Myanmar

Maori

Numbers

26

1ထိုဘေးငြိမ်းသောနောက်၊ ထာဝရဘုရားက၊-
1¶ A i muri iho i te whiu ka korero a Ihowa ki a Mohi raua ko Ereatara, tama a Arona tohunga, ka mea,
2အသက် နှစ်ဆယ်လွန်၍ စစ်တိုက်နိုင်သော ဣသရေလ အမျိုးသား ပရိသတ်အပေါင်းတို့ကို၊ ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းယူကြလော့ဟု မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာ ဇာတို့အား မိန့်တော်မူသည် အတိုင်း၊
2Taua nga tangata o te whakaminenga katoa o nga tama a Iharaira, nga mea e rau tekau, he maha atu ranei o ratou tau, i nga whare o o ratou matua, nga mea katoa e kaha ana i roto i a Iharaira ki te haere ki te whawhai.
3သူတို့သည် မောဘ လွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါ မြို့တဘက်၌၊
3Na ka korero a Mohi raua ko Ereatara tohunga ki a ratou i nga mania o Moapa, i te wahi o Horano e tata ano ki Heriko, ka mea,
4အသက်နှစ်ဆယ်လွန်သောသူတို့ကို စာရင်းယူရ မည်အကြောင်း ဆင့်ဆိုကြ၏။
4Taua nga tangata e rua tekau, he maha atu ranei o ratou tau; kia rite ki ta Ihowa i whakahau ai ki a Mohi ratou ko nga tama a Iharaira, i puta mai i te whenua o Ihipa.
5အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလ အမျိုးသားတို့တွင်၊ ဣသရေလ၏ သားဦးရုဗင်၏သား ဟူမူကား ဟာနုတ်မှဆင်းသက်သော ဟောနောခိအဆွေ အမျိုး၊ ဖါလုမှဆင်းသက်သော ဖာလွိအဆွေအမျိုး၊
5¶ Ko Reupena matamua o Iharaira: ko nga tama a Reupena; ko Hanoka, nana te hapu o nga Hanoki: na Paru, ko te hapu o nga Parui:
6ဟေဇရုံမှ ဆင်းသက်သော ဟေဇရောနိ အဆွေ အမျိုး၊ ကာမိမှ ဆင်းသက်သော ကာမိတ် အဆွေအမျိုး တည်း။
6Na Heterono, ko te hapu o nga Heteroni: na Karami, ko te hapu o nga Karami.
7ဤသူတို့သည် ရုဗင်အဆွေအမျိုးဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ လေးသောင်းသုံးထောင် ခုနစ်ရာ သုံးဆယ်ရှိသတည်း။
7Ko nga hapu enei o nga Reupeni: taua ake o ratou e wha tekau ma toru mano e whitu rau e toru tekau.
8ဖာလု၏သား ဧလျာဘ၊ ဧလျာဘ၏သား နေမွေလ၊ ဒါသန်၊ အဘိရံတည်း။
8A, ko nga tama a Paru; ko Eriapa.
9ဤဒါသန်၊ အဘိရံတို့သည် အခြားမဟုတ်၊ ကောရအပေါင်းအသင်းသည် ထာဝရဘုရားနှင့် ဆန့်ကျင်ဘက် ပြုသောအခါ၊ ပရိသတ် ၌ ကျော်စော၍ မောရှေနှင့် အာရုန်ကို ဆန့်ကျင်ဘက်ပြု သော ဒါသန်၊ အဘိရံ ဖြစ်ကြ၏။
9A, ko nga tama a Eriapa; ko Neumuere, ko Ratana, ko Apirama. Ko taua Ratana raua ko Apirama tnei i whai ingoa nei i roto i whakaminenga, i whawhai nei i roto i te whakaminenga, i whawhai nei ki a Mohi raua ko Arona i roto i te hui a Koraha, i ta ratou whawhaitanga ki a Ihowa:
10မြေကြီးသည် မိမိခံတွင်းကိုဖွင့်၍ သူတို့ကို၎င်း၊ ကောရကို၎င်းမျိုသဖြင့်၊ ထိုအပေါင်းအသင်း ဝင်သူတို့ သည် သေကြ၏။ မီးသည် လည်း လူနှစ်ရာငါးဆယ်တို့ကို အသက်ဆုံးစေ၏။ ထိုသူတို့သည် သတိပေးသော သက်သေဖြစ်သတည်း။
10A koi te mananatanga o te mangai o te whenua, horomia ana ratou ko Koraha, i te matenga o taua hiu; i te wa i kainga ai e te ahi nga tangata e rua rau e rima tekau: na waiho ana ratou hei tohu.
