Myanmar

Maori

Deuteronomy

15

1ခုနစ်နှစ်တခါ လွှတ်ခြင်းကို ပြုရမည်။
1¶ Hei te mutunga o nga tau e whitu ka mea koe he tukunga noatanga.
2လွှတ်ခြင်းတရား ဟူမူကား၊ ကိုယ်နှင့်စပ်ဆိုင် သောသူအား ဥစ္စာကို ချေးငှားသော ကြွေးရှင်မည်သည် ကား၊ ထိုကြွေးကို လွှတ်ရမည်။ ထာဝရဘုရားလွှတ်ခြင်း ကာလဖြစ်သောကြောင့်၊ ထိုကြွေးကို အိမ်နီးချင်း၊ ညီအစ်ကိုချင်း၌ မတောင်းရ။
2A ko te tikanga tenei mo te tuku noa: ko nga kaiwhakatarewa moni katoa, e whakatarewa moni ana ki o ratou hoa, me tuku noa atu; kaua te kaiwhakatarewa e tohe ki tona hoa, ki tona teina ranei; no te mea e karangatia ana ko te tukunga noatanga a Ih owa.
3တကျွန်းတနိုင်ငံသား၌ တောင်းရသောအခွင့် ရှိ၏။ ညီအစ်ကို၌ရှိသော ကိုယ်ဥစ္စာကို မတောင်းဘဲ လွှတ်ရမည်။
3He tangata iwi ke, tohea atu: ko tau mea ia i tou teina, me tuku noa e tou ringa.
4သင်၌ ဆင်းရဲသား မရှိစေခြင်းငှာ၊ ထိုသို့ပြုရ မည်။ သင်၏ဘုရားသခင် ထာဝရဘုရားသည် အမွေခံ ဘို့ရာ အပိုင်ပေးတော်မူသောပြည်၌ သင့်ကို အလွန် ကောင်းကြီးပေးတော်မူမည်။
4Engari hoki me kore te rawakore i roto i a koe; ka manaaki rawa hoki a Ihowa i a koe i runga i te whenua ka homai nei e Ihowa, e tou Atua, ki a koe, kia tangohia hei kainga tupu:
5ယနေ့ ငါမှာထားသမျှသော ဤပညတ်တို့ကို ကျင့်မည်အကြောင်း စောင့်ရှောက်ခြင်းငှာ၊ သင်၏ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင် လော့။
5Ki te ata whakarongo i a koe ki te reo o Ihowa, o tou Atua, kia puritia, kia mahia enei whakahau katoa e whakahau nei ahau i tenei ra ki a koe.
6သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိ တော်ရှိသည်အတိုင်း ကောင်းကြီးပေးတော်မူသဖြင့်၊ သင်သည် လူမျိုးများတို့အား ချေးငှားရသော အခွင့်ရှိလိမ့် မည်။ သူတို့သည် သင့်အား ချေးငှားသော အခွင့်မရှိရ။ သင်သည် လူမျိုးများတို့ကို အစိုးပိုင်ရလိမ့်မည်။ သူတို့ သည် သင့်ကို အစိုးမပိုင်ရကြ။
6No te mea ka manaakitia koe e Ihowa, e tou Atua, ka peratia me tana i ki ai ki a koe: a mau e whakatarewa moni ki nga iwi maha, ko koe ia kaua e tango i te moni tarewa; a ko koe hei ariki mo nga iwi maha, kahore hoki ratou e ariki ki a koe.
7သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သောပြည်တွင်၊ မြို့တစုံတမြို့၌ ဆင်းရဲသော ညီအစ်ကို ချင်း ရှိလျှင်၊ ထိုဆင်းရဲသော ညီအစ်ကို၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ။ လက်ကိုလည်း မပိတ်ရ။
7Ki te mea kei roto i a koe tetahi e rawakore ana, tetahi o ou teina, i roto i tetahi o ou kuwaha o tou whenua, e homai nei e Ihowa, e tou Atua, ki a koe, kaua e whakauaua tou ngakau, kaua hoki e kopia tou ringa ki tou teina rawakore:
8သင်၏လက်ကို သူ့အဘို့ ကျယ်ကျယ်ဖွင့်၍၊ သူ၏ ဆင်းရဲ ပျောက်လောက်အောင် ချေးငှားရမည်။
8Engari me whakatuwhera marie tou ringa ki a ia, kia ngawari hoki ki te whakatarewa moni ki a ia kia rite ki tona mate i te mea e hapa ana i a ia.
