Maori

Myanmar

Leviticus

6

1¶ I korero ano a Ihowa ki a Mohi, i mea,
1တဖန်ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
2Ki te hara tetahi, a ka he tana ki a Ihowa, a ka teka hoki ki tona hoa, he mea i tukua ki a ia kia tiakina, he whakaaetanga ranei, he mea ranei i pahuatia, he whakahaere he ranei ki tona hoa;
2တစုံတယောက်သောသူသည် သူတပါးအပ်နှံသော ဥစ္စာအတွက် ပေါင်ထားသော ဥစ္စာအတွက်၊ မိမိနှင့် စပ်ဆိုင်သောသူအား မုသားစကားကို ပြောသော်၎င်း၊ သူဥစ္စာကို အနိုင်အထက်ယူသော်၎င်း၊ မိမိနှင့် စပ်ဆိုင်သောသူကို လှည့်စား သော်၎င်း၊
3I kitea ranei e ia te mea i ngaro, a ka korero teka ki taua mea, ka oati teka; i tetahi ranei o enei tini mea e mea ai te tangata, e whai hara ai:
3ပျောက်သောဥစ္စာကို တွေ့သောအခါ၊ မုသာစကားကိုပြော၍ မဟုတ်မမှန်ဘဲ ကျိန်ဆိုသော်၎င်း၊ ထိုသို့သော ဒုစရိုက်တစုံတခုကို ပြု၍ ထာဝရဘုရားကို ပြစ်မှားမိလျှင်၊
4Na, kua hara nei ia, kua he, me whakahoki e ia te mea i pahuatia, te mea ranei i murua e ia, te mea ranei i waiho ki a ia kia tiakina, te mea ngaro ranei i kitea e ia,
4ထိုသူသည် ပြစ်မှား၍ အပြစ်ရောက်သောကြောင့်၊ အနိုင်အထက်ယူသော ဥစ္စာ၊ လှည့်စား၍ ရသော ဥစ္စာ ၊ သူတပါး အပ်နှံသော ဥစ္စာ၊ ပျောက်၍တွေ့သော ဥစ္စာ၊
5Nga mea katoa ranei i oati teka ai ia; me utu e ia taua mea kia tino rite, ka tapiri ano ki te wahi whakarima: me homai e ia ki te tangata nona, i te ra e kitea ai kua hara ia.
5မဟုတ်မမှန်ဘဲ ကျိန်ဆို၍၊ ရသောဥစ္စာ အဘိုးနှင့်တကွ၊ ငါးစုတစုကို ထပ်၍ ဒုစရိုက်ဖြေသော ယဇ်ပူဇော်သောနေ့၌ ဥစ္စာရှင်အား ပြန်ပေးရမည်။
6A me kawe e ia tana whakahere mo te he ki a Ihowa, he hipi toa, he kohakore no te kahui, kei tau te utu, hei whakahere mo te he, ki te tohunga:
6ဒုစရိုက်ဖြေရာယဇ်ကို ပြုခြင်းငှါ ချင့်တွက်သော အလျော်ငွေနှင့်တကွ၊ ဒုစရိုက်ဖြေရာယဇ်တည်းဟူ သော အပြစ်မပါသော သိုးထီးကို၊ ထာဝရဘုရားထံတော်၊ ယဇ်ပုရောဟိတ်ရှေ့သို့ ဆောင်ခဲ့ရမည်။
7A ma te tohunga e whakamarie mona ki te aroaro o Ihowa: a ka murua te he o tana i nga mea katoa i mea ai ia, i hara ai.
7ယဇ်ပုရောဟိတ်သည် ထိုသူအဘို့ ထာဝရဘုရားရှေ့တော်၌ အပြစ်ဖြေခြင်းကို ပြုလျှင်၊ သူပြစ်မှား သမျှသော အပြစ်လွတ်လိမ့်မည်ဟု မိန့်တော်မူ၏။
8¶ I korero ano a Ihowa ki a Mohi, i mea,
8တဖန်မောရှေအား ထာဝရဘုရားက၊
9Whakahaua a Arona ratou ko ana tama, mea atu, Ko te ture tenei mo te tahunga tinana: me uta te tahunga tinana ki runga ki te takuahi o te aata a pau noa te po, taea noatia te ata; kia ka tonu hoki te ahi o te aata ki runga ki a ia.
9သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရသော မီးရှို့ရာ ယဇ်ပူဇော်ခြင်းတရားဟု မူကား၊ ယဇ်ကောင်ကို၊ ယဇ်ပလ္လင် ထင်းမီးပေါ်မှာ တညဉ့်လုံး နံနက်တိုင်အောင်ရှိစေ၍၊ ယဇ်ပလ္လင်မီးသည် အစဉ်လောင်ရမည်။
10A me kakahu e te tohunga tona kakahu rinena, me mau ano ona tarau rinena ki tona kiri, ka kohi ai i nga pungarehu i pau tahi me te tahunga tinana i te ahi i runga i te aata, a ka waiho i te tahi o te aata.
