Myanmar

Maori

Daniel

10

1ပေရသိ ရှင်ဘုရင်ကုရုနန်းစံသုံးနှစ်တွင်၊ ဗေလ တရှာဇာအမည်ဖြင့် သမုတ်သောဒံယေလသည် ဗျာဒိတ် တော်ကိုခံရ၏။ ထိုဗျာဒိတ် တော်စကားမှန်ပေ၏။ ကြီးစွာ သော စစ်တိုက်ခြင်းနှင့် ဆိုင်ပေ၏။ သူသည် ထိုစကားကို နားလည်၏။ မြင်ရသော ရူပါရုံသဘောကိုလည်း ရိပ်မိ၏။
1¶ I te toru o nga tau o Hairuha kingi o Pahia, i whakakitea he mea ki a Raniera, i huaina nei ko Peretehatara; a he tika taua mea, he mea mo tetahi whawhai nui: a i matau ia ki taua mea, i mohio ano hoki ki te tikanga o te kite.
2ထိုကာလ၌ ငါဒံယေလသည် အရက်နှစ်ဆယ်တရက် တိုင်တိုင် ခြိုးခြံစွာ ကျင့်လျက်နေ၏။
2I aua ra i te tangi ahau, a Raniera, e toru nga tino wiki.
3အရက်နှစ်ဆယ် တရက်မစေ့မှီမြိန်သော မုန့်ကိုမစား။ အမဲသားနှင့် စပျစ်ရည်ကိုမမြည်း။ ဆီလိမ်းခြင်းကိုလည်း အလျှင်မပြု။
3Kihai tetahi kai e minaminatia ana i kainga e ahau, kihai ano te kikokiko, te waina ranei, i tapoko ki toku mangai, a kihai rawa ahau i whakawahi i ahau a taka noa nga tino wiki e toru.
4ပဌမလနှစ်ဆယ် လေးရက်နေ့၌ငါသည် ဟိဒ ကေလ မြစ်ကြီးအနားမှာရှိစဉ်၊
4Na i te rua tekau ma wha o nga ra o te marama tuatahi, i ahau i te taha o te awa nui, ara o Hirekere,
5မျှော်ကြည့်၍ ပိတ်ချောနှင့် ဥဖတ် ရွှေစင် ခါးပန်းကို ဝတ်စည်းလျက် ရှိသောလူတဦးကို မြင်၏။
5Ka ara ake oku kanohi, a ka titiro, ka kite ahau, na, ko tetahi tangata he kakahu rinena tona, ko tona hope he mea whitiki ki te koura parakore o Upuhata:
6သူ၏ ကိုယ်သည် ကျောက်မျက်ရွဲကဲ့သို့ ဖြစ်၏။ သူ့မျက်နှာသည်လည်း လျှပ်စစ်ကဲ့သို့ ဖြစ်၏။ သူ့မျက်နှာ သည်လည်း လျှပ်စစ်ကဲ့သို့ ထင်၏။ သူ့မျက်စိသည်လည်း မီးခွက်ကဲ့သို့ဖြစ်၏။ သူ့လက်ခြေတို့သည် ဦးသစ်သော ကြေးဝါအရောင်အဆင်းရှိ၏။ သူ့စကားသံသည် များစွာ သော လူစုအသံနှင့်တူ၏။
6Ko tona tinana hoki rite tonu ki te perira, ko tona mata rite tonu ki te ahau o te uira, ko ona kanohi kei nga rama ahi te rite, ko ona ringa, ko ona waewae, rite tonu te kara ki to te parahi kua oti te whakakanapa, a, ko te reo o ana kupu, ano k o te reo o te mano.
7ထိုဗျာဒိတ်ရူပါရုံကို ငါဒံယေလတယောက်တည်း မြင်ရ၏။ ငါနှင့် အတူပါသောလူတို့သည် မမြင်ရကြ။ သူတို့သည် အလွန်ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက် သဖြင့် ပုန်းရှောင်၍ နေခြင်းငှါ ပြေးကြ၏။
7Na ko ahau anake, ko Raniera, i kite i taua whakakitenga: kihai hoki oku hoa i kite i taua whakakitenga; engari i tau te wiri nui ki a ratou, a rere ana ki te piri.
