1¶ Ko te poropititanga o te kupu a Ihowa i te whenua o Hararaka. Na, ko tona taunga atu kei Ramahiku; e whai kanohi ana hoki te tangata me nga hapu katoa o Iharaira ki a Ihowa.
1ထာဝရဘုရား၏ဗျာဒိတ် နှုတ်ကပတ်တော်သည် ဟာဒရက်ပြည်နှင့် ဒမာသက်မြို့၌ သင့်ရောက်ပေ၏။ ထာဝရဘုရားသည် လူမျိုးကို၎င်း၊ ဣသရေလအမျိုး အနွှယ်အပေါင်းတို့ကို၎င်း ကြည့်ရှုလျက် ရှိတော်မူ၏။
2Kei Hamata ano e tata ra ki reira; kei Taira, kei Hairona no te mea he pa whakaaro nui rawa ia.
2ထိုပြည်နှင့် နီးစပ်သော ဟာမတ်ပြည်၌၎င်း၊ တုရုမြို့သည် လိမ္မာသောကြောင့် ထိုမြို့နှင့် ဇိဒုန်မြို့၌၎င်း သင့်ရောက်ပေ၏။
3I hanga ano e Taira he pa kaha mona, i opehia e ia te hiriwa, ano he puehu, te koura parakore, ano ko te paru o nga waharoa.
3တုရုမြို့သည် မိမိအဘို့ ရဲတိုက်ကို တည်ဆောက် ၍၊ ငွေကို မြေမှုန့်ကဲ့သို့၎င်း၊ ရွှေစင်ကိုလမ်း၌ရှိသော ရွံ့ ကဲ့သို့၎င်း စုပုံသော်လည်း၊
4Nana, ma te Ariki ia e pei, ka patua hoki e ia tona kaha i te moana; ka pau ia i te ahi.
4ထာဝရဘုရားသည် သူတပါးလက်သို့ သူ့ကိုအပ် ၍၊ သူ့ခွန်အားကို ပင်လယ်ထဲသို့ ချတော်မူသဖြင့်၊ မြို့ သည် မီးဖြင့် ကျွမ်းလောင်လိမ့်မည်။
5Ka kite a Ahakerono, a ka wehi, a Kaha, nui atu te mamae, me Ekerono ano; no te mea he whakama to tana i tumanako ai; ka kore hoki to Kaha kingi; e kore ano a Ahakerono e nohoia.
5ထိုအမှုကို အာရှကေလုန်မြို့သည် မြင်၍ ကြောက်လိမ့်မည်။ ဂါဇမြို့သည် မြင်၍ အလွန်တုန်လှုပ် လိမ့်မည်။ ဧကြုန်မြို့လည်း မြော်လင့်၍ အရှက်ကွဲသော ကြောင့် ထိုအတူဖြစ်လိမ့်မည်။ ဂါဇမင်းကြီးသည် ဆုံးလိမ့် မည်။ အာရှကေလုန်မြို့သည်လည်း အစိုးမရ။
6A ka nohoia a Aharoro e te poriro, ka hatepea atu ano e ahau te whakapehapeha o nga Pirihitini.
6အာဇုတ်မြို့၌ တကျွန်းတနိုင်ငံသားတို့သည် နေကြလိမ့်မည်။ ဖိလိတ္တိအမျိုး၏ မာနကိုလည်း ငါချိုးဖဲ့ မည်။
7Ka kore ano i ahau ona toto i roto i tona mangai, me ana mea whakarihariha i waenganui i ona niho; na, hei morehu ia mo to tatou Atua, ka rite ano ki te kawana i roto i a Hura, ka rite ano a Ekerono ki te Iepuhi.
7သူစားသော အသွေးကို သူ၏ပစပ်ထဲမှ၎င်း၊ သူကိုက်သော ရွံ့ရှာဘွယ်တို့ကို သူ၏သွားကြားမှ၎င်း ငါနှုတ်ပယ်မည်။ ကျန်ကြွင်းသောသူသည်လည်း ငါတို့ ဘုရားသခင်အဘို့ ကျန်ကြွင်း၍၊ ယုဒပြည်၌ မင်းကဲ့သို့ နေလိမ့်မည်။ ဧကြုန်မြို့သားလည်း ယေဗုသိလူကဲ့သို့ ဖြစ်လိမ့်မည်။
8Ka nohoia ano e ahau nga taha o toku whare, hei arai mo te taua, mo te tangata ano e tika ana na reira, mo te tangata e hoki ana; e kore ano te kaitukino e tika na waenga i a ratou a muri ake nei: kua kite nei hoki oku kanohi inaianei.
8အဘယ်ရန်သူမျှ မထွက်မဝင်စေခြင်းငှါ၊ ငါ့အိမ် တော်ပတ်လည်၌ တပ်ချမည်။ ညှဉ်းဆဲသောသူသည် ငါ့ လူတို့ကို နောက်တဖန် မနှိပ်နင်းရ။ အကြောင်းမူကား၊ ငါသည် ယခု ကိုယ်တိုင်ကြည့်၍ မြင်ပြီ။
9¶ Kia nui te whakamanamana, e te tamahine a Hiona, hamama, e te tamahine a Hiruharama, nana, ko tou Kingi e haere na ki a koe: he tika ia, he whakaora, he ngakau mahaki, e noho ana i runga i te kaihe, i te kuao ano, i te tama a te kaihe.
