Myanmar

Icelandic

2 Kings

23

1ထိုအခါရှင်ဘုရင်သည် ယုဒပြည်သူ ယေရု ရှလင်မြို့သား အသက်ကြီးသူအပေါင်းတို့ကို ခေါ်၍၊
1Þá sendi konungur út menn til þess að safna til sín öllum öldungum í Júda og Jerúsalem.
2ယုဒပြည်သူယေရုရှလင်မြို့သား၊ ယဇ်ပုရော ဟိတ်၊ ပရောဖက်၊ လူအကြီးအငယ်အပေါင်းတို့နှင့်တကွ ဗိမာန်တော်သို့တက်၍၊ ဗိမာန်တော်၌ တွေ့သော ပဋိညာဉ်ကျမ်းစာရှိသမျှကို သူတို့ရှေ့မှာ ဘတ်တော်မူ၏။
2Og konungur gekk upp í musteri Drottins og með honum allir Júdamenn og Jerúsalembúar, svo og prestarnir og spámennirnir og allur lýðurinn, bæði ungir og gamlir, og hann las í áheyrn þeirra öll orð sáttmálsbókarinnar, er fundist hafði í musteri Drottins.
3ရှင်ဘုရင်ကလည်း၊ ထာဝရဘုရားကို ဆည်းကပ် ပါမည်။ စီရင်ထုံးဖွဲ့ချက်ပညတ်တရားကို စိတ်နှလုံး အကြွင်းမဲ့စောင့်ရှောက်ပါမည်။ ဤကျမ်းစာ၌ပါသော ပဋိညာဉ်စကားအတိုင်း ကျင့်ပါမည်ဟု တိုင်နားမှာ ရပ်၍ အဓိဋ္ဌာန်ပြု၏။ လူအပေါင်းတို့သည်လည်း ထိုအဓိဋ္ဌာန်ကိုဝန်ခံကြ၏။
3Og konungur gekk að súlunni og gjörði þann sáttmála frammi fyrir Drottni, að fylgja Drottni og varðveita skipanir hans, fyrirmæli og lög af öllu hjarta og af allri sálu til þess að fullnægja þannig orðum sáttmála þessa, þau er rituð voru í þessari bók. Og allur lýðurinn gekkst undir sáttmálann.
4နောက်တဖန်ယဇ်ပုရောဟိတ်မင်း ဟိလခိ၊ ဒုတိယယဇ် ပုရောဟိတ်များနှင့် တံခါးစောင့်များတို့သည် ဗာလဘုရား၊ အာရှရပင်၊ မိုဃ်းကောင်းကင် တန်ဆာအဘို့ လုပ်သမျှသော အသုံးအဆောင်တို့ကို ဗိမာန် တော်ထဲက ထုတ်မည်အကြောင်း ရှင်ဘုရင်စီရင်သဖြင့်၊ ယေရုရှလင် မြို့ပြင်၊ ကေဒြုန်တော၌ မီးရှို့၍ပြာကို ဗေသလမြို့သို့ ဆောင်သွားကြ၏။
4Síðan bauð konungur Hilkía æðsta presti og óæðri prestunum og dyravörðunum að taka burt úr aðalhúsi musteris Drottins öll áhöld, þau er gjörð höfðu verið handa Baal og Aséru og öllum himinsins her. Og hann lét brenna þau fyrir utan Jerúsalem á Kídronvöllum, og askan af þeim var flutt til Betel.
5ယေရုရှလင်မြို့ပတ်လည် အစရှိသော ယုဒမြို့ ရွာ၌ မြင့်သော အရပ်တို့အပေါ်မှာ နံ့သာပေါင်းကို မီးရှို့ စေခြင်းငှါ၊ ယုဒရှင်ဘုရင် ခန့်ထားသော ယဇ်ပုရောဟိတ် တို့ကို၎င်း၊ ဗာလဘုရား၊ နေလရာသီစောင့် အစရှိသော မိုဃ်းကောင်းကင်တန်ဆာတို့အား နံ့သာပေါင်းကို မီးရှို့ သော သူတို့ကို၎င်း၊ သုတ်သင်ပယ်ရှင်းတော်မူ၏။
5Hann rak og burt skurðgoðaprestana, er Júdakonungar höfðu skipað og fært höfðu reykelsisfórnir á fórnarhæðunum í borgum Júda og í grenndinni við Jerúsalem, svo og þá er fært höfðu Baal fórnir og sólinni, tunglinu, stjörnumerkjunum og öllum himinsins her.