8ငါမူကား၊ တယောက်တည်းနေရစ်၍ ထိုကြီးစွာ သော ရူပါရုံကိုမြင်ရလျှင်၊ ခွန်အားလျော့၍ မျက်နှာပျက် လျက်၊ ကိုယ်၌ အစွမ်းသတ္တိအလျှင်းမရှိ ဖြစ်လေ၏။
8A mahue iho ko ahau anake. Na ka kite ahau i tenei mea nui; kihai ano hoki i mahue he kaha i roto i ahau: i puta ke hoki toku ataahua, kore iho, kahore hoki he kaha i mau i ahau.
9သို့ရာတွင်၊ ထိုသူ၏ စကားသံကို ငါကြား၏။ ကြားသောအခါ မြေပေါ်မှာပြပ်ဝပ်၍ မိန်းမောတွေဝေ လျက်နေ၏။
9I rongo ano ia ahau i te reo o ana kupu: a, i toku rongonga i te reo o ana kupu, na ka riro ahau i te moe, au tonu, me toku tapapa ano, toku mata anga tonu ki te whenua.
10ထိုအခါလက်တဘက်သည်ငါ့ကို ကြွ၍၊ ငါသည် ဒူးနှင့် လက်ဝါးဖြင့် ထောက်လျက်နေရ၏။
10¶ Na, kua pa he ringa ki ahau, na reira ahau i whakaara ki runga ki oku turi, ki runga hoki i nga kapu o oku ringa.
11သူကလည်း အလွန်ချစ်အပ်သောသူ၊ ဒံယေလ၊ ငါ့စကားကို နားလည်အံ့သောငှါ မတ်တတ်နေလော့။ သင်ရှိရာသို့ ငါ့ကိုစေလွှတ်တော်မူ၍ ယခုငါလာပြီဟု ဆိုလျှင်၊ ငါသည်တုန်လှုပ်မတ်တက်နေ၏။
11Na kia mea ia ki ahau, E Raniera, e te tangata e arohaina nuitia ana, kia mohio koe ki nga kupu ka korerotia nei e ahau ki a koe; e tu ki runga; kua unga mai hoki ahau inaianei ki a koe. Na i tana korerotanga i tenei kupu ki ahau, ka tu ahau, me te wiri.
12ထိုအခါသူကလည်း၊ အချင်းဒံယေလ၊ မကြောက် နှင့်။ သင်သည် နားလည်ခြင်းငှါ၎င်း၊ သင်၏ ဘုရားရှေ့မှာ ကိုယ်ကိုကိုယ် ဆုံးမခြင်းငှါ၎င်း၊ စိတ်ပြဌာန်းသော ပဌမ နေ့မှစ၍ သင်၏ စကားကိုကြားတော်မူပြီ။ ထိုစကား ကြောင့်လည်း ငါရောက်လာပြီ။
12Katahi tera ka ki mai ki ahau, Kaua e wehi, e Raniera, no te mea no te ra tuatahi ano i anga ai tou ngakau ki te matau, ki te whakaiti i a koe ki te aroaro o tou Atua, i rangona ai au kupu; a na au kupu hoki ahau i haere mai ai.
13ပေရသိနိုင်ငံကို အစိုးရသောမင်းမူကား၊ အရက် နှစ်ဆယ်တရက်ပတ်လုံး ငါ့ကို ဆီးတား၏။ နောက်တခါ အမြတ်ဆုံးသော မင်းစုထဲက မိက္ခေလသည် ငါ့ကိုအကူ လာ၍၊ ငါသည်လည်း ထိုအရပ်၌ ပေရသိမင်းကြီးတို့ထံ မှာ ဆိုင်းလင့်၍ နေရ၏။
13Otiia i turia mai ahau e te rangatira o te kingitanga, o Pahia, e rua tekau ma tahi nga ra; na, kua tae mai a Mikaera, tetahi o nga tino rangatira, hei awhina moku, a noho ana ahau i reira i nga kingi o Pahia.
14ယခုမူကား၊ နောင်ကာလတွင် သင်၏ အမျိုးသားချင်းတို့၌ ဖြစ်လတံ့သော အမှုအရာတို့ကို သင် သည် နားလည်စေခြင်းငှါ ငါရောက်လာပြီ။ ဤဗျာဒိတ် ရူပါရုံသည် တာရှည်သောကာလနှင့် ဆိုင်ပေ၏ဟု ငါ့အား ပြောဆို၏။
14Na kua tae mai nei ahau kia matau ai koe ki nga mea e pa ki tou iwi i nga ra whakamutunga: ko te kite hoki mo nga ra maha e takoto ake nei.
