Myanmar

Maori

Genesis

34

1ယာကုပ်၏မယား၊ လေအာ ဘွားမြင်သောသမီး ဒိနသည်၊ ထိုပြည်၏ အမျိုးသမီးတို့ကို အကြည့်အရှု သွားရာတွင်၊
1¶ Na ka haere atu a Rina, tamahine a Rea, i whanau nei i a raua ko Hakopa, kia kite i nga tamahine o te whenua.
2ထိုပြည်ကို အစိုးရသောဟိဝိအမျိုး၊ ဟာမော်မင်း ၏သား ရှေခင်သည် ဒိနကိုမြင်လျှင်၊ ယူသွား၍ အိပ် ဘော်ပြုလျက်၊ သုအသရေကို ရှုတ်ချလေ၏။
2A ka kite a Hekeme, tama a Hamora Hiwi, rangatira o taua whenua, i a ia; a ka hopukia ia e ia, a ka takoto ki a ia, ka whakaiti hoki i a ia.
3နောက်မှ သူ့ကိုချစ်သော စိတ်မကုန်၊ အမြဲ ချစ်၍၊ မေတ္တာစကားနှင့်ဖြားယောင်းလျက် နေ၏။
3Na ka piri tona wairua ki a Rina, tamahine a Hakopa, a ka aroha ia ki te kotiro ra, ka whakamarie hoki i te ngakau o taua kotiro.
4ခမည်းတော်ဟာမော်ထံသို့လည်း ဝင်၍၊ ဤ မိန်းမကို အကျွန်ုပ်ကြင်ဘက်ဖြစ်စေခြင်းငှါ၊ တောင်း၍ ပေးတော်မူပါဟု လျှောက်ဆို၏။
4Na ka korero a Hekeme ki a Hamora, ki tona papa, ka mea, Tikina te kotiro nei hei wahine maku.
5ယာကုပ်သည် မိမိသမီးဒိနကို၊ ရှေခင်မင်းသား ရှုတ်ချကြောင်းကို ကြားသိသော်လည်း၊ မိမိသားတို့သည် တောအရပ်မှာ တိရစ္ဆာန်တို့နှင့်အတူရှိသည်ဖြစ်၍၊ သူတို့ ကို ငံ့လင့်လျက် တိတ်ဆိတ်စွာနေလေ၏။
5Na i rongo a Hakopa kua pokea a Rina, tana tamahine, e ia; a i te parae ana tama, i ana kararehe: na ka whakarongo puku a Hakopa, kia tae mai ra ano ratou.
6ထိုနောက်၊ ရှေခင်အဘ ဟာမော်မင်းသည် ယာကုပ်နှင့်နှုတ်ဆက်ခြင်းငှါ လာ၍၊
6¶ Na ka haere a Hamora papa o Hekeme ki a Hakopa ki te korero ki a ia.
7ယာကုပ်၏သားတို့လည်း သိတင်းကြားသော အခါ၊ တောအရပ်မှပြန်ရောက်ကြ၏။ ထိုမင်းသားသည် ယာကုပ်၏သမီးနှင့် အိပ်မိ၍၊ ဣသရေလအမျိုး၌ မိုက် သောအမှု၊ မပြုအပ်သော အရာကို ပြုမိသောကြောင့်၊ သူတို့သည် စိတ်နာ၍ အလွန်အမျက်ထွက်ကြ၏။
7Na ka haere mai nga tama a Hakopa i te parae, i to ratou rongonga; a ka matangerengere aua tangata, ka tino riri hoki, mo tana mahi wairangi i roto i a Iharaira, i a ia i takoto ra ki te tamahine a Hakopa; he mahi hoki kihai i tika.
8ဟာမော်မင်းလည်း သူတို့နှင့်နှုတ်ဆက်လျက်၊ ငါ့သားရှေခင်သည်၊ သင်တို့သမီးကို အလွန် ချစ်အားကြီး ပါ၏။ ထိမ်းမြားပေးစားကြပါလော့။
8Na ka korero a Hamora ki a ratou, ka mea, Ko Hekeme, ko taku tama, piri tonu tona wairua ki ta koutou tamahine: homai ia ki a ia, ne? hei wahine.
