Myanmar

Maori

Ezekiel

29

1သက္ကရာဇ်ဆယ်ခု၊ ဒသမလတဆယ်တရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
1¶ I te tekau o nga tau, i te tekau o nga marama, i te tekau ma rua o nga ra o te marama, ka puta mai te kupu a Ihowa ki ahau; i mea,
2အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းတဘက်၌မျက်နှာထား၍၊ သူနှင့် အဲဂုတ္တုပြည် တပြည်လုံး တဘက်၌ပရောဖက်ပြုလျက်၊
2E te tama a te tangata, anga atu tou mata ki a Parao kingi o Ihipa; poropititia he he mona, mo Ihipa katoa hoki.
3အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ၊ အိုအဲဂုတ္တုရှင်ဘုရင် ဖာရောမင်း၊ ကိုယ်မြစ်များ အလယ်၌နေလျက်၊ ငါ့မြစ်ကို ငါပိုင်၏။ ငါ့အဘို့ ငါ ဖန်ဆင်းပြီဟု ဆိုတတ်သောမိကျောင်းကြီး၊ သင့်တဘက် ၌ ငါနေ၏။
3Korero, mea atu, Ko te kupu tenei a te Ariki, a Ihowa; Hei hoariri tenei ahau mou, e Parao kingi o Ihipa, e te tarakona nui e takoto na i waenganui i ona awa; nana nei te kupu, Naku taku awa, naku ano i hanga hei mea maku.
4သင့်ပါးရိုးကို သံချိတ်နှင့်ချိတ်၍၊ သင့်မြတ်၌နေ သော ငါတို့ကို သင့်အကြေးတို့၌ ငါကပ်စေမည်။ သင့်မြစ် များ အလယ်ထဲကသင့်ကို ငါနှုတ်၍ မြစ်ရှိသမျှသော ငါးတို့သည် သင့်အကြေးတို့၌ ကပ်ကြလိမ့်မည်။
4A ka maka e ahau he matau ki ou kauae, ka meinga ano e ahau nga ika o ou awa kia piri ki ou unahi; ka tangohia mai ano koe e ahau i waenganui o ou awa, me nga ika katoa o ou awa e piri ana ki ou unahi.
5သင်နှင့် သင့်မြစ်၌ရှိသမျှသော ငါတို့ကိုတော၌ ငါပစ်ထားမည်။ လွင်ပြင်၌ကျ၍ နောက်တဖန်စုဝေးခြင်း ကို မပြုရ။ တောသားရဲများ၊ မိုဃ်းကောင်းကင်ငှက်များ စားစရာဘို့ သင့်ကိုငါအပ်၏။
5Ka waiho ano koe e ahau, he mea kua maka atu ki te koraha, a koe me nga ika katoa o ou awa; ka hinga koe ki runga ki te mata o te parae; e kore koe e kohikohia, e kore e huihuia: kua tukua atu koe e ahau hei kai ma te kirehe o te whenua, ma te ma nu o te rangi.
6ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တု ပြည်သားအပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်း မူကား၊ သင်သည် ဣသရေလအမျိုး၌ ကျူတောင်ဝေး ဖြစ်လေပြီ။
6A ka mohio nga tangata katoa o Ihipa ko Ihowa ahau; he kakaho hoki ratou kua waiho nei hei tokotoko mo te whare o Iharaira.
7သင့်ကိုလက်နှင့် ကိုင်သောအခါ သင်သည် အကိုင်မခံ။ သူတို့ ပခုံးဆစ်ကို ဖြုတ်လေ၏။ သင်နှင့် ကိုယ်ကိုထောက်သောအခါ သင်သည် ကျိုး၍ သူတို့ခါးကို နာစေ၏။
7No te hopukanga atu a to ratou ringa i a koe, whati pu koe, haea ana e koe o ratou pokohiwi katoa: i to ratou okiokinga ki runga ki a koe, whati pu koe, wiri ana i a koe o ratou hope katoa.
8သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါသည် သင့်အပေါ်သို့ထားကိုဆောင်ခဲ့၍ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်သဖြင့်၊
8¶ Mo reira ko te kupu tenei a te Ariki, a Ihowa; Tenei ahau te kawe nei i te hoari ki runga ki a koe, ka hatepea atu ano e ahau te tangata me te kararehe i roto i a koe.
9အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက်၊ ပျက်စီး လျက်ရှိသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ်မည်။ သင်က၊ ငါ့မြစ်ကိုငါ ပိုင်၏။ ငါဖန်ဆင်းပြီ ဟု ဆိုမိသောကြောင့်၊
9Ka ururuatia ano te whenua o Ihipa, ka tuheatia; a ka mohio ratou ko Ihowa ahau: mona hoki i ki, Naku te awa, naku ano i hanga.
10သင်နှင့်သင့်မြစ်တဘက်၌ ငါနေ၏။ အဲဂုတ္တု ပြည်ကို မိဂဒေါလမှ စ၍ သုဏေမြို့တိုင်အောင်၎င်း၊ အဲသယောပိပြည်စွန်းတိုင်အောင်၎င်း၊ ထားနှင့် ဖျက်ဆီး ၍ ဆိတ်ညံစေမည်။
10Mo reira hei hoariri tenei ahau mou, mo ou awa, ka meinga ano e ahau te whenua o Ihipa kia ururua rawa, hei tuhea, i te taumaihi o Hewene tae noa atu ki te rohe o Etiopia.
11အနှစ်လေးဆယ်ပတ်လုံး လူရှောက်၍မသွားရ။ တိရစ္ဆာန်လည်း ရှောက်၍မသွားရ။ အဘယ်သူမျှမနေရ။
11E kore tetahi waewae tangata e tika na reira, e kore ano te waewae kararehe e tika na reira, e wha tekau nga tau e kore ai a reira e nohoia.
12ပျက်စီးသောပြည်တို့တွင် အဲဂုတ္တုပြည်ကို ငါဖျက် ဆီးမည်။ လူဆိတ်ညံသောမြို့တို့တွင် အနှစ်လေးဆယ် ပတ်လုံး အဲဂုတ္တုမြို့တို့သည် ပျက်စီးလျက်ရှိကြလိမ့်မည်။ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်း အပြည်ပြည်တို့ကို ငါကွဲပြား ပြန်လွင့်စေမည်။
12Ka meinga ano e ahau te whenua o Ihipa kia tuheatia i waenganui o nga whenua tuhea, me ona pa i roto i nga pa kua urutuatia, e wha tekau nga tau e tuhea ai: ka marara ano i ahau nga Ihipiana ki roto ki nga iwi, ka titaria ki nga whenua.
13သို့ရာတွင်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ အနှစ်လေးဆယ်စေ့သောအခါ၊ ကွဲပြားလျက် နေရသော လူမျိုးတို့မှ အဲဂုတ္တုလူတို့ကို ငါခေါ်၍ စုဝေး စေမည်။
13Ko te kupu hoki tenei a te Ariki, a Ihowa, I te mutunga o nga tau e wha tekau ka huihuia mai e ahau nga Ihipiana i roto i nga iwi i whakamararatia atu ai ratou.
14သိမ်းသွားခြင်းတို့မရသော အဲဂုတ္တုလူတို့ကို ငါတဖန်ဆောင်ခဲ့၍ သူတို့နေရင်းပြည်၊ ပါသရုပြည်သို့ ပြန်စေမည်။ ထိုပြည်၌ ယုတ်သောနိုင်ငံ ဖြစ်ရလိမ့်မည်။
14Ka whakahokia mai e ahau a Ihipa i te whakarau, ka whakahokia ratou ki te whenua o Patoro, ki te whenua i tupu mai ai ratou, a hei kingitanga iti ratou ki reira.
15တပါးသော လူမျိုးတို့ကို နောက်တဖန်အစိုးမရ။ နိုင်ငံတကာတို့တွင် အယုတ်ဆုံးဖြစ်ရလိမ့်မည်။ တပါး သော လူမျိုးတို့ကို နောက်တဖန် အစိုးမရစေခြင်းငှါ ငါရှုတ်ချမည်။
15Ko te iti rawa ia i roto i nga kingitanga, e kore ano e neke ake i muri nei ki runga ake i nga iwi: maku hoki ratou e whakaiti, e kore ai ratou e whakahaere tikanga i roto i nga iwi.
