Myanmar

Icelandic

Jeremiah

5

1ယေရုရှလင်မြို့ကို အပြစ်မှ ငါလွှတ်မည် အကြောင်း၊ တရားသဖြင့် ကျင့်သောမြို့သား၊ သစ္စာစောင့် သောမြို့သား တစုံတယောက်မျှရှိလျှင်၊ ထိုသူကို တွေ့အံ့ သောငှါ၊ မြို့လမ်းတို့၌ တောင်မြောက်ပြေး၍၊ ကျယ်သော အရပ်တို့၌ ရှာဖွေကြည့်ရှုကြလော့။
1Gangið fram og aftur um stræti Jerúsalem, litist um og rannsakið og leitið á torgunum, hvort þér finnið nokkurn mann, hvort þar sé nokkur, sem gjörir það sem rétt er og leitast við að sýna trúmennsku, og mun ég fyrirgefa henni.
2သူတို့က၊ ထာဝရဘုရား အသက်ရှင်တော်မူ သည်ဟုဆိုသော်လည်း၊ အကယ်စင်စစ်မဟုတ်မမှန် ကျိန်ဆိုတတ်ကြ၏။
2Og þótt þeir segi: ,,svo sannarlega sem Drottinn lifir,`` sverja þeir engu að síður meinsæri.
3အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာ တရားကို ထောက်ရှုတော်မူသည် မဟုတ်လော။ ကိုယ်တော်သည် ဒဏ်ခတ်တော်မူသော်လည်း သူတို့သည် ညှိုးငယ်သောစိတ်မရှိကြပါ။ ဖျက်ဆီးတော်မူသော်လည်း၊ သူတို့သည် ဆုံးမခြင်းကို ငြင်းပယ်ကြပါပြီ။ မိမိတို့ မျက်နှာ ကို ကျောက်ထက်သာ၍ မာစေကြပါပြီ။ ငါတို့သည် ပြန်၍ မလာဟု ငြင်းဆန်လျက်နေကြပါပြီ။
3En, Drottinn, líta ekki augu þín á trúfesti? Þú laust þá, en þeir kenndu ekkert til, þú eyddir þeim, en þeir vildu ekki taka aga. Þeir gjörðu andlit sín harðari en stein, þeir vildu ekki snúa við.
4ငါကလည်း၊ အကယ်စင်စစ် ဤသူတို့သည် ဆင်းရဲသားဖြစ်ကြ၏။ ထာဝရဘုရား၏ တရားတော်ကို၎င်း၊ မိမိတို့ ဘုရားသခင်စီရင်တော်မူရာကို၎င်း၊ မသိ သောကြောင့် မိုက်ကြ၏။
4En ég hugsaði: ,,Það eru aðeins hinir lítilmótlegu, sem breyta heimskulega, af því að þeir þekkja ekki veg Drottins, réttindi Guðs síns.
5လူကြီးများထံသို့ ငါသွား၍ပြောမည်။ သူတို့သည် ထာဝရဘုရား၏ တရားတော်ကို၎င်း၊ မိမိတို့ဘုရားသခင် စီရင်တော်မူရာကို၎င်း သိကြ၏ဟုဆိုသော်လည်း၊ သူတို့ သည် ထမ်းဘိုးတော်ကိုချိုး၍၊ အနှောင်အဖွဲ့တော်တို့ကို ဖြတ်ကြပြီ။
5Ég ætla að fara til stórmennanna og tala við þá, því að þeir þekkja veg Drottins, réttindi Guðs síns.`` En einmitt þeir höfðu allir saman brotið sundur okið og slitið af sér böndin.
6ထိုကြောင့်၊ တောမှလာသော ခြင်္သေ့သည် သူတို့ ကို သတ်လိမ့်မည်။ ညဦးယံ၌ လည်တတ်သော တောခွေး သည် သူတို့ကို ကိုက်စားလိမ့်မည်။ ကျားသစ်သည် သူတို့မြို့ကို စောင့်၍၊ မြို့ပြင်သို့ထွက် သွားသောသူ အပေါင်းတို့ကို အပိုင်းပိုင်းဖြတ်လိမ့်မည်။ အကြောင်းမူ ကား၊ သူတို့ပြစ်မှားသော အပြစ်များ၍၊ အကြိမ်ကြိမ် အထပ်ထပ် ဖောက်ပြန်ကြပြီ။
6Fyrir því drepur þá ljón úr skóginum, fyrir því eyðir þeim úlfurinn, sem hefst við á heiðunum. Pardusdýrið situr um borgir þeirra, svo að hver sá, er út úr þeim fer, verður rifinn sundur, því að afbrot þeirra eru mörg, fráhvarfssyndir þeirra miklar.