9သင်တို့သည် ငါတို့နှင့်အချင်းချင်း ထိမ်းမြားခြင်း ကို ပြုလျက်၊ သင်တို့သမီးကို ပေးစားကြလော့။ ငါတို့သမီး နှင့်လည်း စုံဘက်ကြလော့။
9A kia marenatia tatou ki a tatou; homai a koutou tamahine ki a matou, a me tango hoki a matou tamahine ma koutou.
10သင်တို့သည် ငါတို့နှင့်အတူနေ၍၊ ဤပြည်၌ အဆီးအတားမရှိ၊ နေရာချလျက်၊ ဖေါက်ကားရောင်းဝယ် ခြင်းကို ပြု၍၊ အပိုင်ယူကြလော့ဟု ဆိုလေ၏။
10A me noho koutou ki a matou: a ka takoto atu te whenua i mua i a koutou: e noho i reira, ka hokohoko i reira, ka whakatupu rawa ma koutou i reira.
11ရှေခင်ကလည်း၊ သင်တို့စိတ်နှင့်တွေ့ကြပါစေ။တောင်းသမျှကို ပေးပါမည်။
11A ka mea a Hekeme ki tona papa ratou ko ona tungane, Kia manakohia mai ahau e koutou, a ko ta koutou e ki mai ai ki ahau ka hoatu e ahau.
12ကန်တော့ဥစ္စာဖြစ်စေ၊ လက်ဆောင်ပဏ္ဏာဖြစ် စေ၊ နည်းများမဆို၊ တောင်းသည့်အတိုင် ပေးပါမည်။ဤမိန်းမကိုသာ ငါ့အား ထိမ်းမြားပေးစားကြပါဟု၊ မိန်းမ ၏အဘနှင့်မောင်တို့အား ဆိုလေ၏။
12Ahakoa pehea te nui o te tapakuha me te hakari e meatia mai e koutou ki ahau, ka hoatu e ahau ta koutou e ki mai ai ki ahau: otira homai te kotiro hei wahine maku.
13ယာကုပ်၏ သားတို့သည်၊ နှမဒိနကို ရှေခင် မင်းသား ရှုတ်ချသောအကြောင်းကို ဆင်ခြင်၍၊ မင်းသား နှင့်အဘဟာမော်ကို ပရိယာယ်ဖြင့် ပြန်ပြောသည်မှာ၊
13Na ka whakahoki tinihanga nga tama a Hakopa ki a Hekeme raua ko Hamora, ko tona papa, i mea hoki ratou mo Rina, mo to ratou tuahine, i whakapokea e ia;
14ကျွန်ုပ်တို့နှမကို အရေဖျားလှီးမင်္ဂလာကို မခံ သောသူအား မပေးစားနိုင်ပါ။ ပေးစားလျှင်၊ ကဲ့ရဲ့ဘွယ် သောအကြောင်း ဖြစ်ပါ၏။
14Ka mea ratou ki a raua, E kore tenei mea e taea e matou te mea, te hoatu i to matou tuahine ki te tangata kahore i kotia; he tawainga hoki tena mo matou:
15သင်တို့သည် ကျွန်ုပ်တို့ ဘာသာအတိုင်းပြု၍၊ ယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံလျှင်၊ ကျွန်ုပ် တို့သည် ဝန်ခံကြပါမည်။
15Tenei ia te mea e whakaae ai matou ki a koutou: ki te peneitia koutou me matou, ki te kotia o koutou tane katoa;
16သို့ပြုလျှင်၊ ကျွန်ုပ်တို့သမီးကို သင်တို့အား ပေးစား၍၊ သင်တို့၏သမီးနှင့်လည်း စုံဘက်ကြသဖြင့်၊ သင်တို့နှင့်အတူနေထိုင်၍၊ တမျိုးတည်းဖြစ် ကြလိမ့်မည်။
16Katahi ka hoatu e matou a matou tamahine ki a koutou, ka tangohia mai hoki a koutou tamahine ma matou, a ka noho matou i roto i a koutou, a ka meinga tatou hei iwi kotahi.
