Myanmar

Icelandic

Lamentations

3

1ငါသည် ဘုရားသခင်၏ အမျက်တော်ကြိမ်လုံး အောက်၌ ဆင်းရဲခြင်းကို ခံရသောသူဖြစ်၏။
1Ég er maðurinn, sem eymd hefi reynt undir sprota reiði hans.
2ငါ့ကိုသွေးဆောင်၍ အလင်းသို့မပို့၊ မှောင်မိုက် ထဲသို့ ပို့ဆောင်တော်မူ၏။
2Mig hefir hann rekið og fært út í myrkur og niðdimmu.
3အကယ်စင်စစ်ငါ့ကို တနေ့လုံးအထပ်ထပ် ဒဏ်ခတ်တော်မူ၏။
3Já, gegn mér snýr hann æ að nýju hendi sinni allan daginn.
4ငါ့အရေနှင့်အသားကို ဆွေးရိစေ၍ ငါ့အရိုး တို့ကိုလည်း ချိုးတော်မူ၏။
4Hann hefir tálgað af mér hold mitt og hörund, brotið sundur bein mín,
5ငါ့တဘက်၌ တပ်တည်၍ခါးသောအရာ၊ ပင်ပန်းစရာအကြောင်းတို့နှင့် ပိုင်းတော်မူ၏။
5hlaðið hringinn í kringum mig fári og mæðu,
6သေလွန်သောသူတို့ကို ပြုတတ်သကဲ့သို့၊ ငါ့ကို မိုက်သောအရပ်၌ ထားတော်မူ၏။
6hneppt mig í myrkur eins og þá sem dánir eru fyrir löngu.
7ငါမထွက်နိုင်အောင် ဝင်းခတ်၍၊ လေးသော သံကြိုးနှင့် ချည်နှောင်တော်မူ၏။
7Hann hefir girt fyrir mig, svo að ég kemst ekki út, gjört fjötra mína þunga.
8ထိုမျှမကငါသည် ကြွေးကြော်အော်ဟစ်၍ ဆုတောင်းသော်လည်း ငြင်းပယ်တော်မူ၏။
8Þótt ég hrópi og kalli, hnekkir hann bæn minni.
9ငါသွားရာလမ်းကို ကျောက်ထရံနှင့်ပိတ်၍၊ ကောက်သောလမ်းဖြင့် သွားစေတော်မူ၏။
9Hann girti fyrir vegu mína með höggnum steinum, gjörði stigu mína ófæra.
10ငါ့ကို ချောင်းမြောင်းသောဝက်ဝံကဲ့သို့၎င်း၊ မထင်ရှားသော အရပ်၌နေသော ခြင်္သေ့ကဲ့သို့၎င်း ဖြစ် တော်မူ၏။
10Hann var mér eins og björn, sem situr um bráð, eins og ljón í launsátri.
11ငါ့ကိုလမ်းလွဲစေပြီးလျှင် အပိုင်းပိုင်းဖြတ်၍ ဖျက်ဆီးတော်မူ၏။
11Hann hefir leitt mig afleiðis og tætt mig sundur, hann hefir látið mig eyddan,
12လေးတော်ကိုတင်၍ ပစ်စရာစက်အရာ၌ ငါ့ကို ထားတော်မူ၏။
12hann hefir bent boga sinn og reist mig að skotspæni fyrir örina,
13မြှားတော်တို့ကိုလည်း၊ ငါ့ကျောက်ကပ်ကို ခွင်း စေတော်မူ၏။
13hefir sent í nýru mín sonu örvamælis síns.
14ငါသည်ငါ၏လူတို့တွင် ကဲ့ရဲ့စရာအကြောင်းနှင့် တနေ့လုံး သီချင်းဆိုစရာအကြောင်း ဖြစ်ပါသည်တကား။
14Ég varð öllum þjóðum að athlægi, þeim að háðkvæði liðlangan daginn.
15ခါးသောဆေးနှင့်ငါ့ကိုဖြည့်၍၊ ဒေါနနှင့်ယစ်မူး စေတော်မူ၏။
15Hann mettaði mig á beiskum jurtum, drykkjaði mig á malurt
16ကျောက်စရစ်ကိုကျွေး၍ ငါ့သွားတို့ကို ချိုးတော် မူ၏။ မီးဖိုပြာနှင့် ဖုံးတော်မူ၏။
16og lét tennur mínar myljast sundur á malarsteinum, lét mig velta mér í ösku.