11သို့ရာတွင် ကောရ၏ သားသမီးတို့သည် သေဘေးနှင့် လွတ်ကြ၏။
11Kihai ia i mate nga tama a Koraha.
12ဘိုးဘ အဆွေအမျိုးအလိုက် ရှိမောင်၏သားဟူမူ ကား၊ ယေမွေလမှ ဆင်းသက်သော ယေမွေလိအဆွေ အမျိုး၊ ယာမိန်မှဆင်းသက်သော ယာမိနိ အဆွေအမျိုး၊ ယာခိန်မှ ဆင်းသက်သော ယာခိနိ အဆွေအမျိုး၊
12Ko nga tama a Himiona, i o ratou hapu: na Nemuere, ko te hapu o nga Nemueri: na Iamini, ko te hapu o nga Iamini: na Iakini, ko te hapu o nga Iakini:
13ဇေရမှဆင်းသက်သောဇေရဟိအဆွေ အမျိုး ရှောလမှ ဆင်းသက်သော ရှောလိ အဆွေအမျိုး တည်း။
13Na Tera, ko te hapu o nga Terahi: na Hauru, ko te hapu o nga Hauri.
14ဤသူတို့သည် ရှိမောင် အဆွေအမျိုးဖြစ်၍ လူပေါင်းကား၊ နှစ်သောင်း နှစ်ထောင်နှစ်ရာ ရှိသတည်း။
14Ko nga hapu enei o nga Himioni, e rua tekau ma rua mano e rua rau.
15ဘိုးဘ အဆွေအမျိုးအလိုက် ဂဒ်၏သားဟူမူ ကား၊ ဇေဖုန်မှ ဆင်းသက်သော ဇေဖေါနိအဆွေအမျိုး၊ ဟဂ္ဂိမှ ဆင်းသက်သော ဟဂ္ဂိတ် အဆွေအမျိုး၊ ရှုနိမှ ဆင်းသက်သော ရှုနိတ်အဆွေအမျိုး၊
15Ko nga tama a Kara, i o ratou hapu: na Tepono, ko te hapu o nga Teponi: na Haki, ko te hapu o nga Haki: na Huni, ko te hapu o nga Huni.
16ဩဇနိမှ ဆင်းသက်သော ဩဇနိတ် အဆွေ အမျိုး၊ ဧရိမှ ဆင်းသက် သော ဧရိတ်အဆွေအမျိုး၊
16Na Otoni, ko te hapu o nga Otoni: na Eri, ko te hapu o nga Eri:
17အာရုဒ်မှ ဆင်းသက်သော အာရောဒိ အဆွေ အမျိုး၊ အရေလိမှ ဆင်းသက်သော အရေလိတ်အဆွေ အမျိုးတည်း။
17Na Aroro, ko te hapu o nga Arori: na Areri, ko te hapu o nga Areri.
18ဤသူတို့သည်ဂဒ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင် သော လူပေါင်းကား၊ လေးသောင်းငါးရာရှိသတည်း။
18Ko nga hapu enei o nga tama a Kara, o nga mea o ratou i taua, e wha tekau mano e rima rau.
