Myanmar

Maori

Psalms

44

1အိုဘုရားသခင်၊ ရှေးလွန်လေပြီးသောကာလ တွင်၊ ဘိုးဘေးတို့လက်ထက်၌ ပြုတော်မူသောအမှုကို သူတို့ပြော၍၊ အကျွန်ုပ်တို့သည် ကိုယ်တိုင်ကြားရကြပါပြီ။
1¶ Ki te tino kaiwhakatangi, ma nga tama a Koraha. He Makiri. E te Atua, kua rongo o matou taringa, kua korerotia ki a matou e o matou matua, nga mahi i mahia e koe i o ratou ra, i nga ra o mua.
2တပါးအမျိုးသားတို့ကို လက်တော်ဖြင့်နှင်ထုတ် ၍ အကျွန်ုပ်တို့၏ ဘိုးဘေးများကို နေရာချတော်မူ၏။ တပါးအမျိုးသားတို့ကို နှိပ်စက်၍ ဘိုးဘေးများကို ပြန့်ပွါး စေတော်မူ၏။
2Nau nga tauiwi i pana ki tou ringa, nau ratou i whakato: nau nga iwi i whiu, a whakamararatia ana ratou.
3သူတို့သည် ကိုယ်ထားဖြင့် ထိုမြေကိုအစိုးရကြ သည်မဟုတ်ပါ။ ကိုယ်လက်ဖြင့် ကိုယ်ကို ကယ်တင်ကြ သည်မဟုတ်ပါ။ ကိုယ်တော်အလိုရှိသောကြောင့် လက်ျာလက်ရုံးတော်နှင့် မျက်နှာတော်အလင်းအားဖြင့် သူတို့ကို ကယ် တင်တော်မူ၏။
3Ehara hoki i te mea, na ta ratou hoari i whiwhi ai ratou ki te whenua, ehara to ratou takakau i te mea i ora ai ratou: engari na tou matau, na tou takakau hoki, na te marama ano o tou mata, he pai hoki nou ki a ratou.
4အိုဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏ ရှင်ဘုရင်ဖြစ်တော်မူ၏။ ယာကုပ်အမျိုး၏ ကယ်တင်ခြင်း အကြောင်းကို စီရင်တော်မူပါ။
4E te Atua, ko koe toku Kingi: whakahaua he whakaora mo Hakapa.
5ကိုယ်တော်အားဖြင့် အကျွန်ုပ်တို့သည် ရန်သူ များကို တွန်းချကြပါစေသော။ ရန်ဘက်ပြုသောသူတို့ကို နာမတော်အားဖြင့်နင်းရသော အခွင့်ရှိကြပါစေသော။
5Mau ka turaki ai matou i o matou hoariri; ma tou ingoa ka takahia ai e matou te hunga e whakatika ana ki a matou.
6ကိုယ်၌ပါသောလေးကို အကျွန်ုပ်သည် မကိုး စား။ ကိုယ်ထားသည် အကျွန်ုပ်ကို မကယ်ရပါ။
6E kore hoki ahau e whakawhirinaki ki taku kopere: e kore ano taku hoari e whakaora i ahau.
7ကိုယ်တော်သာလျှင် အကျွန်ုပ်တို့ကို ရန်သူလက် မှကယ်လွှတ်တော်မူ၏။ အကျွန်ုပ်တို့အား မုန်းသော သူများကိုလည်း အရှက်ကွဲစေတော်မူ၏။
7Nau hoki matou i ora ai i o matou hoariri: nau ano i whakama ai te hunga i kino ki a matou.
8အကျွန်ုပ်တို့သည် မခြားမလပ်ဘုရားသခင်၌ ဝါကြွား၍ နာမတော်ကို အစဉ်အမြဲ ချီးမွမ်းကြပါ၏။
8Ko te Atua ta matou e whakamanamana ai i te roa o te ra: ka whakamoemiti ano matou ki tou ingoa ake ake. (Hera.
9သို့သော်လည်း၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရှက်ကွဲစေတော်မူပြီး။ အကျွန်ုပ်တို့ ဗိုလ်ခြေ နှင့်အတူ ကြွတော်မမူပါ။
9¶ Otira kua panga nei matou e koe, kua meinga kia whakama: kahore hoki koe kia haere tahi me a matou taua.
10အကျွန်ုပ်တို့ကို ရန်သူရှေ့မှာပြန်ပြေးစေ တော်မူ၍၊ မုန်းသောသူတို့သည် အလိုလိုလုယူရကြ၏။
10Kua meinga matou kia hoki whakamuri mai i te hoariri; kei te pahua ano i etahi ma ratou te hunga e kino ana ki a matou.
11ဟင်းလျာဖြစ်သောသိုးများကဲ့သို့ အကျွန်ုပ်တို့ကို အပ်လိုက်၍၊ တပါးအမျိုးသားတို့တွင် အရပ်ရပ်ကွဲပြားစေ တော်မူ၏။
11Kua hoatu matou e koe, ano he hipi e kainga ana: kua marara ki roto ki nga tauiwi.
12ကိုယ်တော်၏ လူများကိုအဘိုးမခံဘဲရောင်း၍၊ ရောင်းသောအားဖြင့် စီးပွါးတော်ကို တိုးပွါးစေတော်မူ သည်မဟုတ်။
12E hokona ana e koe tau iwi, a hore he utu: kahore hoki koe e whiwhi rawa i te utu mo ratou.
