Maori

Myanmar

Esther

8

1¶ No taua ra ka homai e Kingi Ahahueruha ki a Kuini Ehetere te whare o Hamana, hoariri o nga Hurai. A ka haere a Mororekai ki te aroaro o te kingi, na Ehetere hoki i whakaatu he whanaunga ia nona.
1ထိုနေ့ခြင်းတွင်၊ ရှင်ဘုရင်အာရွှေရုသည် ယုဒ အမျိုး၏ ရန်သူဟာမန်အိမ်ကို မိဖုရားဧသတာအား ပေးတော်မူ၏။ ဧသတာသည် မော်ဒကဲနှင့် အဘယ်သို့ ပေါင်ဘော်တော်သည်ကို ဧသတာလျှောက်သဖြင့်၊ မော်ဒကဲသည် ရှင်ဘုရင်ထံတော်သို့ဝင်ရ၏။
2E unuhia ana e te kingi tona mowhiti i tangohia mai nei e ia i a Hamana, a hoatu ana ki a Mororekai; a i whakanohoia a Mororekai e Ehetere ki te whare o Hamana.
2ရှင်ဘုရင်သည်လည်း၊ ဟာမန်လက်မှ နှုတ်သော လက်စွပ်တော်ကို တဖန်ချွတ်၍ မော်ဒကဲအား ပေးတော် မူ၏။ ဧသတာလည်း၊ ဟာမန်အိမ်ကို မော်ဒကဲ၌ အပ် လေ၏။
3¶ A i korero ano a Ehetere ki te aroaro o te kingi, me te takoto ano ki ona waewae, me te tangi ano, i inoi ki a ia kia karohia te kino a Hamana Akaki, me te whakaaro i whakaaro ai ia mo nga Hurai.
3တဖန်ဧသတာသည် ရှင်ဘုရင်ခြေတော်ရင်း၌ ပြပ်ဝပ်၍၊ အာဂတ်အမျိုး ဟာမန်ပြုသောအပြစ်၊ ယုဒ အမျိုးတဘက်၌ ကြံစည်သော အကြံအစည်ကို ပယ်တော် မူမည်အကြောင်း၊ မျက်ရည်ကျလျက် တောင်းပန်လေ၏။
4Katahi ka torona atu e te kingi te hepeta koura ki a Ehetere. Heoi ka whakatika a Ehetere, ka tu ki te aroaro o te kingi,
4ရှင်ဘုရင်သည် ရွှေရာဇလှံတံကို ဧသတာသို့ ကမ်းတော်မူသဖြင့်၊ ဧသတာသည် ထ၍ရှင်ဘုရင် ရှေ့တော်၌ ရပ်လျက်၊
5A ka mea, Ki te pai te kingi, ki te manakohia hoki ahau e ia, ki te mea he tika tenei mea ki to te kingi whakaaro, ki te mea he pai ahau ki tana titiro, me tuhituhi kia whakataka nga pukapuka i whakaaroa e Hamana tama a Hamerata Akaki ana i tuhit uhi ai kia huna nga Hurai i nga kawanatanga katoa a te kingi.
5အရှင်မင်းကြီးအလိုတော်ရှိ၍၊ ကျွန်တော်မကို စိတ်နှင့်တွေ့တော်မူလျှင်၎င်း၊ ကျွန်တော်မအမှုသည် ရှေ့တော်၌ လျောက်ပတ်၍ ကိုယ်တော်သည် ကျွန်တော်မ ကိုလည်း ချစ်တော်မူလျှင်၎င်း၊ နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်တို့၌ရှိသော ယုဒလူတို့ကို ဖျက်ဆီးခြင်းငှါ၊ အာဂတ်အမျိုး ဟမ္မေဒါသသား ဟာမန်စီရင်သောစာကို ပယ်မည်အကြောင်း၊ ထပ်၍ စာရေးစေတော်မူပါ။
6Me pehea hoki e ahei ai ahau te titiro ki te he e pa ki toku iwi? me pehea hoki e ahei ai ahau te titiro ki te hunanga o oku whanaunga?
6ကျွန်တော်မအမျိုးအပေါ်သို့ ရောက်ရသော ဘေးကို၎င်း၊ ကျွန်တော်မအမျိုးသားချင်းပျက်စီးသော အမှုကို၎င်း၊ ကျွန်တော်မသည် ကြည့်ရှုခြင်းငှါ၊ အဘယ်သို့ တတ်နိုင်ပါအံ့နည်းဟု လျှောက်ဆို၏။
7Ano ra ko Kingi Ahahueruha ki a Kuini Ehetere raua ko Mororekai Hurai, Nana, kua oti te hoatu e ahau ki a Ehetere te whare o Hamana; kua oti ano tera te tarona ki runga ki te rakau mo tona ringa i totoro ki nga Hurai.
