Myanmar

Maori

Psalms

49

1လူများအပေါင်းတို့၊ ကြားကြလော့။ ခပ်သိမ်း သောလောကသား၊
1¶ Ki te tino kaiwhakatangi. He himene ma nga tama a Koraha. Whakarongo ki tenei, e nga iwi katoa: tahuri mai o koutou taringa, e nga tangata katoa o te ao.
2အယုတ်အမြတ်၊ ကြွယ်ဝသောသူ၊ ဆင်းရဲသော သူ၊ တညီတညွတ်တည်း နားထောင်ကြလော့။
2E nga tangata iti, koutou ko nga tangata rahi, e te tangata taonga korua ko te rawakore.
3ငါ့နှုတ်သည်ပညာကိုမြွတ်ဆိုမည်။ ငါ့နှလုံးသည် ဥာဏ်နှင့်ဆိုင်သောအရာကို ဆင်ခြင်မည်။
3Ka whakapuakina he matauranga e toku mangai: a he ata ngarahu te whakaaro o toku ngakau.
4ပုံစကားသို့ ကိုယ်နားကိုလှည့်လျက် နက်နဲသော အရာကို စောင်းတီး၍ ဖွင့်ပြပေအံ့။
4Ka titaha toku taringa ki te kupu whakarite; ka puaki taku pepeha i runga i te hapa.
5ခဲယဉ်းဆိုးယုတ်သော ကာလ၌ငါ၏အရာတို့ လုယူချင်သောသူတို့၏ ဒုစရိုက်အမှုသည် ငါ့ကို ဝိုင်းသော် လည်း၊ ငါသည် အဘယ်ကြောင့် ကြောက်ရမည်နည်း။
5Kia wehi ahau ki te aha i nga ra o te kino, ina karapotia ahau e te kino kei oku rekereke?
6ထိုသူတို့သည် ကိုယ်ဥစ္စာကို ကိုးစား၍၊ ကိုယ် စည်းစိမ်များသောကြောင့် ဝါကြွားသော်လည်း၊
6¶ Ko te hunga e whakawhirinaki ana ki o ratou taonga, e whakamanamana ana ki te nui o o ratou rawa;
7မိမိညီအစ်ကိုကို အဘယ်သူမျှအလျှင်းမရွေးနိုင်။ ရွေးရန်အဘိုးကိုဘုရားသခင်၌ မပေးနိုင်။
7E kore tetahi o ratou e ahei te hoko i tona teina, te hoatu ranei i tetahi utu mona ki te Atua;
8သူတို့အသက်ဝိညာဉ်၏ ရွေးရန် အဘိုးကြီးလှ ပေ၏။ သို့ဖြစ်၍ အစဉ်ရှုံးလျက်နေရမည်။
8He nui hoki te utu mo to ratou wairua, a me whakarere atu ake ake;
9ရွေးလျှင် အစဉ်အမြဲ အသက်ရှင်ရာ၏။ ပုပ်စပ် ခြင်းသို့ မရောက်ရာ။
9Kia ora tonu ai ia ake ake: kia kaua e kite i te pirau.
10ထင်ရှားသောအရာဟူမူကား၊ ပညာရှိသော သူတို့သည် သေတတ်ကြ၏။ ထိုအတူမိုက်သောသူနှင့် တိရစ္ဆာန်သဘောရှိသော သူတို့သည် ပျက်စီးခြင်း သို့ရောက်၍၊ မိမိတို့ဥစ္စာကို သူတပါးတို့၌ ချန်ထားကြ၏။
10E kite ana hoki ia e matemate ana nga tangata whakaaro nui, e ngaro ngatahi ana te poauau me te whakaarokore, a mahue iho o ratou taonga ki etahi atu.
11မိမိတို့အိမ်သည် ထာဝရဖြစ်လိမ့်မည်။ မိမိတို့ နေရာလည်း လူမျိုးအစဉ်အဆက်တည်လိမ့်မည်။ မိမိတို့ နာမသည် မြေပေါ်မှာ ကျော်စောလိမ့်မည်ဟု သူတို့ စိတ်ထင်ရှိကြ၏။