16ဣသရေလအမျိုးသားတို့သည် ထိုပြည်သား တို့ကို မြော်လင့်၊ မိမိအပြစ်ကို ငါအောက်မေ့စေသဖြင့်၊ နောက်တဖန် ထိုပြည်သည် သူတို့ ခိုလှုံရာမဖြစ်ရာ။ ငါသည် ထာဝရာဘုရားဖြစ်ကြောင်းကို သိရကြလိမ့် မည်ဟု မိန့်တော်မူ၏။
16E kore ano e waiho hei okiokinga mo te whare o Iharaira, hei whakamahara ki te he, i a ratou ka anga nei, ka whai i a ratou; a ka mohio ratou ko te Ariki ahau, ko Ihowa.
17သက္ကရာဇ် နှစ်ဆယ်ခုနစ်ခု၊ ပဌမလ တရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
17¶ Na, i te rua tekau ma whitu o nga tau, i te tuatahi o nga marama, i te tuatahi o nga ra o te marama, ka puta mai te kupu a Ihowa ki ahau; i mea,
18အချင်းလူသား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည်၊ သူ၏စစ်သူရဲတို့ကို တုရုမြို့တဘက်၌ များစွာ သော အမှုကိုဆောင်ရွက်စေပြီ။ စစ်သူရဲတိုင်းခေါင်းတုံး ပြီ။ ပခုံးလည်းပွန်းပြီ။ သို့ရာတွင်၊ ရှင်ဘုရင်နှင့် စစ်သူရဲ တို့သည် တုရုမြို့တဘက်၌ အမှုဆောင်ရွက်ခကို ထိုမြို့တွင် မခံရကြ။
18E te tama a te tangata, he nui te mahi i whakamahia ai tana ope e Nepukareha kingi o Papurona ki Taira: pakira katoa nga matenga, pahore katoa nga pokohiwi: kahore hoki he utu i a ia, ratou ko tana ope mo Taira, mo te mahi i mahi ai ia ki reira.
19သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ အဲဂုတ္တုပြည်ကို ဗာဗုလုန် ရှင်ဘုရင်နေဗခဒ်နေဇာ အား ငါပေးမည်။ ထိုမင်သည် ပြည်သားအလုံးအရင်းကို၎င်း၊ လက်ရဥစ္စာအမျိုးမျိုးကို၎င်း၊ သိမ်းယူပြီးလျှင်၊ မိမစစ်သူရဲတို့ အခဘို့ ဝေငှလိမ့်မည်။
19Mo reira ko te kupu tenei a te Ariki, a Ihowa; Nana, ka hoatu e ahau te whenua o Ihipa ki a Nepukareha kingi o Papurona, a ka riro i a ia ona mano, ka pahuatia ona taonga; ka murua hoki ana mea, a ko tena hei utu ki tana ope.
20ငါ့အမှုကို ဆောင်ရွက်သောကြောင့်၊ တုရုမြို့ တဘက်၌ အမှုဆောင်ရွက်ခဘို့ အဲဂုတ္တုပြည်ကို ငါပေးပြီ။
20Kua hoatu e ahau te whenua o Ihipa ki a ia hei utu mo tana mahi i mahi ai ia; ko ta ratou hoki i mahi ai, he mea maku, e ai ta te Ariki, ta Ihowa.
21ထိုကာလ၌ ဣသရေလမျိုး၏ ချိုကိုအပေါက် စ၍၊ သူတို့အထဲက သင်ဟောပြောရသော အခွင့်ကို ငါပေးမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
21A taua ra ka meinga e ahau he haona kia wana mo te whare o Iharaira, ka hoatu ano e ahau ki a koe he kuihitanga mo te mangai i waenganui i a ratou; a ka mohio ratou ko Ihowa ahau.