1အကျွန်ုပ်၏ ကျောက်ဖြစ်တော်မူသော ထာဝရ ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ မထူးဘဲ နေတော်မမူပါနှင့်။ မထူးဘဲနေတော်မူလျှင်၊ အကျွန်ုပ် သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူ ကဲ့သို့ဖြစ်ရ ပါမည်။
1¶ Na Rawiri. Ka karanga ahau ki a koe, e Ihowa, e toku kohatu, kaua e wahangu ki ahau; ki te wahangu hoki koe ki ahau, ka rite ahau ki te hunga e heke atu ana ki te poka.
2အကျွန်ုပ်သည် သန့်ရှင်းသောဗျာဒိတ်ဌာနတော်သို့ လက်ကိုချီ၍၊ ကိုယ်တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ်တောင်းလျှောက်သော အသံကို နားထောင် တော်မူပါ။
2Whakarongo ki toku reo inoi, ua karanga ahau ki a koe, ina totoro oku ringa ki tou ahurewa tapu.
3အိမ်နီးချင်း၏ အကျိုးကိုဖျက်ဆီးလိုသော စိတ်နှလုံးရှိသည်နှင့်၊ လောကဝတ်စကားကို ပြောတတ် သောသူတည်းဟူသော ဆိုးယုတ်သောအမှု၊ မတရား သောအမှုကို ပြုတတ်သောသူတို့နှင့်အတူ အကျွန်ုပ်ကို သွေးဆောင်တော်မမူပါနှင့်။
3Kaua ahau e kumea tahitia me te hunga he; me nga kaimahi i te kino, he marie a ratou kupu ki o ratou hoa, he kino ia kei roto i o ratou ngakau.
4သူတို့ကျင့်သော အကျင့်ဓလေ့ဆိုးယုတ်သည် နှင့်အညီ၊ အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။ သူတို့ ပြုမူသည် အတိုင်းဆပ်ပေး၍၊ အပြစ်နှင့် အလျောက်စီရင် တော်မူပါ။
4Kia rite ki a ratou mahi tau e hoatu ai ki a ratou, ki te kino ano o a ratou hanga: kia rite ki nga mahi a o ratou ringa tau e hoatu ai ki a ratou, whakahokia ta ratou utu ki a ratou.
5သူတို့သည် ထာဝရဘုရား၏အမှုတော်ကို၎င်း၊ လက်တော်နှင့်ပြုပြင်တော်မူရာကို၎င်း မမှတ်ကြသော ကြောင့်၊ တည်ဆောက်တော်မမူ၊ ဖြိုဖျက်တော်မူမည်။
5Na kahore nei ratou e whakaaro ki nga mahi a Ihowa, ki nga meatanga a ona ringa, mo reira ka whakahoroa iho ratou e ia, e kore ano e whakaturia ake.
6ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသ တည်း။
6¶ Kia whakapaingia a Ihowa mona i whakarongo mai ki toku reo inoi.
7ငါတောင်းလျှောက်သောအသံကို နားထောင် တော်မူပြီ။ ထာဝရဘုရားသည် ငါ၏ခွန်အားဗလ၊ ငါ၏ အကွယ်အကာဖြစ်တော်မူ၏။ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍၊ ငါ့ကို စောင့်မတော်မူသောကြောင့်၊ ငါ့နှလုံး သည်ရွှင်လန်းလျက်ရှိ၏။ သီချင်းဆိုလျက်ဂုဏ်တော်ကို ငါချီးမွမ်း မည်။
7Ko Ihowa toku kaha, toku whakangungu rakau; i whakawhirinaki toku ngakau ki a ia, a awhinatia ana ahau; koia i hari ai toku ngakau, i whakamoemiti ai hoki taku waiata ki a ia.
8ထာဝရဘုရားသည် မိမိလူစု၏ ခွန်အားဗလ ဖြစ်တော်မူ၏။ အထံတော်၌ ဘိသိတ်ခံသောသူ၏ ကယ်တင်ခြင်းအကြောင်းကို ခိုင်ခံ့မြဲမြံစေတော်မူ၏။
8Ko Ihowa to ratou kaha, ko ia ano te kaha whakaora o tana tangata i whakawahi ai.
9ကိုယ်တော်၏လူစုကို ကယ်တင်၍၊ အမွေတော် ကို ကောင်းကြီးမင်္ဂလာပေးတော်မူပါ။ သူတို့ကိုအုပ်ထိန်း ၍၊ ထာဝရချီးမြှောက်ခြင်းရှိစေတော်မူပါ။
9Whakaorangia tau iwi, manaakitia tou kainga tupu: whangainga ratou, whakaarahia ake ake.