1သင်ထလော့။ လင်းလော့။ သင်၏အလင်း ရောက်လာပြီ။ ထာဝရဘုရား၏ဘုန်းတော်သည် သင်၏ အပေါ်မှာ ပေါ်ထွန်းလျက်ရှိ၏။
1¶ E ara, kia marama; kua tae mai hoki tou marama, kua whiti te kororia o Ihowa ki a koe.
2ကြည့်ရှုလော့။ မှောင်မိုက်သည် မြေကြီးကို ဖုံး လွှမ်းလိမ့်မည်။ ထူထပ်သော မှောင်မိုက်သည် လူများကို ဖုံးလွှမ်းလိမ့်မည်။ သို့သော်လည်း၊ သင်၏အပေါ်မှာ ထာဝရဘုရားသည် ပေါ်ထွန်းတော်မူ၍၊ ဘုန်းတော်သည် သင်၏အပေါ်မှာ ထင်ရှားလျက် ရှိလိမ့်မည်။
2Tera hoki e hipokina te whenua e te pouri, nga iwi e te pouri kerekere; ka whiti ia a Ihowa ki a koe, ka kitea hoki ki a koe tona kororia.
3တပါးအမျိုးသားတို့သည် သင်၏အလင်းသို့၎င်း၊ ရှင်ဘုရင်တို့သည် သင်၌ ပေါ်ထွန်းခြင်းအရောင်သို့၎င်း လာကြလိမ့်မည်။
3A ka haere mai nga tauiwi ki tou marama, nga kingi ki ou hihi, ina whiti mai.
4အရပ်ရပ်သို့ မျှော်ကြည့်လော့။ ခပ်သိမ်းသော သူတို့သည် စုဝေး၍ သင့်ထံသို့ လာကြ၏။ သင်၏ သား သမီးတို့သည် အဝေးကလာ၍၊ သင်၏အနားမှာ မွေးစား ခြင်းကို ခံကြလိမ့်မည်။
4Kia ara ou kanohi i tetahi taha, i tetahi taha, titiro atu hoki; kei te huihui ratou katoa, e haere mai ana ki a koe; ka haere mai au tama i tawhiti, ka hikitia hoki au tamahine ki nga ringa.
5ထိုအခါ သင်သည် ကြောက်ရွံ့ခြင်းနှင့် ရွှင်လန်း ခြင်း ရှိလိမ့်မည်။ နှလုံးတုန်လှုပ်၍ ဝမ်းမြောက်လိမ့်မည်။ အကြောင်းမူကား၊ သမုဒ္ဒရာ၏ကြွယ်ဝခြင်းသည် သင့် ဘက်သို့ ပြောင်းလဲ၍၊ တပါးအမျိုးသားတို့၏ စည်းစိမ် သည် သင့်လက်သို့ ရောက်လိမ့်မည်။
5Ka kite koe i reira, ka whakamaramatia, ka wehi ano tou ngakau, ka nui; no te mea ka tahuri ki a koe nga mea maha o te moana, ka tae ano ki a koe nga taonga o nga tauiwi.
6ကုလားအုပ်များနှင့် မိဒျန်ပြည်၊ ဧဖာပြည်မှ ဖြစ်သော ကုလားအုပ်မျိုးတို့သည် သင့်ကို နှံ့ပြားကြလိမ့် မည်။ ရှေဘပြည်သား အပေါင်းတို့သည် လာကြလိမ့်မည်။ ရွှေနှင့်လောဗန်ကို ဆောင်ခဲ့၍၊ ထာဝရဘုရား၏ ဂုဏ် ကျေးဇူးတော်တို့ကို ဝမ်းမြောက်စွာ ချီးမွမ်းကြလိမ့်မည်။
6Ka kapi koe i te kamera, he tini, i nga kamera tere o Miriana, o Epa; ka haere mai era katoa i Hepa: me te mau mai ano i te koura, i te whakakakara; ka kauwhautia ano e ratou nga whakamoemiti ki a Ihowa.
