Myanmar

Icelandic

2 Kings

2

1ထာဝရဘုရားသည် ဧလိယကို လေဘွေအားဖြင့် ကောင်းကင်သို့ ချီတော်မူချိန်နီးသောအခါ၊ ဧလိယသည် ဧလိရှဲနှင့်အတူ ဂိလဂါလမြို့သို့ သွား၏။
1Þegar Drottinn ætlaði að láta Elía fara til himins í stormviðri, voru þeir Elía og Elísa á leið frá Gilgal.
2ဧလိယကလည်း၊ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ သည်ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့ သည် ဗေသလမြို့သို့သွားကြ၏။
2Þá sagði Elía við Elísa: ,,Vertu hér kyrr, því að Drottinn hefir sent mig til Betel.`` En Elísa svaraði: ,,Svo sannarlega sem Drottinn lifir og svo sannarlega sem þú lifir, mun ég eigi við þig skilja.`` Fóru þeir þá ofan til Betel.
3ထိုမြို့၌ရှိသောပရောဖက်အမျိုးသားတို့သည် ဧလိရှဲကို ခရီးဦးကြိုပြုအံ့သောငှါထွက်လာ၍၊ ထာဝရ ဘုရားသည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင်၊ ဟုတ်ကဲ့ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟုပြောဆို၏။
3Spámannasveinar þeir, er voru í Betel, gengu út á móti Elísa og sögðu við hann: ,,Veist þú að Drottinn ætlar í dag að nema herra þinn burt yfir höfði þér?`` Elísa svaraði: ,,Veit ég það líka. Verið hljóðir!``
4ဧလိယကလည်း၊ အိုဧလိရှဲ၊ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယေရိခေါမြို့သို့ စေလွှတ်တော်မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြော လျက်၊ ထိုသူနှစ်ယောက်တို့သည် ယေရိခေါမြို့သို့ သွားကြ ၏။
4Þá sagði Elía við hann: ,,Elísa, vertu hér kyrr, því að Drottinn hefir sent mig til Jeríkó.`` Hann svaraði: ,,Svo sannarlega sem Drottinn lifir og svo sannarlega sem þú lifir, mun ég eigi við þig skilja.`` Fóru þeir þá til Jeríkó.
5ထိုမြို့၌ရှိသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲထံသို့လာ၍ ထာဝရဘုရားသည် ကိုယ်တော်သခင် ကို ကိုယ်တော်ခေါင်းမှ၊ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟုမေးလျှင်၊ ဟုတ်ကဲ့ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟု ပြောဆို၏။
5Þá gengu spámannasveinar þeir, er voru í Jeríkó, til Elísa og sögðu við hann: ,,Veist þú að Drottinn ætlar í dag að nema herra þinn burt yfir höfði þér?`` Elísa svaraði: ,,Veit ég það líka. Verið hljóðir!``
6ဧလိယကလည်း ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကိုယော်ဒန်မြစ်သို့ စေလွှတ်တော် မူသည်ဟုဆိုလျှင်၊ ဧလိရှဲက၊ ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော် နှင့်အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူ နှစ်ယောက်တို့သည် အတူသွားကြ၏။
6Þá sagði Elía við hann: ,,Vertu hér kyrr, því að Drottinn hefir sent mig til Jórdanar.`` Hann svaraði: ,,Svo sannarlega sem Drottinn lifir og svo sannarlega sem þú lifir, mun ég eigi við þig skilja.`` Fóru þeir þá báðir saman.
7ပရောဖက်အမျိုးသားငါးကျိပ်တို့သည် အဝေးကကြည့်ရှုခြင်းငှါ သွား၍ရပ်နေကြ၏။ ထိုသူနှစ်ယောက်တို့ သည် ယော်ဒန်မြစ်နားမှာ ရပ်နေကြ၏။
7En fimmtíu manns af spámannasveinunum fóru og námu staðar til hliðar í nokkurri fjarlægð, en hinir báðir gengu að Jórdan.
8ဧလိယသည် မိမိဝတ်လုံကိုယူ၍ လိပ်ပြီးမှ၊ ရေကိုရိုက်သဖြင့် ရေသည် တဘက်တချက်ကွဲ၍ ၊ ထိုသူ နှစ်ယောက်တို့သည် မြေပေါ်မှာ ရှောက်သွားကြ၏။
8Þá tók Elía skikkju sína, braut hana saman og sló á vatnið. Skipti það sér þá til beggja hliða, en þeir gengu báðir yfir um á þurru.