6အာရှရပင်ကိုလည်း ဗိမာန်တော်ထဲကထုတ်၍ ယေရုရှလင်မြို့ပြင်၊ ကေဒြုန်ချောင်းသို့ ယူသွားသဖြင့်၊ ထိုချောင်းနားမှာ မီးရှို့ပြီးလျှင် ညက်ညက်ချေ၍၊ အမှုန့်ကို ဆင်းရဲသားသင်္ချိုင်းပေါ်မှာ ဖြန့်ဖြူးတော်မူ၏။
6Hann lét flytja aséruna burt úr musteri Drottins, út fyrir Jerúsalem, og brenndi hana í Kídrondal, muldi hana mjölinu smærra og stráði duftinu á grafir múgamanna.
7မိန်းမတို့သည် အာရှရပင်အဘို့ ကုလားကာကို ရက်ရာအရပ် ဗိမာန်တော်နားမှာ ယောက်ျားအလိုသို့ လိုက်တတ်သော မိန်းမလျှာတို့ နေရာအိမ်များကိုလည်း ဖျက်တော်မူ၏။
7Þá braut hann og niður hús þeirra manna, er helgað höfðu sig saurlifnaði, þau er voru við musteri Drottins, þar sem konur ófu hjúpa á aséruna.
8ယဇ်ပုရောဟိတ်အပေါင်းတို့ကို ယုဒမြို့ရွာတို့မှ မခေါ်ခဲ့၍၊ သူတို့သည် နံ့သာပေါင်းကိုမီးရှို့ရာမြင့်သော အရပ်များကို ဂေဗမြို့မှစ၍ ဗေရရှေဘမြို့တိုင်အောင် ညစ်ညှုးစေတော်မူ၏။ ယေရုရှလင်မြို့ဝန် ယောရှု၏ တံခါးဝလက်ဝဲဘက်နားမှာတည်သော မြို့တံခါး၏ ကုန်း တို့ကိုလည်း ဖြိုဖျက်တော်မူ၏။
8Hann lét alla presta koma frá borgunum í Júda og afhelgaði fórnarhæðirnar, þar sem prestarnir höfðu fórnað, frá Geba til Beerseba. Hann braut og niður hæðir hafurlíkneskjanna, sem stóðu úti fyrir hliði Jósúa borgarstjóra, en það er á vinstri hönd, þá er inn er gengið um borgarhliðið.
9မြင့်သောအရပ်နှင့်ဆိုင်သော ယဇ်ပုရောဟိတ် တို့သည်၊ ယေရုရှလင်မြို့ဗိမာန်တော် ယဇ်ပလ္လင်နားသို့ မချဉ်းရဘဲ၊ အပေါင်းအဘော်တို့နှင့် တဆေးမဲ့မုန့်ကို စားရ သော အခွင့်သာရှိကြ၏။
9Þó máttu hæðaprestarnir eigi ganga upp að altari Drottins í Jerúsalem, heldur átu þeir ósýrð brauð meðal bræðra sinna.
10အဘယ်သူမျှ မိမိသားသမီးကို မောလုတ်ဘုရား အား မီးဖြင့် မပူဇော်နိုင်မည်အကြောင်း၊ ဟိန္နုံသား၏ ချိုင့်၌ရှိသော တောဖက်အရပ်ကိုလည်း ညစ်ညှုးစေတော် မူ၏။
10Hann afhelgaði brennslugrófina í Hinnomssonardal, til þess að enginn léti framar son sinn eða dóttur ganga gegnum eldinn Mólok til handa.
11ယုဒရှင်ဘုရင်တို့သည် နေကိုပူဇော်၍၊ ဗိမာန် တော်ဝင်းပြင် အရာရှိနာသမ္မေလက်အိမ်နား၊ ဝင်းတော် တံခါးဝ၌ထားသော မြင်းတို့ကိုလည်း ပယ်ရှား၍ နေရထားတို့ကိုလည်း မီးရှို့တော်မူ၏။
11Hann tók og burt hesta þá, sem Júdakonungar höfðu sett til vegsemdar sólinni við innganginn að musteri Drottins, nálægt herbergi Netan Meleks hirðmanns, sem var í forgarðinum. En vagna sólarinnar brenndi hann í eldi.
