Maori

Myanmar

Genesis

45

1¶ Na kihai i taea e Hohepa te whakamanawanui i te aroaro o te hunga katoa e tu ana i tona taha; a ka karanga ia, Haere katoa atu nga tangata i toku taha. A kihai i tu tetahi tangata i tona taha, i a Hohepa e whakaatu ana i a ia ki ona tuakana.
1ထိုအခါ ယောသပ်သည် မိမိထံ၌ရှိသောသူ အပေါင်းတို့ရှေ့တွင်၊ ဣန္ဒြေကို မချုပ်တည်းနိုင်သော ကြောင့်၊ လူအပေါင်းတို့ငါ့ထံမှ ထွက်သွားကြဟု ဟစ်၍ မိမိဇာတိအဖြစ်ကို အစ်ကိုတို့အားပြသောအခါ၊ အခြား သော သူတယောက်မျှ မရှိရ။
2Na he nui tona reo ki te tangi: a ka rongo nga Ihipiana, ka rongo ano hoki te whare o Parao.
2သူသည်လည်း ကျယ်သောအသံနှင့် ငိုကြွေး၏။ အဲဂုတ္တုလူတို့သည် နန်းတော်တိုင်အောင် ကြားကြ၏။
3Na ka mea a Hohepa ki ona tuakana, Ko Hohepa ahau; e ora ana ano ranei toku papa? A kihai ona tuakana i ahei te whakahoki kupu ki a ia; i pororaru hoki ratou i tona aroaro.
3အစ်ကိုတို့အားလည်း၊ ကျွန်ုပ် ယောသပ် ဖြစ်၏။ ကျွန်ုပ်အဘသည် အသက်ရှင်သေးသလောဟု ဆို၏။ အစ်ကိုတို့သည် စကားတုံ့ပြန်၍ မပြောနိုင်အောင် သူ့ရှေ့မှာ မိန်းမောတွေဝေလျက် နေကြ၏။
4A ka mea a Hohepa ki ona tuakana, Whakatata mai ra ki ahau. A ka whakatata ratou. A ka mea ia, Ko Hohepa ahau, ko to koutou teina i hokona nei e koutou ki Ihipa.
4ယောသပ်ကလည်း၊ ကျွန်ုပ်အနီးအပါးသို့လာကြ ပါလော့ဟု အစ်ကိုတို့အားဆိုလျှင်၊ သူတို့သည် အနီးအပါး သို့ ချဉ်းလာကြ၏။ သူကလည်း ကျွန်ုပ်သည် အဲဂုတ္တုပြည် သို့ ရောင်းလိုက်သော သင်တို့ညီဖြစ်ပါ၏။
5Na, kaua ra e pouri, kaua hoki e mumura o koutou kanohi, mo koutou i hoko i ahau ki konei: no te mea he mea tono mai ahau e te Atua ki mua i a koutou hei whakaora tangata.
5သို့ရာတွင် သင်တို့သည် ကျွန်ုပ်ကို ဤအရပ်သို့ ရောင်းလိုက်မိသောကြောင့် စိတ်မညှိုးငယ်ကြနှင့်။ ကိုယ်ကိုအမျက်မထွက်ကြနှင့်။ အကြောင်းမူကား၊ ဘုရား သခင်သည် လူတို့အသက်ကို စောင့်မစေခြင်းငှါ သင်တို့ ရှေ့မှာ ကျွန်ုပ်ကိုစေလွှတ်တော်မူပြီ။
6Ka rua hoki enei tau o te matekai ki te whenua: kei muri ano etahi atu tau e rima, e kore ai e parau, e kore ai e kokoti.
6မြေပေါ်မှာ နှစ်နှစ်အစာခေါင်းပါးခဲ့ပြီ။ လယ်လုပ်ခြင်း၊ စပါးရိတ်ခြင်းကို မပြုရသောနှစ် ငါးနှစ် ရှိသေး၏။
7Kua tonoa mai nei hoki ahau e te Atua ki mua i a koutou kia whai putanga ai koutou ki te ao, kia ora ai hoki koutou i runga i te whakaoranga nui.
