1¶ Ko te kupu a Ihowa i puta mai ki a Tepania tama a Kuhi, tama a Keraria, tama a Amaria, tama a Hetekia, i nga ra o Hohia tama a Amono, kingi o Hura.
1ယုဒရှင်ဘုရင်အာမုန်သား ယောရှိမင်းလက် ထက်၊ ဟိဇကိ၊ အာမရိ၊ ဂေဒလိတို့မှ ဆင်းသက်သော ကုရှိ၏သား ဇေဖနိသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊
2Ka poto rawa i ahau nga mea katoa i runga i te mata o te oneone, e ai ta Ihowa.
2ပြည်တပြည်လုံး၌ ရှိလေသမျှတို့ကို အကုန် အစင် ငါသုတ်သင်ပယ်ရှင်းမည်ဟု ထာဝရဘုရားမိန့် တော်မူ၏။
3Ka poto i ahau te tangata, te kararehe; ka poto i ahau te manu o te rangi, me te ika o te moana, nga tutukitanga waewae ngatahi ano ko te hunga kino; ka hatepea atu ano e ahau te tangata i runga i te mata o te oneone, e ai ta Ihowa.
3လူနှင့်တိရစ္ဆာန်တို့ကို ပယ်ရှင်းမည်။ မိုဃ်း ကောင်းကင်ငှက်နှင့် ပင်လယ်ငါးတို့ကို၎င်း၊ အဓမ္မလူတို့ နှင့်တကွ ပြစ်မှားစရာအကြောင်းတို့ကို၎င်း ငါပယ်ရှင်း မည်။ မြေတပြင်လုံး၌ရှိသော လူသတ္တဝါတို့ကိုလည်း ငါ ပယ်ရှင်းမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
4Ka totoro ano toku ringa ki runga ki a Hura, ki nga tangata katoa ano o Hiruharama; ka hatepea atu e ahau i tenei wahi nga toenga o Paara, me te ingoa o nga Kemarimi, ratou ko nga tohunga;
4ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့ကို ငါတိုက်၍၊ ဤအရပ်၌ ကျန်ကြွင်းသော ဗာလဘုရား၏ တပည့်တို့နှင့် ယဇ်ပုရောဟိတ်အမျိုးမျိုးတို့ကို၎င်း၊
5Me te hunga e koropiko ana i runga i nga tuanui ki te ope o te rangi; ratou ko te hunga e koropiko ana, e oati ana i a Ihowa, me te oati ano ratou i a Marakama;
5ကောင်းကင်တန်ဆာများကို အိမ်မိုးပေါ်မှာ ကိုးကွယ်သောသူ၊ ထာဝရဘုရားနှင့် မာလခံဘုရားကို တိုင်တည်လျက် ကျိန်ဆိုကိုးကွယ်သော သူတို့ကို၎င်း၊
6Me te hunga i tahuri atu nei i te whai i a Ihowa, me te hunga kihai nei i ui ki a Ihowa, kihai ano i rapu i a ia.
6ထာဝရဘုရား၏နောက်တော်သို့မလိုက်၊ ဆုတ် သွားသောသူ၊ ထာဝရဘုရားကို မရှာဖွေ၊ မမေးမြန်းသော သူတို့ကို၎င်း ငါပယ်ရှင်းမည်။
7¶ Whakarongoa i te aroaro o te Ariki, o Ihowa, ka tata hoki te ra o Ihowa, kua takoto hoki ta Ihowa patunga tapu, kua whakatapua hoki e ia ana manuhiri.
7အရှင်ထာဝရဘုရား၏ရှေ့တော်၌ ငြိမ်သက်စွာ နေကြလော့။ ထာဝရဘုရား၏နေ့နီးပြီ။ ထာဝရဘုရား သည် မိမိယဇ်ပွဲတော်ကို ပြင်ဆင်၍၊ ပွဲဝင်သော သူတို့ကို သန့်ရှင်းစေတော်မူပြီ။
8Na i te ra o ta Ihowa patunga tapu, ka whiua e ahau nga rangatira, ratou ko nga tama a te kingi, ko te hunga katoa ano he kakahu ke o ratou.
8ထာဝရဘုရားပွဲခံတော်မူသော နေ့၌ မင်းများ၊ ဆွေတော်မျိုးတော်များနှင့် ထူးခြားစွာ ဝတ်သောသူများ အပေါင်းတို့ကို ငါစစ်ကြောမည်။
9A taua ra ka whiua e ahau te hunga katoa e tupekepeke ana i runga i te paepae, e whakaki ana i nga whare o o ratou ariki ki te nanakia, ki te tinihanga.
9သူတပါး၏အိမ်တံခါးခုံကို ကျော်၍ အနိုင် အထက်ပြုခြင်း၊ လှည့်စားခြင်းအားဖြင့်ရသော ဥစ္စာနှင့် မိမိသခင်၏ အိမ်ကို ပြည့်စေသောသူအပေါင်းတို့ကိုလည်း ထိုနေ့၌ ငါစစ်ကြောမည်။
10A taua ra, e ai ta Ihowa, ka karanga te reo i te kuwaha ika, he aue hoki i te wahi tuarua, a he nui te pakaru i nga pukepuke.
10ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုနေ့၌ ငါးတံခါးဝမှာ အော်ဟစ်သံကို၎င်း၊ ဒုတိယမြို့၌ ငိုကြွေး မြည်တမ်းသံကိုင်း၊ တောင်ရိုး၌ ပြင်းစွာချိုးဖျက်သံကို၎င်း ကြားရ၏။
11Aue, e nga tangata o Makateha, kua moti hoki nga tangata katoa o Kanaana, kua hatepea atu nga kaimau hiriwa katoa.
11မတ္တေရှအရပ်သားတို့၊ ငိုကြွေးမြည်တမ်းကြ လော့။ ကုန်သည်အပေါင်းတို့သည် ပြတ်ကြပြီ။ ငွေကို ဆောင်သောသူအပေါင်းတို့သည် ဆုံးကြပြီ။
12I taua ra ka rapua e ahau ta Hiruharama, mea rawa ki te rama; ka whiua ano nga tangata kua totoka i runga i o ratou nganga, a e mea ana i roto i o ratou ngakau, E kore a Ihowa e mahi i te pai, e kore ano e mahi i te kino.
12ထိုကာလ၌ ငါသည် မီးခွက်ကို ကိုင်၍ ယေရုရှ လင်မြို့ကို စစ်ကြောမည်။ ထာဝရဘုရားသည် ကျေးဇူးကို လည်းမပြု၊ အပြစ်ကိုလည်း မပေးဟု အောက်မေ့လျက်၊ မိမိတို့အနည်အဖတ်ပေါ်၌ နေရာကျသော သူတို့ကို ငါစစ်ကြောမည်။
13Na hei mea parau o ratou rawa; o ratou whare hei ururua: ae ra, ka hanga whare ratou; a e kore e nohoia e ratou, ka whakato i te mara waina, otiia e kore e inu i te waina.
13ထိုသူတို့၏ဥစ္စာကို သူတပါးလုယူ၍၊ သူတို့၏ နေရာသည် လူဆိတ်ညံလျက် ရှိလိမ့်မည်။ အိမ်ကို ဆောက်သောလည်း မနေရကြ။ စပျစ်ဥယျာဉ်ကို စိုက် သော်လည်း စပျစ်ရည်ကို မသောက်ရကြ။
14¶ Ka tata te ra nui o Ihowa, ka tata, nui atu te hohoro, ara te reo o te ra o Ihowa: nui noa atu te tangi o te marohirohi i reira.
14ထာဝရဘုရား၏နေ့ကြီးနီးပြီ။ နီးပြီ။ အလျင် အမြန်လာ၏။ ထာဝရဘုရား၏ နေ့သိတင်းသည် နား၌ ခါး၏။ ထိုနေ့၌ သူရဲသည် အော်ဟစ်လိမ့်မည်။
15He ra riri taua ra, he ra mamae, he pawera, he ra whakangaro, whakamoti, he ra pouri, he mangu, he ra kapua, he pouri kerekere;
15ထိုနေ့သည် အမျက်ထွက်သောနေ့၊ ဆင်းရဲပူပန် ခြင်းကို ခံရသောနေ့၊ သုတ်သင်ပယ်ရှင်းဖျက်ဆီးရာနေ့၊ အလင်းကွယ်၍ မှောင်မိုက်သောနေ့၊ မိုဃ်းအုံ၍ ထူထပ် သောမှောင်မိုက်ဖုံးလွှမ်းသောနေ့၊
16Ko te ra ia o te tetere, o te whakaoho mo nga pa taiepa, mo nga taumaihi tiketike.
16ခိုင်ခံ့သောမြို့၊ မြင့်သောရဲတိုက်တို့တဘက်၌ တံပိုးမှုတ်၍ ကြွေးကြော်ရာနေ့ဖြစ်၏။
17Ka mamae ano i ahau nga ngakau o nga tangata, ka rite ratou ki te matapo ina haere, mo ratou i hara ki a Ihowa: ka ringihia o ratou toto ano he puehu, o ratou kikokiko ano he paru.
17သူတို့သည် ထာဝရဘုရားကို ပြစ်မှားသော ကြောင့်၊ သူတို့ကို ငါညှဉ်းဆဲသဖြင့် မျက်စိမမြင်သော သူကဲ့သို့သွားကြလိမ့်မည်။ သူတို့အသွေးကို မြေမှုန့်ကဲ့သို့ သွန်း၍ အသားကိုလည်း မစင်ကဲ့သို့ မှတ်ကြလိမ့်မည်။
18E kore ano ta ratou hiriwa, ta ratou koura, e tau hei whakaora i a ratou i te ra o to Ihowa riri; engari ka pau te whenua katoa i te ahi, ara i tona hae; ka ohorere hoki, ka poto i a ia nga tangata katoa o te whenua.
18ထာဝရဘုရား အမျက်ထွက်တော်မူသော နေ့၌ သူတို့ရွှေငွေသည် သူတို့ကို မကယ်တင်နိုင်ရာ။ ဒေါသ အမျက်တော်မီးသည် တပြည်လုံးကို လောင်လိမ့်မည်။ ပြည်သူပြည်သားအပေါင်းတို့ကို အလျင်အမြန် စီရင်၍ အကုန်အစင် သုတ်သင်ပယ်ရှင်းတော်မူလိမ့်မည်။