9အိုဇိအုန်သတို့သမီး၊ အလွန်ဝမ်းမြောက်လော့။ အိုယေရုရှလင်မြို့သတို့သမီး၊ ကြွေးကြော်ကြလော့။ တရားသဖြင့် စီရင်၍ ကယ်တင်ခြင်းသို့ ရောက်သော သခင်၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်း ကလေးကို စီး၍ နူးညံ့သိမ်မွေ့သော စိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့။
10A ka hatepea atu e ahau te hariata o Eparaima, me te hoiho o Hiruharama; ka hatepea atu ano te kopere o te whawhai: mo te rongo mau hoki ana kupu ki nga tauiwi; ka kingi ano ia i tetahi moana a tae noa ki tetahi moana, i te awa a tae noa ki nga pito o te whenua.
10ငါသည် ဧဖရိမ်ပြည်၌ ရထားကို၎င်း၊ ယေရု ရှလင်မြို့၌ မြင်းကို၎င်း ပယ်ဖြတ်မည်။ စစ်လေးကိုလည်း ပယ်ဖြတ်မည်။ တပါးအမျိုးသားတို့သည် စစ်ငြိမ်းမည် အကြောင်းကို ထိုအရှင်သည် မိန့်တော်မူမည်။ အာဏာ တော်လည်း ပင်လယ်တပါးမှသည် ပင်လယ်တပါးတိုင် အောင်၎င်း၊ မြစ်မှသည် မြေကြီးစွန်းတိုင်အောင်၎င်း တည်လိမ့်မည်။
11Me koe ano, na te toto o tau kawenata i unga atu ai e ahau ou herehere i roto i te poka kahore nei ona wai.
11သင်၏အမှုမူကား၊ ချုပ်ထားလျက်ရှိသော သင် ၏လူတို့ကို၊ ရေမရှိသော မြေတွင်းထဲက၊ သင်နှင့် ဖွဲ့သော ပဋိညာဉ်အသွေးကြောင့် ငါကယ်လွှတ်မည်။
12¶ Tahuri ki te pa kaha, e nga herehere, e te hunga e tumanako ana: i tenei ra nei me whakaatu e ahau e rua aku whakautu ki a koe:
12အချုပ်ခံ၍ မြော်လင့်သော သူတို့၊ ရဲတိုက်သို့ ပြန်လာကြလော့။ ငါသည် နှစ်ဆသော ကျေးဇူးကို ပြုဦး မည်ဟု ယနေ့ပင် ပြောထား၏။
13Kua piko hoki i ahau a Hura maku, kua whakakiia te kopere ki a Eparaima; a ka oho i ahau au tama, e Hiona, ki te whawhai ki au tama, e Kariki, ka meinga hoki koe e ahau kia rite ki te hoari a te marohirohi.
13ယုဒလေးကို ငါတင်၍၊ ဧဖရိမ်လေးကို ဆွဲငင် လျက်၊ ဇိအုန်သားတို့ကို ဟေလသသားတို့တဘက်၌ နှိုး ဆော်၍၊ သင့်ကို သူရဲ၏ထားကဲ့သို့ ဖြစ်စေမည်။
14A ka kitea a Ihowa i runga i a ratou, ka puta atu ano tana pere ano he uira: ka tangi hoki te tetere a te Ariki, a Ihowa, a ka haere ia i runga i nga tukauati o te tonga.
14ထာဝရဘုရားသည် သူတို့အပေါ်မှာ ထင်ရှား တော်မူ၍၊ မြှားတော်သည် လျှပ်စစ်ပြက်သကဲ့သို့ ပြေး လိမ့်မည်။ အရှင်ထာဝရဘုရားသခင်သည် တံပိုးမှုတ်၍၊ တောင်လေဘွေတို့နှင့် ကြွသွားတော်မူလိမ့်မည်။
15Ma Ihowa o nga mano ratou e tiaki; a ka kai ratou, a ka takahi i nga kohatu o te kotaha; ka inu ano ratou, ka hamama me te mea na te waina; ka ki ratou ano he peihana, ano ko nga koki o te aata.
15ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သူတို့ကို ကွယ်ကာတော်မူသဖြင့်၊ သူတို့သည် ကိုက်စား၍ လက်လွှဲကျောက်တို့ကို ကျော်နင်းကြလိမ့်မည်။ သောက်ပြီး လျှင်၊ စပျစ်ရည်နှင့် ဝသကဲ့သို့ ကြွေးကြော်ကြလိမ့်မည်။ အင်တုံကဲ့သို့၎င်း၊ ယဇ်ပလ္လင်ထောင့်ကဲ့သို့၎င်း ပြည့်ဝကြ လိမ့်မည်။
16Na ka whakaora a Ihowa, to ratou Atua, i a ratou i taua ra, me he kahui no tana iwi: ka rite hoki ratou ki nga kohatu o te karauna, maiangi rawa i runga i tona whenua.
16ထိုနေ့၌ သူတို့၏ဘုရားသခင် ထာဝရဘုရား သည် မိမိလူတို့ကို သိုးစုကဲ့သို့ ကယ်တင်တော်မူလိမ့်မည်။ သူတို့သည် မြေတော်၌ ထင်ရှားသော သရဖူမျက်မွန်ကဲ့သို့ ဖြစ်ကြလိမ့်မည်။
17Na koia ano tona pai, koia ano tona ataahua! ka tupu nga tama i te witi, nga kotiro i te waina hou.
17ကျေးဇူးတော်သည် အလွန်ကြီးစွတကား။ ဂုဏ် အသရေတော်လည်း အလွန်ကြီးစွတကား။ ဆန်စပါးသည် လုလင်တို့ကို၎င်း၊ စပျစ်ရည်သစ်သည် အပျိုမတို့ကို၎င်း တိုးပွားများပြားစေလိမ့်မည်။