17ငါ၏ဝိညာဉ်ကို ချမ်းသာနှင့်ဝေးစွာ ရွေ့တော်မူ သောကြောင့်၊ ငါသည် မင်္ဂလာအကြောင်းကို မေ့လျော့ ၏။
17Þú sviptir sálu mína friði, ég gleymdi því góða
18သို့ဖြစ်၍၊ ငါသည် ထာဝရဘုရားရှေ့တော်၌ အစွမ်းသတ္တိနှင့် မြော်လင်စရာအကြောင်း ပျက်လေပြီဟု ဆိုရ၏။
18og sagði: ,,Horfinn er lífskraftur minn, von mín fjarri Drottni.``
19အကျွန်ုပ်ခံရသော ဆင်းရဲငြိုငြင်ခြင်းကို၎င်း၊ ဒေါနနှင့် သည်းခြေအရည်ကို၎င်း အောက်မေ့တော်မူပါ။
19Minnstu eymdar minnar og mæðu, malurtarinnar og eitursins.
20ဧကန်အမှန်အောက်မေ့တော်မူလိမ့်မည်။
20Sál mín hugsar stöðugt um þetta og er döpur í brjósti mér.
21ထိုသို့အကျွန်ုပ်၏ စိတ်နှလုံးသည် ဆင်ခြင်၍ သတိရသောအခါ မြော်လင့်စရာအခွင့်ရှိပါ၏။
21Þetta vil ég hugfesta, þess vegna vil ég vona:
22ထာဝရဘုရားသည် သနားတော်မူ၍ ကရုဏာ တော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။
22Náð Drottins er ekki þrotin, miskunn hans ekki á enda,
23နံနက်တိုင်းကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။
23hún er ný á hverjum morgni, mikil er trúfesti þín!
24ငါ့ဝိညာဉ်၏ သဘောဟူမူကား၊ ထာဝရဘုရား သည် ငါ၏အဘို့ ဖြစ်တော်မူ၏။ ထိုကြောင့်၊ ကိုယ်တော် ကို ငါမြော်လင့်ပါ၏။
24Drottinn er hlutdeild mín, segir sál mín, þess vegna vil ég vona á hann.
25ကိုယ်တော်ကို မြော်လင့်သောသူနှင့် ကိုယ်တော် ကို ရှာသောသူ၏ စိတ်ဝိညာဉ်အား ထာဝရဘုရားသည် ကျေးဇူးပြုတော်မူ၏။
25Góður er Drottinn þeim er á hann vona, og þeirri sál er til hans leitar.
26ကယ်တင်တော်မူမည်ဟု မြော်လင့်လျက်၊ ငြိမ်ဝပ်စွာ စောင့်၍ နေကောင်း၏။
26Gott er að bíða hljóður eftir hjálp Drottins.
27လူသည်အသက်ပျိုစဉ်အခါ ထမ်းဘိုးကို ထမ်း ကောင်း၏။
27Gott er fyrir manninn að bera ok í æsku.
28ထမ်းဘိုးကို တင်တော်မူသောကြောင့် တယောက်တည်းထိုင်၍ ငြိမ်ဝပ်စွာနေစေ။
28Hann sitji einmana og hljóður, af því að Hann hefir lagt það á hann.
29မြော်လင့်စရာအခွင့်ရှိကောင်းရှိလိမ့်မည်ဟု ထင်လျက်၊ မိမိနှုတ်ကို မြေမှုန့်၌ကပ်စေ။
29Hann beygi munninn ofan að jörðu, vera má að enn sé von,
30ရိုက်သောသူအား မိမိပါးကိုပေး၍၊ ကဲ့ရဲ့ပြစ်တင် ခြင်းနှင့်ပြည့်ဝစေ။
30hann bjóði þeim kinnina sem slær hann, láti metta sig með smán.
31အကြောင်းမူကား၊ ထာဝရဘုရားသည် အစဉ် စွန့်ပစ်တော်မမူတတ်။
31Því að ekki útskúfar Drottinn um alla eilífð,
32ဝမ်းနည်းစေတော်မူသော်လည်း၊ ကရုဏာတော် များပြားသည်နှင့်အညီ သနားတော်မူလိမ့်မည်။
32heldur miskunnar hann aftur, þegar hann hrellir, eftir sinni miklu náð.
33ဆင်းရဲစေချင်သော စိတ်နှင့်လူသားတို့ကို ညှဉ်းဆဲ၍ ဝမ်းနည်းစေတော်မူသည်မဟုတ်။
33Því að ekki langar hann til að þjá né hrella mannanna börn.
34ချုပ်ထားသော ပြည်သားအပေါင်းတို့ကို ခြေနှင့် နင်းကြိတ်ခြင်းအမှု၊
34Að menn troða undir fótum alla bandingja landsins,
35လူခံထိုက်သောတရားကို အမြင့်ဆုံးသော ဘုရား မျက်မှောက်၌ ဖျက်ခြင်းအမှု၊
35að menn halla rétti manns fyrir augliti hins Hæsta,
36သူတပါးကိုမတရားသဖြင့် ရှုံးစေခြင်းအမှုတို့ကို ထာဝရဘုရားနှစ် သက်တော်မမူ။
36að menn beita mann ranglæti í máli hans, _ skyldi Drottinn ekki sjá það?
