Maori

Myanmar

Proverbs

5

1¶ E taku tama, tahuri ki oki whakaaro nui, kia anga tou taringa ki toku matauranga:
1ငါ့သား၊ သင်သည် သမ္မာသတိရှိ၍၊ သင့်၏နှုတ် ခမ်းသည် သိပ္ပံအတတ်ကို စောင့်မည်အကြောင်း၊ ငါ့ပညာ ကိုမှတ်ကျုံး၍၊ ငါပေးသောဥာဏ်သို့ သင့်နားကို လှည့်လော့။
2Kia u ai koe ki te ngarahu pai, kia mau ai te matauranga i ou ngutu.
3အကြောင်းမူကား၊ အမျိုးပျက်သောမိန်းမ၏ နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ယိုတတ်၍၊ သူပြောသောစကား သည် ဆီထက်ချောသော်လည်း၊
3Ko nga ngutu hoki o te wahine ke, kei te maturuturunga iho o te honikoma, ngawari iho tona mangai i te hinu.
4အဆုံး၌ကား၊ သူသည်ဘင်းခါးရွက်ကဲ့သို့ခါး၍၊ သန်လျက်နှင့်အမျှ ထက်၏။
4He kawa rawa hoki tona mutunga i te taru kawa; he koi, ano he hoari matarua.
5သူ၏ခြေတို့သည် သေခြင်းသို့ဆင်း၍၊ သူသွား ရာလမ်းသည် မရဏာနိုင်ငံသို့ ရောက်တတ်၏။
5Ko ona waewae e heke ana ki te mate, mau pu te reinga i ona takahanga;
6သင်သည်အသက်လမ်းကို မဆင်ခြင်ရအောင်၊ သူ့ထုံးစံဓလေ့တို့သည် တရွေ့ရွေ့ပြောင်းလဲသဖြင့်၊ သင်သည် နားမလည်နိုင်ရ။
6Heoi kahore i kitea e ia te ara totika ki te ora: he kotiti ke ona ara, a kahore ia i te matau.
7သို့ဖြစ်၍ ငါ့သားတို့၊ ငါ့စကားကို နားထောင်ကြ လော့။ ငါဟောပြောချက်တို့ကို မပယ်ကြနှင့်။
7Na reira, e aku tamariki, whakarongo mai ki ahau, kei mahue hoki nga kupu a toku mangai.
8ထိုသို့သောမိန်းမကို ဝေးစွာရှောင်သွားလော့။ သူ့နေရာတံခါးဝသို့ မချဉ်းနှင့်။
8Kia matara tou ara i a ia, kaua hoki e tata ki te tatau o tona whare;
9သို့မဟုတ် သင်သည် ကိုယ်ဂုဏ်အသရေကို သူ တပါး၌၎င်း၊ ကိုယ်အသက်ကို ကြမ်းတမ်းသော သူတို့၌ ၎င်း အပ်လိမ့်မည်။
9Kei hoatu tou honore ki nga tangata ke, ou tau ki te hunga nanakia:
10တပါးအမျိုးသားတို့သည် သင်၏စည်းစိမ်နှင့် ပြည့်ဝကြလိမ့်မည်။ သင်လုပ်၍ ရသောဥစ္စာသည် တပါး အမျိုးသားအိမ်သို့ ရောက်လိမ့်မည်။
10Kei makona nga tangata ke i tou kaha, kei riro ou mauiui ki te whare o te tangata ke;
11နောက်ဆုံး၌ သင့်အသား၊ သင့်ကိုယ်ကာယ ဆွေးမြေ့သောအခါ၊
11A ka tangi koe i tou whakamutunga, ina poto ou kikokiko me tou tinana.
12ငါသည် သွန်သင်ခြင်းကို မုန်းလေပြီတကား။ ဆုံးမခြင်းကို စိတ်နှလုံးထဲမှာ မထီမဲ့မြင်ပြုလေပြီ တကား။
12A ka mea, Katae toku kino ki te ako; katae te mauiui o toku ngakau ki te tohutohu!
