Myanmar

Maori

2 Chronicles

12

1ရောဗောင်မင်းသည် မိမိနိုင်ငံကို တည်စေ၍ အားကြီးသောအခါ၊ ဣသရေလအမျိုးရှိသမျှနှင့်တကွ ထာဝရဘုရား၏ တရားတော်ကို စွန့်၍၊
1¶ Nawai a, no te unga o te kingitanga o Rehopoama, a ka whai kaha ia, whakarerea ake e ia te ture a Ihowa, e ratou ko Iharaira katoa.
2ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ရော ဗောင်မင်းကြီးနန်းစံ ငါးနှစ်တွင်၊
2Na i te rima o nga tau o Kingi Rehopoama ka haere mai a Hihaka kingi o Ihipa ki Hiruharama, kua whakakeke nei hoki ratou ki a Ihowa,
3အဲဂုတ္တုရှင်ဘုရင်ရှိရှက်သည် ရထားတထောင် နှစ်ရာ၊ မြင်းစီးသူရဲခြောက်သောင်း၊ မရေတွက်နိုင်သော အဲဂုတ္တပြည်သားများ၊ လိဗုပြည်သား၊ သုကိပြည်သား၊ အဲသယောပိပြည်သားတို့နှင့်တကွ၊ ယေရုရှလင်မြို့သို့ စစ်ချီ၍၊
3Me nga hariata tekau ma rua rau, me nga hoia eke hoiho e ono tekau mano: kahore hoki he tauanga o te hunga i haere tahi mai i a ia i Ihipa; ko nga Rupimi, ko nga Hukiimi, ko nga Etiopiana.
4ယုဒပြည်၌ခိုင်ခံ့သော မြို့တို့ကိုတိုက်ယူပြီးမှ၊ ယေရုရှလင်မြို့သို့ ရောက်လေ၏။
4Na kua riro i a ia nga pa taiepa o Hura, a ka tae ki Hiruharama.
5ထိုအခါ ရှိရှက်မင်းကြောင့်၊ ယေရုရှလင်မြို့၌ စုဝေးသော ယုဒမင်းများထံ၊ ရောဗောင်မင်းထံတော်သို့ ပရောဖက်ရှေမာယသည်လာ၍၊ ထာဝရဘုရား မိန့်တော် မူသည်ကား၊ သင်တို့သည် ငါ့ကိုစွန့်သောကြောင့်၊ ငါသည် သင်တို့ကို ရှိရှက်မင်းလက်သို့ အပ်လေပြီဟု အမိန့်တော် ကို ဆင့်ဆိုလျှင်၊
5Katahi a Hemaia poropiti ka haere mai ki a Rehopoama, ki nga rangatira o Hura i huihui nei ki Hiruharama i te wehi i a Hihaka, a ka mea ki a ratou, Ko te kupu tenei a Ihowa, Kua whakarerea ahau e koutou, no reira kua waiho atu koutou e ahau ki te ringa o Hihaka.
6ရှင်ဘုရင်နှင့်ယုဒမင်းတို့က၊ ထာဝရဘုရား ဖြောင့်မတ်တော်မူ သည်ဟုဆို၍၊ မိမိတို့ကို နှိမ့်ချကြ၏။
6Katahi ka whakaiti nga rangatira o Iharaira me te kingi i a ratou, ka mea, He tika a Ihowa.
7ထိုသို့နှိမ့်ချကြောင်းကို ထာဝရဘုရားမြင်လျှင်၊ နှုတ်ကပတ်တော်သည် ရှေမာယသို့ရောက်၍၊ သူတို့သည် နှိမ့်ချကြပြီ။ ထိုကြောင့်သူတို့ကို ငါမဖျက်ဆီး၊ အနည်းငယ် သော ချမ်းသာကိုပေးမည်။ ရှိရှက်လက်ဖြင့် ယေရုရှလင် မြို့ပေါ်သို့ ငါ့အမျက်ကို မသွန်းလောင်းရ။
7A, no te kitenga o Ihowa kua whakaiti ratou i a ratou, ka puta te kupu a Ihowa ki a Hemaia; i mea ia, Kua whakaiti ratou i a ratou; e kore ratou e huna e ahau; engari ka hoatu e ahau ki a ratou he oranga, he mea iti nei; e kore hoki toku riri e t ahoroa ki runga ki Hiruharama e te ringa o Hihaka.
8သို့ရာတွင် ငါ့ထံ၌ အမှုထမ်းခြင်း၊ တပါး အမျိုးသား ရှင်ဘုရင်ထံ၌ အမှုထမ်းခြင်းကို ပိုင်းခြား၍ သိစေခြင်ငှါ၊ ရှိရှက်မင်းထံ၌ ကျွန်ခံရကြမည်ဟု မိန့်တော် မူ၏။
8Otiia ka meinga ratou hei pononga mana; kia mohio ai ratou ki taku mahi, ki te mahi ano a nga kingitanga o nga whenua.
9အဲဂုတ္တုရှင်ဘုရင် ရှိရှက်သည် ယေရုရှလင်မြို့သို့ ရောက်၍၊ ဗိမာန်တော်ဘဏ္ဍနှင့် နန်းတော်ဘဏ္ဍာရှိသမျှ ကို သိမ်းသွား၏။ ရှောလမုန်လုပ်သော ရွှေဒိုင်းရှိသမျှကို လည်း ယူသွား၏။
