Myanmar

Icelandic

Daniel

1

1ယုဒရှင်ဘုရင်ယောယကိမ်နန်းစံသုံးနှစ်တွင်၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့သို့ ချီလာ၍ ဝန်းရံလေ၏။
1Á þriðja ríkisári Jójakíms konungs í Júda kom Nebúkadnesar konungur í Babýlon til Jerúsalem og settist um hana.
2ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ် မှစ၍ ဗိမာန်တော်တန်ဆာအချို့တို့ကို နေဗုခဒ်နေဇာ လက်သို့ အပ်နှံတော်မူ၍၊ ထိုတန်ဆာများကို နေဗုခဒ် နေဇာမင်းသည် ရှိနာပြည်၌ရှိသော မိမိဘုရား၏ကျောင်း သို့ ယူသွားပြီးလျှင်၊ ရွှေတိုက်၌ သွင်းထားတော်မူ၏။
2Og Drottinn gaf Jójakím Júdakonung á vald hans og nokkuð af áhöldum Guðs húss, og hann flutti þau til Sínearlands í musteri guðs síns, og áhöldin flutti hann í fjárhirslu guðs síns.
3ထိုအခါရှင်ဘုရင်သည် မိန်းမစိုးအုပ် အာရှ ပေနတ်ကို ခေါ်တော်မူ၍၊
3Og konungur bauð Aspenasi hirðstjóra að velja meðal Ísraelsmanna, bæði af konungsættinni og af höfðingjunum,
4မကောင်းသော လက္ခဏာကင်းလျက်၊ လှသောအဆင်းသဏ္ဌာန်နှင့်ပြည့်စုံ၍၊ ကောင်းသောဥာဏ်နှင့် တကွ အထူးထူးအပြားပြားသော အတတ်ပညာများကို လေ့ကျက်၍၊ နန်းတော်၌ အမှုထမ်းခြင်းငှါ တတ်စွမ်း နိုင်သောလူပျိုတို့ကို ဣသရေလမင်းမျိုးမင်းသားထဲက ရွေးကောက်၍၊ ခါလဒဲဘာသာအတတ်ကို သင်စေဟု အမိန့်တော်ရှိ၏။
4sveina nokkra, er engin líkamslýti hefðu og væru fríðir sýnum, vel að sér í hvers konar vísindum, fróðir og vel viti bornir og hæfir til að þjóna í konungshöllinni, og kenna þeim bókmenntir og tungu Kaldea.
5ပွဲတော်မှ ကြွင်းသောအစာနှင့် သောက်တော်မူ သော စပျစ်ရည်ကို နေ့တိုင်းပေး၍ သုံးနှစ်ကျွေးမွေးပြီးမှ၊ အမှုတော်ထမ်းရမည်အကြောင်း စီရင်တော်မူ၏။
5Og konungur ákvað þeim daglegan skammt frá konungsborði og af víni því, er hann sjálfur drakk, og bauð að uppala þá í þrjú ár, og að þeim liðnum skyldu þeir þjóna frammi fyrir konunginum.
6ထိုသူတို့တွင် ယုဒအမျိုးသားဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့သည် ပါကြ၏။
6Og meðal þeirra voru af Júdamönnum þeir Daníel, Hananja, Mísael og Asarja.
7မိန်းမစိုးအုပ်သည် ထိုသူတို့ကို အမည်နာမလဲ၍၊ ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိကိုရှာဒရက်၊ မိရှေလ ကိုမေရှက်၊ အာဇရိကို အဗေဒနေဂေါဟု၊ အသီးအသီး အမည်အသစ်ကို ပေး၏။
7En hirðstjórinn breytti nöfnum þeirra og kallaði Daníel Beltsasar, Hananja Sadrak, Mísael Mesak og Asarja Abed-Negó.
8ဒံယေလမူကား၊ ပွဲတော်မှကြွင်းသောအစာနှင့် သောက်တော်မူသော စပျစ်ရည်ကို မသောက်မစားဘဲ၊ ညစ်ညူးခြင်းကို ရှောင်မည်ဟု အကြံရှိ၍၊ မိမိကို မညစ်ညူး စေမည်အကြောင်း၊ မိန်းမစိုးအုပ်ကို အခွင့်တောင်း၏။
8En Daníel einsetti sér að saurga sig ekki á matnum frá konungsborði né á víni því, er konungur drakk, og beiddist þess af hirðstjóra, að hann þyrfti ekki að saurga sig.
9ဘုရားသခင်ပြုပြင်တော်မူသောအားဖြင့်၊ မိန်းမ စိုးအုပ်သည် ဒံယေလကို အလွန်ချစ်သနားသော်လည်း၊
9Og Guð lét Daníel verða náðar og líknar auðið hjá hirðstjóranum.
10ငါ့သခင်ကြည့်ရှုစေခြင်းငှါ မိန်းမစိုးအုပ်ခန့်ထား သော စားတော်ကဲကို ငါကြောက်၏။ သင်တို့အစား အသောက်ကို စီရင်တော်မူပြီ။ သင်တို့ မျက်နှာသည် အရွယ်တူ လူပျိုတို့၏ မျက်နှာလောက် အဆင်းမလှ သည်ကို မြင်တော်မူလျှင်၊ သင်တို့အတွက် ငါသည် ရာဇဝတ်သင့်၍ အသက်မလွတ်ရဟု ဒံယေလကို ပြောဆို၏။
