1တဖန်ဧလိရှဲသည် အထက်က အသက်ရှင်စေ သော သူငယ်၏အမိကိုခေါ်၍၊ သင်သည် အိမ်သူ အိမ်သားနှင့်တကွ ထသွားလော့။ တည်းခို၍ နေနိုင်သော အရပ်တစုံတရပ်၌ တည်းခို၍နေလော့။ ထာဝရဘုရား သည် အစာခေါင်းပါးရာကာလကို မှာလိုက်တော်မူပြီ။ တပြည်လုံး၌ ခုနစ်နှစ်ခေါင်းပါးလိမ့်မည်ဟု သတိပေး၏။
1Elísa talaði við konuna, er soninn átti, sem hann hafði lífgað, á þessa leið: ,,Tak þig upp og far burt með fólk þitt og sest þú að einhvers staðar erlendis, því að Drottinn kallar sjö ára hallæri yfir landið, og er það þegar komið.``
2ထိုမိန်းမသည် ဘုရားသခင့်လူ၏စကားကို နား ထောင်သဖြင့်၊ အိမ်သူအိမ်သားတို့နှင့်တကွ သွား၍ ဖိလိတ္တိပြည်၌ ခုနစ်နှစ်နေ၏။
2Þá tók konan sig upp og gjörði eins og guðsmaðurinn sagði, fór burt með fólk sitt og dvaldist sjö ár í Filistalandi.
3ခုနစ်နှစ်စေ့သောအခါ၊ ဖိလိတ္တိပြည်မှ ပြန်လာ၍ ကိုယ်အိမ်၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံမည့် အကြံနှင့် ရှင်ဘုရင်ထံသို့ သွား၏။
3Að sjö árunum liðnum kom konan aftur heim frá Filistalandi og lagði af stað til þess að biðja konung ásjár um hús sitt og akra.
4ထိုအခါရှင်ဘုရင်သည် ဘုရားသခင့်လူ၏ ကျွန် ဂေဟာဇိနှင့် နှုတ်ဆက်လျက်၊ ဧလိရှဲပြုသောအံ့ဩဘွယ် သော အမှုအလုံးစုံတို့ကို ပြောပါလော့ဟု မိန့်တော်မူ၍၊
4Konungur var þá að tala við Gehasí, þjón guðsmannsins, og sagði: ,,Seg mér af öllum stórmerkjunum, sem Elísa hefir gjört.``
5ဧလိရှဲသည် သေသောသူ အသက်ရှင်စေ ကြောင်းကို ဂေဟာဇိသည် ပြန်လျှောက်စဉ်တွင်၊ အသက် ရှင်စေသောသူငယ်၏ အမိသည်ကိုယ်အိမ်၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံလေ၏။ ဂေဟာဇိကလည်း၊ အရှင်မင်းကြီး၊ ဤမိန်းမကား ယခုပြောသော မိန်းမ၊ ဤ သူငယ်ကား ဧလိရှဲအသက်ရှင်စေသော သူငယ်ဖြစ်ပါ သည်ဟု လျှောက်လျှင်၊
5Og er hann var að segja konungi, hvernig hann hefði lífgað hinn dána, þá kom konan, er soninn átti, sem hann hafði lífgað, og bað konung ásjár um hús sitt og akra. Þá sagði Gehasí: ,,Minn herra konungur! Þetta er konan, og þetta er sonur hennar, sá er Elísa lífgaði.``
6ရှင်ဘုရင်သည် မိန်းမကိုမေး၍ မိန်းမလည်း သက်သေခံ၏။ ထိုအခါရှင်ဘုရင်က၊ သူ၏ဥစ္စာရှိသမျှကို ၎င်း၊ ပြည်တော်ကထွက်သော နေ့မှစ၍ ယခုတိုင်အောင် သူ့မြေ၌ ဖြစ်သမျှကို၎င်း ပြန်ပေးစေဟု မိန့်တော်မူလျက်၊ သူ၏အမှုကို စောင့်စေခြင်းငှါ အရာရှိ၏တယောက်ကို ခန့်ထားတော်မူ၏။
