Myanmar

Icelandic

Genesis

11

1မြေကြီးသားအပေါင်းတို့သည် ဘာသာတမျိုးတည်း။ စကားတမျိုးတည်းရှိကြသည်ဖြစ်၍၊
1Öll jörðin hafði eitt tungumál og ein og sömu orð.
2အရှေ့မျက်နှာမှ ခရီးသွားသဖြင့်၊ ရှိနာပြည်၌ မြေညီရာအရပ် ကိုတွေ့၍ နေရာချကြ၏။
2Og svo bar við, er þeir fóru stað úr stað í austurlöndum, að þeir fundu láglendi í Sínearlandi og settust þar að.
3သူတို့ကလည်း လာကြ။ အုတ်လုပ်၍ ခိုင်မာစွာ ဖုတ်ကြကုန်အံ့ဟု၊ တယောက်ကို တယောက် ပြောကြ၏။ ထိုသို့ ကျောက်အရာ၌ အုတ်ကို၎င်း၊ သရွတ်အရာ၌ ရေညှိတမျိုးကို၎င်း ရပြီးလျှင်၊
3Og þeir sögðu hver við annan: ,,Gott og vel, vér skulum hnoða tigulsteina og herða í eldi.`` Og þeir notuðu tigulsteina í stað grjóts og jarðbik í stað kalks.
4လာကြ၊ မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကို စိုးရိမ်၍၊ မြို့ကို၎င်း၊ မိုဃ်းကောင်းကင်သို့မှီရသော ရဲတိုက်ကို၎င်း တည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှါ ပြုကြကုန်အံ့ဟု ပြောဆိုကြ၏။
4Og þeir sögðu: ,,Gott og vel, vér skulum byggja oss borg og turn, sem nái til himins, og gjörum oss minnismerki, svo að vér tvístrumst ekki um alla jörðina.``
5ထိုသို့ လူသားတို့တည်လုပ်သော မြို့နှင့် ရဲတိုက်ကို ကြည့်ရှုခြင်းငှါ၊ ထာဝရဘုရားသည် ဆင်းသက်တော် မူ၏။
5Þá steig Drottinn niður til þess að sjá borgina og turninn, sem mannanna synir voru að byggja.
6ထာဝရဘုရားက ကြည့်ရှုလော့။ လူတမျိုးတည်း၊ စကားတမျိုးတည်း ရှိသည်ဖြစ်၍၊ သူတို့သည် ဤအမှုကို အဦးပြုကြ၏။ ယခုကြံစည်သမျှတို့ကို အဆီးအတားမရှိ၊ သူတို့ပြုကြလိမ့်မည်။
6Og Drottinn mælti: ,,Sjá, þeir eru ein þjóð og hafa allir sama tungumál, og þetta er hið fyrsta fyrirtæki þeirra. Og nú mun þeim ekkert ófært verða, sem þeir taka sér fyrir hendur að gjöra.
7လာကြ၊ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်း နားမလည်စေခြင်းငှါ၊ သူတို့စကားကို ရှုပ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။
7Gott og vel, stígum niður og ruglum þar tungumál þeirra, svo að enginn skilji framar annars mál.``
8ထိုသို့ထာဝရဘုရားသည် သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည် မြို့ကိုမတည်ပဲ နေကြ၏။
8Og Drottinn tvístraði þeim þaðan út um alla jörðina, svo að þeir urðu af að láta að byggja borgina.
9သို့ဖြစ်၍ ထိုမြို့၌ ထာဝရဘုရားသည် မြေကြီးသားအပေါင်းတို့၏ စကားကိုရှုပ်ထွေး၍၊ သူတို့ကို မြေကြီးတပြင်လုံး၌ အရပ်ရပ် ကွဲပြားစေတော်မူသောကြောင့် ထိုမြို့သည် ဗာဗုလုံမြို့ဟူ၍ တွင်သတည်း။
9Þess vegna heitir hún Babel, því að þar ruglaði Drottinn tungumál allrar jarðarinnar, og þaðan tvístraði hann þeim um alla jörðina.
10ရှေမ၏ သားစဉ်မြေးဆက်ဟူမူကား၊ ရှေမသည် အသက်တရာရှိ၍၊ ရေလွှမ်းမိုးသောနောက်နှစ်နှစ်ကြာ သော်၊ သားအာဖာဇဒ်ကို မြင်လေ၏။
10Þetta er ættartala Sems: Sem var hundrað ára gamall, er hann gat Arpaksad, tveim árum eftir flóðið.
11အာဖာဇဒ်ဘွားမြင်သောနောက်၊ ရှေမသည် အနှစ်ငါးရာအသက်ရှင်၍ သားသမီးများကို မြင်လေ၏။
11Og Sem lifði, eftir að hann gat Arpaksad, fimm hundruð ár og gat sonu og dætur.
12အာဖာဇဒ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော်၊ သားရှာလကို မြင်လေ၏။
12Er Arpaksad var þrjátíu og fimm ára, gat hann Sela.
13ရှာလဘွားမြင်သောနောက်၊ အာဖာဇဒ်သည် အနှစ်လေးရာသုံး နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
13Og Arpaksad lifði, eftir að hann gat Sela, fjögur hundruð og þrjú ár og gat sonu og dætur.
14ရှာလသည် အသက်သုံးဆယ်ရှိသော်၊ သားဟေဗာကို မြင်လေ၏။
14Er Sela var þrjátíu ára, gat hann Eber.
