Myanmar

Maori

2 Kings

25

1ဇေဒကိမင်းနန်းစံကိုးနှစ်၊ ဒသမလဆယ်ရက် နေ့တွင် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဗိုလ်ခြေ အပေါင်းတို့နှင့်တကွ ယေရုရှလင်မြို့သို့ စစ်ချီသဖြင့်၊ မြို့ပတ်လည်၌တပ်ချ၍ မြေကတုပ်တို့ကို တူးလုပ်ပြီးမှ၊
1¶ Na i te iwa o nga tau o tona kingitanga, i te tekau o nga marama i te tekau o nga ra o te marama, ka tae mai a Nepukaneha kingi o Papurona, a ia me tana ope katoa, ki Hiruharama, a nohoia ana e ia a reira; a hanga ana e ratou etahi taumaihi mo re ira a tawhio noa.
2ဇေဒကိမင်း နန်းစံတဆယ်တနှစ်တိုင်အောင် မြို့ကိုဝိုင်းထားလေ၏။
2Heoi ka whakapaea te pa a tae noa ki te tekau ma tahi o nga tau o Kingi Terekia.
3ထိုနှစ်စတုတ္ထလကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန်အစာအာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့ သည် စားစရာမရှိသောအခါ၊
3I te iwa o nga ra o te wha o nga marama he nui te matekai o te pa, a kahore he taro ma nga tangata o te whenua.
4ခါလဒဲ လူတို့သည်မြို့ရိုးကို ဖြိုဖောက်၍ မြို့ကို လည်း ဝိုင်းနေသောကြောင့်၊ မြို့သားစစ်သူရဲအပေါင်းတို့ သည် ညဉ့်အခါ ပြေး၍မြို့ရိုးနှစ်ထပ်စပ်ကြား ဥယျာဉ် တော်နားတံခါးဝဖြင့် ထွက်ပြီးမှ လွင်ပြင်သို့ သွားကြ၏။
4Katahi ka wahia te pa, a rere ana nga tangata whawhai katoa i te po na te ara o te kuwaha i waenganui o nga taiepa e rua, na tera i te kari a te kingi; he mea karapoti hoki te pa e nga Karari; ko te kingi i haere na te Arapa.
5ခါလဒဲစစ်သူရဲတို့သည် ရှင်ဘုရင်ကို လိုက်၍ ယေရိခေါလွင်ပြင်၌ မှီသဖြင့်၊ ဇေဒကိမင်း၏ စစ်သူရဲ အပေါင်းတို့သည် လွင့်ပြေးကြ၏။
5Otiia i whai te ope a nga Karari i te kingi, a ka mau ia ki nga mania i Heriko: a ko tana ope katoa i marara noa atu i a ia.
6ရန်သူတို့သည် ရှင်ဘုရင်ကိုဘမ်းဆီး၍ ဗာဗုလုန် ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန် ရှင်ဘုရင်သည် ဇေဒကိမင်း၏အမှုကို စစ်ကြောစီရင်သည် အတိုင်း၊
6Na ka mau i a ratou te kingi, ka kawea ki te kingi o Papurona ki Ripira; a ka korerotia te whakawa mona.
7ဇေဒကိမင်း၏ သားတို့ကို အဘမျက်မှောက်၌ သတ်ကြ၏။ ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူကိုကြေးဝါးကြိုးနှင့်ချည်နှောင်၍ ဗာဗုလုန်မြို့သို့ ယူသွား ကြ၏။
7Na ka whakamatea e ratou nga tama a Terekia i tona aroaro, whakamatapotia iho nga kanohi o Terekia, a herea ana ia ki te mekameka, kawea ana ki Papurona.
8ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာနန်းစံ ဆယ် ကိုးနှစ်၊ ပဥ္စမလ ခုနစ်ရက်နေ့တွင်၊ အမှုတော်ထမ်း ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့ လာ၍၊
8¶ I te rima o nga marama, i te whitu o nga ra o te marama, ara i te tekau ma iwa o nga tau o Kingi Nepukaneha, kingi o Papurona, ka haere mai a Neputaraarana rangatira o nga kaitiaki, he tangata na te kingi o Papurona, ki Hiruharama.
9ဗိမာန်တော်၊ နန်းတော်၊ မင်းအိမ်၊ ဆင်းရဲသား အိမ်ရှိသမျှတို့ကို မီးရှို့လေ၏။
9Na ka tahuna e ia te whare o Ihowa, me te whare o te kingi, me nga whare katoa o Hiruharama, tae noa ki nga whare nunui katoa; tahuna ana e ia ki te ahi.
