1ထိုအခါ ထာဝရဘုရားသည် ယောဘစကားကို လှန်ပြန်၍၊ မိုဃ်းသက်မုန်တိုင်းထဲက မိန့်တော်မူသည် ကား၊
1Þá svaraði Drottinn Job úr stormviðrinu og sagði:
2ပညာမရှိဘဲစကားပြောကာမျှနှင့် ငါ့အကြံကို မိုက်စေသော ဤ သူကား အဘယ်သူနည်း။
2Hver er sá, sem myrkvar ráðsályktun Guðs með óskynsamlegum orðum?
3လူယောက်ျားကဲ့သို့ သင့်ခါးကို စီးလော့။ ငါမေးမြန်းသော ပြဿနာတို့ကို ဖြေလော့။
3Gyrð lendar þínar eins og maður, þá mun ég spyrja þig, og þú skalt fræða mig.
4မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင် ဘော်ပြလော့။
4Hvar varst þú, þegar ég grundvallaði jörðina? Seg fram, ef þú hefir þekkingu til.
5မြေကြီးအတိုင်းအရှည်ပမာဏကို အဘယ်သူ စီရင်သနည်း။ နားလည်လျှင်ပြောလော့။ မျဉ်းကြိုးကို အဘယ်သူတန်း၍ချသနည်း။
5Hver ákvað mál hennar _ þú veist það! _ eða hver þandi mælivaðinn yfir hana?
6မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌ စွဲစေ သနည်း။
6Á hvað var stólpum hennar hleypt niður, eða hver lagði hornstein hennar,
7နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်း မြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွဋ် ကျောက်ကို အဘယ်သူတင်ထားသနည်း။
7þá er morgunstjörnurnar sungu gleðisöng allar saman og allir guðssynir fögnuðu?
8သမုဒ္ဒရာသည်အမိဝမ်းထဲက ဘွား၍ ထွက်လာ သောအခါ၊ အဘယ်သူသည် တံခါးပိတ်နှင့် ပိတ်ထား သနည်း။
8Og hver byrgði hafið inni með hurðum, þá er það braust fram, gekk út af móðurkviði,
9သမုဒ္ဒရာကို မိုဃ်းတိမ်နှင့် ငါခြုံ၍ ထူထပ်သော မှောင်မိုက်နှင့် ထုပ်ရစ်သည်ကာလ၌၎င်း၊
9þá er ég fékk því skýin að klæðnaði og svartaþykknið að reifum?
10သင်သည်ဤအရပ်တိုင်အောင်လာရ၏။
10þá er ég braut því takmörk og setti slagbranda fyrir og hurðir
11တိုး၍မလွန်ရ၊ ဤအရပ်၌သင်၏ ထောင်လွှားသောလှိုင်းတံပိုးဆုံးရ၏ဟု ပညက်လျက်၊ သမုဒ္ဒရာအပိုင်း အခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီ သနည်း။
11og mælti: ,,Hingað skaltu komast og ekki lengra, hér skulu þínar hreyknu hrannir brotna!``
12သင်သည်တသက်လုံးတွင် တခါမျှ နံနက်ကို မှာထားဘူးသလော။ မိုဃ်းသောက်လင်းကို နေရာချဘူး သလော။
12Hefir þú nokkurn tíma á ævi þinni boðið út morgninum, vísað morgunroðanum á stað hans,
13နံနက်အလင်းသည် မြေကြီးစွန်းကိုကိုင်လျက်၊ လူဆိုးတို့ကိုခါ၍ ပစ်စေခြင်းငှါ စီရင်ဘူးသလော။
13til þess að hann gripi í jaðar jarðarinnar og hinir óguðlegu yrðu hristir af henni?
14မြေကြီးသည် တံဆိပ်ခတ်သကဲ့သို့ပုံပေါ်၍ အဝတ်တန်ဆာဆင်သကဲ့သို့ ရှိ၏။
14Hún breytist eins og leir undir signeti, og allt kemur fram eins og á klæði.
15လူဆိုးတို့၏ အလင်းသည်ကွယ်၍ ချီကြွသော လက်လည်း ကျိုးတတ်၏။
15Og hinir óguðlegu verða sviptir ljósinu og hinn upplyfti armleggur sundur brotinn.