9သင့်စိတ်နှလုံး၌ ဆိုးညစ်သော သဘောရှိ၍၊ သတ္တမနှစ်တည်းဟူသော လွှတ်ရာနှစ်နီးပြီဟု အောက်မေ့ လျက်၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသောစိတ်ရှိ ၍၊ ဘာမျှမပေးဘဲနေလျှင် သူသည် ထာဝရဘုရားအား အော်ဟစ်သဖြင့်၊ သင်၌ အပြစ်မရောက်မည်အကြောင်း သတိပြုလော့။
9Kia tupato kei puta ake te whakaaro kino i roto i tou ngakau, kei mea, E tata ana te tau whitu, te tau tuku noa; a ka kino tou kanohi ki tou teina rawakore, a e kore e hoatu e koe ki a ia; na ka tangi atu ia ki a Ihowa i a koe ka kino nei, a ka w hai hara koe.
10အကယ်စင်စစ် သူ့အားပေးရမည်။ ပေးသော အခါ နှမြောသောစိတ်မရှိရ။ အကြောင်းမူကား၊ ထိုဒါန ကြောင့် သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်ပြု လေရာရာ၊ လုပ်ဆောင်လေရာရာ၌ ကောင်းကြီးပေးတော်မူ မည်။
10Me tino hoatu e koe ki a ia, kaua hoki tou ngakau e pouri, ina hoatu e koe ki a ia: ko te mea hoki tenei e manaaki ai a Ihowa, tou Atua, i a koe, i au mahi katoa, i nga mea katoa e totoro atu ai tou ringa.
11သင့်နေရာပြည်၌ ဆင်းရဲသားမပြတ်ရ။ ထို့ကြောင့်၊ သင့်ပြည်၌ ဆင်းရဲငတ်မွတ်သော ညီအစ်ကိုချင်းတို့အား သင်၏လက်ကို ကျယ်ကျယ်ဖွင့်ရမည်အကြောင်း ငါမှာ ထား၏။
11E kore hoki e kore te rawakore i te whenua: koia taku e whakahau nei ki a koe, e mea nei, Kia tuwhera tonu tou ringa ki tou teina, ki tou hunga matekai, ki ou rawakore, i tou whenua.
12သင်၏ညီအစ်ကိုချင်း၊ ဟေဗြဲအမျိုးယောက်ျား မိန်းမသည် သင်၌ ကျွန်ဖြစ်၍၊ ခြောက်နှစ်အစေခံပြီးမှ၊ သတ္တမနှစ်ရောက်လျှင် လွှတ်ရမည်။
12¶ Ki te hokona atu ki a koe tou teina, he tane Hiperu, he wahine Hiperu ranei, a ka mahi ki a koe e ono nga tau; na hei te whitu o nga tau me tuku ia kia haere noa atu i a koe.
13လွှတ်သောအခါ၊ လက်ချည်း မလွှတ်ဘဲ၊
13A, ki te tuku koe i a ia kia haere noa atu i a koe, kaua ia e tukua rawakoretia atu:
14သင်၏ဘုရားသခင် ထာဝရဘုရားသည် ကောင်း ကြီးပေးတော်မူသည်အတိုင်း၊ သင်၏သိုးစု၊ ကောက်နယ် တလင်း၊ စပျစ်သီးနယ်ရာကျင်းထဲက များစွာပေးရမည်။
14Engari kia mahorahora te hoatu ki a ia i etahi o au hipi, o tau patunga witi, o tau poka waina hoki: me hoatu ki a ia etahi o nga mea i hoatu e Ihowa, e tou Atua, hei manaaki mou.
15သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဘူးကြောင်းကို ၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ရွေးနှုတ်တော်မူကြောင်းကို၎င်း၊ အောက်မေ့ရမည်။ ထိုကြောင့် ဤပညတ်ကို ယနေ့ငါထား၏။
15Kia mahara hoki he pononga koe i mua, i te whenua o Ihipa, a na Ihowa, na tou Atua, koe i whakaora: koia ahau i whakahau ai i tenei mea ki a koe inaianei.
