လွင်ပြင်၌တည်းရကြပါ၏။ ကျွန်တော်သည် ကိုယ်အိမ်သို့သွား၍ စားသောက်လျက် မယားနှင့် ပျော်မွေ့လျက်နေသင့်ပါမည်လော။ ကိုယ်တော် အသက်ရှင်တော်မူသည်အတိုင်း၊ ထိုသို့ကျွန်တော် မပြုပါဟု ဒါဝိဒ်အား လျှောက်လေ၏။
12Na ka mea a Rawiri ki a Uria, E noho ki konei i tenei ra ano, a apopo ahau unga ai i a koe. Heoi, noho ana a Uria i taua ra, i te aonga ake ano, ki Hiruharama.
12ဒါဝိဒ်ကလည်း၊ ဤမြို့၌ ယနေ့နေဦးလော့။ နက်ဖြန်နေ့ ငါလွှတ်လိုက်မည်ဟုမိန့်တော်မူသည်အတိုင်း၊ ဥရိယသည်ထိုနေ့၊ နက်ဖြန်နေ့၊ ယေရုရှလင်မြို့၌နေ၏။
13Na ka karangatia ia e Rawiri, a kai ana; a meinga ana e ia kia haurangi: a i te ahiahi ka puta ki waho ki te takoto ki tona takotoranga i roto i nga tangata a tona ariki, kihai hoki i haere ki raro, ki tona whare.
13ဒါဝိဒ်သည်လည်း ဥရိယကိုခေါ်၍ ရှေ့တော်၌ စားသောက်လျက် ယစ်မူးသည်တိုင်အောင်သောက်ရ၏။ သို့သော်လည်း ညဦးမှာမိမိအိမ်သို့ မသွားဘဲ၊ အရှင်၏ ကျွန်တို့နှင့်အတူ အိပ်ခြင်းငှါ ထွက်သွားလေ၏။
14¶ Na i te ata ka tuhituhia he pukapuka e Rawiri ki a Ioapa, o tonoa ana kia kawea e Uria.
14နံနက်မှာ ဒါဝိဒ်သည် မှာစာကိုရေး၍ ဥရိယ လက်တွင် ယွာဘသို့ ပေးလိုက်၏။
15I tuhituhi hoki ia ki te pukapuka, i mea, Me hoatu e koutou a Uria ki mua rawa, ki te wahi e nui rawa ana te whawhai, ka hoki ai i muri i a ia, kia patua ai ia, kia mate ai.
15မှာစာချက်ဟူမူကား၊ ကျပ်တည်းစွာစစ်တိုက်ရာ တပ်ဦး၌ ဥရိယကို ခန့်ထားပြီးမှ၊ သူသည် ရန်သူလက်သို့ ရောက်၍ သေစေခြင်းငှါ တပ်များကို ရုပ်သိမ်းလော့ဟု ပါသတည်း။
16Na i a Ioapa e whakapae ana i te pa, ka hoatu e ia a Uria ki te wahi i mohio ai ia kei reira nga toa.
16အမိန့်တော်အတိုင်း ယွာဘသည်မြို့ကို ကြည့်ရှုပြီးမှ၊ ခွန်အားကြီးသော သူရဲရှိရာအရပ်၌ ဥရိယကို ခန့်ထားလေ၏။
17Na, ko te putanga atu o nga tangata o te pa ki te whawhai ki a Ioapa, ka hinga etahi o te iwi, etahi o nga tangata ake a Rawiri; i mate ano a Uria Hiti.
17မြို့သားတို့သည် ထွက်၍ယွာဘနှင့် စစ်ပြိုင်သောအခါ၊ ဒါဝိဒ်၏ကျွန်အချို့တို့သည် သေကြ၏။ ဟိတ္တိလူဥရိယသည်လည်း သေ၏။
18Katahi a Ioapa ka tono tangata hei korero ki a Rawiri i nga mea katoa o te whawhai.
18ထိုနောက်ယွာဘသည် စစ်သိတင်းအလုံးစုံကို ဒါဝိဒ်အားကြား လျှောက်စေခြင်းငှါ လူကိုခေါ်၍၊
19I ako ano ia te karere, i mea, E poto i a koe nga mea katoa o te whawhai te korero ki te kingi;
19သင်သည်ရှင်ဘုရင်ထံတော်၌ စစ်သိတင်းကို အကုန်အစင်ကြား လျှောက်ပြီးလျှင်၊
20Na ki te ara te riri o te kingi, a ka mea ia ki a koe, He aha koutou i whakatata rawa ai ki te pa tatau ai? kahore ianei koutou i mohio ka kopere mai ratou i te taiepa?
