1¶ Kua piko a Pere, kua tuohu a Nepo; kei runga i te kirehe, i te kararehe a ratou whakapakoko: ko nga mea e haria haeretia ana e koutou ka meinga hei kawenga, hei taimaha ki te kararehe mauiui ra.
1ဗေလသည် ကျပြီ။ နေဗောသည် ကျိုးပဲ့ပြီ။ သူတို့ ရုပ်တုတို့သည် အခြေလေးချောင်းရှိသော သားတိရစ္ဆာန် တို့ အပေါ်မှာ ရှိကြ၏။ သင်တို့ ထမ်းဘူးသော ဝန်ကို တင်၍၊ ပင်ပန်းသော တိရစ္ဆာန်တို့သည် ထမ်းရကြ၏။
2Tuohu ana ratou, piko ngatahi ana; kihai i taea te pikaunga te pupuri, heoi ko ratou nei ano ka riro hei parau.
2သူတို့သည် ကျိုးပဲ့လျက်၊ အတူလဲလျက်နေ၍၊ မိမိတို့ ထမ်းရသော ဝန်ကို မကယ်တင်နိုင်ဘဲ၊ ကိုယ်တိုင် သိမ်းသွားခြင်းကို ခံရကြသည်တကား။
3Whakarongo ki ahau, e te whare o Hakopa, e nga morehu katoa o te whare o Iharaira, he mea waha nei koutou naku no te kopu mai ano, he mea pikau no roto mai ra ano i te puku.
3အိုယာကုပ်အမျိုးသားတို့၊ ငါ့စကားကို နား ထောင်ကြလော့။ ကျန်ကြွင်းသော ဣသရေလအမျိုးသား အပေါင်းတို့၊ ဘွားစကပင် သင်တို့ကို ငါထမ်းလေပြီ။ အမိ ဝမ်းထဲမှစ၍ ငါဆောင်ရွက်လေပြီ။
4Tae noa atu ki to koutou koroheketanga ko ahau tenei, ka pikaua ano koutou e ahau a hina noa; naku i mahi, maku ano e mau, maku ano e pikau, maku ano e whakaora.
4သင်တို့အသက်ကြီး၍ ဆံပင်ဖြူသည်တိုင် အောင်၊ ငါသည် ထိုသို့သော သူဖြစ်၍၊ သင်တို့ကို ဆောင် ရွက်မည်။ ငါပြုခဲ့ပြီးသည်အတိုင်း ထမ်းဦးမည်။ ဆောင် ရွက်၍ ကယ်တင်မည်။
5¶ Ki ta koutou kei to wai he ahua moku? ko wai e rite ana ki ahau? me whakarite ahau ki a wai, e kotahi ai to maua ahua?
5သင်တို့သည် ငါ့ကို အဘယ်သူနှင့် ပုံပြကြမည် နည်း။ အဘယ်သူနှင့် တူစေကြမည်နည်း။ တူအောင် အဘယ်သူနှင့် ခိုင်းနှိုင်းကြမည်နည်း။
6Ko te hunga e tahoro ana i te koura i te peke, e pauna ana i te hiriwa ki te pauna, kei te utu i te kaitahu koura, hanga ake e ia hei atua; tapapa ana ratou, koropiko ana.
6ရွှေကို အိတ်ထဲက များစွာ ထုတ်လျက်၊ ငွေကို လည်း ချိန်ခွင်နှင့်ချိန်လျက်၊ ပန်းတိန်သမားကို ငှါး၍ ဘုရားကို လုပ်စေပြီးမှ၊ ပြပ်ဝပ်ကိုးကွယ်ကြသည်တကား။
7Amohia ana ia e ratou i runga i te pokohiwi, pikaua ana, kua waiho e ratou ki tona wahi, tu ana ia; te taea e ia te nekeneke atu i tona wahi: ka karanga ano hoki tetahi ki a ia, heoi e kore ia e whakahoki kupu, e kore e whakaora i a ia i roto i t ona mate.