15ထိုသို့ ပြောဆိုပြီးမှ၊ ငါသည် ဦးညွတ်သည် ပြပ်ဝပ်၍ စကားမပြောနိုင်ပဲနေ၏။
15Na, i tana korerotanga mai i enei kupu ki ahau, ka anga toku mata ki te whenua, kahore hoki aku kupu.
16ထိုအခါ လူသား၏ သဏ္ဌာန်ရှိသော သူတဦး သည် ငါ့နှုတ်ကို လက်နှင့်တို့လျှင်၊ ငါသည်နှုတ်ကို ဖွင့်၍ ပြောရသောအခွင့်ကို ရပြီးလျှင်၊ အကျွန်ုပ်၏သခင်၊ ဗျာဒိတ်ရူပါရုံကြောင့် အကျွန်ုပ်သည် ပြင်းစွာသော ဝေဒနာကို ခံရ၍၊ ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။
16Na, kua pa tetahi ki oku ngutu, ko tona ahua kei to nga tama a te tangata: na ka puaki toku mangai, a ka korero ahau, ka mea ki tera i tu ra ki toku aroaro, E toku ariki, na te kite ra, kua tahuri iho oku pouritanga ngakau ki ahau, kahore hoki h e kaha e mau ana ki ahau.
17ကိုယ်တော်ကျွန်သည် ကိုယ်တော်အရှင်နှင့် အဘယ်သို့ စကားပြောနိုင်ပါအံ့နည်း။ ယခုပင် အကျွန်ုပ် ကိုယ်၌ ခွန်အားအလျှင်းမရှိပါ။ အကျွန်ုပ်အသက်လည်း ကုန်ပါပြီဟု ငါ့ရှေ့မှာ ရပ်နေသော သူအား ငါလျှောက် ၏။
17Ma te aha hoki e ahei ai i te pononga a tenei ariki oku te korero ki tenei ariki oku? ko ahau nei hoki, kore tonu iho he maunga o te kaha i roto i ahau, kihai ano i mahue he manawa i roto i ahau.
18နောက်တဖန် လူသဏ္ဌာန်ရှိသော သူသည် လာ၍ ငါ့ကိုလက်နှင့်တို့လျက် အားပေးပြီးလျှင်၊
18Katahi ka pa ano tetahi ki ahau, ko tona ahua rite tonu ki to te tangata, a whakakahangia ana ahau e ia.
19အလွန်ချစ်အပ်သောသူ၊ မကြောက်နှင့်။ ငြိမ် သက်ခြင်းရှိပါစေ။ အားရှိလော့။ ခွန်အားနှင့်ပြည့်စုံလော့ ဟု ဆို၏။ ထိုသို့ဆိုပြီးမှ ခွန်အားကို ငါရ၍၊ အကျွန်ုပ်၏ သခင်၊ မိန့်တော်မူပါ။ အကျွန်ုပ်ကို ခွန်အားပေးတော်မူပြီ ဟု လျှောက်၏။
19I mea ia, Kaua e wehi e te tangata e arohaina nuitia ana; kia mau te rongo ki a koe, kia kaha, ae ra, kia kaha. Na, i tana korerotanga ki ahau, kua kaha ahau. Na ka mea ahau, Ma toku ariki e korero mai; kua oti nei hoki ahau te whakakaha e koe.
20ထိုသူကလည်း၊ ငါသည် သင်ရှိရာသို့ လာရသော အကြောင်းကို နားလည်သလော။ ပေရသိမင်းကို စစ်တိုက်အံ့သောငှါ ယခု ငါပြန်သွားရမည်။ ငါသွားပြီး သည်နောက်၊ တဖန် ဟေလသမင်းသည် ပေါ်လာ လိမ့်မည်။
20Katahi tera ka ki mai, E mohio ana ranei koe ki te mea i haere mai ai ahau ki a koe? na akuanei ahau hoki ai ki te whawhai ki te rangatira o Pahia. Ka puta atu ahau, na ka haere mai te rangatira o Kariki.
21သို့ရာတွင် သမ္မာကျမ်းစာ၌ မှတ်သားသော အမူ အရာကို ငါပြဦးမည်။ ဤအမှုတို့တွင် သင်တို့၏မင်း မိက္ခေလမှတပါး ငါ့ဘက်မှာ နေသောသူမရှိ။
21Me whakaatu ano ia e ahau ki a koe te mea i tuhituhia ki te karaipiture pono: kahore hoki tetahi e whakakaha ana i a ia ano hei hoa moku ki enei mea, ko to koutou rangatira anake, ko Mikaera.