1ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါလွှတ် လိုက်သော သင်တို့အမိ၏ ဖြတ်စာသည် အဘယ်မှာ ရှိသနည်း။ ငါ၌ကြွေးရှိ၍ အဘယ်မည်သော ကြွေးရှင်ထံ ၌ သင်တို့ကို ငါရောင်းသနည်း။ သင်တို့သည် ကိုယ်ပြု သော ဒုစရိုက်အတွက် ကျွန်ခံရကြ၏။ သင်တို့အပြစ် ကြောင့်၊ သင်တို့အမိကို ငါလွှတ်လိုက်၏။
1¶ Ko te kupu tenei a Ihowa, Kei hea ianei te pukapuka whakarere o to koutou whaea, i whakarerea ai ia e ahau? Ko wai ranei te tangata, i ahau ana moni, i hokona atu ai koutou e ahau ki a ia? Nana, he kino no koutou i hokona atu ai koutou, na a kout ou mahi whanoke ano i whakarerea ai to koutou whaea.
2ငါလာသောအခါ အဘယ်ကြောင့် လူမရှိသ နည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် မထူးသနည်း။ ငါသည် မရွေးမနှုတ်နိုင်အောင် လက်တိုသလော။ ကယ် ချွတ်နိုင်သော တန်ခိုးမရှိသလော။ ကြည့်ရှုလော့။ ငါဆုံးမ သဖြင့် ပင်လယ်ရေသည် ခန်းခြောက်၏။ မြစ်တို့ကို လွင်ပြင်ဖြစ်စေ၏။ ရေမရှိသောကြောင့် ငါးတို့သည် နံကြ၏။ ရေငတ်၍ သေကြ၏။
2Na te aha i taku haerenga mai i kore ai he tangata, he aha i taku karangatanga i kore ai tetahi e oho ake? kua mutua koia toku ringa, te tau ai te araarai? kua kore ranei he kaha moku hei whakaora? Nana, maku, ma taku kupu riri, ka maroke ai te m oana, ka meinga ai nga awa hei koraha: piro ana o ratou ika i te waikore, ka mate hoki i te matewai.
3ငါသည် မိုဃ်းကောင်းကင်ကို နက်သော အဝတ် ဝတ်စေ၍၊ လျှော်တေအဝတ်နှင့် ခြုံ၏။
3E whakakakahu ana ahau i nga rangi ki te mangu, uhia iho te taratara hei hipoki mo ratou.
4ငါသည် ပင်ပန်းသော သူအား မစခြင်းငှါ စကားပြောတတ်မည်အကြောင်း၊ အရှင်ထာဝရဘုရား သည် လူတတ်၏ နှုတ်သတ္တိကို ငါ့အားပေးတော်မူပြီ။ နံနက်အစဉ်အတိုင်း ငါ့ကို နှိုးတော်မူ၏။ စာသင်သော သူကဲ့သို့ နားထောင်စေမည်အကြောင်း ငါ့နားကို နှိုးဆော် တော်မူ၏။
4¶ Kua homai ki ahau e te Ariki, e Ihowa, he arero matau, kia mohio ai ahau ki te ata ngarahu atu i te korero ki te tangata e mauiui ana. E whakaara ana ia i tenei ata, i tenei ata, e whakaara ana i toku taringa ki te whakarongo kia pera me ta te hu nga mohio.
5အရှင်ထာဝရဘုရားသည် ငါ့နားကို ဖွင့်တော်မူ ၍၊ ငါလည်း မငြင်းမဆန်၊ နောက်သို့မဆုတ်၊
5Kua oti te whakatuwhera e te Ariki, e Ihowa toku taringa, kihai hoki ahau i tutu, kihai i hoki whakamuri.