7ထိုသို့သော အပြစ်မှ သင့်ကို အဘယ်သို့ ငါလွှတ် နိုင်သနည်း။ သင်၏ သားသမီးတို့သည် ငါ့ကိုစွန့်၍၊ ဘုရားမဟုတ်သော သူတို့ကို တိုင်တည်လျက် ကျိန်ဆို ကြပြီ။ ငါသည်ဝစွာကျွေးသော အခါသူတို့သည် ပြည်တန် ဆာအိမ်၌ စည်းဝေး၍ မှားယွင်းကြပြီ။
7Hví skyldi ég fyrirgefa þér? Börn þín hafa yfirgefið mig og svarið við þá, sem ekki eru guðir, og þótt ég mettaði þá, tóku þeir fram hjá og þyrptust að hóruhúsinu.
8ဝစွာစားရသော မြင်းကဲ့သို့ဖြစ်၍၊ အသီးအသီး အိမ်နီးချင်းမယားတို့ကို တပ်သောစိတ်နှင့် ဟီကြပြီ။
8Eins og sællegir stóðhestar hlaupa þeir til og frá og hvía hver að annars konu.
9ထိုသို့သောအပြစ်တို့ကို ငါသည် မစစ်ကြောဘဲ နေရမည်လော။ ထိုသို့သောအမျိုးကို ဒဏ်ပေး၍၊ ငါ့စိတ် ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော် မူ၏။
9Ætti ég ekki að hegna slíkum mönnum? _ segir Drottinn _, eða hefna mín á annarri eins þjóð og þessari?
10မြို့ရိုးပေါ်သို့တက်၍ ဖျက်ဆီးကြလော့။ ပျက်စီး ခြင်းကို မစဲစေကြနှင့်။ ခြေလက်တို့ကို ပယ်ရှင်းကြလော့။ ထာဝရဘုရားဆိုင်တော်မမူ။
10Stígið upp á víngarðshjalla þjóðar minnar og rífið niður, en gjörið þó ekki aleyðing, takið burt vínviðargreinar hennar, því að þær heyra ekki Drottni.
11ဣသရေလအမျိုးနှင့် ယုဒအမျိုးတို့သည် ငါ့ထံ၌ ခံဘူးသော သစ္စာကိုဖျက်ကြပြီဟု ထာဝရဘုရား မိန့်တော် မူ၏။
11Því að Ísraels hús og Júda hús hafa breytt mjög sviksamlega gegn mér _ segir Drottinn.
12သူတို့က၊ ထာဝရဘုရားမရှိ။ ငါတို့အပေါ်၌ ဘေးဥပဒ် မရောက်ရ။ ထားဘေး၊ မွတ်သိပ်ခြင်းဘေးကို ငါတို့သည် မတွေ့ရကြ။
12Þeir hafa afneitað Drottni og sagt: ,,Það er ekki hann, og engin ógæfa mun yfir oss koma, sverð og hungur munum vér ekki sjá.
13ပရောဖက်တို့သည် လေသက်သက်ဖြစ်ကြ၏။ သူတို့၌ နှုတ်ကပတ်တော်မရှိ။ သူတို့ဟောပြောသည် အတိုင်း သူတို့ခံရလိမ့်မည်ဟု ထာဝရဘုရားကို ငြင်းပယ် လျက်ဆိုတတ်ကြ၏။
13Spámennirnir munu verða að vindi, því að orð Guðs býr ekki í þeim.``
14သို့ဖြစ်၍၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရား သခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့သည် ထိုသို့ဆိုသောကြောင့်၊ ငါ့စကားကို သင်၏နှုတ်၌ မီးကဲ့သို့၎င်း၊ ဤလူမျိုးကိုထင်းကဲ့သို့၎င်း ငါဖြစ်စေ၍ သူတို့ကို မီးလောင်ရလိမ့်မည်။
14Fyrir því mælir Drottinn, Guð allsherjar, svo: Af því að þeir hafa mælt slíkum orðum, fer svo fyrir þeim sjálfum! Ég gjöri orð mín í munni þínum að eldi og þessa þjóð að eldiviði, til þess að hann eyði henni.
15ထာဝရဘုရား မိန့်တော်မူသည်ကား၊ အို ဣသ ရေလအမျိုး၊ သင့်ကို တိုက်စေဘို့လူတမျိုးကို ဝေးသော အရပ်ကငါဆောင်ခဲ့မည်။ အားကြီးသောအမျိုး၊ ရှေး ကာလ၌ ဖြစ်ဘူးသောအမျိုး၊ သူတို့စကားကို သင်မသိ နားမလည်သော အမျိုးဖြစ်လိမ့်မည်။
15Sjá, ég læt þjóð koma yfir yður úr fjarlægu landi, Ísraels hús _ segir Drottinn. Það er óbilug þjóð, það er afar gömul þjóð, tungu þeirrar þjóðar þekkir þú ekki, og skilur ekki, hvað hún segir.