9Heoi haere ana mai a Hihaka kingi o Ihipa ki Hiruharama, tangohia ana e ia nga taonga o te whare o Ihowa, me nga taonga o te whare o te kingi: riro katoa ana i a ia: tangohia ana ano e ia nga pukupuku koura i hanga nei e Horomona.
10ရောဗောင်မင်းကြီးသည် ရွှေဒိုင်းအစား၊ ကြေးဝါ ဒိုင်းတို့ကိုလုပ်၍၊ နန်းတော်တံခါးစောင့်၊ ကိုယ်ရံတော်မှူး၌ အပ်လေ၏။
10Na ka hanga e Kingi Rehopoama etahi pukupuku parahi hei whakakapi mo era, a tukua ana e ia ki te ringa o te rangatira o nga kaitiaki, i tiaki nei i te tatau o te whare o te kingi.
11ရှင်ဘုရင်သည် ဗိမာန်တော်သို့ သွားသောအခါ၊ ကိုယ်ရံတော်သားတို့သည် ဒိုင်းတို့ကိုဆောင်၍၊ နောက် တဖန်မိမိတို့စောင့်ရာ အခန်းမှာ ပြန်ထားကြ၏။
11Na i te wa i haere ai te kingi ki te whare o Ihowa, ka haere nga kaitiaki ki te tiki, a whakahokia ana e ratou ki te whare o nga kaitiaki.
12ထိုသို့ရှင်ဘုရင်သည် ကိုယ်ကို နှိမ့်ချသောအခါ၊ ထာဝရဘုရားသည် သူ့ကို ရှင်းရှင်းမဖျက်ဆီးမည် အကြောင်း၊ အမျက်တော်ကို လွှဲတော်မူ၏။ ယုဒပြည်၌ လည်း၊ ပြည်မှုပြည်ရေးသာယာသဖြင့်၊
12Na i a ia ka whakaiti i a ia, ka tahuri atu te riri o Ihowa i a ia, kia kaua ia e whakangaromia rawatia e ia: he pai hoki nga mea i kitea ki a Hura.
13ရောဗောင်မင်းကြီးသည် ယေရုရှလင်မြို့၌ ကိုယ်ကိုခိုင်ခံ့စေ၍ စိုးစံသော သေး၏။
13¶ Heoi kua u a Kingi Rehopoama ki Hiruharama hei kingi: e wha tekau ma tahi hoki nga tau o Rehopoama i a ia ka meinga hei kingi, a kotahi tekau ma whitu nga tau i kingi ai ia ki Hiruharama, ki te pa i whiriwhiria e Ihowa i roto i nga iwi katoa o I haraira hei waihotanga iho mo tona ingoa. A ko te ingoa o tona whaea ko Naama, he Amoni.
14ထာဝရဘုရားကို ရှာလိုသောငှါ၊ မိမိသဘော မချသောကြောင့်၊ ဒုစရိုက်အမှုကိုပြု၏။
14He kino tana mahi; kihai hoki i whakatikaia e ia tona ngakau ki te rapu i a Ihowa.
15ရောဗောင်ပြုမူသော အမှုအရာအစအဆုံးတို့ သည်၊ ပရောဖက်ရှေမာယ၏ကျမ်းနှင့်၊ ပရောဖက်ဣဒ္ဒေါ စီရင်သော သားစဉ်မြေးဆက်စာရင်း၌ ရေးထားလျက် ရှိ၏။ ရောဗောင်နှင့် ယေရောဗောင်တို့သည်၊ အသက် ရှည်သမျှကာလပတ်လုံး ရန်ဘက်ပြုကြ၏။
15Na, ko nga meatanga a Rehopoama, o mua, o muri, kahore ianei i tuhituhia ki te pukapuka a Hemaia poropiti, ki ta Iro matakite ano, kei reira nei nga korero whakapapa? Na he whawhai ta Rehopoama raua ko Ieropoama ki a raua i nga ra katoa.
16ရောဗောင်သည်လည်း၊ ဘိုးဘေးတို့နှင့် အိပ် ပျော်၍၊ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော် အဘိယသည် ခမည်းတော်အရာ၌ နန်းထိုင်၏။ ရောဗောင်သည် နန်းထိုက်သောအခါ၊ အသက် လေးဆယ်တနှစ်ရှိ၏။ ထာဝရဘုရားသည် နာမတော် တည်စေရာဘို့၊ ဣသရေလခရိုင်များတို့အထဲက ရွေး ကောက်သောယေရုရှလင်မြို့၌၊ ဆယ်ခုနစ်နှစ်စိုးစံလေ ၏။ မယ်တော်ကားအမ္မန်အမျိုးသား၊ နေမအမည်ရှိ၏။
16Na kua moe a Rehopoama ki ona matua, a tanumia iho ki te pa o Rawiri; a ko Apia, ko tana tama, te kingi i muri i a ia.