7ဘုရားသခင်သည် သင်တို့ကို မြေကြီးပေါ်မှာ ကျန်ကြွင်းစေခြင်းငှါ၎င်း၊ ကြီးစွာသော ကယ်တင်ခြင်း အားဖြင့် သင်တို့အသက်ကို ချမ်းသာစေခြင်းငှါ၎င်း၊ သင်တို့ရှေ့မှာ ကျွန်ုပ်ကို စေလွှတ်တော်မူပြီ။
8Ina, ehara i a koutou nana ahau i tono mai ki konei, engari na te Atua; kua waiho hoki ahau e ia hei matua ki a Parao, hei ariki ano mo tona whare katoa, hei kawana hoki mo te whenua katoa o Ihipa.
8သို့ဖြစ်၍ သင်တို့သည် ကျွန်ုပ်ကိုဤအရပ်သို့ စေလွှတ်သည်မဟုတ်၊ ဘုရားသခင်စေလွှတ်တော်မူ သတည်း။ ကျွန်ုပ်ကို ဖါရောဘုရင်၏အဘအရာ၌၎င်း၊ နန်းတော်အုပ်အရာ၌၎င်း၊ အဲဂုတ္တုပြည်လုံးကို အုပ်စိုး သောသခင်အရာ၌၎င်း ခန့်ထားတော်မူပြီ။
9Hohoro, haere ki runga, ki toku papa, mea atu ki a ia, He penei te kupu a tau tama a Hohepa, Kua meinga ahau e te Atua hei ariki mo Ihipa katoa; haere mai ki ahau, kaua e whakaroa.
9အလျင်အမြန်ထ၍ အဘထံသို့ သွားကြလော့။ အဘအားလည်း၊ သားယောသပ်က၊ ဘုရားသခင်သည် ကျွန်ုပ်ကို အဲဂုတ္တုပြည်လုံးသခင်ဖြစ်စေတော်မူပြီ။ ကျွန်ုပ်ထံသို့လာပါ၊ မဆိုင်းပါနှင့်။
10A me noho koe ki te whenua o Kohena, a ka tata koe ki ahau, koutou ko au tama, ko nga tama hoki a au tama, me au kahui, me au kau, me au mea katoa:
10အဘသည် ဂေါရှင်အရပ်၌ နေရမည်။ ကျွန်ုပ် အနားမှာရှိရမည်။ အဘမှစ၍ သားမြေး၊ သိုး၊ နွားနှင့်တကွ ရှိသမျှပါရမည်။
11A ka atawhai ahau i a koe ki reira; e rima hoki enei tau matekai kei muri nei; kei rawakoretia koutou ko tou whare me au mea katoa.
11ထိုအရပ်၌ ကျွန်ုပ်ကျွေးမွေးပါမည်။ သို့မဟုတ် အဘမှစ၍ အိမ်သူအိမ်သားနှင့်တကွ ရှိသမျှ တို့သည် ဆင်းရဲခြင်းသို့ ရောက်ကြလိမ့်မည်။ အစာ ခေါင်းပါးသောနှစ် ငါးနှစ်ရှိသေးသည်ဟု ပြောကြလော့။
12Na, ka kite nei o koutou kanohi, me nga kanohi o toku teina, o Pineamine, ko toku waha tenei te korero nei ki a koutou.
12ကျွန်ုပ်သည် ကိုယ်တိုင်သင်တို့နှင့် နှုတ်ဆက်သည်ကို၊ သင်တို့မျက်စိ၊ ကျွန်ုပ်ညီဗင်္ယာမိန် မျက်စိ အမြင်သားဖြစ်၏။
13A ma koutou e korero ki toku papa toku kororia katoa i Ihipa, me nga mea katoa i kite nei koutou; kia hohoro ano ta koutou kawe mai i toku papa ki konei.