13ငါ့ဆရာတို့၏ စကားကိုနားမထောင်ဘဲ၊ ငါ့အား သွန်သင်သော သူတို့၏စကားကို နားမခံဘဲနေလေပြီ တကား။
13Kihai hoki ahau i whakarongo ki te reo o oku kaiwhakaako, kihai toku taringa i anga ki te hunga e tohutohu ana i ahau.
14စည်းဝေးသော ပရိတ်သတ်များအလယ်၌ ဒုစရိုက်မျိုးကို ကုန်စင်လုသည်တိုင်အောင် ငါပြုလေပြီ တကားဟု မြည်တမ်းရလိမ့်မည်။
14Wahi iti kei nga kino katoa ahau i waenganui o te whakaminenga, o te huihui.
15ကိုယ်ဆိုင်သော ရေအိုးကို သုံး၍၊ ကိုယ်ရေတွင်း ထဲက ထွက်သော စမ်းရေကို သောက်လော့။
15¶ Inumia he wai i roto i tau ake rua, me nga wai rere ano i roto i tau ake poka.
16သင်၏ စမ်းရေများပြား၍၊ လမ်းများအနားမှာ စီးသော မြစ်များ ဖြစ်စေလော့။
16Kia tohatoha noa atu koia au puna wai, nga awa wai i nga huarahi?
17တပါးအမျိုးသားနှင့် ပေါင်းဘက်၍ မဆိုင်စေဘဲ၊ ကိုယ်တပါးတည်းသာ ဆိုင်စေလော့။
17Waiho ena mau anake, kauaka ma koutou tahi ko nga tangata ke.
18သင်၏စမ်းရေတွင်း၌မင်္ဂလာရှိစေ၍၊ အသက် အရွယ်ပျိုစဉ် ကာလ၊ ပေါင်းဘော်သော မယားနှင့်အတူ ပျော်မွေ့လော့။
18Kia manaakitia tau puna wai: kia koa ano koe ki te wahine o tou taitamarikitanga.
19သူသည်စုံမက်တတ်သော သမင်မ၊ နှစ်လိုဘွယ် သော ဒရယ်မကဲ့သို့ဖြစ်၍၊ သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ၍၊ သူ့ကိုချစ်သော စိတ်နှင့် အစဉ်ယစ်မူးလျက်နေလော့။
19Kia rite ia ki taua mea ahuareka, ki te hata, ki te mea ataahua ki te anaterope; kia makona koe i ona u i nga wa katoa, kia matenuitia tonutia e koe tona aroha.
20ငါ့သား၊ သင်သည် အမျိုးပျက်သောမိန်းမနှင့် အဘယ်ကြောင့် ယစ်မူးသနည်း။ ပြည်တန်ဆာမ၏ ရင်ပတ်ကိုအဘယ်ကြောင့် ဘက်ယမ်းသနည်း။
20He aha oti koe, e taku tama, ka matenui ai ki te wahine ke, i awhi ai i te uma o te wahine ke?
21လူသွားလာသမျှသော လမ်းတို့သည် ထာဝရ ဘုရားမျက်မှောက်တော်၌ ရှိကြ၍၊ သွားလာသမျှသော အခြင်းအရာတို့ကို စူးစမ်းတော်မူ၏။
21Kei mua hoki i nga kanohi o Ihowa nga ara o te tangata, a e meinga ana e ia kia papatairite ona ara katoa.
22အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့် ဘမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကို ခံရ လိမ့်မည်။
22Ko ona kino ano hei hopu i te tangata kino, hei taura ona hara e mau ai ia.
23သူသည် အလွန်မိုက်သောကြောင့်မှားယွင်း၍၊ သွန်သင်ခြင်းကို မခံရဘဲသေသွားရလိမ့်မည်။
23Ka mate ia, he mea kihai i whakaakona, ka pohehe i te nui o tona wairangi.