12ယုဒရှင်ဘုရင်တို့သည် အာဟပ်မင်းတိုက်တော် အထက်ဆင့် အပေါ်မှာတည်ထားသော ယဇ်ပလ္လင်တို့နှင့် မနာရှေမင်းသည် ဗိမာန်တော်တန်တိုင်းနှစ်ရပ်တွင် တည်ထားသော ပလ္လင်တို့ကို ရှင်ဘုရင်ဖြိုချ ချေဖျက်၍ အမှုန့်ကို ကေဒြုန်ချောင်းထဲသို့ ပစ်တော်မူ၏။
12Og ölturun, sem voru á þakinu yfir veggsvölum Akasar, er Júdakonungar höfðu reist, og ölturun, er Manasse hafði reist í báðum forgörðum musteris Drottins, reif konungur niður, og hann skundaði þaðan og kastaði öskunni af þeim í Kídrondal.
13ဣသရေလရှင်ဘုရင်ရှောလမုန်သည် ယေရုရှလင်မြို့အရှေ့၊ ဖျက်ဆီးခြင်းတောင်လက်ျာဘက်၌ ရွံရှာဘွယ်သော ဇိဒုန်ဘုရားအာရှတရက်၊ ရွံရှာဘွယ် သော မောဘဘုရား ခေမုရှ၊ ရွံရှာဘွယ်သော အမ္မုန်ဘုရားမိလကုံအဘို့ တည်သော ကုန်းတို့ကို လည်း ရှင်ဘုရင် ညစ်ညှုးစေတော်မူ၏။
13Konungur afhelgaði og fórnarhæðirnar, sem voru fyrir austan Jerúsalem, sunnanvert við Skaðræðisfjall, og Salómon Ísraelskonungur hafði reist Astarte, viðurstyggð Sídoninga, og Kamos, viðurstyggð Móabíta, og Milkóm, svívirðing Ammóníta.
14ရုပ်တုဆင်းတုတို့ကို ချိုးဖဲ့၍ အာရှရပင်တို့ကို ခုတ်လှဲပြီးမှ၊ သူတို့တည်ရာအရပ်များကို လူသေအရိုးတို့ နှင့် ပြည့်စေတော်မူ၏။
14Hann braut og sundur merkissteinana og hjó sundur asérurnar og fyllti staðinn, þar sem þær höfðu verið, með mannabeinum.
15ဣသရေလအမျိုးကို ပြစ်မှားစေသော နေဗတ် ၏သား ယေရောဗောင်သည်၊ ဗေသလမြို့၌တည်သော ကုန်းနှင့် ယဇ်ပလ္လင်ကိုလည်း ဖြိုချ၍ မီးရှို့ပြီးမှ ညက် ညက်ခြေတော်မူ၏။ အာရှရပင်ကိုလည်း မီးရှို့တော်မူ၏။
15Sömuleiðis altarið í Betel, fórnarhæðina, sem Jeróbóam Nebatsson hafði gjöra látið, sá er kom Ísrael til að syndga _ einnig þetta altari og fórnarhæðina reif hann niður. Og hann brenndi aséruna og muldi hana mjölinu smærra.
16ယောရှိမင်းသည် လှည့်လည်၍ ကြည့်ရှုလျက်၊ ထိုတောင်ပေါ်မှာရှိသော သင်္ချိုင်းကို မြင်သောအခါ၊ လူကို စေလွှတ်၍ ထိုသင်္ချိုင်းထဲက လူသေအရိုးတို့ကို ထုတ်ပြီး လျှင်၊ ထိုအမှုကို အထက်ကဘော်ပြသော ဘုရားသခင် ၏လူ ဆင့်ဆိုသော ထာဝရဘုရား၏ စကားတော်အတိုင်း၊ အရိုးတို့ကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့၍ညစ်ညူးစေတော် မူ၏။
16En er Jósía sneri sér við og sá grafirnar, sem voru þar á fjallinu, þá sendi hann menn og lét sækja beinin í grafirnar, brenndi þau á altarinu og afhelgaði það samkvæmt orði Drottins, því er guðsmaðurinn hafði boðað, sá er boðaði þessa hluti.
