1ထိုအမှုများတို့ကို လက်စသတ်သည်နောက်၊ အာရှုရိရှင်ဘုရင် သနာခရိပ်သည်၊ ယုဒပြည်သို့စစ်ချီ၍ ခိုင်ခံ့သောမြို့တို့ကို ဝိုင်းထားလျက် တိုက်ယူခြင်းငှါ အားထုတ်လေ၏။
1¶ I muri i enei mea, i te mea ka ata takoto, ka haere mai a Henakeripi kingi o Ahiria, tae tonu mai ki Hura, whakapaea ana e ia nga pa taiepa; i mea hoki ia kia riro atu i a ia.
2ထိုသို့ သနာခရိပ်သည်လာ၍၊ ယေရုရှလင်မြို့ကို တိုက်မည့်အကြံရှိကြောင်းကို၊ ဟေဇကိသည်သိမြင်လျှင်၊
2A, no te kitenga o Hetekia kua tae mai a Henakeripi, e anga ana hoki ki te whawhai ki Hiruharama,
3မြို့ပြင်၌ရှိသော စမ်းရေကိုဖြတ်ခြင်းငှါ မှူးမတ်၊ စစ်သူကြီးတို့နှင့် တိုင်ပင်၍။ သူတို့သည် ဝိုင်းလုပ်ကြ၏။
3Ka whakatakoto whakaaro ki ana rangatira, ki ana marohirohi, kia purua nga wai o nga puna i waho o te pa; a ko ratou ona hoa mahi.
4အာရှုရိရှင်ဘုရင်တို့သည် လာ၍၊ များစွာသော ရေကို အဘယ်ကြောင့်တွေ့ရမည်နည်းဟု လူများတို့သည် ဆိုလျက်၊ စုဝေး၍ စမ်းရေတွင်းရှိသမျှကို ပိတ်ကြ၏။ ပြည်အလယ်၌ စီးသောချောင်းရေကိုလည်း ဖြတ်ကြ၏။
4Heoi nui atu te iwi i huihui mai, a purua ana e ratou nga puna katoa, me te awa e rere ana i waenganui o te whenua; i ki hoki ratou, He aha kia haere mai nga kingi o Ahiria, kia nui te wai e kitea e ratou?
5ဟေဇကိသည်လည်း ကိုယ်ကို ခိုင်ခံ့စေ၏။ ပြိုသောမြို့ရိုးရှိသမျှကို ပြုပြင်၍၊ ရဲတိုက်တို့နှင့် တညီတည်း တည်၏။ ပြင်မြို့ရိုးကိုလည်း တည်၏။ ဒါဝိဒ်မြို့၌ မိလ္လော ရဲတိုက်ကိုလည်း ပြုပြင်၍၊များစွာသော လှံလက်နက်ဒိုင်း လွှားတို့ကိုလည်း လုပ်လေ၏။
5Na ka whakapakari ia, a hanga ana e ia te taiepa katoa i pakaru, a eke noa ki nga pourewa; me tetahi atu taiepa ano i waho, i whakakahangia ano e ia a Miro i te pa o Rawiri: a he tini nga pere me nga whakangungu rakau i hanga e ia.
6လူများတို့တွင် တပ်မှူးတို့ကိုခန့်ထား၍၊ မြို့ လမ်းမ၌ စုဝေးစေသဖြင့်၊ အားပေးသော စကားကို ပြောလျက်၊
6I whakaritea ano e ia he rangatira whawhai mo te iwi; a ka huihui i a ratou ki a ia ki te wahi whanui i te kuwaha o te pa. Na ka korero whakamarie ia ki a ratou, ka mea,
7ခွန်အားယူ၍ ရဲရင့်ခြင်းရှိကြလော့။ အာရှုရိ ရှင်ဘုရင်နှင့် သူ၌ပါသောအလုံးအရင်း အပေါင်းတို့ ကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ ငါတို့ ဘက်၌နေသော သူတို့သည်၊ သူ့ဘက်၌ နေသောသူတို့ထက်သာ၍ များကြ၏။
7Kia kaha, kia maia, kaua e wehi, kaua e pawera ki te kingi o Ahiria, ki tana ope katoa: hira ake hoki to tatou i tona.