16သူတို့ မြှားတောင့်သည် ဖွင့်ထားသော သင်္ချိုင်း တွင်းဖြစ်၏။ ထိုသူအပေါင်းတို့သည် ခွန်အားကြီးသောသူ ဖြစ်ကြ၏။
16Örvamælir hennar er sem opin gröf, allir eru þeir kappar.
17ထိုသူတို့သည် သင်၏အသီးအနှံနှင့် သင်၏မုန့် ကို စားကြလိမ့်မည်။ သင်၏သားသမီးတို့ကိုလည်း စားကြ လိမ့်မည်။ သင်၏သိုးနွားတို့ကိုလည်း စားကြလိမ့်မည်။ သင်၏စပျစ်နွယ်ပင်နှင့် သင်္ဘောသဖန်းပင်တို့ကိုလည်း စားကြလိမ့်မည်။ သင်ခိုလှုံ၍ ခိုင်ခံ့သောမြို့တို့ကိုလည်း တိုက်၍ လုပ်ကြံကြလိမ့်မည်။
17Hún mun eta uppskeru þína og neyslukorn þitt, þeir munu eta sonu þína og dætur. Hún mun eta sauði þína og naut, hún mun eta víntré þín og fíkjutré, hún mun brjóta niður með sverði hinar víggirtu borgir þínar, er þú reiðir þig á.
18သို့ရာတွင်၊ ထိုကာလ၌ ငါသည် သင်၏အမှုကို မဆုံးဖြတ်သေးဟု ထာဝရဘုရားမိန့်တော်မူ၏။
18En á þeim dögum _ segir Drottinn _ mun ég samt ekki gjöra aleyðing á yður.
19သင်တို့ကလည်း၊ ငါတို့ဘုရားသခင် ထာဝရ ဘုရားသည်၊ ငါတို့၌ ဤအမှုအလုံးစုံတို့ကို အဘယ်ကြောင့် စီရင်တော်မူသနည်းဟု မေးကြေသောအခါ၊ သင်တို့သည် ငါ့ကိုစွန့်ပစ်၍၊ ကိုယ်ပိုင်သော ပြည်၌ တကျွန်းတနိုင်ငံ ဘုရားတို့၏ အမှုကိုဆောင်ရွက်သကဲ့သို့၊ ကိုယ်မပိုင်သော ပြည်၌ တကျွန်းတနိုင်ငံသားတို့၏ အမှုကိုဆောင်ရွက် ရကြလိမ့်မည်ဟု၊ သင်သည်သူတို့အား ဆင့်ဆိုရမည်။
19En ef þér þá segið: ,,Fyrir hvað gjörir Drottinn, Guð vor, oss allt þetta?`` þá skalt þú segja við þá: ,,Eins og þér hafið yfirgefið mig og þjónað öðrum guðum í yðar landi, svo skuluð þér verða annarra þrælar í landi, sem ekki er yðar land.``
20ယာကုပ်အမျိုးနေရာ ယုဒပြည်၌ ဟောပြော ကြွေးကြော်ရမည်မှာ၊
20Kunngjörið það í húsi Jakobs og boðið það í Júda:
21အို မျက်စိရှိလျက်နှင့် မမြင်၊ နားရှိလျက်နှင့် မကြား၊ ဥာဏ်မဲ့သော လူမိုက်တို့၊ နားထောင်ကြလော့။
21Heyr þetta, þú heimski og skilningslausi lýður, þér sem hafið augu, en sjáið ekki, þér sem hafið eyru, en heyrið ekki!
22ထာဝရဘုရား မိန့်တော်မူသည်ကား၊ ပင်လယ် မလွန်နိုင်အောင် ဆီးတားဘို့ရာ သဲကိုထာဝရ အပိုင်း အခြားခန့်ထားသော ငါကို သင်တို့သည် မကြောက်ကြ သလော။ ငါ၏ရှေ့တော်၌ မတုန်လှုပ်ကြသလော။ ပင်လယ်လှိုင်းတံပိုးတို့သည် ထ၍မနိုင်၊ ဟုန်း၍မကျော် မလွန်နိုင်သော်လည်း၊
22Mig viljið þér ekki óttast _ segir Drottinn _ eða skjálfa fyrir mínu augliti? fyrir mér, sem hefi sett hafinu fjörusandinn að takmarki, ævarandi girðingu, sem það kemst ekki yfir. Og þótt öldur þess komi æðandi, þá vinna þær ekki á, og þótt þær gnýi, þá komast þær ekki yfir hana.