7ကေဒါပြည်၏ သိုးစုအပေါင်းတို့သည် သင့်ထံမှာ စုဝေးကြလိမ့်မည်။ နဗာယုတ်ပြည်၏ ဆိတ်တို့သည် သင် ၏အမှုကို ဆောင်ရွက်၍၊ နှစ်သက်ဘွယ်သော လက္ခဏာ နှင့် ငါ၏ယဇ်ပလ္လင်ပေါ်သို့ တက်ကြလိမ့်မည်။ ငါ့ဘုန်း ထင်ရှားရာဗိမာန်ကို ငါသည် သာ၍ ဘုန်းပွင့်စေမည်။
7Ka huihuia nga hipi katoa o Kerara ki a koe, hei kaimahi mau nga hipi toa o Nepaiota; ka manakohia ratou ina eke ki runga ki taku aata, a ka whakakororiatia e ahau te whare o toku kororia.
8မိုဃ်းတိမ်ကဲ့သို့၎င်း၊ မိမိတို့အိမ်သို့ ပျံသော ချိုး များကဲ့သို့၎င်း ပျံလာသော ဤသူတို့ကား၊ အဘယ်သူ ဖြစ်ကြလိမ့်မည်နည်း။
8Ko wai enei e rere nei ano he kapua, me he kukupa nei, ki o ratou matapihi?
9အကယ်စင်စစ် သင်၏ဘုရားသခင် ထာဝရ ဘုရား၏ နာမတော်ကြောင့်၎င်း၊ သင်၏ဘုန်းကိုပွင့်စေ သော၊ ဣသရေလအမျိုး၏သန့်ရှင်းသော ဘုရားကြောင့် ၎င်း၊ သင်၏သားတို့နှင့်တကွ သူတို့ရွှေငွေများကို အဝေး မှ ဆောင်ခဲ့ခြင်းငှါ၊ တကျွန်းတနိုင်ငံသားတို့သည် ငါ့ကို စောင့်နေ၍၊ တာရှုသင်္ဘောတို့သည် အဦးပြုကြလိမ့်မည်။
9¶ He pono ka tatari nga motu ki ahau, me nga kaipuke o Tarahihi i te tuatahi, ki te kawe mai i au tama i tawhiti: i a ratou, i ta ratou hiriwa, i ta ratou koura hoki, hei mea ki te ingoa o Ihowa, o tou Atua, ki te Mea Tapu o Iharaira, no te mea ka oti koe te whakakororia e ia.
10တပါးအမျိုးတို့သည် သင်၏မြို့ရိုးကို တည်ကြ လိမ့်မည်။ ရှင်ဘုရင်တို့သည်လည်း သင့်ကို ပြုစုကြလိမ့် မည်။ အကြောင်းမူကား၊ ငါသည် အမျက်ထွက်၍ သင့်ကို ဒဏ်ခတ်သော်လည်း၊ စေတနာစိတ်နှင့် သနားဦးမည်။
10Ka hanga ano ou taiepa e nga tangata ke, ko o ratou kingi ano hei kaimahi mau: he riri hoki noku i patu ai ahau i a koe, he manako ia naku i atawhai ai ahau i a koe.
11တပါးအမျိုးသားတို့၏ စည်းစိမ်ကို သင့်ထံသို့ ဆောင်ခဲ့၍၊ သူတို့၏ရှင်ဘုရင်တို့ကိုလည်း ပို့သမည် အကြောင်း၊ သင်၏တံခါးတို့ကို နေ့ညဉ့်မပိတ်ဘဲ အစဉ် ဖွင့်ထားရလိမ့်မည်။
11Ka tuwhera tonu ano ou kuwaha: e kore e tutakina i te ao, i te po, kia kawea mai ai nga taonga o nga tauiwi ki a koe, kia arahina mai ai hoki o ratou kingi me ratou.