8သူ့ဘက်၌ လူလက်ရုံးရှိ၏။ ငါတို့ဘက်၌ ထောက်မ၍၊ စစ်ကူတော်မူသော ငါတို့၏ဘုရားသခင် ထာဝရဘုရားရှိတော်မူသည်ဟု မိန့်တော်မူ၏။ လူများတို့ သည် ယုဒရှင်ဘုရင်ဟေဇကိ၏ စကားကိုကိုးစား ကြ၏။
8Ko tona he ringa kikokiko; ko to tatou ia, ko Ihowa, ko to tatou Atua hei awhina mo tatou, hei whawhai i ta tatou whawhai. Na okioki tonu te iwi ki nga kupu a Hetekia kingi o Hura.
9ထိုနောက် အာရှုရိရှင်ဘုရင်သနာခရိပ်သည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွ၊ လာခရှမြို့ကိုဝိုင်ထားစဉ် တွင်၊ မိမိကျွန်အချို့ကို ယေရုရှလင်မြို့၊ ယုဒရှင်ဘုရင် ဟေဇကိထံသို့၎င်း၊ ယေရုရှလင်မြို့၌ရှိသော ယုဒ လူအပေါင်းတို့ရှိရာသို့၎င်း စေလွှတ်၍၊
9¶ I muri i tenei ka unga mai ana tangata e Henakeripi kingi o Ahiria ki Hiruharama: ko ia hoki i te whakapae i Rakihi, a ko tona kingitanga katoa i a ia; hei mea ki a Hetekia kingi o Hura, ki a Hura katoa ano i Hiruharama,
10အာရှုရိရှင်ဘုရင်သနာခရိပ် မိန့်တော်မူသည် ကား၊ သင်တို့သည် ယေရုရှလင်မြို့၌ ဝိုင်းထားခြင်းကို ခံခြင်းငှါ၊ အဘယ်သို့ခိုလှုံကြသနည်း။
10Ko te kupu tenei a Henakeripi kingi o Ahiria, E whakawhirinaki ana koutou ki te aha, i a koutou e whakapaea na i Hiruharama?
11ဟေဇကိက၊ ငါတို့၏ဘုရားသခင် ထာဝရ ဘုရားသည် ငါတို့ကို အာရှုရိရှင်ဘုရင်လက်မှ ကယ်လွှတ် တော်မူမည်ဟုဆိုလျက်၊ မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း အားဖြင့် အသေခံရသည်တိုင်အောင်၊ ကိုယ်ကိုစွန့်ပစ်စေ ခြင်းငှါ၊ သင်တို့ကို ဖြားယောင်းသည်မဟုတ်လော။
11He teka ianei he whakapati ta Hetekia i a koutou, he mea kia tukua ai koutou ki te mate i te kore kai, i te kore wai, i a ia e ki ra, Tera tatou e whakaorangia e Ihowa, e to tatou Atua i te ringa o te kingi o Ahiria?
12ထိုဟေဇကိသည် ထာဝရဘုရား၏ မြင့်သော အရပ်ဌာနနှင့် ယဇ်ပလ္လင်တို့ကို ပယ်၍၊ သင်တို့သည် တခုတည်းသော ယဇ်ပလ္လင် ရှေ့မှာကိုးကွယ်ရမည်။ ထိုယဇ် ပလ္လင်ပေါ်မှာ နံ့သာပေါင်းကို မီးရှို့ရမည်ဟု ယုဒပြည်သူ ယေရုရှလင်မြို့ သားတို့ကို မိန့်တော်မူပြီမဟုတ်လော။
12He teka ianei na taua Hetekia nei i whakakore ona wahi tiketike, me ana aata, a ki ana ia ki a Hura, ki Hiruharama, mea ana, Hei mua i te aata kotahi koutou koropiko ai, ki runga ano i tenei koutou tahu ai i te whakakakara?
13ငါနှင့် ငါ့ဘိုးဘေးတို့သည် အတိုင်းတိုင်းအပြည် ပြည်တို့၌ အဘယ်သို့ပြုသည်ကို သင်တို့မသိကြသလော။ အတိုင်းတိုင်းအပြည်ပြည် ဘုရားတို့သည် မိမိတို့ပြည် များကို ငါ့လက်မှ ကယ်လွှတ်ခြင်းငှါ တတ်စွမ်းနိုင် သလော။
13Kahore ranei koutou e mohio ki nga mea i mea ai ahau me oku matua ki nga iwi katoa o nga whenua nei? i taea ranei e nga atua o nga iwi o aua whenua te whakaora to ratou whenua i toku ringa?