20ရှင်ဘုရင်သည် အမျက်တော်ထွက်၍၊ သင်တို့သည် စစ်ပြိုင်သောအခါ၊ မြို့အနီးသို့ အဘယ်ကြောင့် ချဉ်းကပ်ကြသနည်း။ မြို့ရိုးပေါ်က ပစ်မည်ကို မသိလော။
21Na wai a Apimereke tama a Ierupehete i patu? he teka ianei na te wahine i maka te wahi o runga o te kohatu huri ki runga ki a ia i te taiepa, a mate iho ai ki Tepehe? he aha koutou i whakatata atu ai ki te taiepa? Na mea atu, Kua mate ano tau po nonga, a Uria Hiti.
21ယေရုဗ္ဗေရှက်သား အဘိမလက်ကို အဘယ်သူ လုပ်ကြံသနည်း။ သေဗက်မြို့မှာ မိန်းမတယောက်သည် ကြိတ်ဆုံကျောက်တဖဲ့ကို မြို့ရိုးပေါ်ကပစ်ချ၍ အဘိမ လက်သေသည်မဟုတ်လော။ မြို့ရိုးအနီးသို့ အဘယ် ကြောင့် ချဉ်းကပ်ကြသနည်းဟု မိန့်တော်မူလျှင်၊ ကိုယ်တော်၏ ကျွန်ဟိတ္တိလူ၊ ဥရိယသေကြောင်းကို လျှောက်ရ မည်ဟု မှာထား၍ စေလွှတ်လေ၏။
22Heoi haere ana te karere, a ka tae, korerotia ana e ia ki a Rawiri nga mea katoa i unga ai ia e Ioapa.
22ယွာဘမှာထားသည်အတိုင်း ထိုတမန်သည် သွား၍ ဒါဝိဒ်အား ကြားလျှောက်သည်ကား၊
23I mea hoki te karere ki a Rawiri, I kaha rawa mai aua tangata ki a matou, a puta mai ana ki a matou ki te parae. Na whakaekea atu ana e matou, a tae noa ki te kuwaha o te keti.
23ရန်သူတို့သည် အမှန်စင်စစ် ကျွန်တော်တို့ကို နိုင်သဖြင့်၊ လွင်ပြင်တိုင်အောင်လိုက်၍ တိုက်ကြပါ၏။ ကျွန်တော်တို့သည်လည်း မြို့တံခါးဝတိုင်အောင် လှန်၍ တိုက်ကြပါ၏။
24Na ko te koperenga mai a nga kaikopere i te taiepa ki au tangata, mate iho etahi o nga tangata a te kingi; ko tau pononga hoki, ko Uria Hiti kua mate.
24လေးသမားတို့သည် မြို့ရိုးပေါ်က ကိုယ်တော် ကျွန်တို့ကို ပစ်၍ ကိုယ်တော်ကျွန်အချို့သေကြပါ၏။ ကိုယ်တော်ကျွန်ဟိတ္တိလူ၊ ဥရိယသည်လည်း သေပါ၏ဟု လျှောက်လျှင်၊
25Katahi ka mea a Rawiri ki te karere, Kia penei tau ki atu ki a Ioapa, Kei he tenei mea ki tou whakaaro, he kai noa iho hoki ta te hoari i tetahi, i tetahi: kia kaha tau whawhai ki te pa, whakangaromia. Mau ano ia e whakatenatena.
25ဒါဝိဒ်ကလည်း၊ ဤအမှုကြောင့် စိတ်မပျက်နှင့်။ စစ်တိုက်ပွဲတွင် တယောက်တလှည့်သေတတ်၏။ အားယူ ၍ မြို့ကိုကျပ်တည်းစွာ တိုက်လျက်လုပ်ကြံတိုက်ဖျက် ကြလော့ဟု တမန်အားဖြင့် ယွာဘကို မှာလိုက်လေ၏။
26A, i te rongonga o te wahine a Uria kua mate tana tahu a Uria, ka tangihia e ia tana tahu.
26ဥရိယသေကြောင်းကို သူ၏မယားကြားသောအခါ၊ ခင်ပွန်းကြောင့် ငိုကြွေးမြည်တမ်းလျက် နေ၏။
27A ka pahemo te tangihanga, ka tono tangata a Rawiri ki te tiki i a ia ki tona whare, a ka waiho hei wahine. mana, a ka whanau ta raua tama. Otiia i kino ki ta Ihowa titro taua mea i mea ai a Rawiri.
27ငိုကြွေးမြည်တမ်းချိန် လွန်မှ၊ ဒါဝိဒ်သည် လူကို စေလွှတ၍ ထိုမိန်းမကို နန်းတော်သို့ခေါ်စေသဖြင့်၊ သူသည် မိဖုရားအဖြစ်သို့ ရောက်၍ သားယောက်ျားကို ဘွားမြင်လေ၏။ သို့ရာတွင် ဒါဝိဒ်ပြုသောအမှုသည် ထာဝရဘုရားရှေ့တော်၌ ဆိုးသောအမှုဖြစ်သတည်း။