9မြစ်တဘက်သို့ ရောက်သောအခါ ၊ ဧလိယက၊ သင်နှင့်ငါမကွာမှီ ငါ၌တစုံတခုသော ဆုကို တောင်းလော့ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက၊ ကိုယ်တော်ဝိညာဉ်နှစ်ဆ သောအဘို့ကို အကျွန်ုပ်အပေါ်မှာ ရှိပါစေသောဟု တောင်းသော်၊
9En er þeir voru komnir yfir um, sagði Elía við Elísa: ,,Bið þú mig einhvers, er ég megi veita þér, áður en ég verð numinn burt frá þér.`` Elísa svaraði: ,,Mættu mér þá hlotnast tveir hlutar af andagift þinni.``
10ဧလိယကသင်သည်ရခဲသောဆုကို တောင်း၏ သင်နှင့်ငါကွာသည်ကို မြင်လျှင်ရမည်။ သို့မဟုတ် မရဟု ပြောဆို၏။
10Þá mælti Elía: ,,Til mikils hefir þú mælst. En ef þú sér mig, er ég verð numinn burt frá þér, þá mun þér veitast það, ella eigi.``
11ထိုသို့နှုတ်ဆက်လျက်သွားကြစဉ်တွင်၊ မီးရထား နှင့် မီးမြင်းတို့သည် ပေါ်လာ၍ ထိုသူနှစ်ယောက်တို့ကို ခွဲခွါသဖြင့်၊ ဧလိယသည် လေတွေအားဖြင့် ကောင်းကင်သို့ တက်လေ၏။
11En er þeir héldu áfram og voru að tala saman, þá kom allt í einu eldlegur vagn og eldlegir hestar og skildu þá að, og Elía fór til himins í stormviðri.
12ဧလိရှဲသည် ကြည့်မြင်လျှင် ငါ့အဘ၊ ငါ့အဘ၊ ဣသရေလရထား၊ ဣသရေလမြင်းပါတကားဟု ဟစ် သော်လည်း၊ နောက်တဖန် ဧလိယကိုမမြင်ရ။ မိမိအဝတ်ကို ကိုင်၍ နှစ်ပိုင်းဆုတ်လေ၏။
12Og er Elísa sá það, kallaði hann: ,,Faðir minn, faðir minn, þú Ísraels vagn og riddarar!`` Og hann sá hann ekki framar. Þá þreif hann í klæði sín og reif þau sundur í tvo hluti.
13အောက်သို့ကျသော ဧလိယဝတ်လုံကို ကောက်၍ ပြန်လေ၏။ ယော်ဒန်မြစ်နားမှာ ရပ်၍၊
13Síðan tók hann upp skikkju Elía, er fallið hafði af honum, sneri við og gekk niður á Jórdanbakka,
14ရေကို ဝတ်လုံနှင့် ရိုက်လျက်၊ ဧလိယ ကိုးကွယ် သော ဘုရားသခင် ထာဝရဘုရားသည် အဘယ်မှာ ရှိတော်မူသနည်းဟူ၍ တဖန် ရိုက်သောအခါ၊ ရေသည် တဘက်တချက်ကွဲသဖြင့် ဧလိရှဲသည် ကူးသွား၏။
14tók skikkju Elía, er fallið hafði af honum, sló á vatnið og sagði: ,,Hvar er nú Drottinn, Guð Elía?`` En er hann sló á vatnið, skipti það sér til beggja hliða, en Elísa gekk yfir um.
15ယေရိခေါမြို့မှာ ကြည့်ရှုသော ပရောဖက် အမျိုးသားတို့သည် ဧလိရှဲကို မြင်လျှင်၊ ဧလိယ၏ ဝိညာဉ် သည် ဧလိရှဲအပေါ်မှာ ကျိန်းဝပ်သည်ဟုဆိုလျက် ခရီးဦးကြိုပြုအံ့သောငှါသွား၍ သူ့ရှေ့၌ မြေပေါ်မှာ ပြပ်ဝပ်ကြ၏။
15Þegar spámannasveinarnir í Jeríkó sáu það hinumegin, sögðu þeir: ,,Andi Elía hvílir yfir Elísa.`` Gengu þeir í móti honum, lutu til jarðar fyrir honum
16သူတို့ကလည်း၊ ကိုယ်တော်ကျွန်တို့၌ ခွန်အားကြီးသောသူ ငါးကျိပ်ရှိပါ၏။ သူတို့သည်သွား၍ ကိုယ်တော်၏ သခင်ကိုရှာမည်အကြောင်း၊ အခွင့် ပေးတော်မူပါ။ ထာဝရဘုရား၏ ဝိညာဉ်တော်သည်သူ့ကို ချီယူ၍ တစုံတခုသော တောင်ပေါ်၌ဖြစ်စေ၊ ချိုင့်ထဲသို့ ဖြစ်စေ ချကောင်းချတော်မူလိမ့်မည်ဟု အခွင့်တောင်း လျှင်၊ မစေလွှတ်ကြနှင့်ဟု ဧလိရှဲသည် မြစ်တားသော် လည်း၊
16og sögðu við hann: ,,Sjá, hér eru fimmtíu röskir menn með þjónum þínum. Lát þá fara og leita að herra þínum, ef andi Drottins kynni að hafa hrifið hann og varpað honum á eitthvert fjallið eða ofan í einhvern dalinn.`` En Elísa mælti: ,,Eigi skuluð þér senda þá.``
17သူတို့သည် ဧလိရှဲ စိတ်အားလျော့သည် တိုင်အောင် အလွန်တောင်းပန်သောအခါ၊ စေလွှတ်ကြဟု ဆို၏။ သူတို့သည် လူငါးကျိပ်ကို စေလွှတ်သဖြင့်၊ သုံးရက် ပတ်လုံးရှာ၍ မတွေ့နိုင်ကြ။
17En er þeir lögðu mjög að honum, mælti hann: ,,Sendið þér þá.`` Sendu þeir þá fimmtíu manns, og leituðu þeir hans í þrjá daga, en fundu hann ekki.