14ငါ့ဘိုးဘေးအကုန်အစင်ဖျက်ဆီးသော တိုင်း နိုင်ငံတို့၏ ဘုရားတို့တွင်၊ အဘယ်မည်သောဘုရားသည် မိမိပြည်ကို ငါ့လက်မှ ကယ်လွှတ်ဘူးသနည်း။ သင်တို့၏ ဘုရားသည် သင်တို့ကိုငါ့လက်မှ အဘယ်သို့ကယ်လွှတ် မည်နည်း။
14Ko wai o nga atua o enei iwi i huna nei e oku matua i kaha ki te whakaora i tana iwi i roto i toku ringa, e kaha ai to koutou Atua ki te whakaora i a koutou i roto i toku ringa?
15သို့ဖြစ်၍၊ ဟေဇကိသည် သင်တို့ကိုမလှည့်စား စေနှင့်။ ထိုသို့ မဖြားယောင်းစေနှင့်။ သူ့စကားကို မယုံကြ နှင့်။ အခြားသော တိုင်းနိုင်ငံ၌ ကိုးကွယ်သော ဘုရား မည်မျှသည်၊ မိမိပြည်ကိုငါ့လက်မှ၎င်း၊ ငါ့ဘိုးဘေး လက်မှ၎င်း မကယ်မလွှတ်နိုင်။ ထိုမျှမက၊ သင်တို့၏ဘုရားသည် သင်တို့ကို ငါ့လက်မှ မကယ်မလွှတ်နိုင်ဟု မှာလိုက်လေ၏။
15Na kei tinihangatia koutou e Hetekia, kei whakapati hoki ia i a koutou, kei pera me tana na; kaua hoki e whakapono ki a ia; no te mea kihai i kaha te atua o tetahi iwi, o tetahi kingitanga ranei ki te whakaora i tana iwi i roto i toku ringa, i t e ringa ano o oku matua; e kore rawa to koutou Atua e whakaora i a koutou i roto i toku ringa.
16သူ့ကျွန်တို့သည် ထာဝရအရှင်ဘုရားသခင် တဘက်၊ ဘုရားသခင်၏ကျွန်ဟေဇကိတဘက်၌ သာ၍ ပြောဆိုကြ၏။
16Tera atu ano ta ana tangata i korero kino ai mo te Atua, mo Ihowa, mo tana tangata ano, mo Hetekia.
17ထိုမှတပါး အခြားသော တိုင်းနိုင်ငံဘုရားတို့ သည်၊ မိမိလူများကို ငါ့လက်မှ မကယ်မလွှတ်နိုင်သည် နည်းတူ၊ ဟေဇကိကိုးကွယ်သော ဘုရားသည်၊ သူ၏ လူများကို ငါ့လက်မှ မကယ်မလွှတ်ရဟုဣသရေလအမျိုး ၏ ဘုရားသခင်ထာဝရဘုရားကို ကဲ့ရဲ့ပြစ်တင်သော စာကို ရေး၍ ပေးလိုက်သေး၏။
17I tuhituhia ano e ia etahi pukapuka hei whakakorekore mo Ihowa, mo te Atua o Iharaira, hei korero kino mona; i ki ia, Kihai nei nga atua o nga iwi o nga whenua i kaha ki te whakaora i o ratou iwi i roto i toku ringa, e kore ano hoki te Atua o He tekia e whakaora i tana iwi i roto i toku ringa.
18တဖန်မြို့ရိုးပေါ်မှာရှိသော ယေရုရှလင်မြို့သား တို့ကို ခြိမ်းချောက်နှောက်ရှက်၍၊ မြို့ကိုတိုက်ယူနိုင်အောင်၊ ယုဒဘာသာစကားအားဖြင့် ကျယ်သော အသံနှင့် ကြွေး ကြော်ကြ၏။
18Na nui atu ta ratou karanga i te reo Hurai ki te iwi o Hiruharama i runga i te taiepa hei whakawehi i a ratou, hei whakararuraru i a ratou, he mea kia riro ai i a ratou te pa.
19လူတို့လက်ဖြင့် လုပ်သောဘုရား၊ မြေကြီးသား များ ကိုးကွယ်သော ဘုရားတို့နှင့် ယေရုရှလင်မြို့ ဘုရား သခင်ကို ရော၍ ကဲ့ရဲ့ကြ၏။
19Na, ko ta ratou korero mo te Atua o Hiruharama, rite tonu ki ta ratou mo nga atua o nga iwi o te whenua, mo nga mahi a te ringa tangata.