19ယုဒ၏သားဟူမူကား၊ ခါနာန်ပြည်၌သေသော ဧရနှင့် ဩနန် အစရှိသော၊
19Ko nga tama a Hura ko Ere raua ko Onana: i mate hoki a Ere raua ko Onana ki te whenua o Kanaana.
20ဘိုးဘ အဆွေအမျိုးအလိုက်၊ ရှေလမှဆင်းသက် သော ရှေလနိအဆွေအမျိုး၊ ဖါရဇ်မှဆင်းသက်သော ဖါရဇိ အဆွေအမျိုး၊ ဇေရမှ ဆင်းသက်သော ဇေရဟိ အဆွေအမျိုးတည်း။
20A, ko nga tama a Hura, i o ratou hapu; na Heraha, ko te hapu o nga Herani: na Parete, ko te hapu o nga Pareti: na Tera, ko te hapu o nga Terahi.
21ဖါရဇ်၏သား၊ ဟေဇရုံမှ ဆင်းသက်သော ဟေဇေရောနိ အဆွေအမျိုး၊ ဟာမုလမှဆင်းသက်သော ဟာမုလိ အဆွေ အမျိုးတည်း။
21A ko nga tama enei a Parete: na Heterono, ko te hapu o nga Heteroni: na Hamuru, ko te hapu o nga Hamuri.
22ဤသူတို့သည် ယုဒအဆွေအမျိုးဖြစ်၍၊ စာရင်း ဝင်သော လူပေါင်းကား၊ ခုနစ်သောင်းခြောက်ထောင် ငါးရာ ရှိသတည်း။
22Ko nga hapu enei o Hura, ko nga mea o ratou i taua; e whitu tekau ma ono mano e rima rau.
23ဘိုးဘ အဆွေအမျိုးအလိုက် ဣသခါ၏သား ဟူမူကား၊ တောလမှဆင်းသက်သော တောလိအဆွေ အမျိုး၊ ဖုဝါမှဆင်းသက်သော ဖုဝနိအဆွေ အမျိုး၊
23Ko nga tama a Ihakara, i o ratou hapu; na Tora, ko te hapu o nga Torai: na Pua, ko te hapu o nga Puni:
24ယာရှုပ်မှ ဆင်းသက်သော ယာရှုဘိအဆွေ အမျိုး၊ ရှိမရုန်မှ ဆင်းသက်သော ရှိမရောနိအဆွေ အမျိုးတည်း။
24Na Ihaupu, ko te hapu o nga Iahupi: na Himirono, ko te hapu o nga Himironi.
25ဤသူတို့သည် ဣသခါအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ခြောက်သောင်း လေးထောင်သုံးရာ ရှိသတည်း။
25Ko nga hapu enei o Ihakara, ko nga mea o ratou i taua, e ono tekau ma wha mano e toru rau.
26ဘိုးဘအဆွေအမျိုးအလိုက် ဇာဗုလုန်၏သား ဟူမူကား၊ သရက်မှ ဆင်းသက်သော သရဒိအဆွေအမျိုး၊ ဧလုန်မှဆင်းသက်သော ဧလောနိ အဆွေအမျိုး၊ ယာလေ လမှဆင်းသက်သော ယာလေလိ အဆွေအမျိုးတည်း။
26Ko nga tama a Hepurona i o ratou hapu: na Herete, ko te hapu o nga Hereti: na Erono, ko te hapu o nga Eroni: na Iahareere, ko te hapu o nga Iahareeri.
27ဤသူတို့သည် ဇာဗုလုန် အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ခြောက်သောင်းငါးရာ ရှိသတည်း။
27Ko nga hapu enei o nga Hepuroni, ko nga mea o ratou i taua; e ono tekau mano e rima rau.
28ဘိုးဘ အဆွေအမျိုးအလိုက် ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့တွင်
28Ko nga tama a Hohepa, i o ratou hapu, ko Manahi raua ko Eparaima.
29မနာရှေ၏သားဟူမူကား၊ မာခိရမှ ဆင်းသက် သော မာခိရိ အဆွေအမျိုး၊
29Ko nga tama a Manahi: na Makiri, ko te hapu o nga Makiri: a whanau ake ta Makiri ko Kireara: na Kireara, ko te hapu o nga Kireari.