7ထိုဘုရားကို ပခုံးပေါ်မှာ ထမ်း၍ ဆောင်သွား သဖြင့် သူ့နေရာ၌ ထားကြ၏။ သူသည်လည်း မတ်တတ် နေ၏။ သူ၏နေရာမှ သူမရွေ့နိုင်။ သူ့ကို အော်ဟစ် သော်လည်း၊ သူသည် မထူး။ ဒုက္ခဆင်းရဲထဲက မကယ် မနှုတ်နိုင်။
8Mahara ki tenei, whakatane, whakahokia ki te ngakau, e te hunga poka ke.
8အိုဖောက်ပြန်သောသူတို့၊ ဤအမှုကို အောက် မေ့၍ ယောက်ျားဂုဏ်ကို ပြကြလော့။ သတိနှင့် ဆင်ခြင်ကြလော့။
9Maharatia nga mea tuatahi onamata: ko ahau hoki te Atua, kahore ke atu; ko ahau te Atua, kahore hoki tetahi hei rite moku.
9ရှေးကာလ၌ ဖြစ်ဘူးသော အမှုအရာတို့ကို အောက်မေ့ကြလော့။ ငါသည် ဘုရား သခင်ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားမရှိ။
10I te timatanga e whakaatu ana i nga mea o te mutunga, a i nga wa onamata ko nga mea kahore ano i meatia; i ki ahau, Ko te whakaaro i whakatakotoria e ahau mau tonu, ka oti ano i ahau taku katoa i pai ai.
10အဦးမှစ၍ အဆုံးတိုင်အောင်၎င်း၊ ရှေးကာလမှ စ၍ မဖြစ်သေးသော အမူအရာတို့ကို၎င်း ဘော်ပြလျက်၊ ငါ့အကြံတည်လိမ့်မည်။ ငါ့အလိုရှိသမျှကို ငါပြည့်စုံစေမည် ဟု ဆိုလျက်၊
11Ka karangatia hoki e ahau he manu kai kino i te rawhiti, ko te tangata kei a ia toku whakaaro i te whenua tawhiti; ina, kua korerotia nei e ahau, ka whakaputaina ano e ahau; kua takoto i ahau, ka oti ano i ahau.
11ဝေးသောအရပ်၊ အရှေ့မျက်နှာမှ ငါ၏လက် ထောက်တည်းဟူသော ငှက်ရဲကို ခေါ်လျက်၊ ငါသည် ဘုရားသခင်ဖြစ်၏။ ငါနှင့်တူသော မည်မျှမရှိ။ ငါသည် နှုတ်ထွက်အတိုင်းပြုမည်။ ကြံသည်အတိုင်း စီရင်မည်။
12Whakarongo ki ahau, e te hunga ngakau pakari, e matara atu ana i te tika:
12စိတ်ခိုင်မာ၍ ဖြောင့်မတ်ခြင်း တရားနှင့် ဝေး သောသူတို့၊ ငါ့စကားကို နားထောင်ကြလော့။
13Ka kawea mai e ahau toku tika kia tata; e kore e matara atu; e kore ano taku whakaora e roa; ka whakawhiwhia ano e ahau a Hiona ki te whakaora, mo Iharaira, mo toku kororia.
13ငါ၏ဖြောင့်မတ်ခြင်းတရားကို အနီးသို့ ငါ ဆောင်ခဲ့မည်။ အဝေး၌မနေရ။ ငါ၏ကယ်တင်ခြင်း ကျေးဇူးလည်း မဖင့်နွှဲရ။ ဇိအုန်တောင်ပေါ်မှာ ငါ၏ ကယ်တင်ခြင်း ကျေးဇူးကို၎င်း၊ ဣသရေလအမျိုး၌ ငါ့ဘုန်းကို၎င်း ငါထားမည်။