Maori

Myanmar

Joel

2

1¶ Whakatangihia te tetere ki Hiona; hei whakaoho ki toku maunga tapu, kia wiri nga tangata katoa o te whenua: kei te haere mai hoki te ra o Ihowa, kua tata;
1ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ သန့်ရှင်းသော ငါတောင်ပေါ်မှာ သတိပေးသော အသံကို ပြုကြလော့။ ပြည်သူပြည်သားအပေါင်းတို့သည် တုန်လှုပ် ကြစေ။ အကြောင်းမူကား၊ ထာဝရဘုရား၏ နေ့ရက်သည် လာ၍ နီးပြီ။
2He ra pouri, he ra tukupu, he ra kapua, he pouri kerekere, ano ko te ata kua horapa noa atu i runga i nga maunga; he iwi nui, kaha, kahore ona rite i mua, kahore hoki he pera i nga wa i muri a taea noatia nga tau o nga whakatupuranga maha.
2မိုက်မဲသောနေ့၊ မိုဃ်းအုံ၍ မှောင်မိုက်ထူထပ် သော နေ့ဖြစ်၏။ ဓနအာရုန်သည် တောင်ထိပ်တို့ကို နှံ့ ပြားသကဲ့သို့၊ အများဖြစ်၍ အားကြီးသော အမျိုးသည် လာ၏။ ရှေးကာလ၌ ထိုသို့ မဖြစ်စဖူး။ နောင်ကာလ အစဉ်အဆက်၌လည်း မဖြစ်ရလတံ့။
3I mua i a ratou ko te ahi e kai ana, i muri i a ratou ko te mura e ngiha ana; ko te whenua i mua i a ratou me te mea ko te kari o Erene, a i muri i a ratou he koraha ururua; ae ra, kahore he mea i puta i a ratou.
3သူတို့ရှေ့မှာ မီးလောင်၏။ နောက်၌လည်း မီးလျှံတောက်၏။ ရှေ့တွင်ရှိသော ပြည်သည် ဧဒင် ဥယျာဉ်ကဲ့သို့ ဖြစ်၏။ နောက်၌ကား၊ သုတ်သင်ပယ်ရှင်း သော လွင်ပြင်ဖြစ်၏။ အကယ်စင်စစ် သူတို့လက်မှ အဘယ်အရာမျှ မလွတ်ရ။
4Ko to ratou ahua kei to nga hoiho; ko ta ratou oma rite tonu ki ta te kaieke hoiho.
4သူတို့သည် အဆင်းအားဖြင့် မြင်းနှင့်တူ၍၊ မြင်းစီးသူရဲကဲ့သို့ ပြေးကြလိမ့်မည်။
5E peke ana ratou ano ko te haruru o nga hariata i runga i nga tihi o nga maunga, ano ko te haruru o te mura ahi e kai ana i te kakau witi, ki te iwi kaha kua oti te whakararangi mo te whawhai.
5ရထားမြည်သံကဲ့သို့၎င်း၊ အမှိုက်ကို လောင်သော မီးမြည်သံကဲ့သို့၎င်း အသံမြည်၍ တောင်ထိပ်တို့အပေါ် မှာ ခုန်ကြလိမ့်မည်။ စစ်တိုက်ခြင်းငှါ ခင်းကျင်း၍ အားကြီးသော လူအလုံးအရင်းကဲ့သို့ ဖြစ်ကြလိမ့်မည်။
6Ka mamae nga iwi i to ratou aroaro: ka koma nga kanohi katoa.
6သူတို့ရှေ့မှာ လူတို့သည် အလွန်ပင်ပန်းသော စိတ်ရှိ၍၊ ခပ်သိမ်းသော သူတို့သည် မျက်နှာမည်းကြ လိမ့်မည်။
7Ko ta ratou oma rite tonu ki ta nga marohirohi; ko ta ratou piki i te taiepa rite tonu ki ta nga tangata whawhai; haere tonu ratou i tona ara, i tona ara, kahore o ratou ara e korara.
