Myanmar

Maori

Psalms

31

1အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခုံလှုံပါ ၏။ ရှက်ကြောက်ခြင်းနှင့် အစဉ်ကင်းလွတ် ပါစေသော။ တရားတော်နှင့်အညီ အကျွန်ုပ်ကို ကယ်မတော်မူပါ။
1¶ Ki te tino kaiwhakatangi. He himene na Rawiri. E Ihowa, ko koe taku e whakawhirinaki nei; kei whakama ahau ake ake: whakaorangia ahau, he tika nei hoki koe.
2အကျွန်ုပ်ဘက်သို့ နားတော်ကို လှည့်၍ အလျင်အမြန်၊ ကယ်နှုတ်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သောကျောက်။ အကျွန်ုပ်လုံခြုံရာ ရဲတိုက်ဖြစ်တော်မူပါ။
2Anga mai tou taringa ki ahau; hohoro te whakaora i ahau: kia ai koe hei kohatu kaha moku, hei whare tiaki moku.
3အကယ်စင်စစ် အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ကား၊ ကိုယ်တော်ပေတည်း။ နာမတော်အဘို့ အလို့ငှါ အကျွန်ုပ်ကို လမ်းပြ၍ သွန်သင်ပဲ့ပြင် တော်မူပါ။
3Ko koe hoki toku kohatu, toku pa: na kia mahara ki tou ingoa, a arahina ahau, tohutohungia hoki ahau.
4ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူ၏။ ထိုကြောင့် အကျွန်ုပ်အဘို့ ဝှက်ထားသော ကျော့ကွင်းထဲ က အကျွန်ုပ်ကို နှုတ်ယူတော်မူပါ။
4Kapohia ahau i roto i te kupenga i huna e ratou moku; ko koe hoki toku kaha.
5သစ္စာစောင့်တော်မူသော ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနှုတ်တော်မူ သည်ဖြစ်၍၊ အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်လက်၌ အပ်ပါ၏။
5Tenei toku wairua te tukua atu nei e ahau ki tou ringa; nau ahau i hoki e Ihowa, e te Atua o te pono.
6မုသာအနတ္တကို ဆည်းကပ်သောသူတို့ကို အကျွန်ုပ်သည်မုန်း၍ ထာဝရဘုရားကို ခိုလှုံပါ၏။
6E kino ana ahau ki te hunga e whakaaro ana ki nga mea tekateka noa; e whakawhirinaki ana hoki ahau ki a Ihowa.
7ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှု၍၊ အကျွန်ုပ်၏ ဝိညာဉ်တွေ့သောအမှုကို သိမှတ် တော်မူ၏။
7Ka whakamanamana ahau, ka hari ki tou atawhai; mou i titiro ki taku tangi; i matau hoki ki toku wairua i nga wa o te he;
8အကျွန်ုပ်ကို ရန်သူလက်သို့မအပ်ဘဲ ကျယ်ဝန်း သောအရပ်၌ နေရာချတော်မူ၏။
8Kahore ahau i kopia e koe ki roto ki te ringa o te hoariri: kua whakaturia e koe oku waewae ki te wahi nui.
9အိုထာဝရဘုရား၊ အကျွန်ုပ်၌ အမှုရောက်ပါပြီ။ ထိုကြောင့် အကျွန်ုပ်ကို သနားတော်မူပါ။ ပူပန်ခြင်း အားဖြင့် အကျွန်ုပ်မျက်စိ၊ စိတ်နှလုံး၊ ဝမ်းတို့သည် ပျက်ကြပါပြီ။
9¶ Tohungia ahau, e Ihowa, kei te he hoki ahau, pakoko kau toku mata i te pouri, toku wairua me toku kopu.
10အကျွန်ုပ်သည် ပူပန်ခြင်းရှိ၍၊ အသက်ကာလ ကို လွန်စေရပါ၏။ နှစ်စဉ်အတိုင်း ညည်းတွားလျက် နေရပါ၏။ ကိုယ်အပြစ်ကြောင့် အကျွန်ုပ်အားလျော့၍၊ ရန်သူများကြောင့် အရိုးတို့သည် ဆွေးမြေ့ကြပါ၏။
10Ka hemo nei hoki toku ora i te tangi, me oku tau i te aue; poto iho toku kaha i toku he, kurupopo ana oku iwi.
11အိမ်နီးချင်းတို့သည် အကျွန်ုပ်ကို အထူးသဖြင့် ကဲ့ရဲ့ကြပါ၏။ အကျွမ်းဝင်သော သူများတို့သည်လည်း ရွံကြပါ၏။ အိမ်ပြင်မှာ အကျွန်ုပ်ကို တွေ့မြင်သောသူတို့ သည် ရှောင်၍ ပြေးကြပါ၏။
11He tawainga ahau na oku hoariri katoa; ko te tino mahi ia tena a oku hoa noho tata, he mea wehi ahau na nga tangata i mohio ki ahau: ko te hunga i kite i ahau i waho, rere ana i ahau.
12မအောက်မေ့သော အသေကောင်ကဲ့သို့၊ အကျွန်ုပ်ကို မေ့လျော့ကြပါ၏။ အိုးခြမ်းကဲ့သို့ အကျွန်ုပ် ဖြစ်ပါ၏။
12Kua warewaretia ahau me te tupapaku kua ngaro atu i te ngakau; kua rite ki te oko pakaru.
13လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရပါ၏။ ပတ် ဝန်းကျင်အရပ်တို့၌ ကြောက်မက်ဘွယ်သောအကြောင်း ရှိပါ၏။ လူများတို့သည် အချင်းချင်းသင်းဖွဲ့လျက်၊ အကျွန်ုပ်အသက်ကို သတ်မည်အကြောင်း ကြံစည်ကြပါ ၏။
