1တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
1¶ I puta mai ano te kupu a Ihowa ki ahau, i mea,
2အချင်းလူသား၊ သင်သည် အမ္မန်အမျိုးသားတို့ တဘက်၌မျက်နှာထား၍ ပရောဖက်ပြုလျက်၊
2E te tama a te tangata, anga atu tou mata ki nga tama a Amona, ka poropiti i te he mo ratou.
3ဆင့်ဆိုရမည်မှာ၊ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရှုတ်ချလျက်ရှိသော ငါ၏ သန့်ရှင်း ရာဌာနကို၎င်း၊ လူဆိတ်ညံခြင်းသို့ရောက်သော ဣသ ရေလပြည်ကို၎င်း၊ အေ့ဟေဟု သင်ဆိုမိသောကြောင့်၊
3Mea atu hoki ki nga tama a Amona, Whakarongo ki te kupu a te Ariki a Ihowa; Ko te kupu tenei a te Ariki, a Ihowa; Na, kua mea mai na koe, Ha! ki toku wahi tapu i te mea e whakapokea ana; ki te oneone ano o Iharaira i te mea ka ururuatia, ki te wh are ano o Hura i a ratou ka riro ki te whakarau:
4သင့်ကိုအရှေ့ပြည်သားတို့အား ငါအပိုင် ပေးမည်။ သူတို့သည် သင်၏အထဲ၌ဘုံဗိမာန်တို့ကို တည်ဆောက်၍ နေရာကျကြလိမ့်မည်။ သင်၏အသီး အနှံကိုစား၍ သင်၏နို့ကို သောက်ကြလိမ့်မည်။
4Mo reira tenei ahau te hoatu nei i a koe hei kainga ki nga tamariki o te rawhiti, a ka whakaturia e ratou o ratou puni ki a koe, ka hanga ano o ratou kainga ki a koe: ka pau i a ratou au hua, ka inumia e ratou tau waiu.
5ရဗ္ဗာမြို့ကို ကုလားအုပ်တင်းကုပ်၊ အမ္မုန်ပြည်ကို သိုးကျက်စားရာ ငါဖြစ်စေမည်။ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။
5Ka meinga ano e ahau a Rapa hei kainga kamera, me nga tama ano a Amona hei tapapatanga hipi: a ka mohio koutou ko Ihowa ahau.
6သင်သည် ဣသရေလပြည်ကို မနာလိုသော စိတ်အားကြီးလျက် လက်ခုပ်တီးခြင်း၊ ခြေနှင့်ဆောင့်ခြင်း ကို ဝမ်းမြောက်စွာ ပြုသောကြောင့်၊
6Ko te kupu hoki tenei a te Ariki, a Ihowa, Na, kua papaki na ou ringa, kua takahi ou waewae, pau katoa tou ngakau ki te koa, he kino nou ki te whenua o Iharaira;
7ငါသည် သင့်ကိုတိုက်၍၊ လူအမျိုးမျိုးလုယူဘို့ရာ အပ်မည်။ လူနေရာအတိုင်းတိုင်း အပြည်ပြည်ထဲက သင့်ကို သုတ်သင်ပယ်ရှင်းမည်။ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။
7Mo reira, na, kua totoro atu toku ringa ki a koe, a kua tukua koe e ahau hei pahuatanga ma nga iwi; ka hatepea atu koe e ahau i roto i nga iwi, ka huna ano koe e ahau i roto i nga whenua: ka whakangaromia koe e ahau; a ka mohio koe ko Ihowa ahau.
8တဖန်မောဘပြည်နှင့် စိရမြို့က၊ ယုဒအမျိုး သည် တပါးအမျိုးသားအပေါင်းတို့နှင့် တူသည်ဟု ဆိုသောကြောင့်၊
8¶ Ko te kupu tenei a te Ariki, a Ihowa, Kua mea nei a Moapa raua ko Heira, Nana, kua rite te whare o Hura ki nga iwi katoa;
9အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မောဘနံပါး၊ ပြည်စွန်းနားမှာ နိုင်ငံ၏ဘုန်းဖြစ်သော ဗက်ယေရှိမုတ်မြို့၊ ဗာလမောင်မြို့၊ ကိရယသိမ်မြို့တို့ကို ငါလှန်ထားမည်။
9Mo reira tenei ahau te mea nei kia takoto kau te taha o Moapa i nga pa, i ona pa i ona rohe, te kororia o te whenua, i Peteiehimoto, i Paarameono, i Kiriataima,
10ထိုမြို့တို့ကို အမ္မုန်အမျိုးသားတို့နှင့်တကွ အရှေ့ ပြည်သားတို့အား အပိုင်ပေးမည်။ အမ္မုန်ပြည်သားတို့ကို တိုင်းနိုင်ငံစုတွင်မမှတ်ရ။
10Tae noa ki nga tama o te rawhiti, kia haere ki te whawhai ki nga tama a Amona, a ka tukua ratou e ahau hei kainga tupu, e kore ai e maharatia nga tama a Amona i roto i nga iwi.