13အဲဂုတ္တုပြည်၌ ကျွန်ုပ်ရသော ဘုန်းစည်းစိမ်းမှ စ၍ သင်မြင်သမျှတို့ကို အဘအား ပြောရမည်။ အလျင် အမြန်ပြု၍ အဘကို ဤပြည်သို့ ဆောင်ခဲ့ရမည်ဟု ဆိုပြီးလျှင်၊
14Na ka hinga ia ki runga ki te kaki o Pineamine, o tona teina, a ka tangi, ka tangi ano a Pineamine i runga i tona kaki.
14ညီဗင်္ယာမိန်လည်ပင်းကို ဘက်၍ ငိုလေ၏။ ဗင်္ယာမိန်သည်လည်း သူ၏လည်ပင်း၌ ငိုလေ၏။
15A ka kihi ia i ona tuakana katoa, ka tangi hoki ki a ratou: a muri iho ka korero ona tuakana ki a ia.
15တဖန် အစ်ကိုရှိသမျှတို့ကို နမ်း၍ သူတို့နှင့် ငိုသောနောက် အချင်းချင်းနှုတ်ဆက်ကြ၏။
16¶ Na ka tae te rongo ki te whare o Parao, ka korerotia, Kua tae mai nga tuakana o Hohepa: he mea pai ano tena ki te whakaaro o Parao, o ana tangata hoki.
16ယောသပ်အစ်ကိုတို့သည် ရောက်လာကြပြီဟု နန်းတော်၌ သိတင်းကြား၍၊ ဖာရောဘုရင် အစရှိသော ကျွန်တော်မျိုးတို့သည် နှစ်သက်ကြ၏။
17Na ka mea a Parao ki a Hohepa, Korero ki ou tuakana, Ko tenei ta koutou e mea ai; whakawaha a koutou kararehe, a whakatika, haere ki te whenua o Kanaana;
17ဖါရောဘုရင်သည်လည်း ယောသပ်ကိုခေါ်၍၊ သင်၏အစ်ကိုတို့အား အဘယ်သို့ပြောရမည်နည်းဟူမူ ကား၊ သင်တို့သည် ဤသို့ပြုကြလော့။ မြည်းတို့ကို ဝန်တင်၍ ခါနာန်ပြည်သို့ ပြန်သွားသဖြင့်၊
18Tikina hoki to koutou papa, me nga tangata o o koutou whare, a haere mai ki ahau: a ka hoatu e ahau ki a koutou nga mea papai o te whenua o Ihipa, a ka kai koutou i te momonatanga o te whenua.
18သင်တို့အဘနှင့် အိမ်သူအိမ်သားတို့ကိုယူ၍ ကျွန်ုပ်ထံသို့ လာကြလော့။ အဲဂုတ္တုပြည်၏စည်းစိမ်းကို ငါပေး၍၊ သင်တို့သည် မြေဩဇာကိုသာ စားရကြလိမ့် မည်။
19Na, kua whakahaua nei koe, meatia tenei e koutou; mauria atu etahi kaata ma koutou i te whenua o Ihipa mo a koutou tamariki, mo a koutou wahine, a kawea mai to koutou papa, haere mai hoki.
19အမိန့်တော်ရှိသည်ဖြစ်၍ ဤသို့ပြုကြလော့။ သင်တို့မိန်းမများ၊ သူငယ်များဘို့၊ အဲဂုတ္တုပြည်ထဲက လှည်း တို့ကို ယူပြီးလျှင် အဘကိုဆောင်၍ လာခဲ့ကြလော့။
20A kaua e whakaaro ki a koutou mea; ma koutou hoki nga mea pai o te whenua katoa o Ihipa.
20သင်တို့ဥစ္စာများကို မနှမြောကြနှင့်။ အဲဂုတ္တုပြည် ၏ စည်းစိမ်ရှိသမျှသည် သင်တို့ဥစ္စာဖြစ်၏ဟု အမိန့် တော်ရှိသည်အတိုင်း၊
21Na ka pera nga tama a Iharaira: a ka homai he kaata e Hohepa ki a ratou, ka pera me ta Parao i ki ai, i homai ano e ia he o mo ratou ki te ara.