16သင်သည်သမုဒ္ဒရာ စမ်းရေပေါက်ထဲသို့ ဝင်ဘူးသလော။ နက်နဲသော အောက်ဆုံးအရပ်၌ လှည့်လည်ဘူး သလော။
16Hefir þú komið að uppsprettum hafsins og gengið á botni undirdjúpsins?
17သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဘူးသလော။ သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကို မြင်ဘူး သလော။
17Hafa hlið dauðans opnast fyrir þér og hefir þú séð hlið svartamyrkursins?
18မြေကြီးမျက်နှာတပြင်လုံးကို ကြည့်ရှုဘူး သလော။ အလုံးစုံကို သိမြင်လျှင်ဘော်ပြလော့။
18Hefir þú litið yfir breidd jarðarinnar? Seg fram, fyrst þú veist það allt saman.
19အလင်းနေရာသို့ အဘယ်မည်သော လမ်းဖြင့် ရောက်ရသနည်း။ မှောင်မိုက်နေရာလည်း အဘယ်မှာ ရှိသနည်း။
19Hvar er vegurinn þangað sem ljósið býr, og myrkrið _ hvar á það heima,
20အကယ်စင်စစ်သင်သည် အလင်းအမိုက်အပိုင်း အခြားသို့ ငါတို့ ကိုပို့ဆောင်နိုင်၏။ သူတို့နေရာအိမ်သို့ ရောက်သောလမ်းတို့ကို သိလိမ့်မည်။
20svo að þú gætir flutt það heim í landareign þess og þekktir göturnar heim að húsi þess?
21သင်သည်ရှေးကာလ၌ ဘွားမြင်၍ အလွန် အသက်ကြီးသောကြောင့် သိလိမ့်မည်။
21Þú veist það, því að þá fæddist þú, og tala daga þinna er há!
22သင်သည် မိုဃ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူး သလော။
22Hefir þú komið til forðabúrs snjávarins og séð forðabúr haglsins,
23ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဘို့၊ ငါသိုထားသော မိုဃ်းသီးဘဏ္ဍာ များကို မြင်ဘူးသလော။
23sem ég hefi geymt til tíma neyðarinnar, til orustu- og ófriðardagsins?
24အလင်းသည် အဘယ်သို့သောလမ်းဖြင့် နှံ့ပြားသနည်း။ အရှေ့လေသည်မြေကြီးပေါ်မှာ အဘယ်ကြောင့် လွင့်သနည်း။
24Hvar er vegurinn þangað sem ljósið skiptist og austanvindurinn dreifist yfir jörðina?
25လူမရှိသောမြေနှင့် လူမနေသောတော၌ မိုဃ်း ရွာစေခြင်းငှါ၎င်း၊
25Hver hefir búið til rennu fyrir steypiregnið og veg fyrir eldingarnar
26လွတ်လပ်သောလွင်ပြင်ကို ရေနှင့်ဝစေ၍၊ နုသောမြက်ပင်အညှောက်ကို ထွက်စေခြင်းငှါ၎င်း၊
26til þess að láta rigna yfir mannautt land, yfir eyðimörkina, þar sem enginn býr,
27လျှံသောမိုဃ်းရေစီးရာလမ်း၊ မိုဃ်းကြိုးနှင့် ဆိုင်သော လျှပ်စစ်ပြက်ရာလမ်းကို အဘယ်သူဖွင့်သနည်း။
27til þess að metta auðnir og eyðilönd og láta grængresi spretta?
28မိုဃ်းရေ၏အဘကား အဘယ်သူနည်း။ နှင်း ပေါက်တို့ကို အဘယ်သူဖြစ်ဘွားစေသနည်း။
28Á regnið föður eða hver hefir getið daggardropana?
29ရေခဲသည်အဘယ်သူ၏ ဝမ်းထဲက ထွက်လာ သနည်း။ မိုဃ်းကောင်းကင်နှင်းခဲကို အဘယ်သူသည် ပဋိသန္ဓေပေးသနည်း။
29Af kviði hverrar er ísinn útgenginn, og hrím himinsins _ hver fæddi það?
