Myanmar

Maori

Job

7

1လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာအမှုထမ်း ရသည် မဟုတ်လော။ သူနေရသော နေ့ရက်တို့သည် အငှါးခံသောသူ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။
1¶ He teka ranei kua takoto he pakanga mo te tangata i runga i te whenua, he rite ano ona ra ki nga ra o te kaimahi?
2ကျွန်ခံရသောသူသည် မိုဃ်းချုပ်သောအချိန်ကို တောင့်တ၍၊ အငှါးခံသောသူသည် အခရမည့်အချိန်ကို မြော်လင့်သကဲ့သို့၊
2E rite ana ki te pononga, e matenui nei ki te atarangi, ki te kaimahi, e tumanako nei ki te utu mo tana mahi;
3ထိုနည်းတူငါသည် ဒုက္ခနေ့လတို့နှင့်ဆိုင်ရ၏။ ပင်ပန်းစွာခံရသော ညဉ့်တို့သည်လည်း ငါ၏အငန်း အတာ ဖြစ်၏။
3Koia toku rite, ka whiwhi nei ki nga marama horihori, a he mauiui nga po kua whakaritea moku.
4အဘယ်အခါမှ ညဉ့်ကုန်၍ ငါထရပါမည်နည်း ဟုငါသည် ညည်းတွားလျက် အိပ်ရ၏။ မိုဃ်းလင်းသည် တိုင်အောင် လှိမ့်လျက် လူးလျက်နေရ၏။
4Ka takoto ahau, ka mea ahau, A hea ahau ara ai? he roa ia te po; heoi ka tahurihuri kau ahau a ao noa.
5လောက်နှင့်ရွှံ့တို့သည် အဝတ်ကဲ့သို့ ငါ့ကိုယ်ကို ဖုံးလွှမ်းကြ၏။ ငါ့အရေသည်ကွဲ၍ ယိလျက်ရှိ၏။
5Ko te kakahu mo oku kikokiko he kutukutu, he pokuru oneone; ka kukuti toku kiri, a ka ngatata ano.
6ငါ့နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မြော်လင့်ခြင်းမရှိဘဲ လွန်သွားတတ်ကြ၏။
6Ko oku ra hohoro atu i te rakau a te kaiwhatu; pau ake, te ai he tumanakohanga atu.
7ငါ့အသက်သည် လေသက်သက်ဖြစ်ကြောင်းကို အောက်မေ့တော်မူပါ။ နောက်တဖန်ကောင်းသော အကျိုးကို ငါမမြင်ရ။
7¶ Kia mahara he hau oku ra; heoi ano kitenga o toku kanohi i te pai.
8ငါ့ကို မြင်သောသူသည် နောက်တဖန်မမြင်ရ။ ကိုယ်တော်သည် ကြည့်ရှုတော်မူသောအခါ ငါပျောက်ပါ ပြီ။
8Ko te kanohi o te tangata e kite ana i ahau, heoi ano tona tirohanga mai ki ahau: kei runga i ahau ou kanohi, heoi kahore iho ahau.
9မိုဃ်းတိမ်သည် ပြယ်ပျောက်ကွယ်လွင့် သကဲ့သို့၊ သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူသည် နောက်တဖန် မတက်ရ။
9Memeha atu te kapua, ngaro atu: he pera ano te tangata e haere ana ki te urupa; e kore e hoki ake.
10မိမိအိမ်သို့မပြန်ရ။ သူ၏နေရင်းအရပ်သည် နောက်တဖန် သူ့ကိုမသိရ။
10E kore ia e hoki mai ano ki tona whare, e kore ano tona wahi e mahara ki a ia i muri.
11ထို့ကြောင့် ငါသည်ကိုယ်နှုတ်ကို မချုပ်တည်း။ စိတ်ပင်ပန်းလျက်နှင့်စကားပြောရ၏။ အလွန်ညှိုးငယ် သော စိတ်နှင့်မြည်တမ်းရ၏။
11Na e kore e kaiponuhia e ahau toku mangai; ka korero ahau i toku wairua e mamae nei; ka tangi i te kawa i toku ngakau.