13I rongo hoki ahau i te ngautuara a te tini; i karapotia ahau e te wehi: i a ratou e runanga ana ki te he moku, i mea kia whakamatea ahau.
14သို့သော်လည်း ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ် လျှောက်ဆို ပါ၏။
14Ko ahau ia i whakawhirinaki ki a koe, e Ihowa: i mea, Ko koe toku Atua.
15အကျွန်ုပ်၌ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုယ်တော်စီရင်ပိုင်တော်မူ၏။ ရန်သူတို့နှင့် ညှဉ်းဆဲတတ် သောသူတို့ လက်မှအကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။
15Kei tou ringa oku taima, whakaorangia ahau i nga ringa o oku hoariri, i te hunga e tukino ana i ahau.
16မျက်နှာတော်၏ အလင်းကိုကိုယ်တော်၏ ကျွန် အပေါ်၌ ထွန်းလင်းစေတော်မူပါ။ ကရုဏာတော်ကြောင့်၊ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။
16Kia whiti tou mata ki tau pononga; whakaorangia ahau, he mahi tohu hoki tau.
17အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းပဌနာပြုပါသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းမရှိ ပါစေနှင့်။ လူဆိုးတို့မူကား၊ အရှက်ကွဲလျက်မရဏာနိုင်ငံ၌ တိတ်ဆိတ်စွာနေကြပါစေသော။
17Kei whakama ahau, e Ihowa; kua karanga hoki ahau ki a koe: kia whakama te hunga kino, kia takoto puku i te reinga.
18မာနထောင်လွှားခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် တကွ၊ ဖြောင့်မတ်သောသူတဘက်၌ စော်ကားသော စကားကိုပြော၍၊ မုသာ၌ကျင်လည်သော နှုတ်တို့သည် တိတ်ဆိတ်စွာနေကြပါစေ။
18Whakamutua te korero a nga ngutu teka, he kino nei a ratou korero mo te tangata tika, na to ratou whakapehapeha hoki, na to ratou whakahihi.
19ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့အဘို့ သိုထားတော်မူ၍၊ လူသားတို့ရှေ့မှာ ကိုယ်တော်ကို ခိုလှုံ သော သူတို့အဘို့ ပြုပြင်တော်မူသော ဆုကျေးဇူးတော် သည် အလွန်ကြီးလှပါ၏။
19¶ Ano te nui o tau pai kua rongoatia nei e koe mo te hunga e wehi ana ki a koe; i mahia nei e koe mo te hunga e whakawhirinaki ana ki a koe i te aroaro o nga tama a te tangata!
20လူတို့ပြုတတ်သောပရိယာယ်နှင့် ကင်းလွတ်စေ ခြင်းငှါ၊ ကျိန်းဝပ်တော်မူရာ အတွင်းအရပ်၌ ထိုသူတို့ကို ဝှက်ထားသော်မူ၏။ ရန်တွေ့ခြင်း အသံကိုကွယ်ကာ လျက်၊ တဲတော်တွင်သူတို့ကို စောင့်မတော်မူ၏။
20Ka huna ratou e koe ki te wahi ngaro i tou aroaro i nga rauhanga a te tangata; ka huna ratou e koe ki roto ki te teneti, kei taea e te ngangau a nga arero.
21ထာဝရဘုရား၌ မင်္ဂလာဖြစ်စေသတည်း။ အကြောင်းမူကား၊ ခိုင်ခံသောမြို့၌ အံဘွယ်သောမေတ္တာ ကရုဏာတော်ကို အကျွန်ုပ်အား ထင်ရှားပြတော်မူပြီ။
21Kia whakapaingia a Ihowa, mona i mea kia miharotia tana mahi tohu ki ahau i te pa kaha.
22အကျွန်ုပ်သည် ကိုယ်တော်၏မျက်နှာကွယ်ရာ၌ ဆုံးရှုံးပါပြီဟု အကျွန်ုပ်တုတ်လှုပ်လျက် ဆိုမိသော်လည်း၊ ကိုယ်တော်ကိုအော်ဟစ်သောအခါ အကျွန်ုပ်ပြုသော ပဌနာစကားသံကိုကိုယ်တော်နားထောင်တော်မူသတည်း။
22I ki hoki ahau i toku potatutatunga, Kua motuhia mai ahau i mua i ou kanohi: ahakoa ra i rongo koe ki toku reo inoi i taku karangatanga ki a koe.
23ထာဝရဘုရား၏ သန့်ရှင်းသူအပေါင်းတို့၊ ထာဝရဘုရားကိုချစ်ကြလော့။ ထာဝရဘုရားသည် သစ္စာ ရှိသောသူတို့ကို စောင့်မတော်မူ၏။ မာနထောင်လွှား သောသူတို့ကိုကား၊ အပြစ်များစွာဆပ်ပေးတော်မူ သတည်း။
23Arohaina a Ihowa, e tana hunga tapu katoa: e tiakina ana e Ihowa te hunga pono, a he nui tana utu ki te kaimahi whakapehapeha.
24ထာဝရဘုရားကို ကိုးစားသောသူအပေါင်းတို့၊ အာယူ၍ ရဲရင့်သော စိတ်နှလုံးရှိကြလော့။
24Kia maia, kia kaha o koutou ngakau, e te hunga katoa e tumanako ana ki a Ihowa.