30ယေဇေရမှဆင်းသက်သော ယေဇေရိအဆွေ အမျိုး၊ ဟေလက်မှ ဆင်းသက်သော ဟေလကိ အဆွေ အမျိုး၊
30Ko nga tama enei a Kireara: na Ieetere, ko te hapu o nga Ieeteri: na Hereke, ko te hapu o nga Hereki:
31အသရေလမှဆင်းသက်သော အာသရေလိ အဆွေအမျိုး၊ ရှေခင်မှ ဆင်းသက်သော ရှေခေမိ အဆွေအမျိုး၊
31Na Ahariere, ko te hapu o nga Aharieri: na Hekeme hoki, ko te hapu o nga Hekemi:
32ရှမိဒမှ ဆင်းသက်သော ရှမိဒိအဆွေအမျိုး၊ ဟေဖါမှဆင်းသက်သော ဟေဖေရိ အဆွေအမျိုးတည်း။ မာခိရ၏သားဂိလဒ်မှ ဆင်းသက်သော ဂိလဒိအဆွေ အမျိုးတည်း။
32Na Hemira, ko te hapu o nga Hemiri: na Hewhere, ko te hapu o nga Hewheri.
33ဟေဖါ၏သား ဇလောဖဒ်၌ကား၊ သား ယောက်ျားမရှိ၊ သမီး သက်သက်သာရှိ၏။ ဇလောဖဒ်၏ သမီးတို့ အမည်ကား၊ မာလာ၊ နော အာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတည်း။
33A kahore he tama a Teropehara tama a Hewhere, engari he tamahine: a ko nga ingoa enei o nga tamahine a Teropehara, ko Mahara, ko Noa, ko Hokora, ko Mirika, ko Tirita.
34ဤသူတို့သည် မနာရှေအဆွေအမျိုး ဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ငါးသောင်းနှစ်ထောင် ခုနစ်ရာ ရှိသတည်း။
34Ko nga hapu enei o Manahi, ko nga mea hoki o ratou i taua, e rima tekau ma rua mano e whitu rau.
35ဘိုးဘအဆွေအမျိုးအလိုက် ဧဖရိမ်၏သား ဟူမူကား၊ ရှုသလမှ ဆင်းသက်သော ရှုသလိအဆွေအမျိုး၊ ဗေခါမှဆင်းသက်သော ဗေခရိ အဆွေအမျိုး၊ တာဟန်မှ ဆင်းသက်သော တာဟနိအဆွေအမျိုးတည်း။
35Ko nga tama enei a Eparaima, i o ratou hapu: na Hutera, ko te hapu o nga Huteri: na Pekere, ko te hapu o nga Pekeri: na Tahana, ko te hapu o nga Tahani.
36ရှုသေလ၏သား ဧရန်မှဆင်းသက်သော ဧရနိအဆွေအမျိုးတည်း။
36Ko nga tama ano hoki enei a Hutera: na Erana, ko te hapu o nga Erani.
37ဤသူတို့သည် ဧဖရိမ်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ သုံးသောင်းနှစ်ထောင် ငါးရာရှိသတည်း။ ဤသူတို့သည် ဘိုးဘအဆွေအမျိုး အလိုက် ယောသပ်၏သား စဉ်မြေးဆက်ဖြစ်သတည်း။
37Ko nga hapu enei o nga tama a Eparaima, ko nga mea o ratou i taua, e toru tekau ma rua mano e rima rau. Ko nga tama enei a Hohepa i o ratou hapu.