7သူတို့သည် သူရဲကဲ့သို့ ပြေး၍ စစ်သူရဲကဲ့သို့ မြို့ရိုးကို တက်ကြလိမ့်မည်။ လမ်းမလွှဲဘဲ အသီးအသီး မိမိတို့လမ်းသို့ တည့်တည့်လိုက်ကြလိမ့်မည်။
8Kahore tetahi e tutetute i tona hoa; ka haere ratou i tona ara, i tona ara; a ka huaki ratou ma roto i nga rakau o te riri, a kahore e tapeka i to ratou ara.
8တဦးကိုတဦး မတိုက်ဘဲ မိမိလမ်းသို့ မိမိလိုက် ကြလိမ့်မည်။ ထားသွားကို ထိသော်လည်း ရှနခြင်းကို မခံရကြ။
9Ka peke ratou ki runga ki te pa; ka oma ratou i runga i te taiepa; ka piki ratou ki roto ki nga whare; ka tomo ratou i nga matapihi, ano he tahae.
9မြို့ထဲမှာတလည်လည် ပြေးလျက်၊ မြို့ရိုးကို ကျော်လျက်၊ အိမ်ပေါ်သို့ တက်လျက်၊ သူခိုးကဲ့သို့ ပြတင်း ပေါက်ထဲသို့ ဝင်လျက်ရှိကြလိမ့်မည်။
10Ru ana te whenua i to ratou aroaro; wiri ana nga rangi: ko te ra me te marama, pouri tonu, ka mutu ano te titi o nga whetu.
10သူတို့ရှေ့မှာ မြေကြီးလှုပ်လိမ့်မည်။ မိုဃ်း ကောင်းကင်လည်း တုန်ခိုက်လိမ့်မည်။ နေနှင့်လ သည် မိုက်၍၊ ကြယ်တို့သည် မထွန်းလင်းဘဲ နေကြလိမ့်မည်။
11Na ka puaki te reo o Ihowa i te aroaro o tana ope: nui atu hoki tana puni: he kaha hoki ia e mahi nei i tana kupu: he nui nei hoki te ra o Ihowa, he wehi rawa; ko wai e kaha ake ki reira?
11ထာဝရဘုရားသည်လည်း မိမိတပ်တော်ရှေ့မှာ အသံကို လွှင့်တော်မူမည်။ တပ်တော်သည် အလွန်ကြီးမား ၏။ စကားတော်အတိုင်း စီရင်သော သူသည် တန်ခိုးကြီး တော်မူ၏။ ထာဝရဘုရား၏နေ့ရက်သည် ကြီး၍ အလွန် ကြောက်မက်ဘွယ်သော နေ့ရက်ဖြစ်၏။ အဘယ်သူခံနိုင် သနည်း။
12¶ Otiia inaianei nei ano, e ai ta Ihowa, tahuri koutou ki ahau, o koutou ngakau katoa, i runga ano i te nohopuku, i te tangi, i te aue:
12သို့ဖြစ်၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုတွင် အစာရှောင်ခြင်း၊ ငိုကြွေးမြည်တမ်းခြင်းနှင့်တကွ စိတ်နှလုံးအကြွင်းမဲ့ ငါ့ထံသို့ ပြန်လာကြလော့။
13Haea hoki o koutou ngakau, haunga o koutou kakahu, a tahuri ki a Ihowa, ki to koutou Atua: he aroha hoki tona, he mahi tohu, he puhoi ki te riri, he nui tona atawhai, a e ripeneta ana ia ki te kino.
13အဝတ်ကို မဆုတ်ဘဲ နှလုံးကို ဆုတ်လျက်၊ သင်တို့၏ ဘုရားသခင်ထာဝရဘုရားထံတော်သို့ ပြန်လာ ကြလော့။ ချစ်သနားခြင်း မေတ္တာကရုဏာနှင့် ပြည့်စုံ၍ စိတ်ရှည်သောသဘော၊ အလွန်ကျေးဇူးပြုချင်သော သဘော၊ အပြစ်ပေးခြင်းကို နောင်တရတတ်သော သဘောရှိတော်မူ၏။
14Ko wai ka tohu, tera pea ka tahuri, ka puta ke ona whakaaro, a ka mahue he manaaki i muri i a ia, ara he whakahere totokore, he ringihanga ma Ihowa, ma to koutou Atua?
