Maori

Myanmar

Deuteronomy

19

1¶ E whakangaromia e Ihowa, e tou Atua, nga iwi no ratou nei te whenua ka homai nei e Ihowa, e tou Atua, ki a koe, a ka riro to ratou wahi i a koe, a ka noho koe ki o ratou pa, ki o ratou whare:
1သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သော ပြည်၌နေသော လူမျိုးတို့ကို သင်၏ဘုရားသခင် ထာဝရဘုရား ပယ်ဖြတ်တော်မူသဖြင့်၊ သင်သည် သူတို့ အရာ၌ ဝင်စား၍၊ သူတို့မြို့၊ သူတို့အိမ်၌ နေသောအခါ၊
2Me wehe e koe kia toru nga pa mou i waenganui o tou whenua, ka homai nei e Ihowa, e tou Atua, ki a koe, hei kainga pumau.
2သင်၏ဘုရားသခင် ထာဝရဘုရားသည် အပိုင် ပေးတော်မူသော ထိုပြည်အတွင်း၌ မြို့သုံးမြို့တို့ကို ခွဲထား ရမည်။
3Whakapaia e koe he huarahi, ka tapahi i nga rohe o tou whenua, ka whakawhiwhia nei e Ihowa, e tou Atua, ki a koe, kia toru nga wahanga, hei rerenga atu mo nga tangata whakamate katoa.
3လူအသက်ကို သတ်မိသောသူအပေါင်းတို့သည် ထိုမြို့သို့ ပြေးနိုင်မည်အကြောင်း၊ သင့်အမွေခံစရာဘို့ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည် ကို သုံးပိုင်းပိုင်း၍ လမ်းခရီးကိုလည်း ပြင်ဆင်ရမည်။
4A ko te ahua tenei mo te tangata whakamate, e rere ai ki reira, e ora ai hoki: ara ki te patua e ia tona hoa he mea urupa, kahore hoki ona kino ki a ia i mua atu;
4လူအသက်ကို သတ်မိ၍၊ ကိုယ်အသက် ချမ်းသာ စေခြင်းငှာ၊ ထိုမြို့သို့ပြေးရသော သူ၏အမှုဟူကား၊
5Penei me te tangata ka haere tahi raua ko tona koa ki te ngahere ki te tapahi rakau, a ka aki atu tona ringa i te toki ki te tua i te rakau, na ka maunu te pane i te kakau, pono tonu ki tona hoa, a mate iho; na ka rere atu ia ki tetahi o aua pa, a ka ora:
5လူ သည် ထင်းခုတ်ခြင်းငှာ အဘော်နှင့် တောသို့သွား၍ သစ်ပင်ကို ခုတ်လှဲစဉ်အခါ၊ ပုဆိန်သည် အရိုးကျွတ်၍ အဘော်ကို ထိသောကြောင့်၊ မိမိအဘော်သေအောင် ပြုမိ သောသူနှင့်တူ၍၊ ရန်ငြိုးဖွဲ့ခြင်းမရှိဘဲ မိမိအဘော်ကို အမှတ်တမဲ့ သတ်မိသောသူသည်၊ ထိုမြို့တစုံတမြို့သို့ ပြေး၍ အသက်ချမ်းသာရလိမ့်မည်။
6Kei whai te kaitakitaki toto i te tangata whakamate, i te mea e pawerawera ana tona ngakau, a ka hopu i a ia, he roa hoki no te huarahi, a ka patu i a ia; kihai ia i tika te mate mona, no te mea kahore ia i kino ki a ia i mua atu.
6သို့မဟုတ် သေစားသေစေသောသူသည် စိတ် မာန်ထစဉ်အခါ၊ လူသတ်ကို လိုက်လျက် ခရီးဝေးသော ကြောင့် မှီ၍ သတ်လိမ့်မည်။ ထိုသို့ မသတ်သင့်။ အကြောင်းမူကား၊ ထိုသူသည် မိမိအဘော်ကို ရန်ငြိုးဖွဲ့ ခြင်း မရှိသောကြောင့် အသေသတ်ခြင်းကို မခံထိုက်။
7Koia taku e whakahau atu nei ki a koe, e mea nei, Me wehe e koe kia toru nga pa mou.