20ထိုအကြောင်းကြောင့်၊ ဟေဇကိမင်းကြီးနှင့် အာမုတ်သား ပရောဖက်ဟေရှာယသည် ဆုတောင်း၍၊ ကောင်းကင်ဘုံသို့ ဟစ်ခေါ်သဖြင့်၊
20Na kei te inoi, kei te karanga ki te rangi a Kingi Hetekia raua ko te poropiti, ko Ihaia tama a Amoho, mo tenei mea.
21ထာဝရဘုရားစေလွှတ်တော်မူသော ကောင်းကင် တမန်သည်၊ အာရှုရိရှင်ဘုရင်တပ်၌ ခွန်အားကြီးသော သူရဲများ၊ တပ်မှူး၊ စစ်ကဲများအပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလေ၏။ ရှင်ဘုရင်သည် မျက်နှာပျက်လျက်၊ မိမိ ပြည်သို့ပြန်သွား၏။ မိမိဘုရား၏ ဗိမာန်သို့ရောက်သော အခါ၊ မိမိသားရင်းတို့သည် ထားနှင့်သတ်ကြ၏။
21Na ko te tukunga mai a Ihowa i te anahera, hautopea atu ana e ia nga toa marohirohi katoa ratou ko nga rangatira, ko nga tangata nunui, i te puni o te kingi o Ahiria. Heoi hoki ana ia ki tona whenua; whakama ana tona mata. Haere ana ia ki te wha re o tona atua, na patua iho ia i reira ki te hoari e te hunga i puta i ona whekau.
22ထိုသို့ထာဝရဘုရားသည် ဟေဇကိနှင့် ယေရုရှလင်မြို့သားတို့ကို၊ အာရှုရိရှင်ဘုရင်လက်မှ၎င်း၊ အခြားသောရန်သူလက်မှ၎င်း ကယ်လွှတ်၍၊ အရပ်ရပ်၌ စောင့်မတော်မူ၏။
22Heoi whakaorangia ake a Hetekia me nga tangata o Hiruharama e Ihowa i te ringa o Henakeripi kingi o Ahiria, i te ringa ano o era katoa, a arahina ana ratou e ia i tetahi taha, i tetahi taha.
23အများသောသူတို့သည် ယေရုရှလင်မြို့သို့ ထာဝဘုရားအဘို့ ပူဇော်သက္ကာကို၎င်း၊ ယုဒရှင်ဘုရင် ဟေဇကိထံသို့ လက်ဆောင်ပဏ္ဏာကို၎င်း ဆောင်ခဲ့ကြ သဖြင့်၊ ဟေဇကိသည် ထိုကာလမှစ၍ ခပ်သိမ်းသောလူ မျိုး ရှေ့မှာဘုန်းကြီးတော်မူ၏။
23A he tokomaha ki te kawe i te hakari ki a Ihowa, ki Hiruharama, i nga mea utu nui ano ki a Hetekia kingi o Hura; na kake tonu ake ia i reira i te tirohanga a nga iwi katoa.
24ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲ၍ ထာဝရဘုရားအား ဆုတောင်းသဖြင့်၊ ဗျာဒိတ်တော်နှင့် ထူးဆန်းသော တန်ခိုးတော်ကို ခံရ၏။
24¶ I aua ra ka mate a Hetekia, whano marere. Na ko tana inoinga ki a Ihowa, ka korero tera ki a ia, ka homai ano i te tohu ki a ia.
25သို့ရာတွင် ဟေဇကိသည် မိမိခံရသော ကျေးဇူးတော်နှင့် အထိုက်အလျောက်မကျင့်၊ ထောင်လွှား သော စိတ်ရှိ၏။ ထိုကြောင့် သူ၌၎င်း၊ ယုဒပြည်နှင့် ယေရုရှလင်မြို့၌၎င်း၊ အမျက်တော်ထွက်လေ၏။
25Otiia kihai i rite ki te atawhainga ki a ia ta Hetekia utu: i whakakake hoki tona ngakau; na kua takoto he riri mona, mo Hura, mo Hiruharama.
26သို့ရာတွင် ဟေဇကိသည် မိမိစိတ်ထောင်လွှား သော အပြစ်ကြောင့်၊ ယေရုရှလင်မြို့သားတို့နှင့်တကွ ကိုယ်တိုင်ကိုယ်ကို နှိမ့်ချသောကြောင့်၊ လက်ထက်တော် ကာလတွင်၊ ထာဝရဘုရား၏ အမျက်တော်မသက် ရောက်။
26Otiia i whakaiti a Hetekia i a ia, mo tona ngakau i whakakake ra, a ia, me nga tangata ano o Hiruharama, a kihai te riri o Ihowa i puta ki a ratou i nga ra o Hetekia.