14သင်တို့သည် သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားအား ဘောဇဉ်ပူဇော်သက္ကာနှင့် သွန်းလောင်းရာ ပူဇော်သက္ကာကို ဆက်ကပ်ရန် ဖြစ်စေခြင်းငှါ၊ ဘုရား သခင်သည် တဖန် ပြန်လာ၍ နောင်တရပြီးလျှင်၊ ကောင်းကြီးမင်္ဂလာကို ထားရစ်စေတော်မူမည်မမူမည်ကို အဘယ်သူသိနိုင်သနည်း။
15Whakatangihia te tetere ki Hiona, whakatapua he nohopuku, karangatia he hui nui;
15ဇိအုန်တောင်ပေါ်မှာ တံပိုးကို မှုတ်ကြလော့။ အစာရှောင်ရသော အချိန်ကို ခန့်ထား၍ ခြိုးခြံစွာ ကျင့်ရသော အချိန်ကို ကြော်ငြာကြလော့။
16Whakaminea te iwi, whakatapua te whakaminenga, tawhiua mai nga kaumatua, whakaminea nga tamariki, ratou ko nga mea ngote u: kia puta te tane marena hou i roto i tona ruma, te wahine marena hou i roto i tona whare moenga.
16လူများတို့ကို ခေါ်၍ စုဝေးသော ပရိသတ်တို့ကို သန့်ရှင်းစေကြလော့။ အသက်ကြီးသော သူတို့ကို၎င်း၊ ငယ်သောသူနှင့်နို့စို့သော သူတို့ကို၎င်း စုဝေးစေကြလော့။ မင်္ဂလာဆောင်လုလင်သည် မိမိအခန်းထဲက၎င်း၊ မင်္ဂလာ ဆောင်သတို့သမီးသည် မိမိကွယ်၍နေသော ကုလားကာ တွင်းက၎င်း ထွက်စေ။
17Kia tangi nga tohunga, nga minita a Ihowa, ki te takiwa o te whakamahau, o te aata, me te ki atu ano, Tohungia, e Ihowa, tau iwi, kaua ano tou kainga tupu e tukua ki te ingoa kino, kia meinga ko nga tauiwi hei rangatira mo ratou: kia korerotia h ei aha i roto i nga iwi, Kei hea to ratou Atua?
17ထာဝရဘုရား၏ အမှုတော်စောင့်၊ ယဇ်ပုရော ဟိတ်တို့သည် အိမ်တော်ဦးနှင့် ယဇ်ပလ္လင်စပ်ကြားမှာ ငိုကြွေးလျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်၏လူများကို သနားတော်မူပါ။ တပါးအမျိုးသားတို့သည် အစိုးရ၍ အမွေတော်လူတို့ကို ကဲ့ရဲ့စေခြင်းငှါ အပ်နှံတော်မမူပါ နှင့်။ သူတို့ ဘုရားသခင်ကား၊ အဘယ်မှာ ရှိသနည်းဟု တပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါ သနည်းဟု လျှောက်ကြစေ။
18¶ Katahi ka hae a Ihowa ki tona whenua, ka manawapa ki tana iwi.
18သို့ပြုလျှင်၊ ထာဝရဘုရားသည် ပြည်တော်ကို မစချင်သော စိတ်အားကြီး၍ မိမိလူတို့ကို ကယ်မသနား တော်မူလိမ့်မည်။
19A ka whakahoki mai a Ihowa, ka ki mai ki tana iwi, Tenei ahau te tuku atu nei i te witi ki a koutou, i te waina, i te hinu, e makona ai koutou; e kore ano e tuku i a koutou a muri nei hei ingoa kino i roto i nga tauiwi:
19အကယ်စင်စစ် ထာဝရဘုရားသည် ထူးတော်မူ လျက်၊ ငါသည် ဆန်စပါး၊ စပျစ်ရည်၊ ဆီကို ပေးလိုက်၍ သင်တို့သည် ဝကြလိမ့်မည်။ နောက်တဖန် တပါးအမျိုး သားကဲ့ရဲ့ရာဖြစ်စေခြင်းငှါ ငါမပြု။
20Engari ka mea ahau kia matara atu i a koutou te ope o te raki, ka aia atu ano ia e ahau ki te whenua waikore, maroke rawa; ko tona mata, anga tonu ki te moana i te rawhiti, ko tona tuara ki te moana i te uru; a ka puta ake tona piro, ka puta ake ano tona haunga kino, he nui hoki no ana mahi.