38ဘိုးဘအဆွေအမျိုးအလိုက် ဗင်္ယာမိန်၏သား ဟူမူကား၊ ဗေလမှ ဆင်းသက်သော ဗေလိအဆွေအမျိုး၊ အာရှဗေလမှ ဆင်းသက်သော အာရှဗေလိအဆွေအမျိုး၊ အဟိရံမှဆင်းသက်သော အဟိရ မိအဆွေအမျိုး။
38Ko nga tama a Pineamine, i o ratou hapu: na Pera, ko te hapu o nga Perai: na Ahapere, ko te hapu o nga Ahaperi: na Ahirama, ko te hapu o nga Ahirami:
39ရှုဖံမှဆင်းသက်သော ရှုဖမိ အဆွေအမျိုး၊ ဟုဖံမှဆင်းသက်သော ဟုဖမိအဆွေအမျိုးတည်း။
39Na Hupama, ko te hapu o nga Hupami: na Huwhama, ko te hapu o nga Huwhami.
40ဗေလသား အာရဒမှဆင်းသက်သော အာရဒိ အဆွေအမျိုး၊ နေမန်မှ ဆင်းသက်သော နေမနိ အဆွေ အမျိုးတည်း။
40A, ko nga tama a Pera ko Arare raua ko Naamana: na Arare, ko te hapu o nga Arari: na Naamana, ko te hapu o nga Naami.
41ဤသူတို့သည် ဗင်္ယာမိန်အဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား လေးသောင်းငါးထောင် ခြောက်ရာ ရှိသတည်း။
41Ko nga tama enei a Pineamine, i o ratou hapu: a ko nga mea o ratou i taua e wha tekau ma rima mano e ono rau.
42ဘိုးဘ အဆွေအမျိုးအလိုက် ဒန်၏သား ဟူမူ ကား၊ ရှုဟံမှဆင်းသက်သော ရှုဟမိအဆွေအမျိုးတည်း။ ဤသူတို့သည် ဒန်အဆွေအမျိုး ဖြစ်၍၊
42Ko nga tama enei a Rana, i o ratou hapu: na Huhama, ko te hapu o nga Huhami. Ko nga hapu enei o Rana, tenei hapu, tenei hapu, o ratou.
43စာရင်းဝင်သော ရှုလမိလူပေါင်းကား၊ ခြောက် သောင်းလေးထောင်လေးရာ ရှိသတည်း။
43Ko nga hapu katoa o nga Huhami, ko nga mea hoki o ratou i taua, e ono tekau ma wha mano e wha rau.
44ဘိုးဘ အဆွေအမျိုးအလိုက် အာရှာ၏သား ဟူမူကား၊ ယိမနမှဆင်းသက်သော ယိမနိအဆွေအမျိုး၊ ယေသဝိမှဆင်းသက်သော ယေသဝိ အဆွေအမျိုး၊ ဗေရိတ်မှဆင်းသက်သော ဗေရိတ် အဆွေအမျိုးတည်း။
44Ko nga tama a Ahera, i o ratou hapu: na Imina, ko te hapu o nga Imini: na Ihui, ko te hapu o nga Ihui: na Peria, ko te hapu o nga Perii.
45ဗေရိ၏သား ဟေဗေရမှဆင်းသက်သော ဟေဗေရိအဆွေ အမျိုး၊ မာလချေလမှ ဆင်းသက်သော မာလချေလိ အဆွေအမျိုးတည်း။
45Ko nga tama a Peria: na Hepere, ko te hapu o nga Heperi: na Marakierei, ko te hapu o nga Marakieri.
46အာရှာ၏ သမီးအမည်ကား၊ စာရာတည်း။
46A ko te ingoa o te tamahine a Ahera ko Hara.
47ဤသူတို့သည် အာရှာအဆွေအမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ ငါးသောင်းသုံးထောင် လေးရာ ရှိသတည်း။
47Ko nga hapu enei o nga tama a Ahera, ko nga mea o ratou i taua, e rima tekau ma toru mano e wha rau.