7ရှင်ဘုရင် အာရွှေရုကလည်း၊ ဟာမန်သည် ယုဒလူတို့ကို ထိခိုက်သောကြောင့်၊ သူ၏အိမ်ကို ဖိဖုရား ဧသတာအားငါပေးပြီ။ ထိုသူကိုလည်း လည်ဆွဲချတိုင်၌ ကွပ်မျက်စေပြီ။
8Ma korua ano e tuhituhi ta korua e pai ai mo nga Hurai, i runga i te ingoa o te kingi, hiri rawa ki te mowhiti o te kingi: he tuhituhi hoki i tuhituhia i runga i te ingoa o te kingi, a i hiritia ki te mowhiti o te kingi, e kore e whakataka.
8သို့ရာတွင် ရှင်ဘုရင်လက်စွပ်နှင့် တံဆိပ်ခတ် သော ရှင်ဘုရင် မိန့်တော်စာကို အဘယ်သူမျှ မပယ်ရ သည်ဖြစ်၍၊ စိတ်ရှိသည်အတိုင်း ယုဒလူတို့အဘို့ အမိန့် တော်စာကို တဖန်ရေး၍၊ လက်စွပ်တော်နှင့် တံဆိပ်ခတ် ရမည်ဟု မိဖုရားဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏။
9Katahi ka karangatia nga karaipi a te kingi i taua wa, i te toru o nga marama, ara i te marama Hiwana, i te rua tekau ma toru o nga ra o taua marama; a ka tuhituhia nga mea katoa i whakahau ai a Mororekai ki nga Hurai, ki nga kawana, ratou ko nga kawana iti, ko nga rangatira ano o nga kawanatanga, o Inia mai ano a tae noa ki Etiopia, kotahi rau e rua tekau ma whitu nga kawanatanga; ki tenei kawanatanga, ki tenei kawanatanga, he mea whakarite ki ta ratou tuhituhi; ki tenei iwi, ki tenei iwi, he mea whakarite ano ki to ratou reo; ki nga Hurai ano, he mea whakarite ki ta ratou tuhituhi, ki to ratou reo.
9ထိုအခါ ဝိဝန်အမည်ရှိသော တတိယလနှစ် ဆယ်သုံးရက်နေ့တွင်၊ စာရေးတော်ကြီးတို့ကိုခေါ်၍၊ အိန္ဒိယပြည်မှ ကုရှပြည်တိုင်အောင် တိုင်းပြည်တရာ နှစ်ဆယ်ခုနစ်ပြည်တို့၌ ရှိသော ယုဒလူ၊ ကိုယ်စားတော် မင်း၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ မြို့သူကြီးတို့ကို မော်ဒကဲမှာထားသမျှအတိုင်း၊ ယုဒဘာသာစကားမှစ၍ လူအမျိုးမျိုး ပြောသောစကားအသီး အသီးအားဖြင့်၊
10Tuhituhia ana e ia i runga i te ingoa o Kingi Ahahueruha, hiri rawa ki te mowhiti o te kingi, a tukua ana nga pukapuka kia maua e nga kaikawe pukapuka i runga hoiho, i eke i runga i nga kararehe tere o nga mahi a te kingi, he momo:
10ရှင်ဘုရင် အာရွှေရု၏ အမိန့်တော်စာကိုရေး၍ ရှင်ဘုရင်လက် စွပ်တော်နှင့် တံဆိပ်ခတ်ပြီးမှ၊ မြင်း၊ လား၊ ကုလားအုပ်၊ မြည်းစီးသော စာပို့လုလင်တို့ဖြင့် ပေးလိုက် လေ၏။
11E mea ana i roto te tukunga a te kingi i nga Hurai o nga pa katoa kia huihui, kia tu ki runga, kia ora ai ratou, kia whakangaro, kia whakamate, kia huna i nga ope katoa o te iwi o te kawanatanga e tauria ai ratou ko a ratou kohungahunga, ko a ra tou wahine, kia pahua hoki i o ratou taonga hei mea parakete,
11အမိန့်တော်စာချက်ဟူမူကား၊ အာဒါအမည် ရှိသော ဒွါဒသမလ တဆယ်သုံးရက် တနေ့ခြင်းတွင်၊
12I taua ra kotahi i nga kawanatanga katoa a Kingi Ahahueruha, ara i te tekau ma toru o nga ra o te tekau ma rua o nga marama, koia nei te marama Arara.