17ယောရှိမင်းကလည်း၊ ငါမြင်သော ထိုမှတ် ကျောက်ကား အဘယ်သို့နည်းဟုမေးလျှင်၊ မြို့သားတို့က၊ ကိုယ်တော်သည် ဗေသလယဇ် ပလ္လင်၌ပြုတော်မူသော အမှုကို၊ ယုဒပြည်မှလာ၍ ဘော်ပြသော ဘုရားသခင်၏ လူသင်္ချိုင်းဖြစ်ပါသည်ဟု ပြန်လျှောက်ကြသော်၊
17Síðan sagði hann: ,,Hvaða legsteinn er þetta, sem ég sé?`` Og borgarmenn svöruðu honum: ,,Það er gröf guðsmannsins, sem kom frá Júda og boðaði þessa hluti, sem þú hefir nú gjört, gegn altarinu í Betel.``
18ရှင်ဘုရင်က၊ ရှိစေလော့။ ထိုသူ၏အရိုးတို့ကို အဘယ်သူမျှ မရွှေ့စေနှင့်ဟု မိန့်တော်မူသည်အတိုင်း သူ၏ အရိုးတို့နှင့် ရှမာရိမြို့မှ လာသောပရောဖက်အရိုး တို့ကို ရှိစေကြ၏။
18Þá mælti hann: ,,Látið hann vera, enginn ónáði bein hans!`` Þannig létu þeir bein hans og bein spámannsins, sem kominn var frá Samaríu, vera í friði.
19ဣသရေလရှင်ဘုရင်တို့သည် အမျက်တော်ကို နှိုးဆော်ခြင်းငှါ၊ ရှမာရိမြို့ရွာတို့၌ မြင့်သောအရပ်ပေါ်မှာ တည်လုပ်သောအိမ်ရှိသမျှတို့ကိုလည်း ယောရှိမင်းသည် ပယ်ရှား၍၊ ဗေသလမြို့၌ ပြုသမျှအတိုင်း ပြုတော်မူ၏။
19Auk þess afnam Jósía öll hæðahofin, sem voru í borgum Samaríu, þau er Ísraelskonungar höfðu reist til þess að egna Drottin til reiði, og fór alveg eins með þau eins og hann hafði gjört í Betel.
20မြင့်သော အရပ်နှင့် ဆိုင်သောယဇ်ပုရောဟိတ် အပေါင်းတို့ကိုလည်း ယဇ်ပလ္လင်ပေါ်မှာ ကွပ်မျက်၍၊ လူသေအရိုးတို့ကို မီးရှို့ပြီးမှ ယေရုရှလင်မြို့သို့ ပြန်တော် မူ၏။
20Og hann slátraði öllum hæðaprestunum, sem þar voru, á ölturunum og brenndi mannabein á þeim. Síðan sneri hann aftur til Jerúsalem.
21တဖန်ရှင်ဘုရင်ကလည်း၊ ဤပဋိညာဉ်ကျမ်းစာ ၌လာသည်အတိုင်း၊ သင်တို့၏ဘုရားသခင်ထာဝရဘုရား အား ပသခါပွဲကို ဆောင်ကြလော့ဟု လူအပေါင်းတို့ကို မိန့်တော်မူ၏။
21Konungur bauð öllum lýðnum á þessa leið: ,,Haldið Drottni Guði yðar páska, eins og ritað er í sáttmálsbók þessari.``
22အကယ်၍ ဣသရေလအမျိုးကို အုပ်စိုးသော တရားသူကြီးလက် ထက်မှစ၍၊ ဣသရေလရှင်ဘုရင်နှင့် ယုဒရှင်ဘုရင်လက်ထက် ကာလပတ်လုံး၊ ထိုသို့သော ပသခါပွဲကို တခါမျှမဆောင်ကြ။
22Engir slíkir páskar höfðu haldnir verið frá því á dögum dómaranna, er dæmt höfðu í Ísrael, né heldur alla daga Ísraelskonunga og Júdakonunga,
23ယောရှိမင်းကြီးနန်းစံ ဆယ်ရှစ်နှစ်တွင် ထိုပွဲကို ယေရုရှလင်မြို့၌ ထာဝရဘုရားအား ဆောင်ကြသတည်း။
23en á átjánda ríkisári Jósía konungs voru Drottni haldnir þessir páskar í Jerúsalem.