12ငါသည် ပင်လယ်ဖြစ်သလော။ နဂါးဖြစ်သလော။ ထိုသို့ဖြစ်သောကြောင့် ငါ့ကိုအစောင့်ထား တော်မူရသလော။
12He moana ranei ahau, he tohora, i mea ai koe i te kaitirotiro moku/
13ငါသည်အိပ်၍ သက်သာမည်။ ငါ့ခုတင်သည် ချမ်းသာပေးမည်ဟု ငါဆိုလျှင်၊
13Ki te mea ahau, kei toku moenga ahau te marie ai, ma toku takotoranga e whakamama taku tangi;
14ကိုယ်တော်သည် ကြောက်မက်ဘွယ်သော အိပ်မက်ကိုပေးတော်မူ၏။ ညဉ့်ရူပါရုံအားဖြင့် ငါ့ကို ထိတ်လန့်စေတော်မူ၏။
14Na ka whakahaehaetia ahau e koe ki nga moe, ka whakawehia ahau ki nga mea e whakakitea mai.
15ငါသည်ကိုယ်အရိုးကို နှမြောသည်ထက် အသက်ချုပ်၍သေရသောအခွင့်ကို သာ၍ တောင့်တ ပါ၏။
15A ki ta toku wairua he pai te tarona; pai ake te mate i enei wheua oku.
16ငါသည်အားလျော့လျက်ရှိ၏။ အစဉ်မပြတ်အသက်မရှင်ရာ။ ငါ့ကိုတတ်တိုင်း ရှိစေတော်မူပါ။ ငါ့အသက်သည် အခိုးအငွေ့ဖြစ်၏။
16E whakarihariha ana ahau ki toku ora; kahore oku hiahia kia ora tonu ahau: waiho noa iho ahau, he mea teka noa hoki oku ra.
17ကိုယ်တော်သည် လူကိုပမာဏပြု၍ စိတ်စွဲလမ်း တော်မူမည်အကြောင်း၊
17¶ He aha te tangata, i whakanuia ai e koe? i anga ai tou ngakau ki a ia?
18သူ့ကိုနံနက်တိုင်း အကြည့်အရှုကြွလာ၍၊ ခဏခဏစုံစမ်းတော်မူမည်အကြောင်း၊ လူသည် အဘယ်သို့သောသူဖြစ်ပါသနည်း။
18I titiro ai koe i a ia i tenei ata, i tenei ata, i honohono ai tau whakamatautau i a ia?
19အဘယ်ကာလမှ ငါ့ကိုမကြည့်မရှု မျက်နှာ လွှဲတော်မူမည်နည်း။ ငါသည်ကိုယ်တံထွေးကို မျိုရသည် တိုင်အောင်၊ အဘယ်ကာလမှ တတ်တိုင်းရှိစေတော် မူမည်နည်း။
19Kia pehea ake te roa ou kahore nei e tahuri atu i ahau, oku kahore nei e waiho noa iho e koe, kia horomia ai toku huware?
20လူကိုစောင့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ် ရှိသည်မှန်ပါစေတော့။ ကိုယ်တော်ရှေ့မှာ အဘယ်သို့ ပြုရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်ကိုကိုယ်ရွံ့ရှာရ သည်တိုင်အောင် အကျွန်ုပ်ကို အဘယ်ကြောင့် ပစ်စရာ စက်သွင်းတော်မူသနည်း။
20Mehemea kua hara ahau, kia aha atu ahau ki a koe, e te kaitiaki o nga tangata? he aha ahau i waiho ai e koe hei patunga mau i taimaha iho ai ahau ki ahau ano.
21အကျွန်ုပ်ပြစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း။ အကျွန်ုပ်အပြစ်ကို အဘယ် ကြောင့် ဖြေရှင်းတော်မမူသနည်း။ ယခုမှာအကျွန်ုပ်သည် မြေမှုန့်၌အိပ်ရပါမည်။ ကိုယ်တော်သည် နံနက်အချိန်၌ ရှာတော်မူသောအခါ၊ အကျွန်ုပ်မရှိပါဟု မြွက်ဆို၏။
21He aha koe te whakarere noa ai i toku he, te whakapahemo ai i toku kino? Akuanei hoki ahau moe ai ki te puehu, a ka ata rapu koe i ahau, otiia kahore noa iho ahau.