12နိုင်ငံတော်အတိုင်းတိုင်း အပြည်ပြည်အမြို့မြို့ ၌ရှိသော ယုဒလူတို့သည် စုဝေး၍၊ မိမိတို့အသက်ကို စောင့်ရသောအခွင့်၊ တိုက်လာသောပြည်သူ၊ စစ်သူရ အပေါင်းတို့ကို မိန်းမသူငယ်နှင့်တကွ သတ်ဖြတ်သုတ် သင်ပယ်ရှင်း၍၊ သူတို့ဥစ္စာကို လုယူ သိမ်းရုံးရသောအခွင့် ကို ရှင်ဘုရင်ပေးတော်မူ၏။
13I whakapuakina ki nga iwi katoa nga kupu i tuhituhia mo te ture kia whakatakotoria i nga kawanatanga katoa, kia mataara ai nga Hurai i taua ra ki te rapu utu i o ratou hoariri.
13ဤရွေ့ကား၊ ယုဒလူတို့သည် ထိုနေ့ရက်တွင် ရန်သူတို့ကို ရန်တုံ့ပြုစေခြင်းငှါ၊ အတိုင်းတိုင်း အပြည် ပြည်၌နေသော လူမျိုးအပေါင်းတို့အား ကြော်ရသော အမိန့်တော်စာချက်ဖြစ်သတည်း။
14Heoi haere ana nga kaikawe pukapuka, he mea waha e nga kararehe tere o nga mahi a te kingi, he mea whakahohoro, he mea akiaki e te kupu a te kingi. I homai ano te ture i Huhana, i te whare kingi.
14ထိုအမိန့်တော်စာကို ရှုရှန်နန်းတော်၌ ကြော်ပြီး မှ၊ ရှင်ဘုရင် ကျပ်တည်းစွာ စီရင်သည်အတိုင်း၊ စာပို့ လုလင်တို့သည် အလျင်အမြန် ပြေးသွားကြ၏။
15¶ Na haere ana a Mororekai i te aroaro o te kingi, ko tona kakahu he kakahu kingi, he puru, he ma, me te karauna koura nui, me tetahi kakahu hoki he rinena pai, he papura. Na hamama ana, hari ana te pa, a Huhana.
15မော်ဒကဲသည်လည်း၊ မင်းမြောက်တန်ဆာ တည်းဟူသော အဝတ်အဖြူအပြာကို ဝတ်ဆင်လျက်၊ ကြီးစွာသော ရွှေသရဖူကို ဆောင်းလျက်၊ ပိတ်ချောနှင့် မောင်းသော အထည်ဖြင့် ပြီးသောဝတ်လုံကို ခြုံလျက်၊ ရှင်ဘုရင်ထံတော်မှ ထွက်သွား၍၊
16Na ko nga Hurai i maha, i koa, me te hari me te honore.
16ရှုရှန်မြို့တော်သည် ဝမ်းမြောက်ရွှင်လန်းခြင်းသို့ ရောက်လေ၏။ ယုဒလူတို့သည်လည်း၊ သက်သာရွှင်လန်း ၍ ဝမ်းမြောက်ခြင်း၊ အသရေထွန်းလင်းခြင်းသို့ ရောက် ကြ၏။
17I nga kawanatanga katoa ano, i nga pa katoa i nga wahi i tae ai te kupu a te kingi me tana ture, he hari, he koa to nga Hurai, he kai hakari, he ra pai. A he tokomaha o nga iwi o te whenua i mea i a ratou hei Hurai; i tau hoki te wehi o nga Hura i ki a ratou.
17ရှင်ဘုရင်အမိန့်တော်စာရောက်လေသော အပြည်ပြည်အမြို့မြို့၌၊ ယုဒလူတို့သည် ဝမ်းမြောက် ရွှင်လန်းခြင်း၊ ပွဲခံခြင်း၊ မင်္ဂလာနေ့စောင်းခြင်းကို ပြု၍၊ ပြည်သူပြည်သားအများတို့သည် ယုဒလူတို့ကို ကြောက်ရွံ သောကြောင့် ယုဒဘာသာကို ဝင်ကြ၏။