16သို့ရာတွင် ကျွန်က၊ ကျွန်တော်သည် မထွက် မသွားလိုပါ။ ကိုယ်တော်နှင့် ကိုယ်တော် အိမ်သူအိမ်သား တို့ကို ချစ်ပါ၏။ နေ၍ပျော်ပါ၏ ဟုဆိုလျှင်၊
16Na ki te mea ia ki a koe, E kore ahau e mawehe atu i a koe; he aroha hoki nona ki a koutou ko tou whare, he pai no tana noho ki a koe;
17သင်သည် စူးကိုယူ၍ တံခါး၌ ကျွန်၏နားရွက်ကို ဖောက်ပြီးမှ၊ သူသည် အစဉ်အမြဲ ကျွန်ခံရမည်။ ထိုအတူ ကျွန်မ၌လည်း ပြုရမည်။
17Katahi koe ka tango i tetahi mea poka, ka titi ai i tona taringa ki te tatau, a ka waiho ia hei pononga mau, oti tonu atu. Me pena hoki ki tau pononga wahine.
18သင်၏ကျွန်ကို လွှတ်သောအခါ ခက်သည်ဟူ၍ မထင်ရ။ အကြောင်းမူကား၊ ခြောက်နှစ်ပတ်လုံး အစေခံ သဖြင့်၊ သူငှားဆောင်ရွက်သောအမှု နှစ်ဆကို သူသည် ဆောင်ရွက်လေပြီ။ သင်၏ဘုရားသခင် ထာဝရဘုရား သည်လည်း သင်ပြုလေရာရာ၌ ကောင်းကြီးပေးတော်မူ မည်။
18Kei mea he pakeke rawa ki a koe, ina tukua ia kia haere noa atu i a koe; e rite ana hoki ana mahi ki a koe i nga tau e ono ki a nga kaimahi tokorua e utua ana: a ka manaaki a Ihowa, tou Atua, i a koe i nga mea katoa e mea ai koe.
19သင်၏သိုးနွားတို့တွင် အဦးဘွားသော အထီးရှိ သမျှတို့ကို သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းစေရမည်။ အဦးဘွားသောနွား၊ အဦးဘွားသော သိုးကို မသုံးဆောင်ရ။
19¶ Ko nga toa matamua e whanau ana i roto i au kau, i au hipi, me whakatapu e koe ma Ihowa, ma tou Atua: kaua e whakamahia tau puru matamua, kaua hoki e kutikutia tau hipi matamua:
20ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ ထိုသိုးနွားတို့ကို နှစ်စဉ်မပြတ် အိမ်သူအိမ်သားတို့နှင့် တကွ ကိုယ်တိုင်စားရမည်။
20Kainga ki te aroaro o Ihowa, o tou Atua, i tenei tau, i tenei tau, e koe, e tou whare, ki te wahi e whiriwhiri ai a Ihowa, tou Atua:
21ထိုသိုးနွားတို့၌ ခြေဆွံ့၊ မျက်စိကန်း အစရှိသော အင်္ဂါချို့တဲ့ခြင်းအပြစ်၊ အခြားသောအပြစ် တစုံတခု ရှိလျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအား ယဇ်မပူ ဇော်ရ။
21A ki te mea he koha tona, ina ra he totitoti, he matapo, tetahi atu koha kino ranei, kaua ia e patua ma Ihowa, ma tou Atua.
22သင့်နေရာအရပ်၌ စားရမည်။ သမင်၊ ဒရယ်ကို စားသကဲ့သို့ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့ သည် အတူစားရကြမည်။
22Kainga i roto i ou kuwaha: ma te poke, ma te pokekore taua mea e kai, pera me te kahera, me te hata.
23သို့ရာတွင် အသွေးကို မစားရ။ ရေကို သွန်သကဲ့ သို့ မြေပေါ်မှာသွန်ရမည်။
23Otiia kaua e kainga ona toto; ringihia atu ki te whenua, ano he wai.