6Konungur spurði konuna, og sagði hún honum frá. Fékk konungur henni einn af hirðmönnunum og sagði við hann: ,,Sjá þú um, að hún fái aftur allt, sem hún á, svo og allan afrakstur akranna frá þeim degi, er hún fór úr landi, allt til þessa dags.``
7တဖန်ဧလိရှဲသည် ဒမာသက်မြို့သို့သွား၏။ ထိုအခါ ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် နာနေ၏။ ဘုရား သခင်၏လူရောက်ကြောင်းကို နားတော်လျှောက်လေ သော်။
7Elísa kom til Damaskus. Þá lá Benhadad Sýrlandskonungur sjúkur. Og er honum var sagt: ,,Guðsmaðurinn er kominn hingað,``
8ဟာဇေလကို ခေါ်၍၊ သင်သည်လက်ဆောင်ကို ဆောင်လျက် ဘုရားသခင်၏ လူကိုခရီးဦးကြိုပြုပြီးလျှင်၊ ငါသည်ဤအနာမှ ထမြောက်မည်လောဟု သူအားဖြင့် ထာဝရဘုရားကို မေးလျှောက်လော့ဟု စေလွှတ်သည် အတိုင်း၊
8þá sagði konungur við Hasael: ,,Tak með þér gjöf nokkra og far til fundar við guðsmanninn og lát hann ganga til frétta við Drottin, hvort ég muni aftur heill verða af sjúkleik þessum.``
9ဟာဇေလသည် ကုလားအုပ်လေးဆယ်အပေါ် မှာ ဒမာသက်ဥစ္စာများကိုတင်၍၊ လက်ဆောင်ကို ဆောင် သဖြင့်၊ ဘုရားသခင်၏လူကို ခရီးဦးကြို ပြုခြင်းငှါသွား၍ ရှေ့တော်၌ ရပ်လျက်၊ ကိုယ်တော်၏သား ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်က၊ ငါသည်ဤအနာမှထမြောက်ရမည်လောဟု မေးမြန်းစေခြင်းငှါ၊ ကျွန်တော်ကို စေလွှတ်ပါသည်ဟု ဆို၏။
9Hasael fór þá til fundar við hann og tók með sér gjöf nokkra, alls konar gersemar úr Damaskus, klyfjar á fjörutíu úlfalda. Og er hann kom, gekk hann fyrir hann og mælti: ,,Sonur þinn, Benhadad Sýrlandskonungur, sendir mig til þín og lætur spyrja: ,Mun ég aftur heill verða af sjúkleik þessum?```
10ဧလိရှဲကလည်း၊ အကယ်စင်စစ် ကိုယ်တော် သည် ထမြောက်နိုင်ပါ၏ဟု ပြန်လျှောက်လော့။ သို့သော် လည်း ဆက်ဆက်သေရမည်အကြောင်းကို ထာဝရဘုရား သည် ငါ့အားပြတော်မူပြီဟုဆိုလျက်၊
10Elísa svaraði honum: ,,Far og seg honum: ,Víst munt þú heill verða,` þótt Drottinn hafi birt mér, að hann muni deyja.``
11စေ့စေ့ကြည့်ရှု၍ ဟာဇေလသည် မျက်နှာပျက် လေ၏။ ဘုရားသခင်၏ လူသည်လည်း မျက်ရည်ကျ၏။
11Og guðsmaðurinn starði fram fyrir sig og skelfdist harla mjög og grét.