12အကြင်ပြည်နှင့် အကြင်နိုင်ငံသည် သင်၏အမှု ကို မဆောင်၊ ထိုပြည်နှင့် ထိုနိုင်ငံသည် ပျက်စီးရလိမ့် မည်။ ထိုသို့သော တိုင်းနိုင်ငံတို့သည် သုတ်သင်ပယ်ရှင်း ခြင်းကို အမှန်ခံရကြလိမ့်မည်။
12Ko te iwi hoki, me te kingitanga, e kore e mahi ki a koe, ka ngaro; ina, ka moti rawa aua iwi.
13ငါ၏သန့်ရှင်းရာဌာနကို တင့်တယ်စေခြင်းငှါ၊ လေဗနုန်ဘုန်းနှင့်တကွ ထင်းရူးပင်၊ တဒေရပင်၊ တာရှု ရပင်တို့သည် သင့်ထံသို့ တညီတညွတ်တည်း ရောက်လာ ကြလိမ့်မည်။ ငါသည် ငါ၏ခြေတင်ရာအရပ်ကို ဘုန်းပွင့် စေမည်။
13Ka tae mai te kororia o Repanona ki a koe, te kauri, te rimu, me te ake ngatahi hei whakapaipai, mo te wahi i toku kainga tapu, a ka whakakororiatia e ahau te wahi o oku waewae.
14သင့်ကို ညှဉ်းဆဲသော သူတို့၏သားတို့သည် သင့်ထံသို့ လာ၍ ဦးချကြလိမ့်မည်။ သင့်ကို မထီမဲ့မြင် ပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ ဝပ်နေကြ လိမ့်မည်။ ထာဝရဘုရား၏မြို့၊ ဣသရေလအမျိုး၏ သန့်ရှင်းသော ဘုရား၏ ဇိအုန်မြို့ဟူ၍၊ သင့်ကို သမုတ် ကြလိမ့်မည်။
14Ka haere mai ano, ka piko ki a koe nga tama a ou kaitukino, a ko te hunga katoa i whakahawea ki a koe, ka piko ki nga kapu o ou waewae; a ka kiia koe, Ko te pa o Ihowa, Ko te Hiona o te Mea Tapu o Iharaira.
15သင့်ကို အဘယ်သူမျှ ရှောက်၍ မသွားရမည် အကြောင်း၊ သူတပါးတို့သည် သင့်ကို စွန့်ပစ် ရွံရှာကြ သည်အတွက်၊ ငါသည် သင့်ကို ထာဝရအထွဋ်အမြတ်ဖြစ် စေမည်။ လူမျိုးအစဉ်အဆက်ဝမ်းမြောက်စရာအကြောင်း လည်း ဖြစ်စေမည်။
15¶ He mea whakarere nei koe i mua, he mea i kinongia, kahore hoki tetahi kia haere i waenganui i a koe, na ka meinga koe e ahau hei mea nui e mau tonu ana, he kaonga ngakau ki nga whakatupuranga maha.
16သင်သည် တပါးအမျိုးသားတို့၏ နို့ကို စို့ရလိမ့် မည်။ ရှင်ဘုရင်တို့၏သားမြတ်ကိုလည်း စို့ရလိမ့်မည်။ ငါထာဝရဘုရားသည်၊ သင့်ကို ကယ်တင်သောသူ၊ ယာ ကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရားသည်၊ သင့်ကို ရွေး နှုတ်သော သူဖြစ်ကြောင်းကို သင်သည် သိရလိမ့်မည်။
16Ka ngotea ano e koe te waiu o nga tauiwi, ka ngotea te u o nga kingi: a ka mohio koe ko ahau, ko Ihowa, tou kaiwhakaora, tou kaihoko, te Mea Nui o Hakaopa.