27ဟေဇကိသည် များစွာသော စည်းစိမ်ဥစ္စာ ဂုဏ် အသရေရှိ ၏။ ရွှေ၊ ငွေ၊ ကျောက်မြတ်၊ နံ့သာမျိုး၊ ဒိုင်းလွှား၊ နှမြောဘွယ်သော တန်ဆာ သိုထားရာဘဏ္ဍာ တိုက်များကို တည်လေ၏။
27Na nui atu te taonga me te kororia i a Hetekia: a hanga ana e ia he toa taonga mo te hiriwa, mo te koura, mo nga kohatu utu nui, mo nga mea kakara, mo nga whakangungu rakau, mo nga mea katoa e matenuitia ana;
28စပါးကျီများ၊ ဆီ၊ စပျစ်ရည်သိုထားရာ တိုက်များ၊ တိရစ္ဆာန်မျိုး တင်းကုပ်များ၊ သိုးခြံများကိုလည်း လုပ်လေ ၏။
28He toa ano mo nga hua o te witi, o te waina, o te hinu, me nga tunga mo ia kararehe, mo ia kararehe, me nga taiepa mo nga kahui hipi.
29ကိုယ်အဘို့ မြို့တို့ကိုတည်၍၊ များစွာသော သိုးနွား တို့ကိုလည်း ဆည်းဖူးလေ၏။ ဘုရားသခင်သည် များစွာ သောဥစ္စာကို ပေးသနားတော်မူ၏။
29I hanga ano e ia etahi pa mona, a he tini ano nga kahui hipi, kau hoki: nui atu hoki te taonga i homai e te Atua ki a ia.
30ထိုမှတပါး၊ ဟေဇကိသည် ဂိဟုတ်အထက် ချောင်းရေကို ပိတ်၍၊ ဒါဝိဒ်မြို့အနောက်သို့ တည့်တည့် စီးစေ၏။ ထိုသို့ ဟေဇက်သည် ပြုလေရာရာ၌ အကြံ ထမြောက်၏။
30Na taua Hetekia ano i puru to runga putanga o te wai o Kihona; whakatikaia tonutia iho e ia ki te taha ki te hauauru o te pa o Rawiri. Oti pai ana hoki i a Hetekia ana mahi katoa.
31သို့ရာတွင်၊ နိုင်ငံတော်၌ ဖြစ်သောအံ့ဘွယ်သော အမှုကို မေးမြန်းစေခြင်းငှါ၊ ဗာဗုလုန်မင်းတို့သည် သံတမန်ကို စေလွှတ်သော အမှုမှာ၊ ဟေဇကိမင်း၏ သဘောကို အကုန်အစင်သိခြင်းငှါ၊ ဘုရားသခင်သည် စုံစမ်း၍အလွတ်ထားတော်မူ၏။
31I nga karere ia a nga rangatira o Papurona i unga mai nei ki a ia ki te ui ki te merekara i puta ki te whenua, i mahue ia i te Atua, kia whakamatauria ai ia, kia mohiotia ai nga mea katoa i tona ngakau.
32ဟေဇကိပြုမူသော အမှုအရာကြွင်းလေသမျှ တို့နှင့် ကျေးဇူးပြုခြင်းအရာသည် အာမုတ်သား ပရော ဖက်ဟေရှာယ၏ ရူပါရုံကျမ်း၊ ယုဒရာဇဝင်၊ ဣသရေလ ရာဇဝင်၌ ရေးထားလျက် ရှိ၏။
32Na, ko era atu meatanga a Hetekia, me ana mahi atawhai, nana, kua oti te tuhituhi ki te kite a Ihaia poropiti tama a Amoho, ki te pukapuka o nga kingi o Hura, o Iharaira.
33ဟေဇကိသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ဒါဝိဒ် ၏သားတော် မြေးတော်တို့ သင်္ချိုင်းတွင် အမြတ်ဆုံးသော သင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို ပြုလေ၏။ ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည်၊ ဟေဇကိ အနိစ္စ ရောက်သောအခါ၊ ဂုဏ်အသရေတော်ကို ချီးမြှောက်ကြ ၏။ သားတော်မနာရှေသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
33Na kua moe a Hetekia ki ona matua, a tanumia iho ki to runga rawa o nga urupa o nga tama a Rawiri: a i tona matenga ka whakakororiatia ia e Hura katoa, ratou ko nga tangata o Hiruharama; a ko tana tama, ko Manahi, te kingi i muri i a ia.