1¶ A i kite ano ahau i te ringa matau o tera e noho ra i runga i te torona, he pukapuka kua oti te tuhituhi a roto, a tua hoki, he mea hiri ki nga hiri e whitu.
1ထိုအခါတဘက်တချက်၌ အက္ခရာတင်၍ တံဆိပ်ခုနစ်ချက် ခတ်သော စာစောင်ကို ပလ္လင်တော်ပေါ် မှာ ထိုင်တော်မူသောသူ၏ လက်ျာလက်၌ငါမြင်၏။
2A i kite ahau i tetahi anahera kaha e karanga ana, he nui te reo, Ko wai e tika ana hei whakatuwhera i te pukapuka, hei wawahi i ona hiri?
2အားကြီးသောကောင်းကင်တမန်တပါးက၊ ထိုစာစောင်ကိုဖွင့်၍ တံဆိပ်တို့ကိုခွါခြင်းငှါ အဘယ်သူထိုက် သနည်းဟု ကြီးသောအသံနှင့် ကြွေးကြော်လျက်ရှိသည်ကို ငါမြင်၏။
3A kihai i taea e tetahi i te rangi, i te whenua ranei, i raro ranei i te whenua, te whewhera i te pukapuka, te titiro ranei ki reira.
3ထိုစာစောင်ကိုဖွင့်၍ကြည့်ခြင်းငှါ ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၌ အဘယ်သူမျှမတတ်နိုင်။ ထိုစာစောင်ကိုဖွင့်၍ ကြည့်ထိုက်သောသူ တယောက်ကိုမျှ ရှာ၍မတွေ့သောကြောင့်၊ ငါသည် များစွာငိုကြွေးလေ၏။
4Na nui atu toku tangi, no te mea kihai i kitea tetahi e tika ana hei whewhera i te pukapuka, hei titiro iho ranei ki reira:
4ထိုအခါအသက်ကြီးသောသူတပါးက၊ မငိုကြွေးနှင့်၊ ယုဒအမျိုး ခြင်္သေ့သတည်းဟူသော ဒါဝိဒ်၏။ အမြစ်သည် ထိုစာစောင်ကို၎င်း၊
5Na ka mea mai tetahi o nga kaumatua ki ahau, Kaua e tangi, na, kua riro te wikitoria i te Raiona o te hapu o Hura, i te Putake o Rawiri, mana e whakatuwhera te pukapuka, e wawahi ona hiri e whitu.
5တံဆိပ် ခုနစ် ချက်တို့ကို၎င်း၊ ဖွင့်ခြင်းငှါ အောင်မြင်လေပြီဟု ငါ့ကို ပြောဆို၏။
6¶ A i kite ano ahau, na, i waenganui o te torona, o nga mea ora hoki e wha, i waenganui ano hoki o nga kaumatua, he Reme e tu ana, te ahua kei to te mea i whakamatea, e whitu ona haona, e whitu nga kanohi; ko nga Wairua e whitu enei o te Atua, kua tonoa nei puta noa i te ao.
6ထိုအခါပလ္လင်တော်မှစသော သတ္တဝါလေးပါး နှင့်အသက်ကြီး သူတို့အလယ်၌၊ အသေသတ်ပြီးသကဲ့သို့ သော သိုးသငယ်သည် ရပ်လျက်ရှိသည်ကို ငါမြင်၏။ ထိုသိုးသငယ်သည် မြေကြီးတပြင်လုံး၌ လွှတ်သော ဘုရားသခင်၏ ဝိညာဉ်ခုနစ်ပါးတည်းဟူသော မျက်စိ ခုနစ်လုံးနှင့် ချိုခုနစ်ချောင်းရှိ၏။
7Na ka haere atu ia, ka tango i te pukapuka i roto i te matau o tera e noho ra i runga i te torona.