30ရေသည် ကျောက်ခဲကဲ့သို့ဖြစ်၍ ပင်လယ် မျက်နှာတင်းမာလျက် ရှိ၏။
30Vötnin þéttast eins og steinn, og yfirborð fljótsins verður samfrosta.
31သင်သည် ခိမကြယ်စု၏သာယာစွာ ပြုပြင်ခြင်း ကို ချုပ်တည်းနိုင်သလော။ ကသိလကြယ်၏ ချည်နှောင် ခြင်းကို ဖြည်နိုင်သလော။
31Getur þú þrengt sjöstirnis-böndin eða fær þú leyst fjötra Óríons?
32မာဇရုတ်ကြယ်တို့ကို အချိန်ရောက်လျှင် ထုတ် ဘော်နိုင်သလော။ အာရှကြယ်နှင့်သူ၏သားတို့ကို ပဲ့ပြင် နိုင်သလော။
32Lætur þú stjörnumerki dýrahringsins koma fram á sínum tíma og leiðir þú Birnuna með húnum hennar?
33မိုဃ်းကောင်းကင်တရားတို့ကို နားလည် သလော။ ထိုတရားတို့သည် မြေကြီးကို အုပ်စိုးမည် အကြောင်း အခွင့်ပေးနိုင်သလော။
33Þekkir þú lög himinsins eða ákveður þú yfirráð hans yfir jörðunni?
34များစွာသော မိုဃ်းရေသည် သင့်ကို လွှမ်းမိုး စေခြင်းငှါ မိုဃ်းတိမ်တို့ကို အသံလွှင့်နိုင်သလော။
34Getur þú lyft raust þinni upp til skýsins, svo að vatnaflaumurinn hylji þig?
35လျှပ်စစ်တို့ကို လွှတ်နိုင်သလော။ သူတို့က ကျွန်တော်တို့ရှိပါ၏ဟု သင့်ကိုလျှောက်လျက် သွားကြ လိမ့်မည်လော။
35Getur þú sent eldingarnar, svo að þær fari og segi við þig: ,,Hér erum vér!``
36ကိုယ်ခန္ဓာထဲသို့ ပညာကို အဘယ်သူသွင်း သနည်း။ နားလည်နိုင်သောဥာဏ်ကို အဘယ်သူပေး သနည်း။ ပညာရှိ၍ မိုဃ်းတိမ်တို့ကို အဘယ်သူရေတွက် နိုင်သနည်း။
36Hver hefir lagt vísdóm í hin dimmu ský eða hver hefir gefið loftsjónunum vit?
37မြေမှုန့်သည် လုံးထွေး၍ မြေစိုင်တို့သည် ကပ်လျက်နေသောအခါ၊
37Hver telur skýin með visku, og vatnsbelgir himinsins _ hver hellir úr þeim,
38မိုဃ်းကောင်းကင်၏ရေဘူးတို့ကို အဘယ်သူသွန်းချသနည်း။
38þegar moldin rennur saman í kökk og hnausarnir loða hver við annan?
39သင်သည်ခြင်္သေ့မအဘို့ စားစရာအကောင်ကို လိုက်ရှာနိုင်သလော။
39Veiðir þú bráðina fyrir ljónynjuna, og seður þú græðgi ungljónanna,
40ခြင်္သေ့ပျိုတို့သည် ခိုလှုံရာ၌ဝပ်၍၊ ချုံဖုတ် အောက်၌ ချောင်းကြည့်လျက်နေသောအခါ၊ သူတို့ကို ဝစွာကျွေးနိုင်သလော။
40þá er þau kúra í bæli sínu og vaka yfir veiði í þéttum runni?Hver býr hrafninum fæðu hans, þá er ungar hans hrópa til Guðs, flögra til og frá ætislausir?
41ကျီးအသငယ်တို့သည် စားစရာမရှိကြောင့်လှည့်လည်၍ ဘုရားသခင်ကိုအော်ဟစ်သောအခါ၊ စားစရာကိုအဘယ်သူပေးသနည်း။
41Hver býr hrafninum fæðu hans, þá er ungar hans hrópa til Guðs, flögra til og frá ætislausir?