10ကိုယ်ရံတော်မှူး၌ပါသော ခါလဒဲစစ်သူရဲ အပေါင်းတို့သည် ယေရုရှလင်မြို့ရိုးရှိသမျှတို့ကို ဖြိုဖျက် ကြ၏။
10Wahia iho hoki nga taiepa o Hiruharama a whawhe noa e te ope katoa o nga Karari, i haere mai nei ratou ko te rangatira o nga kaitiaki.
11ထိုအခါကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် မြို့ထဲမှာ ကျန်ကြွင်းသောသူ၊ ဗာဗုလုန်ရှင်ဘုရင်ဘက်သို့ ကူးသွားနှင့်သောသူ၊ ကြွင်းသမျှသောသူတို့ကို သိမ်းသွား လေ၏။
11Na, ko te morehu o te iwi i mahue i te pa, me te hunga i papahoro atu, i taka atu ra ki te kingi o Papurona, me nga toenga atu o taua huihui, i whakahekea e Neputaraarana rangatira o nga kaitiaki.
12သို့ရာတွင် စပျစ်ဥယျာဉ်ကိုပြုစု၍ လယ်လုပ် စေခြင်းငှါ၊ ဆင်းရဲသားအချို့တို့ကိုထားခဲ့လေ၏။
12I waiho ia e te rangatira o nga kaitiaki etahi o nga rawakore o te whenua hei kaimahi waina, hei kaimahi whenua.
13ဗိမာန်တော်၌ ကြေးဝါတိုင်တို့ကို၎င်း၊ ကြေးဝါ ရေကန်ကို၎င်း၊ ရေချိုးအင်တုံအခြေအမြစ်တို့ကို၎င်း၊ ခါလဒဲလူတို့သည် ချိုးဖဲ့၍၊ ကြေးဝါရှိသမျှကို ဗာဗုလုန်မြို့သို့ ယူသွား ကြ၏။
13Na, ko nga pou parahi i te whare o Ihowa, me nga turanga, me te moana parahi i te whare o Ihowa, wawahia ana e nga Karari, a maua atu ana e ratou te parahi o aua mea ki Papurona.
14အိုးကင်း၊ တူးရွင်းပြား၊ မီးညှပ်၊ ဇွန်းမှစ၍ အမှုတော်ထမ်းစရာ ကြေးဝါတန်ဆာရှိသမျှ တို့ကိုလည်း ယူသွားကြ၏။
14I maua atu ano e ratou nga pata, me nga koko pungarehu, me nga kuku, me nga koko, me nga oko parahi katoa mo a ratou mahi tapu.
15ရွှေတန်ဆာ၊ ငွေတန်ဆာတည်းဟူသော လင်ပန်း၊ အိုးအစရှိသော တန်ဆာများကို ရွှေဖြစ်စေ၊ ငွေဖြစ်စေ၊ ကိုယ်ရံတော်မှူးသည် ယူသွားလေ၏။
15Ko nga oko ngarahu ano, ko nga peihana; ko nga mea koura, ko nga mea hiriwa, tena he koura, tena he hiriwa, tangohia ake e te rangatira o nga kaitiaki.
16ဗိမာန်တော်၌ ရှောလမုန်မင်းလုပ်သော တိုင်နှစ် တိုင်၊ ရေကန်တခု၊ အခြေအမြစ်များ၌ပါသော ကြေးဝါ သည် အချိန်အားဖြင့် အတိုင်းမသိ များ၏။
16Ko nga pou e rua, ko te moana kotahi, me nga turanga e rua i hanga e Horomona mo te whare o Ihowa; kahore he paunatanga o te parahi o enei oko katoa.
17တိုင်အမြင့်ကားတဆယ်ရှစ်တောင်ရှိ၏။ ကြေးဝါ တိုင်ထိပ်လည်း ရှိ၏။ တိုင်ထိပ်အမြင့်ကား သုံးတောင်ရှိ၍၊ ထိပ်ပတ်လည်း ကြေးဝါကွန် ရွက်၊ ကြေးဝါသလဲသီးတို့နှင့် ပြည့်စုံ၏။ အခြားသောတိုင်သည်လည်း ထိုအတူဖြစ်၍ ကွန်ရွက်နှင့် ပြည့်စုံ၏။
17Ko te tiketike o tetahi o nga pou kotahi tekau ma waru nga whatianga, he parahi te whakapaipai o runga: a ko te tiketike o te whakapaipai e toru nga whatianga; he parahi katoa te mea i whiria, me nga pamekaranete o te whakapaipai a whawhe noa: r ite tonu hoki ki enei to te rua o nga pou, he mea whiri ano tona.