17ကြေးဝါအရာ၌ ရွှေကို၎င်း၊ သံအရာ၌ ငွေကို ၎င်း၊ သစ်သားအရာ၌ ကြေးဝါကို၎င်း၊ ကျောက်အရာ၌ သံကို၎င်း ငါဆောင်ခဲ့မည်။ သင်၏ အရာရှိတီု့ကို ငြိမ် သက်သောသဘော၊ အခွန်ခံတို့ကို ဖြောင့်မတ်သော သဘောနှင့် ပြည့်စုံစေမည်။
17Ko te parahi ka whakaputaia ketia e ahau hei koura, ko te rino ka whakaputaia ketia hei hiriwa, ka puta ke te rakau hei parahi, ka puta ke nga kohatu hei rino; ko ou kaitohutohu ka meinga he rongo e mau ana, ko ou kaiakiaki he tika.
18သင်၏ပြည်၌ အနိုင်အထက် ပြုခြင်းအသံကို နောက်တဖန် မကြားရ။ သင်၏နယ်အတွင်းတွင် လုယူ ဖျက်ဆီးခြင်းမရှိရ။ သင်၏မြို့ရိုးကို ကယ်တင်ခြင်းဟူ၍ ၎င်း၊ မြို့တံခါးတို့ကို ချီးမွမ်းခြင်းဟူ၍၎င်း သမုတ်ရလိမ့် မည်။
18E kore e rangona i muri te mahi nanakia ki tou whenua; te whakamoti te wawahi, ki ou rohe; engari ka kiia, ou taiepa, ko te Whakaoranga, ou kuwaha ko te Whakamoemiti.
19နောက်တဖန် နေ့အချိန်၌ သင်၏အလင်းသည် နေပေးသော အလင်းမဟုတ်၊ ညဉ့်အချိန်၌လည်း၊ လ အရောင်သည် သင့်ကို မလင်းစေရ။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင်၌ ထာဝရအလင်း၊ သင်၏ဘုရား သခင်သည် သင်၏ဘုန်းအသရေဖြစ်တော်မူလိမ့်မည်။
19E kore te ra e waiho i muri hei whakamarama mou i te awatea; na, ko te marama e tiaho nei, e kore tera e whakamarama i a koe; ko Ihowa hoki hei whakamarama mou ake ake, ko tou Atua hoki hei whakakororia i a koe.
20နောက်တဖန် သင်၏နေသည်မဝင်ရ။ သင်၏ လသည်လည်း မဆုတ်ရ။ ထာဝရဘုရားသည် သင်၌ ထာဝရအလင်းဖြစ်တော်မူ၍၊ စိတ်မသာညည်းတွားရာ ကာလကုန်လေပြီ။
20Heoi ano hekenga o tou ra, e kore ano tou marama e pewa; no te mea ko Ihowa hei whakamarama pumau mou, a ka mutu nga ra o tou tangihanga.
21သင်၏လူအပေါင်းတို့သည် ဖြောင့်မတ်၍၊ ပြည် တော်ကို အစဉ်အမြဲအမွေခံသဖြင့်၊ ငါ၏ဘုန်းပွင့်စေခြင်း ငှါ၊ ငါ့ကိုယ်တိုင်စိုက်၍ ပြုစုသော ပျိုးပင်ဖြစ်ရကြလိမ့် မည်။
21Ko tou iwi hoki, tika katoa, ka pumau tonu ki a ratou te whenua; he peka whakato naku, he mahi na oku ringa, kia whai kororia ai ahau.
22သူငယ်တယောက်သည် လူတထောင်ဖြစ်ရလိမ့် မည်။ အားနည်းသော သူတယောက်သည် အားကြီးသော လူမျိုးဖြစ်ရလိမ့်မည်။ ငါထာဝရဘုရားသည် အချိန် ရောက်လျှင် ထိုအမှုကို နှိုးဆော်မည်။
22To te mea nohinohi putanga ake, he mano, to te mea iti, he iwi kaha: maku, ma Ihowa, e whakahohoro i tona wa e rite ai.