1တဖန် ငါမျှော်ကြည့်၍၊ ပျံဝဲလျက်ရှိသော စာ စောင်ကို မြင်၏။
1Ég hóf aftur upp augu mín og sá bókrollu, sem var á flugi.
2ကောင်းကင်တမန်ကလည်း၊ သင်သည် အဘယ် အရာကို မြင်သနည်းဟု မေးလျှင်၊ ပျံဝဲလျက်ရှိသော စာစောင်ကို မြင်ပါ၏။ အလျားအတောင်နှစ်ဆယ်၊ အနံ အတောင်တဆယ်ရှိပါသည်ဟု လျှောက်၏။
2Þá sagði hann við mig: ,,Hvað sér þú?`` Ég svaraði: ,,Ég sé bókrollu á flugi, tuttugu álna langa og tíu álna breiða.``
3ကောင်းကင်တမန်ကလည်း၊ ထိုစာစောင်သည် တပြည်လုံးကို နှံ့ပြားသော ကျိန်ခြင်းဖြစ်၏။ ခိုးတတ်သော သူရှိသမျှတို့သည်၊ ထိုစာစောင်တဘက်၌ ပါသည်အတိုင်း ပယ်ဖြတ်ခြင်းကို ခံရကြမည်။ အကျိန်ရဲသော သူရှိသမျှ တို့သည်၊ ထိုစာစောင်တဘက်၌ ပါသည်အတိုင်း ပယ် ဖြတ်ခြင်းကို ခံရကြမည်။
3Þá sagði hann við mig: ,,Þetta er bölvunin, sem út gengur yfir gjörvallt landið, því að sérhverjum sem stelur, verður samkvæmt henni sópað héðan, og sérhverjum sem meinsæri fremur, verður samkvæmt henni sópað héðan.``
4ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ထိုစာစောင်ကို ငါထုတ်ဘော်မည်။ ခိုး တတ်သော သူ၏အိမ်ထဲသို့၎င်း၊ ငါ့နာမကို တိုင်တည်၍ မမှန်သောကျိန်ဆိုခြင်းကို ပြုသောသူ၏ အိမ်ထဲသို့၎င်း ဝင်၍ နေရာကျသဖြင့်၊ သစ်သားများ၊ ကျောက်များနှင့် တကွ ထိုအိမ်ကိုစားလိမ့်မည်ဟု မိန့်တော်မူ၏။
4Ég hefi látið hana út ganga _ segir Drottinn allsherjar _ til þess að hún komi inn í hús þjófsins og inn í hús þess, sem meinsæri fremur við nafn mitt, og staðnæmist inni í húsi hans og eyði því bæði að viðum og veggjum.
5တဖန် ငါနှင့်ပြောဆိုသော ကောင်းကင်တမန် သည် ထွက်၍၊ ယခုထွက်လာသောအရာကို မျှော်ကြည့် လော့ဟု ငါ့အားဆိုလျှင်၊
5Þessu næst gekk fram engillinn, er við mig talaði, og sagði við mig: ,,Hef upp augu þín og sjá, hvað þar kemur fram!``
6ထိုအရာကား အဘယ်အရာနည်းဟု ငါမေး သော်၊ ထိုအရာသည် ထွက်သွားသော ဧဖာဖြစ်သည်ဟူ၍ ၎င်း၊ ထိုအရာသည် တပြည်လုံး၌ သူတို့၏အကြံအစည်ဖြစ် သည်ဟူ၍၎င်း ဆို၏။
6Ég sagði: ,,Hvað er þetta?`` Þá sagði hann: ,,Þetta er efan, sem kemur í ljós.`` Þá sagði hann: ,,Þetta er misgjörð þeirra í öllu landinu.``
7ခဲအခွက်တဆယ်ကိုလည်း အထက်သို့ ချီ မြှောက်၍ မိန်းမတယောက်သည် ဧဖာထဲ၌ ထိုင်သည်ကို ငါမြင်၏။
7Þá lyftist allt í einu upp kringlótt blýlok, og sat þar kona ein niðri í efunni.
8ကောင်းကင်တမန်ကလည်း၊ ထိုမိန်းမသည် ဒုစရိုက်အပြစ်ဖြစ်၏ဟုဆိုလျက်၊ သူ့ကို ဧဖာထဲကို ချထား ၍ ဧဖာအဝပေါ်မှာ ခဲပြားကို တင်လေ၏။
8Þá sagði hann: ,,Þetta er Vonskan!`` _ kastaði henni ofan í efuna og kastaði blýlokinu ofan yfir opið.
9တဖန် ငါမျှော်ကြည့်၍၊ တောငန်း၏အတောင် ကဲ့သို့၊ အတောင်ရှိသော မိန်းမနှစ်ယောက်တို့သည်၊ အတောင်တို့၌ ဝိညာဉ်ပါလျက် ထွက်လာ၍၊ ထိုဧဖာကို မြေကြီးနှင့် မိုဃ်းကောင်းကင်စပ်ကြားသို့ ချီသွားကြ၏။
9Síðan hóf ég upp augu mín og sá allt í einu tvær konur koma fram, og stóð vindur undir vængi þeim _ því að þær höfðu vængi sem storksvængi _ og hófu þær efuna upp milli jarðar og himins.
10ထိုဧဖာကို အဘယ်သို့ ချီသွားကြသနည်းဟု ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊
10Þá sagði ég við engilinn, sem við mig talaði: ,,Hvert fara þær með efuna?``Hann svaraði mér: ,,Þær ætla að reisa henni hús í Sínearlandi, og þegar það er búið, þá setja þær hana þar á sinn stað.``
11ရှိနာပြည်၌ ဧဖာအဘို့ အိမ်ဆောက်ခြင်းငှါ ချီသွားကြ၏။ ထိုပြည်၌ သူ၏ခုံပေါ်မှာ တင်ထား၍ နေရာချကြလိမ့်မည်ဟု ဆို၏။
11Hann svaraði mér: ,,Þær ætla að reisa henni hús í Sínearlandi, og þegar það er búið, þá setja þær hana þar á sinn stað.``