10ယဇ်ပုရောဟိတ်သည် ပိတ်အင်္ကျီ၊ ပိတ်ပေါင်းဘီကို ဝတ်လျက်၊ ယဇ်ပလ္လင်ပေါ်မှာ ကျွမ်းလောင်သော မီးရှို့ရာ ယဇ်ပြာကို ကျုံး၍ ပလ္လင်အနားမှာ ထားရမည်။
11Na ka whakarere atu ia i ona kakahu, ka kakahu i etahi atu kakahu, a ka mau i nga pungarehu ki waho i te puni, ki te wahi pokekore.
11တဖန် အဝတ်ကိုလဲ၍၊ ထိုပြာကို တပ်ပြင်၌ ရှင်းလင်းသောအရပ်သို့ ယူသွားရမည်။
12Kia ka tonu ano te ahi o te aata, kei pirau: me whakau ano e te tohunga nga wahie ki runga, i tenei ata, i tenei ata; me ata whakatakoto ano e ia te tahunga tinana ki runga, a me tahu e ia te ngako o nga whakahere mo te pai ki runga.
12ယဇ်ပလ္လင်မီးသည် မသေဘဲ အစဉ်လောင်ရမည်။ ယဇ်ပုရောဟိတ်သည် နံနက်တိုင်း ထင်းမီးထည့်၍၊ ထင်းပေါ်မှာ မီးရှို့ရာယဇ်ကို ခင်းရမည်။ ထိုပလ္လင်ပေါ်မှာလည်း၊ မိဿဟာယယဇ်ဆီဥကို မီးရှို့ရမည်။
13Kia ka tonu te ahi i runga i te aata; kei pirau.
13ယဇ်ပလ္လင်မီးသည် အလျှင်းမသေဘဲ၊ အစဉ်မပြတ်လောင်ရမည်။
14¶ Na ko te ture tenei mo te whakahere totokore: ma nga tama a Arona e tapae ki te aroaro o Ihowa, ki mua i te aata.
14ဘောဇဉ် ပူဇော်သက္ကာ တရားဟူမူကား၊ အာရုန်၏သားတို့သည် ထိုပူဇော်သက္ကာကို ထာဝရ ဘုရားထံတော်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သောအခါ၊
15Me ao e ia, kia ki tona ringa, i te paraoa pai o te whakahere totokore, i te hinu hoki, me te parakihe katoa ano hoki i runga i te whakahere totokore, ka tahu ai ki runga ki te aata hei kakara reka, hei whakamahara mo taua mea ki a Ihowa.
15ဘောဇဉ်ပူဇော်သက္ကာ မုန့်ညက်တလက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ပူဇော်သက္ကာ အတွက်အတာကိုယူ၍ ထာဝရဘုရားအား မွှေးကြိုင်စရာဘို့၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။
16A ma Arona ratou ko ana tama e kai te toenga o taua mea: me kai kore rewena ki te wahi tapu; hei te marae o te tapenakara o te whakaminenga ratou kai ai.
16ကြွင်းသောအရာတို့ကို၊ အာရုန်နှင့် သူ၏သားတို့သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်း တွင်၊ သန့်ရှင်းရာဌာန၌ တဆေးမပါဘဲ စားရမည်။
17E kore e tunua rewenatia. Kua hoatu e ahau taua mea hei wahi ma ratou i roto i aku whakahere ahi. He tino tapu tena, rite tonu ano ki te whakahere hara, ki te whakahere mo te he.
17ထိုမုန့်ညက်ကို တဆေးထည့်၍ မုန့်မလုပ်ရ။ မီးဖြင့် ငါ့အား ပြုသော ပူဇော်သက္ကာထဲက ထိုမုန့်ညက် ကို သူတို့အဘို့ ဖြစ်စေခြင်းငှါ ငါပေးပြီ။ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်ကဲ့သို့ အလွန်သန့်ရှင်း ပေ၏။
18Hei kai tena ma nga tane katoa o nga tama a Arona, hei wahi pumau ma ratou puta noa i o koutou whakatupuranga o nga whakahere ahi a Ihowa: ka tapu nga tangata katoa e pa ana ki ena.
18အာရုန်၏ သားယောက်ျားအပေါင်းတို့သည် စားရကြမည်။ မီးဖြင့် ထာဝရဘုရားအား ပြုသော ပူဇော်သက္ကာကို ကိုင်သောသူအပေါင်းတို့သည် သန့်ရှင်းကြမည်ဟု သင်တို့အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်တော် ဖြစ်သတည်းဟု မိန့်တော်မူ၏။
19I korero ano a Ihowa ki a Mohi, i mea,
19တဖန်ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊
20Ko te whakahere tenei ma Arona ratou ko ana tama, ko ta ratou e whakahere ai ki a Ihowa i te ra e whakawahia ai ia; ko te whakatekau epa paraoa hei whakahere totokore, hei mea mau tonu, ko tetahi wahi ona i te ata, ko tetahi wahi i te ahiahi.