13အကျွန်ုပ်တို့ကို အိမ်နီးချင်းများကဲ့ရဲ့ရာ ပတ်ဝန်း ကျင်၌နေသော သူများပြက်ယယ်ပြု၍၊ အရှက်ခွဲရာ ဖြစ်စေခြင်းငှါ စီရင်တော်မူ၏။
13E meinga ana matou e koe hei tawainga ma o matou hoa kainga; hei whakahaweatanga, hei whakakatanga mai ma te hunga i tetahi taha, i tetahi taha o matou.
14တပါးအမျိုးသားတို့သည် အကျွန်ုပ်တို့ကို ပုံခိုင်း ရသောအခွင့်၊ လူစုတို့သည် ခေါင်းညှိတ်ရသောအခွင့်ကို ပေးတော်မူ၏။
14E meinga ana matou e koe hei whakatauki ma nga tauiwi; hei rurutanga matenga ma nga iwi.
15ကဲ့ရဲ့သောသူနှင့် အသရေဖျက်သော သူ၏ စကားကြောင့်၎င်း၊
15Kei mua tonu i ahau toku whakama; kua taupokina ahau e te pawera o toku mata;
16ရန်ဘက်ပြုသောသူနှင့် လက်စားချေသောသူ၏ မျက်နှာများကြောင့်၎င်း၊ အကျွန်ုပ်သည် ကိုယ်အရှက် ကွဲခြင်းအကြောင်းကို အစဉ်မျက်မှောက်ပြုရပါ၏။ မျက်နှာရှက်ခြင်းအားဖြင့် မွန်းလျက်နေရပါ၏။
16I te reo o te kaitawai, o te kaikohukohu; i te hoariri, i te kairapu utu.
17ထိုမျှလောက်ခံရသော်လည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို မမေ့မလျော့။ သစ္စာတော်ကိုမဖျက်ကြပါ။
17¶ Kua pa katoa tenei ki a matou; heoi kahore matou i wareware ki a koe, kihai ano i teka ki tau kawenata.
18စိတ်နှလုံးသည် နောက်သို့မဆုတ်၊ တရားတော် လမ်းမှလွှဲ၍ မသွားကြပါ။
18Kahore to matou ngakau i tahuri whakamuri; kihai ano o matou hikoinga i peka ke i tau ara;
19ကိုယ်တော်မူကား၊ မြေခွေးနေရာအရပ်မှာ အကျွန်ုပ်တို့ကို ချိုးဖဲ့နှိပ်စက်၍၊ သေခြင်းအရိပ်နှင့် ဖုံးလွှမ်း တော်မူ၏။
19I maru ai matou i a koe i te wahi o nga tarakona; a taupoki rawa ki te atarangi o te mate.
20အကျွန်ုပ်တို့သည် ကိုယ်ဘုရားသခင်၏ နာမ တော်ကိုမေ့လျော့၍၊ တပါးအမျိုး၏ ဘုရားထံသို့ လက်ကိုဆန့်သည်မှန်လျှင်၊
20Mehemea kua wareware matou ki te ingoa o to matou Atua, kua totoro ranei o matou ringa ki te atua ke;
21နှလုံး၌ဝှက်ထားသော အရာများကိုဘုရားသခင် သိတော်မူသည်ဖြစ်၍၊ ထိုအမှုကိုမစစ်ဘဲနေတော်မူ မည်လော။
21E kore ranei tenei e ata tirohia e te Atua? E matau ana hoki ia ki nga mea ngaro o te ngakau.
22အကယ်စင်စစ် ကိုယ်တော်အတွက် အကျွန်ုပ်တို့ သည် အစဉ်မပြတ်အသေသတ်ခြင်းကို ခံရကြပါ၏။ သတ်ဘို့ရာထားသောသိုးကဲ့သို့ အကျွန်ုပ်တို့ကို သူတပါး မှတ်တတ်ကြပါ၏။
22Mou nei hoki matou i patua ai i te ra roa nei: kiia iho matou he hipi e patua ana.
23အိုဘုရားရှင်၊ နိုးတော်မူပါ။ အဘယ်ကြောင့် ကျိန်းစက်တော်မူသနည်း။ ထတော်မူပါ။ အကျွန်ုပ်တို့ကို အစဉ်စွန့်ပစ်တော်မမူပါနှင့်။
23E ara, he aha koe ka moe ai, e te Ariki? Whakatika, kaua matou e panga tonutia.
24အကျွန်ုပ်တို့ ခံရသောနှိမ့်ချခြင်းနှင့် ညှဉ်းဆဲခြင်း ကို မျက်နှာတော်လွှဲ၍ အဘယ်ကြောင့်မေ့လျော့တော် မူသနည်း။
24He aha koe ka huna ai i tou mata? ka wareware ai ki to matou mamae, ki to matou tukinotanga?
25အကျွန်ုပ်တို့၏စိတ်ဝိညာဉ်သည် မြေတိုင်အောင် နှိမ့်ချခြင်းကို ခံရ၍၊ ရင်ပတ်လည်းမြေ၌ကပ်လျက်ရှိပါ၏။
25Kua piko nei hoki to matou wairua ki raro ki te puehu; piri rawa to matou kopu ki te whenua.
26အကျွန်ုပ်တို့ကို မစသောဘုရား၊ ထတော်မူပါ။ ကရုဏာတော်နှင့်အညီ ရွေးနှုတ်တော်မူပါ။
26E ara, hei awhina i a matou; kia mahara ki tou aroha, a hokona matou.