20မြောက်မျက်နှာတပ်သားတို့ကို သင်တို့နေရာမှ ငါပယ်ရှားမည်။ အဘယ်သူမျှမရှိ၊ သွေ့ခြောက်သော အရပ်သို့ နှင်ထုတ်မည်။ အရှေ့ပင်လယ်ကို မျက်နှာပြု လျက်၊ အနောက်ပင်လယ်ကို ကျောခိုင်းလျက် ချီသွားလိမ့် မည်။ ပုပ်စပ်နံစော်သော အနံ့ထွက်လိမ့်မည်။ ထာဝရ ဘုရားသည် ကြီးသော အမှုတို့ကို ပြုတော်မူမည်ဟု မိန့်တော်မူလိမ့်မည်။
21Kaua e wehi, e te oneone; whakamanamana, kia koa; no te mea he nunui nga mahi a Ihowa.
21အိုပြည်တော်၊ မစိုးရိမ်နှင့်။ ဝမ်းမြောက်ရွှင်လန်း ခြင်းရှိလော့။ ထာဝရဘုရားသည် ကြီးသောအမှုတို့ကို ပြုတော်မူမည်။
22Kaua e wehi, e nga kararehe o te parae; ka pihi hoki nga tarutaru o te koraha, ka hua te rakau i ona hua, e tukua mai ano tona kaha e te piki, e te waina.
22အိုတော သားရဲတို့၊ မစိုးရိမ်ကြနှင့်။ တောမြက် ပင်ပေါက်လျက်၊ သစ်ပင်တို့သည် အသီးကို သီးလျက်၊ သင်္ဘောသဖန်းပင်နှင့် စပျစ်နွယ်ပင်တို့လည်း အားထုတ် လျက်ရှိကြ၏။
23Na whakamanamana, e nga tama a Hiona, kia koa ki a Ihowa, ki to koutou Atua: ka tika hoki tana homai i to mua ua ki a koutou, a ka meinga e ia te ua, to mua ua, me to muri ua, kia heke iho ma koutou i te marama tuatahi.
23အိုဇိအုန်မြို့သားတို့၊ ဝမ်းမြောက်၍ သင်တို့၏ ဘုရားသခင်ထာဝရဘုရားကို အမှီပြုလျက် ရွှင်လန်း ကြလော့။ အကြောင်းမူကား၊ ဓမ္မဆရာကို ပေးတော်မူ၍ အစအဦး၌လည်း အရင်မိုဃ်းနှင့်နောက်မိုဃ်းကို သင်တို့ အပေါ်မှာ ရွာစေတော်မူမည်။
24A ka kapi nga patunga witi i te witi; ko te waina ano me te hinu o nga waka, purena tonu.
24ကောက်နယ်တလင်းတို့သည် စပါးနှင့်ပြည့်၍၊ အသီးနယ်ရာ ကျင်းတို့၌လည်း စပျစ်ရည်နှင့်ဆီ လျှံကြ လိမ့်မည်။
25A ka whakahokia mai e ahau ki a koutou nga tau i kainga e te mawhitiwhiti, e te tatarakihi, e te moka, e te whangawhanga, e taku ope nui i tukua atu e ahau ki a koutou.
25အရာဘကျိုင်း၊ ယာလက်ကျိုင်း၊ ခါသိလကျိုင်း၊ ဂါဇံကျိုင်းတည်းဟူသော ငါစေလွှတ်သော ငါ၏ မဟာ ဗိုလ်ခြေတို့ ကိုက်စားသော နှစ်ပေါင်းကာလကို ငါပြန်ပေး မည်။
26Ka kai noa atu ano koutou, ka makona, ka whakamoemiti hoki ki te ingoa o Ihowa, o to koutou Atua, mo tana mahi whakamiharo ki a koutou: e kore ano taku iwi e whakama a ake ake.