18ကိုယ်ရံတော်မှူးသည် ယဇ်ပုရောဟိတ်မင်း စရာယ၊ ဒုတိယယဇ်ပုရောဟိတ်ဇေဖနိ၊ ဗိမာန်တော် တံခါးမှူး သုံးယောက်တို့ကို ဘမ်းဆီးလေ၏။
18I tangohia ano e te rangatira o nga kaitiaki a Heraia, te tino tohunga, ratou ko te tohunga tuarua, ko Tepania, ko nga kaitiaki tokotoru o te kuwaha.
19စစ်သူရဲတို့ကိုအုပ်သော ဗိုလ်တယောက်၊ မြို့ထဲ ၌တွေ့မိသော တိုင်ပင်မှူးမတ်ငါးယောက်၊ ပြည်သူ ပြည်သားများကို နှိုးဆော်သော တပ်စာရေးကြီး တယောက်၊ မြို့ထဲ၌တွေ့မိသော ပြည်သားခြောက်ဆယ်တို့ ကိုမြို့ထဲကခေါ်သွား၍၊
19I tangohia ano e ia i te pa tetahi kaiwhakahaere, ko te rangatira o nga tangata whawhai; tokorima o nga tangata no te aroaro pu ake o te kingi, he hunga i rokohanga ki roto ki te pa: me te kaituhituhi, ara te rangatira o te ope, te kaihuihui i n ga tangata o te whenua; me nga tangata e ono tekau o te iwi o te whenua i rokohanga e ia ki roto ki te pa.
20ဗာဗုလုန်ရှင်ဘုရင်ရှိရာ ရိဗလမြို့သို့ဆောင်ခဲ့ ပြီးလျှင်၊
20Na ka mau a Neputaraarana rangatira o nga kaitiaki ki a ratou, kawea ana ki te kingi o Papurona, ki Ripira.
21ဗာဗုလုန်ရှင်ဘုရင်သည် ဟာမတ်ပြည်ရိဗလမြို့ ၌ ထိုသူတု့ကို ဒဏ်ပေး၍ ကွပ်မျက်လေ၏။ ထိုသို့ ယုဒအမျိုးသည် မိမိပြည်မှ သိမ်းသွားခြင်းကို ခံရ သတည်း။
21Na patua ana ratou e te kingi o Papurona, whakamatea ana ki Ripira, ki te whenua o Hamata. Heoi whakahekea atu ana a Hura i tona oneone.
22ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ၏ အခွင့်နှင့် ယုဒပြည်၌ ကျန်ကြွင်းသေးသော လူတို့ကို အုပ်ရသော မင်းအရာ၌၊ ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိကို ခန့်ထားတော်မူ၏။
22¶ Na, ko te hunga i mahue ki te whenua o Hura, ko nga mea i mahue i a Nepukaneha kingi o Papurona, meinga ana e ia ko Keraria tama a Ahikama tama a Hapana hei kawana mo ratou.
23ဗာဗုလုန်ရှင်ဘုရင်သည် ဂေဒလိကို ပြည်အုပ် အရာ၌ခန့်ထားကြောင်းကို တပ်မှူးတို့နှင့် စစ်သူရဲများ တို့သည် ကြားသိသောအခါ၊ နာသနိသားဣရှမေလ၊ ကာရာသားယောဟနန်၊ နေတောဖတ်အမျိုး၊ တာနုမက် သားစရာယ၊ မာခလိအမျိုးသားယေဇနိတို့သည် မိမိ လူများနှင့်တကွ၊ ဂေဒလိရှိရာမိဇပါမြို့သို့လာ၍၊
23Na, i te rongonga o nga rangatira ope katoa, o ratou ko a ratou tangata, kua meinga e te kingi o Papurona a Keraria hei kawana, ka haere mai ratou ki a Keraria ki Mihipa, ara a Ihimaera tama a Netania, a Iohanana tama a Karea, a Heraia tama a Ta nahumete Netopati, a Iaatania tama a tetahi Maakati, me a ratou tangata.