20အာရုန်နှင့် သူ၏သားတို့သည် ဘိသိက်ခံသောနေ့မှစ၍၊ ထာဝရဘောဇဉ် ပူဇော်သက္ကာဖြစ်စေခြင်း ငှါ၊ မုန့်ညက်တဩမဲကို၊ နံနက်တဝက်၊ ညတဝက် ထာဝရဘုရားအား ပူဇော်ရမည်။
21Me hanga ki te hinu ki runga i te paraharaha; a ka oti te tunu, ka kawe ki roto; a ka whakahere i nga wahi i tunua o te whakahere totokore, hei kakara reka ki a Ihowa.
21ထိုမုန့်ညက်ကို ဆီထည့်၍၊ သံပြားပူနှင့် မုန့်လုပ်ပြီးမှ၊ ဆောင်ခဲ့၍ ချိုးဖဲ့သဖြင့် ဘောဇဉ်ပူဇော်သက္ကာ အကျိုးအပဲ့တို့ကို ထာဝရဘုရားအား မွှေးကြိုင်စရာဘို့ ပူဇော်ရမည်။
22Ma te tohunga i whakawahia i roto i ana tama hei whakakapi mona e mahi: he tikanga pumau, me tahu katoa ki a Ihowa.
22အာရုန်အရာ၌ ဘိသိက်ခံသော သားသည်လည်း၊ ထိုပူဇော်သက္ကာကို ပြုရမည်။ ထာဝရဘုရားအဘို့ ထာဝရပညတ်တော် ဖြစ်သတည်း။
23Me tahu katoa nga whakahere totokore katoa a te tohunga: kaua hei kainga.
23ယဇ်ပုရောဟိတ်အတွက် ပြုသောဘောဇဉ် ပူဇော်သက္ကာရှိသမျှကို အကုန်အစဉ် မီးရှို့ရမည်။ အလျှင်းမစားရဟု မိန့်တော်မူ၏
24¶ I korero ano a Ihowa ki a Mohi, i mea,
24တဖန်မောရှေအား ထာဝရဘုရား မိန့်တော်မူသည်မှာ၊
25Korero ki a Arona ratou ko ana tama, mea atu, Ko te ture tenei mo te whakahere hara: Ko te wahi e patua ai te tahunga tinana, ko reira patu ai i te whakahere hara, ki te aroaro o Ihowa: he tino tapu tena.
25သင်သည် အာရုန်နှင့် သူ၏သားတို့အား ဆင့်ဆိုရသော အပြစ်ဖြေရာယဇ် ပူဇော်ခြင်းတရားဟူမူကား၊ မီးရှို့ရာယဇ်ကောင်သတ်ရာအရပ်၌ ထာဝရဘုရားရှေ့တော်မှာ အပြစ်ဖြေရာယဇ်ကို သတ်ရမည်။ အလွန်သန့်ရှင်းပေ၏။
26Ko te tohunga nana i whakahere taua mea mo te hara, mana e kai: me kai ki te wahi tapu, ki te marae o te tapenakara o te whakaminenga.
26အပြစ်ဖြေဘို့ ပူဇော်သော ယဇ်ပုရောဟိတ်သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်းတွင် သန့်ရှင်းရာဌာန၌ စားရမည်။
27Ki te pa tetahi mea ki tona kikokiko, ka tapu: a ki te maringi tetahi wahi o ona toto ki tetahi kakahu, me horoi ki te wahi tapu te mea i maringi nei taua toto ki runga.
27ထိုအသားကို ထိသမျှသည် သန့်ရှင်း၏။ အသွေးဖြန်းသမျှသော အဝတ်တို့ကို သန့်ရှင်းရာဌာန၌ လျော်ရမည်။
28Ko te oko oneone ia i kohuatia ai me wahi: a ki te mea i kohuatia ki te oko parahi, na me mukumuku, ka horoi ai ki te wai.
28ထိုအသားပြုတ်သော မြေအိုးကို ခွဲရမည်။ ကြေးဝါအိုးဖြစ်လျှင် ပွတ်၍ ရေနှင့်ဆေးရမည်။
29Ma nga tane katoa i roto i nga tohunga e kai; he mea tino tapu.
29ယဇ်ပုရောဟိတ် ယောက်ျားအပေါင်းတို့သည် စားရကြမည်။
30Kaua hei kainga te whakahere hara, e kawea nei tetahi wahi o ona toto ki roto ki te tapenakara o te whakaminenga hei whakamarie ki te wahi tapu: me tahu ki te ahi.
30အလွန်သန့်ရှင်းပေ၏။ အပြစ်ဖြေရာယဇ် အသွေးကို သန့်ရှင်းရာဌာန၌ အပြစ်ဖြေခြင်းငှါ၊ ပရိတ်သတ်စည်းဝေးရာ တဲတော်အတွင်းသို့ ဆောင်ခဲ့လျှင်၊ ထိုယဇ်အသားကို မစားရ။ မီးရှို့ရမည်။