26သင်တို့သည် ဝစွာ စားရကြလိမ့်မည်။ အံ့ဩ ဘွယ်သောအမှုတို့ကို သင်တို့၌ ပြုသော သင်တို့၏ဘုရား သခင်ထာဝရဘုရား၏နာမတော်ကို ချီးမွမ်းကြလိမ့်မည်။ နောက်တဖန် ငါ၏လူတို့သည်လည်း ရှက်ကြောက်ခြင်း မရှိရကြ။
27A ka mohio koutou kei waenga ahau i a Iharaira, ko Ihowa hoki ahau, ko to koutou Atua, kahore atu hoki: e kore ano taku iwi e whakama a ake ake.
27ငါသည် ဣသရေလအမျိုး၏အလယ်၌ရှိ ကြောင်းကို၎င်း၊ အခြားသော ဘုရားမရှိ၊ ငါထာဝရဘုရား သည် သင်တို့၏ဘုရားသခင်ဖြစ်ကြောင်းကို၎င်း သင်တို့ သိရကြလိမ့်မည်။ နောက်တဖန်ငါ၏လူတို့သည် ရှက် ကြောက်ခြင်း မရှိရကြ။
28¶ Na, tenei ake ka ringihia e ahau toku wairua ki nga kikokiko katoa, a e poropiti a koutou tama, a koutou tamahine, ka moemoea o koutou kaumatua, a ka kitea te kitenga e a koutou taitamariki.
28ထိုနောက်မှ လူမျိုးတကာတို့ အပေါ်သို့ ငါ၏ ဝိညာဉ်တော်ကို ငါသွန်းလောင်းမည်။ သင်တို့၏ သားသမီးတို့သည် ပရောဖက်ဉာဏ်နှင့် ဟောပြောရကြ လိမ့်မည်။ အသက်ကြီးသောသူတို့သည် နိမိတ်အိပ်မက် တို့ကို မြင်မက်ရကြလိမ့်မည်။ အသက်ငယ်သော သူတို့ သည်လည်း ဗျာဒိတ်ရူပါရုံတို့ကို မြင်ရကြလိမ့်မည်။
29I aua ra ano ka ringihia e ahau toku wairua ki nga pononga tane, ki nga pononga wahine.
29ငါ၏အမှုကို ဆောင်ရွက်သော ယောက်ျားမိန်းမ တို့အပေါ်သို့ ငါ၏ဝိညာဉ်တော်ကို ငါသွန်းလောင်း၍၊ သူတို့သည် ပရောဖက်ဥာဏ်နှင့် ဟောပြောရကြလိမ့်မည်။
30Ka hoatu ano e ahau he mea whakamiharo i te rangi, i te whenua, he toto, he kapura, he pou paowa.
30မိုဃ်းကောင်းကင်၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ အံ့ဘွယ်သောအရာတည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင် တို့ကို ငါပြမည်။
31Ka rere ke te ra, ka pouri, ka whakatoto te marama, i te mea kiano i puta mai te ra nui, te ra wehi o Ihowa.
31ထာဝရဘုရား၏ ကြောက်မက်ဘွယ်သော နေ့ကြီးမတိုင်မှီ၊ နေသည်မှောင်မိုက်အတိ ဖြစ်လိမ့်မည်။လသည်လည်း သွေးဖြစ်လိမ့်မည်။
32Na, ko te hunga katoa e karanga ana ki te ingoa o Ihowa, ka mawhiti: no te mea hei Maunga Hiona, hei Hiruharama, etahi e mawhiti ana, pera me ta Ihowa i ki ai, a i roto ano i nga morehu etahi e karangatia ana e Ihowa.
32ထိုအခါ ထာဝရဘုရားကို ပဌနာ ပြုသောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြ လတံ့။ အကြောင်းမူကား၊ ထာဝရဘုရားမိန့်တော်မူသည် အတိုင်း ဇိအုနတောင်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရား ခေါ်တော်မူသောသူ အကျန်အကြွင်းတို့အဘို့ ကယ်တင် ခြင်းအခွင့် ရှိရလတံ့။