18ဧလိရှဲသည် ယေရိခေါမြို့မှာ နေသေးသည် ဖြစ်၍၊ လူတို့သည် ပြန်လာသောအခါ၊ မသွားကြနှင့်ဟု ငါမြစ်ထားသည် မဟုတ်လောဟု ဆို၏။
18Sneru þeir þá aftur til Elísa, og var hann þá enn í Jeríkó. Þá sagði hann við þá: ,,Sagði ég yður ekki, að þér skylduð ekki fara?``
19ထိုမြို့သားတို့က၊ ကိုယ်တော်မြင်တော်မူသည်အတိုင်း၊ ဤမြို့တည်ရာ အရပ်သည်သာယာပါ၏။ သို့ရာတွင် ရေမကောင်း၊ မြေလည်းကိုယ်ဝန်ပျက်စေတတ် ပါသည်ဟု ဧလိရှဲအား လျှောက်ကြလျှင်၊
19Borgarmenn Jeríkó sögðu við Elísa: ,,Borg þessi liggur að vísu vel, eins og þú sjálfur sérð, herra, en vatnið er vont, og landið veldur því, að konur fæða fyrir tímann.``
20ဧလိရှဲက၊ ဘူးသစ်တလုံးကို ဆားထည့်၍ ယူခဲ့ ကြလော့ဟုဆိုသည်အတိုင်း ယူခဲ့ကြ၏။
20Hann sagði við þá: ,,Færið mér nýja skál og látið í hana salt.`` Þeir gjörðu svo.
21ဧလိရှဲသည် စမ်းရေတွင်းသို့သွား၍ ဆားကိုခတ် လျက်၊ ထာဝရဘုရားမိန့်တော်မူသည်ကား ဤရေကို ငါချိုစေ၏။ နောက်တဖန် သေစေမည်အကြောင်း၊ ကိုယ်ဝန်ပျက်စေမည်အကြောင်းကို မပြုရဟု၊
21Og hann gekk út að uppsprettu vatnsins, kastaði saltinu í hana og mælti: ,,Svo segir Drottinn: Ég gjöri vatn þetta heilnæmt. Upp frá þessu skal það eigi valda dauða né ótímaburði.``
22ဧလိရှဲဆင့်ဆိုသော အမိန့်တော်အတိုင်း ထိုရေ သည် ယနေ့တိုင်အောင် ချိုလေ၏။
22Þá varð vatnið heilnæmt samkvæmt orði Elísa, því er hann hafði talað, og er svo enn í dag.
23ထိုမြို့မှ ဗေသလမြို့သို့ပြန်၍ ခရီးသွားစဉ်တွင်၊ လုလင်ပျိုတို့သည် မြို့ထဲကထွက်၍၊ ဟေဦးပြည်း၊ တက်ဦး လော့။ ဟေဦးပြည်း၊ တက်ဦးလော့ဟု ကဲ့ရဲ့ကြ၏။
23Þaðan hélt hann til Betel. Og er hann gekk upp veginn, gengu smásveinar út úr borginni, hæddu hann og kölluðu til hans: ,,Kom hingað, skalli! Kom hingað, skalli!``
24ဧလိရှဲသည် လှည့်ကြည့်ပြီးလျှင်၊ ထာဝရဘုရား၏ အခွင့်နှင့် ကျိန်ဆိုသဖြင့်၊ ဝံမနှစ်ကောင်တို့သည် တောထဲကထွက်၍ လုလင်ပျို လေးကျိပ်နှစ်ယောက်တို့ကို ကိုက်သတ်လေ၏။
24Sneri hann sér þá við, og er hann sá þá, formælti hann þeim í nafni Drottins. Þá komu tvær birnur út úr skóginum og rifu í sundur fjörutíu og tvo af drengjunum.Þaðan fór hann til Karmelfjalls og sneri þaðan aftur til Samaríu.
25ထိုမြို့မှ ကရမေလတောင်သို့၎င်း၊ ထိုတောင်မှ ရှမာရိမြို့သို့၎င်း အစဉ်အတိုင်းသွား၏။
25Þaðan fór hann til Karmelfjalls og sneri þaðan aftur til Samaríu.