11မောဘပြည်ကိုလည်း ငါသည် အပြစ်ဒဏ် စီရင် ၍၊ ငါသည် ထာဝရားဖြစ်ကြောင်းကို သူတို့သိကြရလိမ့် မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
11Ka mahia ano e ahau he whakawa ki a Moapa; a ka mohio ratou ko Ihowa ahau.
12တဖန်ဧဒုံပြည်သည် ချင်ရဲပြေစေခြင်းငှါ၊ ယုဒ အမျိုးတဘက်၌နေ၍ အလွန်ပြစ်မှားသဖြင့်၊ အပြစ်ဒဏ်စီရင်သောကြောင့်၊
12Ko te kupu tenei a te Ariki, a Ihowa; Na, kua mahia na e Eroma he he mo te whare o Hura, kua rapu utu, kua nui to ratou kino, kua rapu utu i a ratou;
13အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဧဒုံပြည်ကိုငါတိုက်၍ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်မည်။ တေမန်မြို့မှစ၍ လူဆိတ်ညံစေမည်။ ဒေဒန်မြို့တိုင် အောင် ထားဖြင့် ဆုံးရကြလိမ့်မည်။
13Mo reira ko te kupu tenei a te Ariki, a Ihowa: Ka totoro ano toku ringa ki a Eroma, ka hatepea atu nga tangata me nga kararehe o reira; ka meinga ano e ahau te ritenga atu o Temana hei ururua, ka hinga ano nga tangata, a tae atu ana ki Rerana, i te hoari.
14ငါ၏လူဣသရေလ အမျိုးသားများအားဖြင့်၊ ဧဒုံ ပြည်ကိုငါ၏ ချင်ရဲပြေစေခြင်းငှါ ဒဏ်ပေးမည်။ သူတို့ သည် ငါ၏အမျက်အရှိန်အားကြီးသည့်အတိုင်း ဧဒုံပြည် ကို ပြုကြလိမ့်မည်။ ငါပေးသော အပြစ်ဒဏ်ကို သိရ ကြလိမ်မည်ဟု ရှင်ထာဝရဘုရားမိန့်တော်မူ၏။
14Ka tukua atu ano e ahau taku rapu utu ki a Eroma, ma taku iwi, ma Iharaira e mahi; ka meatia ano e ratou i roto i a Eroma nga mea e rite ana ki toku riri, ki toku weriweri; a ka mohio ratou ki taku rapu utu, e ai ta te Ariki, ta Ihowa.
15တဖန် ဖိလိတ္တိလူတို့သည် အငြိုးထား၍ မနာလို သောစိတ်အားကြီးသည်နှင့် ဒေါသအလိုကုပြည့်စုံစွာ ပြု၍၊ ရှင်းရှင်းဖျက်ဆီးခြင်းငှါ အပြစ်ဒဏ် ပေးသော ကြောင့်၊
15Ko te kupu tenei a te Ariki, a Ihowa: He rapu utu nei te mahi a nga Pirihitini, he kino nei te ngakau i rapu utu ai ratou, he mea kia ngaro, he mauahara tuturu;
16အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဖိလိတ္တိလူတို့ကို ငါထိုက်၍ ခေရသိလူတို့ကို ပယ်ဖြတ်မည်။ ပင်လယ်ကမ်းနား၌ ကျန်ကြွင်းသောသူတို့ကို ဖျက်ဆီး မည်။
16Mo reira ko te kupu tenei a te Ariki, a Ihowa; Nana ka totoro toku ringa ki nga Pirihitini, a ka hatepea atu e ahau nga Keretimi, ka huna ano e ahau nga morehu o te tahatai.
17ပြင်းစွာသော ဆုံးမခြင်းနှင့်တကွ ကြီးစွာသော အပြစ်ဒဏ်ကို ပေးမည်။ ထိုသို့ငါ၏ချင်ရဲပြေစေခြင်းငှါ ဒဏ်ပေးသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း ကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
17He nui hoki nga rapunga utu e mahia e ahau ki a ratou, weriweri rawa nga whakatupehupehunga; a ka mohio ratou ko Ihowa ahau, ina tukua e ahau taku rapu utu ki a ratou.