12ဟာဇေလကလည်း၊ သခင်သည် အဘယ် ကြောင့် မျက်ရည်ကျတော်မူသနည်းဟု မေးလျှင် ဧလိရှဲ က၊ သင်သည် ဣသရေလအမျိုးသားတို့၌ပြုလတံ့သော ဘေးဥပဒ်တည်းဟူသော သူတို့၏ ရဲတိုက်များကို မီးရှို့ ခြင်း၊ လုလင်များကို ထားနှင့်သတ်ခြင်း၊ သူငယ်များကို မြေပေါ်မှာ ဆောင့်ဖွပ်ခြင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမ များ၌ ဝမ်းခွဲခြင်းကို ပြုလိမ့်မည်ဟု ငါသိမြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြောသော်၊
12Þá sagði Hasael: ,,Hví grætur þú, herra minn?`` Hann svaraði: ,,Af því að ég veit, hvílíkt böl þú munir búa Ísraelsmönnum. Þú munt leggja eld í víggirtar borgir þeirra, drepa æskumenn þeirra með sverði, slá ungbörnum þeirra niður við og rista á kvið þungaðar konur þeirra.``
13ဟာဇေလက၊ ကိုယ်တော်ကျွန်သည် ခွေးဖြစ်လျက် နှင့် ဤမျှလောက်ကြီးသော အမှုကို ပြုရပါလိမ့်မည် လောဟု မေးပြန်သော်၊ ဧလိရှဲက၊ သင်သည် ရှုရိနိုင်ငံကို စိုးစံရလိမ့်မည်အကြောင်းကို ထာဝရဘုရားသည် ငါ့အား ပြတော်မူပြီဟုဆို၏။
13Hasael svaraði: ,,Hvað er þjónn þinn, hundurinn sá, að hann megi vinna slík stórvirki?`` Þá mælti Elísa: ,,Drottinn hefir sýnt mér þig svo sem konung yfir Sýrlandi.``
14ဟာဇေလသည်သွား၍ မိမိသခင့်ထံသို့ ရောက် သောအခါ၊ သခင်က၊ ဧလိရှဲသည် အဘယ်သို့ဆိုသနည်း ဟု မေးလျှင်၊ ကိုယ်တော်သည် အနာမှ ဆက်ဆက် ထမြောက်တော်မူမည်ဆိုပါသည်ဟု လျှောက်လေ၏။
14Síðan fór Hasael burt frá Elísa, og er hann kom til herra síns, sagði konungur við hann: ,,Hvað sagði Elísa við þig?`` Hann svaraði: ,,Hann sagði mér að þú mundir áreiðanlega heill verða.``
15နက်ဖြန်နေ့၌ ဟာဇေလသည် သိုးမွှေးအဝတ်ကို ရေ၌ နှစ်ပြီးလျှင်၊ ရှင်ဘုရင်၏ မျက်နှာကိုဖုံးအုပ်သဖြင့်၊ ရှင်ဘုရင်သေ၍ ဟာဇေလသည် နန်းထိုင်လေ၏။
15En daginn eftir tók Hasael ábreiðu, dýfði henni í vatn og breiddi hana yfir andlit honum, svo að hann kafnaði. Og Hasael tók ríki eftir hann.
16ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံငါးနှစ်တွင်၊ ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟော ရံသည် နန်းထိုင်လေ၏။
16Á fimmta ríkisári Jórams Akabssonar Ísraelskonungs varð Jóram Jósafatsson konungur í Júda.
17အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ ယေရုရှလင် မြို့၌ မင်းပြု၍ ရှစ်နှစ်စိုးစံ၏။
17Hann var þrjátíu og tveggja ára gamall, þá er hann varð konungur, og átta ár ríkti hann í Jerúsalem.
18အာဟပ်သမီးနှင့်စုံဘက်သဖြင့်၊ ဣသရေလ ရှင်ဘုရင်တို့လိုက်ရာ လမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။
18Hann fetaði í fótspor Ísraelskonunga, eins og Akabs ætt gjörði, því að hann var kvæntur dóttur Akabs. Þannig gjörði hann það, sem illt var í augum Drottins.
19သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိ သော သားမြေးတို့ ၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည် ဟု ဂတိတော်ရှိသောကြောင့်၊ ဒါဝိဒ်၏ မျက်နှာကို ထောက်၍၊ ယုဒပြည်ကို မဖျက်ဆီးဘဲ ထားတော်မူ၏။
19En Drottinn vildi ekki afmá Júda, vegna Davíðs þjóns síns, samkvæmt því, er hann hafði heitið honum, að gefa honum ávallt lampa fyrir augliti hans.
20ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သည် ယုဒရှင် ဘုရင်ကို ပုန်ကန်၍ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။
20Á hans dögum brutust Edómítar undan yfirráðum Júda og tóku konung yfir sig.