24ထိုမှတပါး၊ ဗိမာန်တော်၌ ယဇ်ပုရောဟိတ် ဟိလ ခိတွေ့သော ကျမ်းစာ၌ပါသော စကားအတိုင်း ကျင့်လို သောငှါ၊ ယောရှိမင်းသည် စုန်း၊ နတ်ဝင်၊ တေရပ် ရုပ်တုမှ စ၍ ရုပ်တုဆင်းတုများကို၎င်း၊ ယေရုရှလင်မြို့နှင့် ယုဒ ပြည်လုံးတွင် ရွံရှာဘွယ်သောအရာ တွေ့သမျှတို့ကို၎င်း၊ သုတ်သင် ပယ်ရှင်းတော်မူ၏။
24Enn fremur eyddi Jósía þeim mönnum, er höfðu þjónustuanda, svo og spásagnamönnum, húsgoðum og skurðgoðum og öllum þeim viðurstyggðum, er sáust í Júda og Jerúsalem, til þess að fullnægja fyrirmælum lögmálsins, þeim er rituð voru í bókinni, sem Hilkía prestur hafði fundið í musteri Drottins.
25မောရှေတရား၌ ပါသမျှကို ကျင့်သဖြင့်၊ စိတ် နှလုံး အကြွင်းမဲ့အစွမ်းသတ္တိရှိသမျှနှင့် ထာဝရဘုရား အထံတော်သို့ ပြောင်းလဲ၍၊ ယောရှိမင်းနှင့်တူသော ရှင်ဘုရင်တယောက်မျှ မဖြစ်စဖူး။ နောင်ကာလ၌လည်း မပေါ်မရှိ။
25Og hans maki hafði enginn konungur verið á undan honum, er svo hafði snúið sér til Drottins af öllu hjarta sínu, allri sálu sinni og öllum mætti sínum, alveg eftir lögmáli Móse, og eftir hann kom enginn honum líkur.
26သို့ရာတွင် မနာရှေသည် ထာဝရဘုရား၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ၊ ပြစ်မှားသော အပြစ် ရှိသမျှတို့ကြောင့်၊ ယုဒအမျိုး၌ ပြင်းစွာ အမျက်ထွက်၍ စိတ်တော်မပြေ။
26Þó lét Drottinn eigi af sinni brennandi heiftarreiði, af því að reiði hans var upptendruð gegn Júda vegna allrar þeirrar móðgunar, er Manasse hafði egnt hann með.
27ဣသရေလအမျိုးကို ငါ့မျက်မှောက်မှ ပယ်ရှား သကဲ့သို့ ယုဒအမျိုးကိုလည်း ငါပယ်ရှားမည်။ ငါရွေးချယ် သော ယေရုရှလင်မြို့ကို၎င်း၊ အကြင်ဗိမာန်၌ငါ့နာမကို ငါတည်စေမည်ဟု ငါဆိုသော ဗိမာန်ကို၎င်း၊ ငါစွန့်ပစ် မည်ဟု မိန့်တော်မူ၏။
27Og Drottinn mælti: ,,Ég vil einnig afmá Júda frá augliti mínu eins og ég hefi afmáð Ísrael, og ég vil hafna þessari borg, er ég hefi útvalið, Jerúsalem, og musterinu, er ég sagði um, að nafn mitt skyldi vera þar.``
28ယောရှိပြုမူသော အမှုအရာကြွင်းလေသမျှတို့ သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
28Það sem meira er að segja um Jósía og allt, sem hann gjörði, það er ritað í Árbókum Júdakonunga.
29ထိုမင်းလက်ထက်၌ အဲဂုတ္တု ဖာရောဘုရင် နေခေါသည် ဥဖရတ်မြစ်တိုင်အောင် အာရှုရိရှင်ဘုရင်ကို စစ်ချီ၍၊ ယောရှိမင်းကြီးသည် ဆီးတားခြင်းငှါ ထွက်ရာ တွင်၊ မေဂိဒ္ဒေါမြို့မှာ မင်းချင်းတွေ့သောအခါ၊ ယောရှိမင်း သည် အသက်ဆုံးလေ၏။
29Á hans dögum fór Faraó Nekó Egyptalandskonungur herför móti Assýríukonungi austur að Efratfljóti. Þá fór Jósía konungur í móti honum, en Nekó drap hann í Megiddó, þegar er hann sá hann.