7ထိုကြောင့် မြို့သုံးမြို့ကို ခွဲထားရမည်ဟု ငါမှာ ထား၏။
8A ki te whakanui a Ihowa, tou Atua, i tou rohe, ki te rite ki tana i oati ai ki ou matua, a ka homai e ia te whenua katoa i mea ai ia kia homai ki ou matua;
8ယနေ့ ငါမှာထားသမျှသော ဤပညတ်တော် တို့ကို ကျင့်စောင့်၍၊ သင်၏ဘုရားသခင် ထာဝရဘုရား ကို ချစ်သောစိတ်နှင့် အစဉ်အမြဲ လမ်းတော်သို့လိုက်လျှင် ၎င်း၊
9Ki te puritia e koe, ki te mahia enei whakahau katoa, e whakahau atu nei ahau ki a koe i tenei ra, ara kia aroha ki a Ihowa, ki tou Atua, kia haere hoki i ona huarahi i nga ra katoa; ko reira koe tango ai kia toru atu nga pa mou, hei tapiri mo en a pa e toru:
9သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ ဘိုးဘေးတို့အား ပေးခြင်းငှာ ဂတိထားသော ပြည်ရှိသမျှ ကို သင့်အား ပေးတော်မူ၍၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုသည်အတိုင်း၊ သင့်နေရာပြည်ကို ကျယ်ဝန်းစေ တော်မူလျှင်၎င်း၊
10Kei whakahekea te toto harakore ki waenganui o tou whenua, ka homai nei e Ihowa, e tou Atua, ki a koe hei kainga, kei whakairia hoki te toto ki runga ki a koe.
10သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသောပြည်၌ အသေမခံ ထိုက်သောသူသည် အသေခံ၍ လူ့အသက်ကို သတ်သော အပြစ်သည် သင့်အပေါ်မှာ မရောက်မည်အကြောင်း၊ ယခုဆိုခဲ့ပြီးသော မြို့သုံးမြို့မှတပါး၊ အခြားသော မြို့သုံးမြို့ကို ထပ်၍ခွဲထားရမည်။
11Engari ia ki te kino tetahi ki tona hoa, a ka whanga ki a ia, ka whakatika hoki ki a ia, ka patu rawa i a ia, no ka mate ia; a ka rere ia ki tetahi o aua pa:
11တနည်းကား၊ မိမိအဘော်ကို ရန်ငြိုးဖွဲ့သဖြင့် ချောင်းမြောင်း၍ သေအောင်တိုက်သောသူသည် ထိုမြို့ တစုံတမြို့သို့ ပြေး၍ ရောက်သော်လည်း၊
12Na me tono e nga kaumatua o tona pa, ka tiki atu hoki i a ia i reira, ka hoatu i a ia ki te ringa o te kaitakitaki toto, kia mate ai ia.
12သူ့နေရာမြို့၌ အသက်ကြီးသူတို့သည် လူကို စေလွှတ်၍ ထိုသူကို ဆောင်ခဲ့သဖြင့်၊ သေစေခြင်းငှာ သေစားသေစေသောသူ၏ လက်၌ အပ်လိုက်ရကြမည်။
13Kei tohu tou kanohi i a ia, engari me whakakahore e koe te toto harakore i roto i a Iharaira, kia whiwhi ai koe ki te pai.
13သင်၏မျက်စိသည် သူ့ကို မသနားရ၊ သင်သည် ချမ်းသာရမည်အကြောင်း၊ လူ့အသက်သတ်ခြင်းအပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည်။
14¶ Kei nekehia ketia e koe te rohe o tou hoa, i rohea ai e nga tangata onamata, ki tou kainga e nohoia e koe i te whenua ka homai nei e Ihowa, e tou Atua, ki a koe hei kainga.
14သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အား အပိုင်ပေးတော်မူသောပြည်မှာ အမွေခံရာ မြေ၌ ရှေးလူဟောင်းတို့သည် စိုက်ထားနှင့်သော အိမ်နီး ချင်း၏ မြေမှတ်တိုင်ကို မရွှေ့ရ။
15Kei whakatika ki te tangata te kaiwhakaatu kotahi mo te kino, mo tetahi hara ranei, ahakoa he aha, e hara ai ia: ma te kupu a nga kaiwhakaatu tokorua, ma te kupu ranei a nga kaiwhakaatu tokotoru, e whakatikaia ai te korero.
15လူသည် ပြုမိသော ဒုစရိုက်၊ ပြစ်မှားမိသော အပြစ်ကို စစ်ကြောသောအခါ၊ သက်သေခံတဦးတည်း ရှိလျှင် သူ၏စကားမတည်ရ။ သက်သေခံနှစ်ဦး၊ သုံးဦး အားဖြင့် စကားရှိသမျှတို့သည် တည်ရလိမ့်မည်။
16Ki te whakatika tetahi kaiwhakaatu teka ki tetahi tangata, hei korero teka i mahi ia i te he;
16မမှန်သော သက်သေခံတယောက်သည်၊ သူတပါးတဘက်၌ မမှန်သောသက်သေကို ခံလျှင်၊
17Na me tu nga tangata tokorua, na raua nei te totohe, ki te aroaro o Ihowa, ki te aroaro hoki o nga tohunga ratou ko nga kaiwhakawa e whakariterite ana i aua ra;
17တရားတွေ့သောသူနှစ်ယောက်တို့သည် ထာဝရ ဘုရားရှေ့တော်သို့၎င်း၊ ထိုကာလ၌ရှိသော ယဇ်ပုရောဟိတ်၊ တရားသူကြီးရှေ့သို့၎င်း လာသဖြင့်၊
18Na me whakataki marie e nga kaiwhakawa; a ka kitea he kaiwhakaatu teka te kaiwhakaatu, he teka tana korero mo tona teina;
18တရားသူကြီးတို့သည် စေ့စေ့စစ်ကြော၍ ထိုသက်သေခံသောသူသည် မိမိအဘော်တဘက်၌ မမှန် သောသက်သေကို ခံပြီးလျှင်၊
19Na peratia ia e koutou me tana i whakaaro ai kia meatia ki tona teina: penei ka whakakorea te kino i roto i a koe.
19မိမိအဘော်၌ ပြုမည်ဟု အကြံရှိသည်အတိုင်း သူ၌ ပြုရမည်။ ဒုစရိုက်အပြစ်ကို သင်တို့အထဲက ထိုသို့ ပယ်ရှားရမည်။
20A ka rongo te nuinga, a ka wehi, e kore hoki e mea i te kino pera i roto i a koe a muri.
20ကြွင်းသောသူတို့သည်လည်း ထိုသိတင်းကို ကြား၍ ကြောက်သောကြောင့်၊ နောက်တဖန် ထိုသို့သော ဒုစရိုက်ကို မပြုဘဲနေကြလိမ့်မည်။
21Kaua ano tou kanohi e tohu; ko to te ora utu he ora, to te kanohi he kanohi, to te niho he niho, to te ringa he ringa, to te waewae he waewae.
21သင်၏မျက်စိသည် မသနားရ။ အသက် အတွက် အသက်ကို၎င်း၊ မျက်စိအတွက် မျက်စိကို၎င်း၊ သွားအတွက် သွားကို၎င်း၊ လက်အတွက် လက်ကို၎င်း၊ ခြေအတွက် ခြေကို၎င်း ဒဏ်ပေးရမည်။