10En hirðstjórinn sagði við Daníel: ,,Ég er hræddur um að minn herra konungurinn, sem tiltekið hefir mat yðar og drykk, sjái yður fölari í bragði en aðra sveina á yðar aldri, og verðið þér svo þess valdandi, að ég fyrirgjöri lífi mínu við konunginn.``
11ထိုအခါ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိ တို့ကို ကြည့်ရှုစေခြင်းငှါ မိန်းမစိုးအုပ်ခန့်ထားသော စားတော်ကဲကို ဒံယေလက၊
11Þá sagði Daníel við tilsjónarmanninn, er hirðstjórinn hafði sett yfir þá Daníel, Hananja, Mísael og Asarja:
12အကျွန်ုပ်တို့ စားသောက်စရာဘို့ ဟင်းသီး ဟင်းရွက်နှင့် ရေကိုသာ ဆယ်ရက်ပတ်လုံးပေးစမ်းပါ။
12,,Gjör tilraun við oss þjóna þína í tíu daga og lát gefa oss kálmeti að eta og vatn að drekka.
13ထိုနောက်၊ အကျွန်ုပ်တို့မျက်နှာနှင့်၊ ပွဲတော်မှ ကြွင်းသော အစာကို စားသောလူပျိုတို့၏မျက်နှာကို သခင်ရှေ့၌ စစ်တော်မူပါစေ။ ကိုယ်တော်တိုင်မြင်ပြီးမှ၊ အကျွန်ုပ်တို့ကို စီရင်တော်မူပါဟုပြောလျှင်၊
13Skoða síðan yfirbragð vort og yfirbragð sveina þeirra, er eta við konungsborð, og gjör því næst við oss eftir því, sem þér þá líst á oss.``
14စားတော်ကဲသည် ဝန်ခံ၍ ဆယ်ရက်စုံစမ်း လေ၏။
14Og hann veitti þeim bón þessa og gjörði tilraun við þá í tíu daga.
15ဆယ်ရက်စေ့လျှင် သူတို့မျက်နှာသည်၊ ပွဲတော်မှ ကြွင်းသောအစာကို စားသော လူပျိုအပေါင်းတို့၏ မျက်နှာထက် အဆင်းလှ၍ ဖွံ့ဝလျက်ရှိ၏။
15Og að tíu dögum liðnum reyndust þeir fegurri ásýndum og feitari á hold en allir sveinarnir, sem átu við konungsborð.
16ထိုအခါစားတော်ကဲသည် သူတို့အစာကို၎င်း၊ သူတို့သောက်ဘို့ စပျစ်ရည်ကို၎င်း ရုပ်သိမ်း၍၊ ဟင်းသီး ဟင်းရွက်နှင့်သာ ကျွေးမွေး၏။
16Eftir það lét tilsjónarmaðurinn bera burt matinn og vínið, sem þeim hafði verið ætlað, og gaf þeim kálmeti.
17ဘုရားသခင်သည် ထိုလုလင်လေးယောက်တို့ အား အထူးထူးသော သိပ္ပံအတတ်ပညာတို့ကို သိစေခြင်း ငှါ၊ ထိုးထွင်း၍ နားလည်နိုင်သော ဥာဏ်သတ္တိကို ပေး သနားတော်မူ၏။ ဒံယေလသည်လည်း ဗျာဒိတ်ရူပါရုံနှင့် အိပ်မက်ကိုနားလည်နိုင်သော ဥာဏ်ပညာနှင့်ပြည့်စုံ၏။
17Og þessum fjórum sveinum gaf Guð kunnáttu og skilning á alls konar rit og vísindi, en Daníel kunni og skyn á alls konar vitrunum og draumum.
18နန်းတော်သို့ သွင်းစေခြင်းငှါ ချိန်းချက်တော်မူ သော အချိန်ရောက်သော်၊ မိန်းမစိုးအုပ်သည် လုလင်များ တို့ကို ခေါ်၍ နန်းတော်သို့ သွင်းလေ၏။
18Og er liðinn var sá tími, er konungur hafði tiltekið, að þá skyldi leiða á sinn fund, þá leiddi hirðstjórinn þá fyrir Nebúkadnesar.
19ရှင်ဘုရင်သည် ထိုလုလင်တို့နှင့် ဆွေးနွေး မေးမြန်းတော်မူပြီးလျှင်၊ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့နှင့် တူသောသူတယောက်မျှမရှိသောကြောင့်၊ သူတို့သည် အထံတော်၌ ခံစားရသော အခွင့်အရာကို ရကြ၏။
19Og konungur átti tal við þá, en eigi fannst neinn af þeim öllum slíkur sem þeir Daníel, Hananja, Mísael og Asarja, og gengu þeir í þjónustu konungs.
20ရှင်ဘုရင်မေးတော်မူသမျှသော အတတ်ပညာကို ထိုလုလင်တို့သည် နိုင်ငံတော်၌ရှိသမျှသော မာဂု ပညာရှိ၊ ဗေဒင်တတ်များထက်သာ၍ ဆယ်ဆတတ်ကြ သည်ကို တွေ့မြင်တော်မူ၏။
20Og í öllum hlutum, sem viturleik og skilning þurfti við að hafa og konungur spurði þá um, reyndust þeir tíu sinnum fremri en allir spásagnamenn og særingamenn í öllu ríki hans.Og Daníel dvaldist þar allt til fyrsta árs Kýrusar konungs.
21ဒံယေလသည် ကုရုမင်းကြီးနန်းစံပဌမနှစ်တိုင်အောင် ရှိနေသတည်း။
21Og Daníel dvaldist þar allt til fyrsta árs Kýrusar konungs.