6ရိုက်သော သူတို့အား ငါ့ကျောကို၎င်း၊ နားပန်း ဆံကို နှုတ်သောသူတို့အား၊ ငါ့ပါးကို၎င်း ငါအပ်၏။ အရှက်ခွဲခြင်းနှင့် တံထွေးထွေးခြင်းမှ ငါသည် ကိုယ်မျက် နှာကိုမလွှဲ။
6Tukua atu ana e ahau toku tuara ki nga kaiwhiu, oku paparinga ki nga kaihutihuti; ko toku kanohi kihai i huna kei whakama, kei tuwhaina.
7အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူ လိမ့်မည်။ ထို့ကြောင့်၊ ငါမရှုံးရသည်ဖြစ်၍၊ ကိုယ်မျက်နှာ ကို မီးကျောက်ကဲ့သို့ ထားလျက်၊ ရှက်ကြောက်ခြင်းသို့ မရောက်ရဟု ငါသိ၏။
7No te mea ka awhinatia mai ahau e te Ariki, e Ihowa; koia ahau te whakama ai; koia i whakamarotia ai e ahau toku kanohi ano he kiripaka; e mohio ana hoki ahau e kore ahau e whakama.
8ငါ့ကို အပြစ်လွှတ်သော သူသည် အနီးမှာရှိ၏။ အဘယ်သူသည် ငါနှင့်တရားတွေ့မည်နည်း။ ပြိုင်၍ နေကြကုန်အံ့။ အဘယ်သူသည် ငါနှင့်ရန်ဘက်ပြုမည် နည်း။ ထိုသူသည် ချဉ်းကပ်စေ။
8E tata ana te kaiwhakatikatika moku; ko wai hei whawhai ki ahau? kia tu ngatahi taua: ko wai he hoariri moku? kia tata mai ia ki ahau.
9ကြည့်ရှုလော့။ အရှင်ထာဝရဘုရားသည် ငါ့ကို စောင့်မတော်မူမည်။ အဘယ်သူသည် ငါ့ကို တရားရှုံးစေ မည်နည်း။ ထိုသို့သော သူအပေါင်းတို့သည် အဝတ်ကဲ့သို့ ဟောင်းနွမ်းခြင်းသို့ ရောက်ကြလိမ့်မည်။ ပိုးကိုက်စားခြင်း ကိုလည်း ခံရကြလိမ့်မည်။
9Nana, ko te Ariki, ko Ihowa, hei awhina moku; ko wai hei whakahe i ahau? Nana, ka tawhitotia katoatia ratou ano he kakahu, ka pau ratou i te purehurehu.
10သင်တို့တွင် အဘယ်သူသည် ထာဝရဘုရားကို ကြောက်ရွံ့သနည်း။ ထိုသူသည် ကိုယ်တော်ကျွန်၏ စကားသံကို နားထောင်ပါစေ။ အဘယ်သူသည် အလင်း မရှိဘဲ မှောင်မိုက်၌သွားလာသနည်း။ ထိုသူသည် ထာဝရ ဘုရား၏ နာမတော်ကို ခိုလှုံ၍၊ မိမိဘုရားသခင်ကို အမှီ ပြုပါစေ။
10¶ Ko wai o koutou e wehi ana i a Ihowa, e rongo ana ki te reo o tana pononga; ko te tangata e haere ana i te pouri, kahore hoki he whakamarama, kia okioki ia ki te ingoa o Ihowa, kia taupuhipuhi atu ki tona Atua.
11မီးကိုညှိ၍ မိမိတို့ကို မီးပွားတို့နှင့် ဝန်းရံစေသော သူအပေါင်းတို့၊ သင်တို့မီး၏အလင်း၌၎င်း၊ သင်တို့ ပြုစု သော မီးစများ၌၎င်း သွားလာကြလော့။ ငါ့လက်၌ ခံရ သော အကျိုးဟူမူကား၊ သင်တို့သည် ဝမ်းနည်းလျက် အိပ်ရကြလိမ့်မည်။
11Nana, e koutou katoa e tahu na i te ahi, e whitiki na i a koutou ki nga rama muramura; haere i te marama o ta koutou ahi, i nga rama muramura hoki i whakangihaia na e koutou. Tenei ta toku ringa mo koutou, ka takoto iho koutou me te tangi ano.