30ကျွန်တို့သည် ရထားတော်ပေါ်မှာ တင်ပြီးလျှင်၊ မင်းကြီးသေစဉ်တွင် မေဂိဒ္ဒေါမြို့မှ ယေရုရှလင်မြို့သို့ ဆောင်သွား၍ သင်္ချိုင်းတော်၌ သင်္ဂြိုဟ်ကြ၏။ ပြည်သူ ပြည်သားတို့သည် ယောရှိသားယောခတ်ကို ယူ၍ဘိသတ် ပေးလျက် ခမည်းတော်အရာ၌ နန်းတင်ကြ၏။
30Óku menn hans honum dauðum frá Megiddó, fluttu hann til Jerúsalem og grófu hann í gröf hans. En landslýðurinn tók Jóahas Jósíason og smurði hann og tók hann til konungs í stað föður hans.
31ယောခတ်သည် အသက်နှစ်ဆယ်သုံးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏ သမီးဟာမုတာလ အမည်ရှိ၏။
31Jóahas var tuttugu og þriggja ára að aldri, þá er hann varð konungur, og þrjá mánuði ríkti hann í Jerúsalem. Móðir hans hét Hamútal Jeremíadóttir og var frá Líbna.
32ထိုမင်းသည် ဘိုးဘေးပြုသမျှအတိုင်း ထာဝရ ဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
32Hann gjörði það, sem illt var í augum Drottins, með öllu svo sem gjört höfðu forfeður hans.
33ဖာရောနေခေါသည် ထိုမင်းကို ယေရုရှလင် မြို့မှာ မင်းမပြုစေခြင်းငှါ ဟာမတ်ပြည်၊ ရိဗလမြို့မှာ အကျဉ်းထား၍၊ ယုဒပြည်၌ ငွေအခွက်တထောင်နှင့် ရွှေအခွက် တဆယ်ကိုအခွန် တောင်းလေ၏။
33Faraó Nekó lét fjötra hann í Ribla í Hamathéraði, til þess að hann skyldi eigi framar ríkja í Jerúsalem, og lagði skattgjald á landið, hundrað talentur silfurs og tíu talentur gulls.
34ဖာရော နေခေါသည်လည်း၊ ယောရှိသား ဧလျာ ကိမ်ကို ခမည်းတော်အရာ၌ နန်းတင်၍ ယောယကိမ် အမည်သစ်ကိုပေး၏။ ယောခတ်ကို အဲဂုတ္တု ပြည်သို့ယူသွား၍ ထိုပြည်၌ ယောခတ်သည်သေ၏။
34Og Faraó Nekó gjörði Eljakím Jósíason að konungi í stað Jósía föður hans og breytti nafni hans í Jójakím, en tók Jóahas með sér, og fór hann til Egyptalands og dó þar.
35ယောယကိမ်သည်လည်း ဖာရောဘုရင် အမိန့် တော်အတိုင်း၊ တပြည်လုံးတွင် ရွှေငွေခွဲ၍ ဖာရောဘုရင် အား အခွန်ဆက်ရ၏။ ပြည်သူပြည်သား အသီးအသီး တို့ကို ရွှေငွေခွဲသည်အတိုင်း၊ ကျပ်တည်းစွာ တောင်း၍ ဖာရောနေခေါအား ဆက်လေ၏။
35Jójakím greiddi Faraó silfur og gull. Hann varð að leggja skatt á landið til þess að geta goldið fé það, er Faraó krafðist. Heimti hann silfrið og gullið saman af landslýðnum, eftir því sem jafnað hafði verið niður á hvern og einn, til þess að geta greitt Faraó Nekó það.
36ယောယကိမ်သည် အသက်နှစ်ဆယ်ငါးနှစ် ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်တနှစ် စိုးစံလေ၏။ မယ်တော်ကား၊ ရုမမြို့သား ပေဒဲယ၏သမီး ဇေဗုဒအမည်ရှိ၏။
36Jójakím var tuttugu og fimm ára að aldri, þá er hann varð konungur, og ellefu ár ríkti hann í Jerúsalem. Móðir hans hét Sebúdda Pedajadóttir og var frá Rúma.Hann gjörði það, sem illt var í augum Drottins, með öllu svo sem gjört höfðu forfeður hans.
37ထိုမင်းသည် ဘိုးဘေးပြုသမျှအတိုင်း ထာဝရ ဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။
37Hann gjörði það, sem illt var í augum Drottins, með öllu svo sem gjört höfðu forfeður hans.