7သူသည်လာ၍ ပလ္လင်တော်ပေါ်မှာထိုင်တော်မူသော သူ၏ လက်ျာလက်မှစာစောင်ကို ခံယူလေ၏။
8A, no ka tango ia i te pukapuka, ka hinga iho nga mea ora e wha, me nga kaumatua e rua tekau ma wha, ki te aroaro o te Reme, he hapa i tetahi, i tetahi o ratou, me nga oko koura ki tonu i nga mea kakara, ko nga inoi era a te hunga tapu.
8ထိုစာစောင်ကိုခံယူသောအခါ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်းသူတို့၏ ပဌနာတည်းဟူသောမီးရှို့ရာ နံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍ သိုးသငယ်ရှေ့၌ပြပ်ဝပ်လျက်၊
9Na ka waiata ratou i te waiata hou, ka mea, Pai tonu koe hei tango i te pukapuka, hei wahi i ona hiri: i whakamatea hoki koe, a hokona ana matou e koe hei hunga ma te Atua ki ou toto, i roto i nga hapu, i nga reo, i nga huihuinga tangata, i nga i wi katoa;
9ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော် မူသောအားဖြင့်၊ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရား သခင်အဘို့ ရွေးနှုတ်တော်မူ၏။
10A meinga ana ratou e koe hei kingi, hei tohunga ki to matou Atua: ka kingi ano ratou ki runga ki te whenua.
10အကျွန်ုပ်တို့၏ ဘုရားသခင်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသော အခွင့်ကိုပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကို ခံယူ၍တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏ဟု အသစ်သောသီချင်းကိုသီ၍ လျှောက်ဆိုကြ၏။
11Na i kite ahau, i rongo hoki ahau i te reo o nga anahera maha i nga taha katoa o te torona, o nga mea ora hoki, o nga kaumatua: na ko to ratou tokomaha kei nga mano tekau mano tekau, me nga mano mano;
11ထိုအခါ ငါကြည့်၍ ပလ္လင်တော်မှစသော သတ္တဝါတို့နှင့် အသက်ကြီးသူတို့၏ ပတ်ဝန်းကျင်၌ ကုဋေ သင်္ချေမကအတိုင်းမသိ များစွာသော ကောင်းကင်တမန် တို့၏ အသံကို ငါကြား၏။
12Nui atu to ratou reo ki te mea mai, Pai tonu te Reme i whakamatea hei tango i te kaha, i te taonga, i te matauranga, i te mana, i te honore, i te kororia, i te whakapai.
12ထိုသူတို့ကလည်း၊ အသေသတ်ခြင်းကိုခံခဲ့ပြီးသော သိုးသငယ်သည်၊ တန်ခိုး၊ စည်းစိမ်၊ ပညာ၊ အစွမ်း သတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ ကောင်းကြီး မင်္ဂလာကိုခံထိုက်တော်မူ၏ဟု ကြီးသောအသံနှင့် ပြောဆိုကြ၏။
13I rongo ano ahau ki nga mea hanga katoa o te rangi, o te whenua, i raro ano hoki i te whenua, ki era hoki i te moana, ki nga mea katoa o reira, e mea ana, Waiho atu i tenei e noho nei i runga i te torona, i te Reme hoki, te whakapai, te honore, te kororia, te kaha a ake ake.
13ကောင်းကင်၊ မြေကြီး၊ မြေကြီးအောက်၊ သမုဒ္ဒရာအထဲ၊ အရပ်ရပ်တို့၌ရှိရှိသမျှသော ဝေနေယျသတ္တဝါ အပေါင်းတို့က၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော်မူသောသူနှင့် သိုးသငယ်သည် ကမ္ဘာအဆက်ဆက် ကောင်းကြီး မင်္ဂလာ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော်၊ အစွမ်းသတ္တိရှိ တော်မူစေသတည်းဟု ပြောဆိုကြသည်ကို ငါကြား လေ၏။
14Na ka mea nga mea ora e wha, Amine. A ka hinga iho nga kaumatua, ka koropiko.
14သတ္တဝါလေးပါးတို့ကလည်း အာမင်ဟုခေါ်ဝေါ်ကြ၏။ အသက်ကြီးသူတို့သည်လည်း ပြပ်ဝပ်၍ ကိုးကွယ်ကြ၏။