48ဘိုးဘ အဆွေအမျိုးအလိုက် နဿလိ၏သား ဟူမူကား၊ ယာဇေလမှ ဆင်းသက်သော ယာဇေလိအဆွေ အမျိုး၊ ဂုနိမှဆင်းသက်သော ဂုနိတ်အဆွေအမျိုး၊
48Ko nga tama a Napatari, i o ratou hapu: na Iahateere, ko te hapu o nga Iahateeri: na Kuni, ko te hapu o nga Kuni:
49ယေဇေရမှ ဆင်းသက်သော ယေဇေရိအဆွေ အမျိုး၊ ရှိလ္လင်မှ ဆင်းသက်သော ရှိလ္လမိအဆွေအမျိုး တည်း။
49Na Ietere, ko te hapu o nga Ieteri: na Hireme, ko te hapu o nga Hiremi.
50ဤသူတို့သည် နဿလိအဆွေ အမျိုးဖြစ်၍၊ စာရင်းဝင်သော လူပေါင်းကား၊ လေးသောင်းငါးထောင် လေးရာရှိသတည်း။
50Ko nga hapu enei o Napatari, i o ratou hapu: a, ko nga mea o ratou i taua e wha tekau ma rima mano e wha rau.
51ထိုသို့ ဣသရေလအမျိုး၊ စာရင်းဝင်သူ လူပေါင်း ကား ခြောက်သိန်း တထောင်ခုနစ်ရာငါးဆယ် ရှိ သတည်း။
51Ko nga mea enei i taua o nga tama a Iharaira, e ono rau kotahi mano, e whitu rau e toru tekau.
52ထာဝရဘုရားကလည်း၊ ဤသူတို့အား အရေ အတွက် ရှိသည်အတိုင်း၊
52¶ I korero ano a Ihowa ki a Mohi, i mea,
53ခါနန်ပြည်ကို ဝေရမည်။
53Me tuwha te whenua mo enei, hei kainga tupu; kia rite ki te maha o nga ingoa.
54လူများလျှင်များသော အမွေမြေကို၎င်း၊ လူနည်းလျှင် နည်းသော မွေမြေကို၎င်း၊ အနည်းအများ အလိုက် အသီးသီးတို့အား အမွေမြေကို ဝေပေးရမည်။
54He tokomaha, kia nui te wahi mo ratou, he tokotorutoru, kia iti hoki te wahi mo ratou: kia rite ki tona tokomaha te wahi e hoatu ki tenei, ki tenei.
55သို့ရာတွင် ထိုပြည်ကို စာရေးတံချ၍ ဝေရမည်။ ဘိုးဘ အမျိုးအနွယ်အလိုက် အမွေခံရကြမည်။
55Otiia me rota te tuwha o te whenua kia rite ki nga ingoa o nga iwi o o ratou matua to ratou nohoanga iho.
56စာရေးတံကျသည်အတိုင်း မြေကိုဝေ၍ အနည်း အများအလိုက် ပိုင်ရကြမည်ဟု မောရှေအား မိန့်တော်မူ ၏။
56Kia rite ki ta te rota te tuwhanga o nga kainga o reira mo te tokomaha, mo te tokotorutoru.
57ဘိုးဘ အဆွေအမျိုးအလိုက် စာရင်းဝင်သော လေဝိ၏သား ဟူမူကား၊ ဂေရရှုန် မှ ဆင်းသက်သော ဂေရရှောနိအဆွေအမျိုး၊ ကော ဟတ်မှ ဆင်းသက်သော ကောဟသိအဆွေအမျိုး၊ မေရာရိမှ ဆင်းသက် သော မေရောရိတ်အဆွေအမျိုး တည်း။-
57¶ A, o nga Riwaiti, ko enei i taua, i o ratou hapu: na Kerehona, ko te hapu o nga Kerehoni: na Kohara, ko te hapu o nga Kohati: na Merari, ko te hapu o nga Merari.