24ဂေဒလိက၊ ခါလဒဲမင်းအမှုကို ဆောင်ရွက်ရ မည်အခွင့်ကို မစိုးရမ်ကြနှင့်။ ဤပြည်၌နေကြလော့။ ဗာဗုလုန်ရှင်ဘုရင်၏အမှုကို ဆောင်ရွက်ကြလော့။ သို့ပြုလျှင် ချမ်းသာရကြလိမ့်မည်ဟူ၍ ထိုသူတို့အား ကျိန်ဆိုလေ၏။
24Na ka oati a Keraria ki a ratou, ki a ratou tangata hoki, ka mea ki a ratou, Kaua e wehi, he mea mo nga pononga o nga Karari: e noho i te whenua, e mahi ki te kingi o Papurona, a ka whai pai koutou.
25သတ္တမလတွင်၊ ဆွေတော်မျိုးတော် ဧလိရှမာ သားသနိ၏ သားဣရှမေလသည် လူတကျိပ်နှင့်တကွ လာ၍ ဂေဒလိကို၎င်း၊ မိဇပါမြို့ ၌ ဂေဒလိထံမှာရှိသော ယုဒလူတို့နှင့် ခါလဒဲလူတို့ကို၎င်း သေအောင် လုပ်ကြံ လေ၏။
25Otiia i te whitu o nga marama ka haere mai a Ihimaera tama a Netania tama a Erihama, he momo kingi, ratou ko ona hoa, katohi tekau tangata, a patua iho a Keraria, mate rawa, ratou ko ona hoa, ko nga Hurai, ko nga Karari, i Mihipa.
26ထိုအခါ တပ်မှူးများနှင့် ပြည်သူပြည်သား အကြီးအငယ်အပေါင်းတို့သည် ခါလဒဲလူတို့ကို ကြောက် သောကြောင့် ထ၍ အဲဂုတ္တုပြည်သို့ သွားကြ၏။
26Na ka whakatika te iwi katoa, te iti me te rahi, ratou ko nga rangatira ope, a haere ana ki Ihipa, i wehi hoki ratou i nga Karari.
27ယုဒရှင်ဘုရင် ယေခေါနိသည် အချုပ်ခံရသော သက္ကရာဇ်သုံးဆယ်ခုနစ်နှစ်၊ ဒွါဒသမလနှစ်ဆယ် ခုနစ် ရက်နေ့တွင်၊ ဗာဗုလုန်ရှင်ဘုရင် ဧဝိလမေရော ဒက်နန်းစံ စက၊ ယုဒရှင်ဘုရင်ယေခေါနိကို ထောင်ထဲက နှုတ်၍ ချမ်းသာပေးလေ၏။
27Na, i te toru tekau ma whitu o nga tau o te whakahekenga atu o Iehoiakini kingi o Hura, i te tekau ma rua o nga marama, i te rua tekau ma whitu o nga ra o te marama, ka whakaarahia e Ewiri, Meroraka kingi o Papurona, i te tau i kingi ai ia, te m atenga o Iehoiakini kingi o Hura i roto i te whare herehere.
28ကောင်းမွန်စွာ နှုတ်ဆက်၍ သူ၏ပလ္လင်ကို ဗာဗုလုန်မြို့မှာ အထံတော်၌ ရှိသောမင်း ကြီးများထိုင်ရာ ပလ္လင်တို့ထက် ချီးမြှင့်လေ၏။
28A he pai ana korero ki a ia, nekehia ake ana e ia tona torona ki runga ake i nga torona o nga kingi i tona taha i Papurona.
29ယေခေါနိမင်းသည် ထောင်ထဲမှာ ဝတ်သော အဝတ်ကို လဲ၍၊ အသက်ရှည်သမျှကာလပတ်လုံး အစဉ်မပြတ်အထံတော်၌ စားသောက်ရ၏။
29Ko nga kakahu o tona hereherenga i whakawhitia e ia; a kai taro ana ia i tona aroaro i nga ra katoa i ora ai ia.
30အသက်ရှည်သမျှနေ့ရက် အစဉ်မပြတ်သူ စားစရာဘို့ ဗာဗုလုန်ရှင်ဘုရင် ပေးသနားတော်မူ၏။
30A ko te wahi mana, he mea pumau, he mea homai e te kingi ki a ia i tenei ra, i tenei ra, i nga ra katoa i ora ai ia.