17သို့မဟုတ်ကျွန်ုပ်တို့စကားကို နားမထောင်၊ အရေဖျားလှီးမင်္ဂလာကိုမခံလျှင်၊ ကျွန်ုပ်တို့ သမီးကိုယူ၍ သွားမည်ဟုဆိုကြ၏။
17Ki te kahore ia koutou e rongo ki ta matou, kia kotia koutou; na ka tango matou i ta matou tamahine, ka haere.
18ထိုစကားကို ဟာမော်မင်းနှင့် သားတော်ရှေခင် သည် နှစ်သက်၍၊၊
18¶ Na i pai a ratou kupu ki a Hamora, ki a Hekeme hoki, ki te tama a Hamora.
19ထိုမင်းသားသည်၊ ယာကုပ်၏သမီးကို ချစ်အား ကြီးသောကြောင့်၎င်း၊ အဘ၏ အမျိုးသားချင်းအပေါင်း တို့ထက် အသရေရှိသောကြောင့်၎င်း၊ ချက်ခြင်းဝန်ခံလေ ၏။
19A kihai i whakaroa taua tamaiti ki te mea i taua mea, he matenui hoki nona ki te tamahine a Hakopa: he nui atu ano ia i nga tangata katoa o te whare o tona papa.
20ထိုအခါ၊ ဟာမော်မင်းနှင့် သားတော် ရှေခင် သည်၊ မိမိမြို့တံခါးသို့ သွား၍၊ မြို့သားတို့နှင့် နှုတ်ဆက် လျက်၊
20Na ka haere a Hamora raua ko Hekeme, ko tana tama, ki te kuwaha o to raua pa, a ka korero ki nga tangata o to raua pa, ka mea,
21အချင်းတို့၊ ဤသူတို့သည် ငါတို့နှင့် သင့်တင့် ကြပြီ။ ငါတို့ပြည်၌နေ၍ ဖေါက်ကားရောင်းဝယ်မှုကို ပြုကြပါစေ။ ငါတို့ပြည်သည် သူတို့နေသာအောင် ကျယ်ပေ၏။ သူတို့သမီးများနှင့် အိမ်ထောင်ဘက် ပြုကြ စို့။ငါတို့သမီးများကိုလည်း သူတို့အား ထိမ်းမြားပေးစား ကြစို့။
21He hunga ata noho tenei ki a tatou; no reira tukua ratou kia noho ki tenei whenua, kia hokohoko ki konei; na ko te whenua nei, nana, he nui noa atu mo ratou; me tango mai e tatou a ratou tamahine hei wahine ma tatou, ka hoatu hoki i a tatou tama hine ki a ratou.
22သို့ရာတွင် သူတို့သည် အရေဖျားလှီးမင်္ဂလာ ကိုခံသကဲ့သို့၊ ငါတို့တွင် ယောက်ျားတိုင်း အရေဖျားလှီး မင်္ဂလာကို ခံမှသာ၊ထိုလူတို့သည် ငါတို့တွင်နေ၍ တမျိုး တည်း ဖြစ်စေခြင်းငှါ ဝန်ခံကြလိမ့်မည်။
22Kotahi ano ia te mea e whakaae mai ai aua tangata ki a tatou, kia noho ki a tatou, kia waiho hei iwi kotahi, ki te kotia o tatou tane katoa, ki te peratia me ratou kua kotia nei.
23သူတို့၏သိုးနွားမှစ၍ တိရစ္ဆာန်များ၊ ဥစ္စာများတို့ သည် ငါတို့ဥစ္စာ ဖြစ်ကြလိမ့်မည် မဟုတ်လော။ သူတို့ အလိုသို့လိုက်ကြစို့။ သို့ပြုလျှင် သူတို့သည် ငါတို့တွင် နေကြလိမ့်မည်ဟု၊
23Ko a ratou kararehe, ko a ratou taonga, me a ratou kirehe katoa, e kore ianei ena e riro mai i a tatou? erangi me whakaae atu tatou ki a ratou, a ka noho ratou ki a tatou.
24ဟာမော်မင်းနှင့် သားတော်ရှေခင်ပြောသော စကားကို၊ မြို့တံခါးမှ ထွက်သောသူအပေါင်းတို့သည် နားထောင်၍ ယောက်ျားရှိသမျှတို့သည် အရေဖျားလှီး မင်္ဂလာကိုခံကြ၏။
24A i whakarongo ki a Hamora raua ko Hekeme, ko tana tama, nga tangata katoa i haere atu i te kuwaha o tona pa; a i kotia katoatia nga tane, nga tangata katoa i haere atu i te kuwaha o tona pa.