21ယဟောရံမင်းသည် ရထားစီးသူရဲအပေါင်းတို့ နှင့်တကွ၊ ဇာဣရမြို့သို့ စစ်ချီ၍ ညဉ့်အခါဝိုင်းသော ဧဒုံ လူများ၊ ရထားအုပ်များကို လုပ်ကြံသဖြင့်၊ ဧဒုံလူတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။
21Þá fór Jóram með öllu vagnliðinu yfir til Saír. Hann tók sig upp um nóttina og barði á Edómítum, sem héldu honum í herkví, svo og á foringjum vagnliðsins, og flýði liðið til heimkynna sinna.
22သို့သော်လည်း၊ ဧဒုံပြည်သည်ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန်၏။
22Þannig brutust Edómítar undan yfirráðum Júda, og er svo enn í dag. Þá braust og Líbna undan um sama leyti.
23ယဟောရံပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
23Það sem meira er að segja um Jóram og allt sem hann gjörði, það er ritað í Árbókum Júdakonunga.
24ယဟောရံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော်အာခဇိသည် ခမည်းတော်အရာ၌နန်းထိုင်၏။
24Og Jóram lagðist til hvíldar hjá feðrum sínum og var grafinn hjá feðrum sínum í borg Davíðs. Og Ahasía sonur hans tók ríki eftir hann.
25ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံဆယ်နှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ယဟောရံသား အာခဇိသည် နန်းထိုင်လေ၏။
25Á tólfta ríkisári Jórams Akabssonar Ísraelskonungs tók ríki Ahasía, Jóramsson Júdakonungs.
26အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊မင်းပြု၍ ယေရု ရှလင်မြို့၌ တနှစ်စိုးစံ၏။ မယ်တော်ကား၊ ဣသရေလ ရှင်ဘုရင်ဩမရိမြေးအာသလိ အမည်ရှိ၏။
26Ahasía var tuttugu og tveggja ára gamall, þá er hann varð konungur, og ríkti hann eitt ár í Jerúsalem. Móðir hans hét Atalía, sonardóttir Omrí Ísraelskonungs.
27အာခဇိသည် အာဟပ်၏သမက်ဖြစ်သဖြင့်၊ အာဟပ်အမျိုးလိုက်ရာလမ်းသို့လိုက်၍၊ အာဟပ်အမျိုး ကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။
27Hann fetaði í fótspor Akabs ættar og gjörði það sem illt var í augum Drottins, eins og ætt Akabs, því að hann var í mægðum við ætt Akabs.
28အာဟပ်၏သားယောရံနှင့်ဝိုင်းလျက်၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိရှင်ဘုရင်ဟာဇေလကို တိုက်ရာတွင် ရှုရိလူတို့သည်ယောရံကိုတိခိုက်ကြ၏။
28Ahasía fór herför með Jóram Akabssyni í móti Hasael Sýrlandskonungi til Ramót í Gíleað, en Sýrlendingar særðu Jóram.Þá sneri Jóram konungur aftur til þess að láta græða sár sín í Jesreel, þau er Sýrlendingar höfðu veitt honum við Rama, þá er hann barðist við Hasael Sýrlandskonung. En Ahasía Jóramsson Júdakonungur fór ofan til Jesreel til þess að vitja um Jóram Akabsson, af því að hann var sjúkur.
29ထိုသို့ရာမုတ်မြို့၌ ရှုရိဘုရင်ဟာဇေလကိုတိုက်၍၊ ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှါ၊ ယောရံမင်းကြီးသည် ယေဇရေလမြို့သို့ ပြန်သွား၍ နာလျက်နေစဉ်တွင်၊ ယုဒရှင်ဘုရင် ယဟောရံသား အာခဇိသည်လည်း၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်း ငှါ ထိုမြို့သို့ ဆင်းသွားလေ၏။
29Þá sneri Jóram konungur aftur til þess að láta græða sár sín í Jesreel, þau er Sýrlendingar höfðu veitt honum við Rama, þá er hann barðist við Hasael Sýrlandskonung. En Ahasía Jóramsson Júdakonungur fór ofan til Jesreel til þess að vitja um Jóram Akabsson, af því að hann var sjúkur.