21ဣသရေလ၏ သားတို့သည်ပြု၍၊ ယောသပ်သည် လှည်းတို့ကို၎င်း၊ လမ်းခရီး၌ စားစရိတ်များကို၎င်း ပေး၏။
22I homai ano hoki e ia ki a ratou katoa he whakatakirua mo nga kakahu o tetahi, o tetahi; ki a Pineamine ia i homai e ia e toru rau hiriwa, takirima ano hoki nga kakahu.
22အစ်ကိုရှိသမျှတို့အားလည်း အဝတ်လဲစရာဘို့ပေး၏။ ဗင်္ယာမိန်အားလည်း၊ ငွေအကျပ်သုံးရာနှင့် အဝတ် လဲစရာဘို့ အဝတ်ငါးစုံကို ထပ်၍ ပေး၏။
23A ko nga mea tenei i homai e ia kia kawea ki tona papa; kotahi tekau nga kaihe e waha ana i nga mea papai o Ihipa, me nga kaihe uha kotahi tekau, ko ta ratou kawenga he witi, he taro, hei kai ma tona papa ki te ara.
23အဘအားလည်း အဲဂုတ္တုပြည်၏ ကောင်းသောအရာတို့ကို ဆောင်သော မြည်းတဆယ်၊ လမ်းခရီး၌ အဘစားစရာဘို့ စပါး၊ မုန့်၊ ခဲဘွယ်စားဘွယ်များကို ဆောင်သောမြည်းတဆယ်ကို ပေးလိုက်၏။
24Na ka tonoa atu e ia ona tuakana, a haere ano ratou: ka mea hoki ia ki a ratou, Kei ngangau koutou ki te ara.
24သင်တို့သည် လမ်း၌ရန်မတွေ့ကြနှင့်ဟု မှာထားလျက် အစ်ကိုတို့ကို လွှတ်လိုက်၍ သူတို့သည် သွားကြ၏။
25¶ Na haere ana ratou i Ihipa ki runga, a ka tae ki te whenua o Kanaana, ki a Hakopa, ki to ratou papa,
25ထိုသို့အဲဂုတ္တုပြည်မှ ထွက်သွား၍၊ ခါနာန်ပြည် အဘယာကုပ်ထံသို့ ရောက်ကြလျှင်၊
26A ka korero ki a ia, ka mea, E ora ana ano a Hohepa, ko ia hoki te kawana o te whenua katoa o Ihipa. Na ka whakapau te manawa o Hakopa, kihai hoki ia i whakapono ki a ratou.
26ယောသပ်သည် အသက်ရှင်သေး၏။ အဲဂုတ္တု ပြည်လုံးကို အုပ်စိုးရ၏ဟု ကြာပြောကြသည်ရှိသော်၊ ယာကုပ်သည် စိတ်နှလုံးလျော့၏။ သူတို့စကားကို မယုံ နိုင်။
27Na ka korerotia e ratou ki a ia nga kupu katoa a Hohepa i korero ai ia ki a ratou: a ka kite ia i nga kaata i tukua mai e Hohepa hei tiki mai mona, na, ka ora ake te wairua o Hakopa, o to ratou papa:
27သူတို့သည်လည်း ယောသပ်ပြောသမျှသော စကားတို့ကို ပြန်ပြောကြ၏။ အဘယာကုပ်သည် မိမိ စီးစရာဘို့ ယောသပ်ပေးလိုက်သော လှည်းတို့ကို မြင် သောအခါ စိတ်နှလုံးအားဖြည့်ပြန်၏။
28A katahi a Iharaira ka mea, Heoi ano; e ora ana ano taku tama, a Hohepa: ka haere ahau kia kite i a ia kei mate ahau.
28ဣသရေလကလည်း၊ တန်တော့။ ငါ့သားယောသပ် အသက်ရှင်သေး၏။ ငါမသေမှီ သူ့ကိုသွား၍ ကြည့်မည်ဟုဆို၏။