25ထိုသို့ခံ၍ သုံးရက်မြောက်သော နေ့၌၊ အလွန် နာကြသောအခါ၊ ယာကုပ်သား၊ ဒိန၏မောင် ရှိမောင်နှင့် လေဝိညီနောင် နှစ်ယောက်တို့သည်၊ ထားလက်နက် တယောက်တစင်းစီ စွဲကိုင်လျက်၊ သတိမရှိသော ထိုမြို့ကို တိုက်၍၊ ယောက်ျားအပေါင်းတို့ကို သတ်လေ၏။
25¶ A i te toru o nga ra, i a ratou e mamae ana, na ka tango nga tama tokorua a Hakopa, a Himiona raua ko Riwai, nga tungane o Rina, i tana hoari, i tana hoari, a haere ohorere ana ki te pa, a patua iho e raua nga tane katoa.
26ဟာမော်မင်းနှင့် သားတော်ရှေခင်ကိုလည်း ထားလက်နက်ဖြင့် သတ်ပြီးလျှင်၊ ဒိနကို ရှေခင်အိမ်မှ နှုတ်ယူ၍ ပြန်သွားကြ၏။
26I patua ano hoki e raua a Hamora raua ko Hekeme, ko tana tama ki te mata o te hoari, a tangohia ana e raua a Rina i roto i te whare o Hekeme, a haere ana.
27မိမိတို့နှမ ရှုတ်ချခြင်းကို ခံရသောကြောင့်၊ တဖန်ယာကုပ်သားတို့သည် အသေသတ်ပြီးသော သူတို့ ဆီသို့သွားပြန်၍၊ မြို့ကိုလုယက်ဖျက်ဆီးသဖြင့်၊
27Na ka haere nga tama a Hakopa ki te hunga i patua, a pahuatia ana e ratou te pa, mo to ratou tuahine i whakapokea e ratou.
28သူတို့ သိုး၊ဆိတ်၊နွား၊မြည်းမှစ၍၊ မြို့၌ရှိသမျှ၊ လယ်၌ရှိသမျှသော ဥစ္စာကို၎င်း၊
28I tangohia e ratou a ratou hipi, a ratou kau, a ratou kaihe, me nga mea hoki i te pa, me nga mea ano hoki i te mara;
29သူတို့သားမယား သူငယ်အပေါင်းကို၎င်း သိမ်း ယူ၍၊ အိမ်တို့၌ရှိသမျှကိုလည်း လုယက်ဖျက်ဆီးကြ၏။
29Me a ratou taonga katoa, a whakaraua ana a ratou tamariki katoa, me a ratou wahine, i pahuatia ano hoki nga mea katoa i roto i te whare.
30ထိုအခါ ယာကုပ်က၊ သင်တို့သည် ငါ့ကို ညှဉ်းဆဲ ကြပြီတကား။ ခါနနိလူ၊ ဖေရဇိလူတည်းဟူသော၊ ဤပြည် သားတို့သည် ငါ့ကိုရွံရှာအောင် ပြုကြပြီတကား။ ငါတို့၌ လူအရေအတွက် အားနည်းသောကြောင့်၊ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်သတ်သဖြင့်၊ ငါနှင့် ငါ့အိမ်သူ အိမ်သားတို့ကို ဖျက်ဆီးကြလိမ့်မည်ဟု၊ ရှိမောင်နှင့် လေဝိတို့အား ဆိုလေသော်၊
30Na ka mea a Hakopa ki a Himiona raua ko Riwai, Ka raru ahau i a korua, ka meinga kia piro i roto i nga tangata whenua, i roto i nga Kanaani ratou ko nga Perihi: a ka huihui mai ratou ki ahau, ki te hunga tokoiti, a ka patua ahau; a ka ngaro ahau, ahau me toku whare.
31သူတို့က၊ ငါတို့နှမကို ပြည်တန်ဆာကဲ့သို့မှတ်၍ ပြုရမည်လောဟု ပြန်ဆိုလေ၏။
31A ka mea raua, Kia peratia koia e ia to matou tuahine me te wahine kairau?