37ထာဝရဘုရားမှာထားတော်မမူဘဲ၊ အဘယ်သူ သည် ပြော၍တစုံတခုကို ဖြစ်စေနိုင်သနည်း။
37Hver er sá er talaði, og það varð, án þess að Drottinn hafi boðið það?
38အမြင့်ဆုံးသော ဘုရား၏နှုတ်ထွက်ရှိသည် အတိုင်း အမင်္ဂလာနှင့် အမင်္ဂလာဖြစ်တတ်သည် မဟုတ် လော။
38Fram gengur ekki af munni hins Hæsta bæði hamingja og óhamingja?
39အသက်ရှင်သောလူသတ္တဝါသည် အဘယ် ကြောင့် မြည်တမ်းရမည်နည်း။ မိမိဒုစရိုက်အပြစ်ကြောင့် မြည်တမ်းရမည်လော။
39Hví andvarpar maðurinn alla ævi? Hver andvarpi yfir eigin syndum!
40ငါတို့သည်ကိုယ်လိုက်သောလမ်းတို့ကို စစ်ကြော စုံစမ်း၍၊ ထာဝရဘုရားထံတော်သို့ ပြန်သွားကြကုန်အံ့။
40Rannsökum breytni vora og prófum og snúum oss til Drottins.
41ကောင်းကင်ဘုံ၌ရှိတော်မူသော ဘုရားသခင့် ထံတော်သို့ နှလုံးနှင့်လက်တို့ကို ချီကြွကြကုန်အံ့။
41Fórnum hjarta voru og höndum til Guðs í himninum.
42အကျွန်ုပ်တို့သည် ပြစ်မှား ပုန်ကန်မိပါပြီ။ ကိုယ်တော်သည် အပြစ်လွှတ်တော်မမူပါ။
42Vér höfum syndgað og verið óhlýðnir, þú hefir ekki fyrirgefið,
43အမျက်တော်ထွက်၍ မျက်နှာလွှဲတော်မူ၏။ တဖန်အကျွန်ုပ်တို့ကိုလိုက်၍ ကရုဏာမရှိဘဲ ကွပ်မျက် တော်မူ၏။
43þú hefir hulið þig í reiði og ofsótt oss, myrt vægðarlaust,
44အကျွန်ုပ်တို့ ပဌနာစကားသည် အထံတော်သို့ မပေါက်နိုင်အောင်၊ မိုဃ်းတိမ်ဖြင့်ကိုယ်ကို ကွယ်ကာ တော်မူ၏။
44þú hefir hulið þig í skýi, svo að engin bæn kemst í gegn.
45အကျွန်ုပ်တို့ကိုလူမျိုးတို့တွင် လှည်းပစ်သော တန်မြက်ချေး အမှိုက်ကဲ့သို့၎င်း၊ ရွံစရာအရာကဲ့သို့၎င်း ဖြစ်စေတော်မူ၏။
45Þú gjörðir oss að afhraki og viðbjóð mitt á meðal þjóðanna.
46ရန်သူအပေါင်းတို့သည် အကျွန်ုပ်တို့တဘက်၌ နှုတ်ကိုဖွင့်ကြပါ၏။
46Yfir oss glenntu upp ginið allir óvinir vorir.
47အကျွန်ုပ်တို့သည် ကြောက်လန့်ဘွယ်သော အရာထဲသို့၎င်း၊ တွင်းထဲသို့၎င်း၊ သုတ်သင်ပယ်ရှင်း ဖျက်ဆီးခြင်းထဲသို့၎င်း ရောက်ကြပါပြီ။
47Geigur og gildra urðu hlutskipti vort, eyðing og tortíming.
48ငါ၏လူမျိုးသတို့သမီးပျက်စီးသောကြောင့်၊
48Táralækir streyma af augum mér út af tortíming þjóðar minnar.
49ငါမျက်စိသည်မြစ်ရေဖြစ်၍ စီးလျက်ရှိ၏။
49Hvíldarlaust fljóta augu mín í tárum, án þess að hlé verði á,
50ထာဝရဘုရားသည် ကောင်းကင်က ငုံ့ကြည့်၍ ရှုမှတ်တော်မမူမှီတိုင်အောင်၊ ငါ့မျက်ရည်သည် ကျ၍ အစဉ်မပြတ် ယိုစီးလျက်ရှိ၏။
50uns niður lítur og á horfir Drottinn af himnum.
51ငါ၏မြို့သမီးအပေါင်းတို့အတွက်ကြောင့်၊ ငါမျက်စိသည် ငါ့နှလုံးကို ပူစေတတ်၏။
51Auga mitt veldur sál minni kvöl, vegna allra dætra borgar minnar.