58ဤသည်လျှင် လေဝိအဆွေအမျိုးဖြစ်၍၊ လိဗနိအဆွေအမျိုး၊ ဟေဗြောနိ အဆွေအမျိုး၊ မာလိ အဆွေအမျိုး၊ မုရှိအဆွေအမျိုး၊ ကောရသိအဆွေအမျိုး ပါသတည်း။ ကောဟတ်၏ သားကား၊ အာမရံတည်း။
58Ko nga hapu enei o nga Riwaiti: ko te hapu o nga Ripini, ko te hapu o nga Heperoni, ko te hapu o nga Mahari, ko te hapu o nga Muhi, ko te hapu o nga Korati. A whanau ake ta Kohata ko Amarama.
59အာမရံ၏ မယားကား၊ အဲဂုတ္တုပြည်၌ လေဝိ မယား ဘွားမြင်သော လေဝိ၏ သမီးယောခေဗက်တည်း။ ထိုမိန်းမသည် အာမရံ၏ မယားဖြစ်၍၊ အာရုန်၊ မောရှေ၊ နှမမိရိအံတို့ကို ဘွားမြင်လေ၏။
59A ko te ingoa o ta Amarama wahine ko Iokepete, he tamahine na Riwai, i whanau nei ma Riwai ki Ihipa: a whanau ake a raua ko Amarama, ko Arona, ko Mohi, ko to raua tuahine hoki, ko Miriama.
60အာရုန်၏သားကား၊ နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာတည်း။
60A whanau ake a Arona, ko Natapa, ko Apihu, ko Ereatara, ko Itamara.
61နာဒပ်နှင့် အဘိဟုတို့သည် ထာဝရဘုရားရှေ့ တော်၌ ထူးခြားသောမီးကို ပူဇော်သောအခါ သေကြ၏။
61A i mate a Natapa raua ko Apihu i ta raua tapaenga i te ahi ke ki te aroaro o Ihowa.
62အသက် တလလွန်၍ စာရင်းဝင်သော လေဝိ သား ယောက်ျားပေါင်းကား၊ နှစ်သောင်းသုံးထောင် ရှိသတည်း။ သူတို့သည် ဣသရေလ အမျိုးသားတို့နှင့်အတူ အမွေမခံရသောကြောင့်၊ ရောနှော၍ စာရင်းမဝင်ရကြ။
62A, taua ake o ratou, e rau tekau ma toru mano, nga tane katoa, kotahi nei te marama, maha ake ranei: kihai hoki ratou i taua i roto i nga tama o Iharaira; no te mea kihai tetahi kainga tupu i homai ki a ratou i roto i nga tama a Iharaira.
63ဤရွေ့ကား၊ မောရှေနှင့် ယဇ်ပုရောဟိတ် ဧလာဇာတို့သည်၊ မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့တဘက်၌ စာရင်းယူသော ဣသရေလ အမျိုးသားပေတည်း။
63¶ Ko nga mea enei i taua e Mohi raua ko Ereatara tohunga, i ta raua tauanga i nga tama a Iharaira ki nga mania o Moapa, ki te wahi o Horano e tata ana ki Heriko.
64မောရှေနှင့် ယဇ်ပုရောဟိတ်အာရုန်တို့သည်၊ သိနာတော၌ ဣသရေလအမျိုးသားတို့ကို စာရင်းယူ၍၊ ထိုစာရင်း၌ ဝင်သောသူ တယောက်မျှ မပါ။
64Kahore ano i roto i enei tetahi o te hunga i taua e Mohi raua ko Arona tohunga, i ta raua tauanga i nga tama a Iharaira ki te koraha o Hinai.
65အကြောင်းမူကား၊ ထိုသူတို့သည်တော၌ အမှန် သေရကြမည်ဟု ထာဝရဘုရား မိန့်တော်မူပြီ။ ယေဖုန္နာ ၏သား ကာလက်နှင့် နုန်၏သား ယောရှုမှတပါး၊ အရင်းလူတယောက်မျှ မကြွင်းမကျန်ရ။
65I kiia hoki ratou e Ihowa, Ka mate rawa ki te koraha. A kahore tetahi o ratou i toe, ko Karepe anake tama a Iepune, raua ko Hohua tama a Nunu.