23ဤလူမျိုးသည် ပြစ်မှားပုန်ကန်သော သဘော ရှိ၍၊ အစဉ်ပုန်ကန်တတ်ကြ၏။
23En lýður þessi er þverúðarfullur og þrjóskur í hjarta. Þeir hafa vikið af leið og horfið burt,
24အချိန်တန်မှ အရင်မိုဃ်းနှင့် နောက်မိုဃ်းကို ရွာစေ၍၊ အသီးအနှံသိမ်းမြဲသိမ်းရာ ကာလကို ငါတို့အဘို့ သိုထားတော်မူသော ငါတို့၏ ဘုရားသခင် ထာဝရဘုရား ကို ယခုကြောက်ကြကုန်အံ့ဟု၊ သူတို့သည် စိတ်နှလုံးထဲ၌ မဆိုတတ်ကြ။
24en sögðu ekki í hjarta sínu: ,,Óttumst Drottin, Guð vorn, sem gefur regnið, haustregnið og vorregnið, í réttan tíma og viðheldur handa oss ákveðnum uppskeruvikum.``
25သင်တို့ဒုစရိုက်သည် ထိုသို့သော အရာတို့ကို လွှဲ၍၊ သင်တို့အပြစ်သည် သင်တို့၏ မင်္ဂလာကို ဆီးတား လေပြီ။
25Misgjörðir yðar hafa fært allt þetta úr skorðum, og syndir yðar hafa hrundið blessuninni burt frá yður.
26ဝပ်လျက်နေသော မုဆိုးကဲ့သို့ ချောင်းမြောင်း သော လူဆိုးတို့သည် ငါ၏လူတို့တွင်ရှိကြ၏။ လူတို့ကို ထောင်ခြင်းငှါ ထောင်ချောက်ကို ထားကြပြီ။
26Meðal lýðs míns eru óguðlegir menn. Þeir liggja í fyrirsát, eins og þegar fuglarar húka, þeir leggja snörur til þess að veiða menn.
27ငှက်ထောင်အိမ်သည် ငှက်တို့နှင့် ပြည့်သကဲ့သို့၊ သူတို့အိမ်သည် လှည့်စားခြင်းပရိယာယ်နှင့်ပြည့်၏။ ထိုသို့သူတို့သည် အားတိုးပွါး၍ ရတတ်ခြင်းသို့ ရောက် ကြ၏။
27Eins og fuglabúr fullt af fuglum, svo eru hús þeirra full af svikum; á þann hátt eru þeir orðnir miklir og auðugir.
28ဝလျက်၊ မျက်နှာပြောင်လျက်ရှိကြ၏။ ဆိုးသော သူတို့ထက်သာ၍ ဆိုးကြ၏။ တရားသဖြင့်မစီရင်ကြ။ မိဘမရှိသောသူငယ်၏အမှုကို စောင့်၍ အနိုင်မပေးကြ။ ဆင်းရဲသော သူဘက်၌ တရားသဖြင့် မစီရင်ကြ။
28Þeir eru orðnir feitir, það stirnir á þá. Þeir eru og fleytifullir af illskutali, málefni munaðarleysingjans taka þeir ekki að sér til þess að bera það fram til sigurs, og þeir reka ekki réttar fátæklinganna.
29ထိုသို့သော အပြစ်တို့ကို ငါသည် မစစ်ကြောဘဲ နေရမည်လော။ ထိုသို့သော အမျိုးကို ဒဏ်ပေး၍၊ ငါစိတ် ချင်ရဲမပြေဘဲ နေရမည်လောဟု ထာဝရဘုရား မိန့်တော် မူ၏။
29Ætti ég ekki að hegna slíkum mönnum? _ segir Drottinn _ eða hefna mín á annarri eins þjóð og þessari?
30အံ့ဩရွံရှာဘွယ်သော အမှုကို ပြည်တော်၌ ပြုကြ၏။
30Óttalegt og hryllilegt er það, sem við ber í landinu!Spámennirnir kenna lygar og prestarnir drottna eftir tilsögn þeirra, og þjóð minni þykir fara vel á því. En hvað ætlið þér að gjöra, þegar að skuldadögunum kemur?
31ပရောဖက်တို့သည် မဟုတ်မမှန်ဟောပြော ကြ၏။ ယဇ်ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရကြ၏။ ထိုသို့သောအမှုကို ငါ၏လူတို့သည် နှစ်သက်ကြ၏။ ထိုအမှုဆုံးသောအခါ သင်တို့သည် အဘယ်သို့ပြုကြလိမ့် မည်နည်း။
31Spámennirnir kenna lygar og prestarnir drottna eftir tilsögn þeirra, og þjóð minni þykir fara vel á því. En hvað ætlið þér að gjöra, þegar að skuldadögunum kemur?