52အကြောင်းမရှိဘဲ ငါ့ကိုရန်ပြုသောသူတို့သည် ငှက်ကိုလိုက်၍ ရှာသကဲ့သို့ ငါ့ကိုလိုက်၍ ရှာကြ၏။
52Með ákefð eltu mig, eins og fugl, þeir er voru óvinir mínir án saka.
53မြေတွင်း၌ ငါ့အသက်ကို ဖြတ်၍ ငါ့အပေါ်မှာ ကျောက်ကို တင်ထားကြ၏။
53Þeir gjörðu því nær út af við mig í gryfju og köstuðu steinum á mig.
54ငါ့ခေါင်းကို ရေလွှမ်းမိုးသည်ဖြစ်၍၊ ငါသည် ဆုံးရှုံးပြီဟု ဆိုရ၏။
54Vatn flóði yfir höfuð mitt, ég hugsaði: ,,Ég er frá.``
55အိုထာဝရဘုရား၊ နက်သော မြေတွင်းထဲက အကျွန်ုပ်သည် ကိုယ်တော်၏နာမကို ခေါ်ပါ၏။
55Ég hrópaði á nafn þitt, Drottinn, úr hyldýpi gryfjunnar.
56အကျွန်ုပ်ခေါ်သံကို ကြားတော်မူသည်ဖြစ်၍၊ အကျွန်ုပ်ညည်းတွားအော်ဟစ်သောအခါ နားတော်ကို လွှဲတော်မမူပါနှင့်။
56Þú heyrðir hróp mitt: ,,Byrg ekki eyra þitt, kom mér til fróunar, kom mér til hjálpar.``
57အကျွန်ုပ်သည် ကိုယ်တော်ကို ဟစ်ခေါ်သော အခါ၊ ကိုယ်တော်သည် ချဉ်းကပ်တော်မူ၍၊ မကြောက်နှင့် ဟု မိန့်တော်မူပြီ။
57Þú varst nálægur, þá er ég hrópaði til þín, sagðir: ,,Óttastu ekki!``
58အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် အသက်နှင့် ဆိုင်သောအမှုကိုစောင့်၍ ရွေးနှုတ်တော်မူပြီ။
58Þú varðir, Drottinn, mál mitt, leystir líf mitt.
59အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် ခံရသော ညှဉ်းဆဲခြင်းကို မြင်တော်မူပြီ။ အကျွန်ုပ်အဘို့ တရားစီရင်တော်မူပါ။
59Þú hefir, Drottinn, séð undirokun mína, rétt þú hluta minn!
60သူတို့သည် အကျွန်ုပ်ကို ရန်ငြိုးဖွဲ့သမျှနှင့် မကောင်းသော အကြံရှိသမျှကို ကိုယ်တော်မြင်တော်မူပြီ။
60Þú hefir séð alla hefnigirni þeirra, allt ráðabrugg þeirra gegn mér,
61အိုထာဝရဘုရား၊ သူတို့ကဲ့ရဲ့သောအကြောင်း နှင့်မကောင်း သောအကြံရှိသမျှကို၎င်း၊
61þú hefir heyrt smánanir þeirra, Drottinn, allt ráðabrugg þeirra í gegn mér,
62အကျွန်ုပ်တဘက်၌ ထသောသူတို့၏ အပြစ်တင် ခြင်း၊ အကျွန်ုပ်တဘက်၌ တနေ့လုံးကြံစည်ခြင်းကို၎င်း ကိုယ်တော်ကြားတော်မူပြီ။
62skraf mótstöðumanna minna og hinar stöðugu ráðagjörðir þeirra gegn mér.
63သူတို့ထိုင်ခြင်း၊ ထခြင်းကိုကြည့်ရှုတော်မူပါ။ အကျွန်ုပ်သည် သူတို့သီချင်းဆိုစရာအကြောင်းဖြစ်ပါ၏။
63Lít þú á, hvort sem þeir sitja eða standa, þá er ég háðkvæði þeirra.
64အိုထာဝရဘုရား၊ သူတို့ကျင့်သော အကျင့်နှင့် အလျောက်အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။
64Þú munt endurgjalda þeim, Drottinn, eins og þeir hafa til unnið.
65သူတို့စိတ်နှလုံးကိုခိုင်မာစေ၍ ကျိန်တော်မူပါ။
65Þú munt leggja hulu yfir hjarta þeirra, bölvan þín komi yfir þá.Þú munt ofsækja þá í reiði og afmá þá undan himni Drottins.
66အမျက်တော်ထွက်၍ သူတို့ကို ညှဉ်းဆဲသဖြင့်၊ ထာဝရဘုရား၏ မိုဃ်းကောင်းကင်အောက်မှ သုတ်သင် ပယ်ရှင်းတော်မူပါ။
66Þú munt ofsækja þá í reiði og afmá þá undan himni Drottins.