11Ki to ratou whakaaro puku, tera e pumau tonu o ratou whare me o ratou nohoanga, ki nga whakatupuranga katoa: huaina iho o ratou whenua ki o ratou ingoa.
12သို့ရာတွင် လူသည်ဂုဏ်အသရေ၌ မတည်မနေ တတ်။ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့် တူ၏။
12Heoi kahore te tangata e noho tonu i roto i te honore: ko tona rite kei nga kararehe ka moti nei.
13ထိုသို့ပြုမူခြင်းအရာသည် သူတို့၏ကိုးစားရာ ဖြစ်၍၊ သူတို့သားမြေးတို့သည် သူတို့စကားကို နှစ်သက် တတ်ကြ၏။
13Ko to ratou ara tenei, ara ko to ratou poauau: heoi e whakapai ana to ratou uri ki a ratou korero. (Hera.
14ထိုသူတို့ကို သိုးများကဲ့သို့ မရဏာနိုင်ငံ၌ ချထား ၍ သေမင်းစားလိမ့်မည်။ ကာလမကြာမမြင့်မှီ ဖြောင့် မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ ကိုယ်ခန္ဓာသည် ဖောက်ပြန်ဘို့ရာဖြစ်၏။ မရဏာနိုင်ငံ သည် သူတို့၏နေရာဖြစ်၏။
14Kei te hipi te rite: ko te wahi mo ratou ko te reinga; ko te mate hei hepara mo ratou, hei rangatira ano te hunga tika mo ratou i te ata; ko to ratou ataahua ma te reinga e whakamoti, kia kore ai he whare mona.
15ငါ့ကိုမူကား၊ ဘုရားသခင်သိမ်းယူတော်မူသော ကြောင့်၊ ငါ၏ဝိညာဉ်ကို မရဏာနိုင်ငံ၏ တန်ခိုးမှ ရွေးတော်မူမည်။
15¶ Ma te Atua ia toku wairua e hoko mai i te reinga: ko ia hoki hei tukunga atu moku. (Hera.
16သူတပါးသည် ဥစ္စာကြွယ်ဝ၍၊ အိမ်၏ဂုဏ် အသရေတိုးပွါးသောအခါ သင်သည် မစိုးရိမ်နှင့်။
16Kaua e wehi ua whai taonga te tangata, ina nui haere te kororia o tona whare;
17ထိုသူသည်သေသောအခါ၊ အဘယ်ဥစ္စာမျှ မပါရ။ သူ၏ဂုဏ်အသရေသည် သူ့နောက်သို့ မဆင်း သက်ရ။
17Kahore hoki ana mea e mau atu ai ia ina mate; e kore tona kororia e tuku iho i muri i a ia.
18ထိုသူသည် အသက်ရှင်စဉ်အခါ၊ မိမိညာဉ်ကို ကောင်းကြီးပေး တတ်၏။ မိမိအကျိုးကို ပြုစုသော အခါ သူတပါးတို့သည်ချီးမွမ်းတတ်ကြ၏။
18Whakapai noa ia i tona wairua i a ia e ora ana; a ka whakamoemititia koe ua pai au mahi ki a koe ano.
19သို့သော်လည်း၊ သူသည် သူ၏ဘိုးဘေးအမျိုး ရှိရာသို့ သွားရလိမ့်မည်။ ကာလအစဉ်အဆက် သူတို့သည်အလင်းကို မမြင်ရကြ။
19Ka haere ia ki te whakatupuranga o ona tupuna: e kore rawa ratou e kite i te marama.
20ဂုဏ်အသရေနှင့်ပြည့်စုံလျက် ပညာသတိမရှိ သောသူသည်ကား၊ ပျက်စီးခြင်းသို့ ရောက်တတ်သော တိရစ္ဆာန်နှင့်တူ၏။
20Ko te tangata e whakahonoretia ana, a kahore e whai whakaaro, kei nga kararehe ka moti nei tona rite.