15ဟေဗာဘွားမြင်သောနောက်၊ ရှာလသည် အနှစ်လေးရာသုံးနှစ် အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
15Og Sela lifði, eftir að hann gat Eber, fjögur hundruð og þrjú ár og gat sonu og dætur.
16ဟေဗာသည် အသက်သုံးဆယ့်လေးနှစ်ရှိသော်၊ သားဖာလက်ကို မြင်လေ၏။
16Er Eber var þrjátíu og fjögurra ára, gat hann Peleg.
17ဖာလက်ဘွားမြင်သောနောက်၊ ဟေဗာသည် အနှစ်လေးရာသုံးဆယ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
17Og Eber lifði, eftir að hann gat Peleg, fjögur hundruð og þrjátíu ár og gat sonu og dætur.
18ဖာလက်သည် အသက်သုံးဆယ်ရှိသော်၊ သားရာဂေါကို မြင်လေ၏။
18Er Peleg var þrjátíu ára, gat hann Reú.
19ရာဂေါဘွားမြင်သောနောက်၊ ဖာလက်သည် အနှစ်နှစ်ရာကိုးနှစ်အသက်ရှင်၍၊ သားသမီးများကို ဘွားမြင်လေ၏။
19Og Peleg lifði, eftir að hann gat Reú, tvö hundruð og níu ár og gat sonu og dætur.
20ရာဂေါသည် အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ သားစေရောက်ကို မြင်လေ၏။
20Er Reú var þrjátíu og tveggja ára, gat hann Serúg.
21စေရောက်ဘွားမြင်သောနောက်၊ ရာဂေါသည် အနှစ်နှစ်ရာခုနစ်နှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
21Og Reú lifði, eftir að hann gat Serúg, tvö hundruð og sjö ár og gat sonu og dætur.
22စေရောက်သည်အသက်သုံးဆယ်ရှိသော်၊ သားနာကိုခေါ်ကို မြင်လေ၏။
22Er Serúg var þrjátíu ára, gat hann Nahor.
23နာခေါ်ဘွားမြင်သောနောက်၊ စေရောက်သည် အနှစ်နှစ်ရာ အသက်ရှင်၍ သားသမီးများကို မြင်လေ၏။
23Og Serúg lifði, eftir að hann gat Nahor, tvö hundruð ár og gat sonu og dætur.
24နာခေါ်သည် အသက်နှစ်ဆယ်ကိုးနှစ်ရှိသော်၊ သားတေရကို မြင်လေ၏။
24Er Nahor var tuttugu og níu ára, gat hann Tara.
25တေရဘွားမြင်သောနောက်၊ နာခေါ်သည် အနှစ်တရာတဆယ်ကိုးနှစ်အသက်ရှင်၍၊ သားသမီးများကို မြင်လေ၏။
25Og Nahor lifði, eftir að hann gat Tara, hundrað og nítján ár og gat sonu og dætur.
26တေရသည် အသက်ခုနစ်ဆယ်ရှိသော်၊ သားအာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။
26Er Tara var sjötíu ára, gat hann Abram, Nahor og Haran.
27တေရ၏ သားစဉ်မြေးဆက်ဟူမူကား၊ တေရသည် အာဗြံ၊ နာခေါ်၊ ခါရန်တို့ကိုမြင်လေ၏။
27Þetta er saga Tara: Tara gat Abram, Nahor og Haran, en Haran gat Lot.
28ခါရန်သည်လည်း လောတကိုမြင်လေ၏။ ခါရန်သည်၊ အဘတေရမသေမှီ၊ မိမိဘွားရာအရပ်၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့၌ သေလေ၏။
28Og Haran dó á undan Tara föður sínum í ættlandi sínu, í Úr í Kaldeu.
29အာဗြံနှင့် နာခေါ်သည် မယားကို ယူ၍၊ အာဗြံ၏ မယားကား၊ စာရဲအမည်ရှိ၏။ နာခေါ်၏ မယားကား၊ ခါရန်၏သမီးမိလခါ အမည်ရှိ၏။ ခါရန်သည် မိလခါနှင့် ဣသခ၏အဘဖြစ်သတည်း။
29Og Abram og Nahor tóku sér konur. Kona Abrams hét Saraí, en kona Nahors Milka, dóttir Harans, föður Milku og föður Ísku.
30စာရဲမူကား မြုံသော မိန်းမဖြစ်၍ သားသမီးမရှိ။
30En Saraí var óbyrja, hún átti eigi börn.
31တေရသည် သားအာဗြံကို၎င်း၊ ခါရန်၏သား ဖြစ်သောမြေး လောတကို၎င်း၊ သားအာဗြံ၏မယားဖြစ် သော မိမိ ချွေးမစာရဲကို၎င်းခေါ်၍၊ သူတို့သည် ခါနာန်ပြည်သို့ သွားခြင်းငှါ၊ ခါလဒဲပြည်သားတို့နေသော ဥရမြို့မှ ထွက်သဖြင့်၊ ခါရန်မြို့သို့ ရောက်၍နေကြ၏။
31Þá tók Tara Abram son sinn og Lot Haransson, sonarson sinn, og Saraí tengdadóttur sína, konu Abrams sonar síns, og lagði af stað með þau frá Úr í Kaldeu áleiðis til Kanaanlands, og þau komu til Harran og settust þar að.Og dagar Tara voru tvö hundruð og fimm ár. Þá andaðist Tara í Harran.
32တေရသည် အသက်နှစ်ပေါင်းနှစ်ရာငါးနှစ်ရှိသော်၊ ခါရန်မြို့၌ သေလေ၏။
32Og dagar Tara voru tvö hundruð og fimm ár. Þá andaðist Tara í Harran.