1ယခုမူကား၊ အိုဗိုလ်ခြေသတို့သမီ၊ စည်းဝေး၍ ခင်းကျင်းလော့။ ငါတို့ကို ဝိုင်းထားကြပြီ။ ဣသရေလ မင်း၏ပါးကို ကြိမ်လုံးနှင့် ရိုက်ကြပြီတကား။
1अब तिमी पर्खालले घेरियौ! हामी घेरामा पर्यौं। तिमीहरुले इस्रएलको न्यायकर्तालाई फलामको लौरोले गालामा हिर्काउँनेछन्।
2အိုဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့ တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေ လအမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဘို့ သင်၏ အထဲမှာ ပေါ်ထွန်းလတံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာ မှစ၍ ပေါ်ထွန်းသော သခင်ဖြစ်၏။
2तर हे बेतलेहम एप्रात, तिमी जो यहूदाका हजारौंका बीचमा सानो छौ, तर तिमीबाट एउटा “इस्राएलको शासक” मेरो निम्ति आउँनेछ। उहाँको सुरुवात प्राचीन कालदेखिनै छ, धेरै अघि देखि।
3သို့ဖြစ်၍၊ သားဘွားခြင်းဝေဒနာကို ခံရသော မိန်းမသည် မဘွားမှီတိုင်အောင်၎င်း၊ ဣသရေလအမျိုး သားတို့နှင့်တကွ ကျန်ကြွင်းသော ညီအစ်ကိုတို့သည် မပြောင်းလဲမှီတိုင်အောင်၎င်း၊ သူတို့ကို စွန့်ပစ်တော်မူ လိမ့်မည်။
3यसकारण जब सम्म जन्मेको कष्टमा पर्नेले जन्माउँदैन तब सम्म उहाँले सियोनलाई त्यागि दिनुहुनेछ। तब तिनका बचेका दाज्यू-भाईहरु चाँहि इस्राएलीहरुकहाँ फर्किएर आउनेछन्।
4ထိုသခင်သည် ရပ်၍ ထာဝရဘုရား၏အစွမ်း သတ္တိနှင့်၎င်း၊ မိမိဘုရားသခင် ထာဝရဘုရား၏နာမ တော်တန်ခိုးအာနုဘော်နှင့်၎င်း၊ မိမိသိုးစုကို ကျွေးမွေး လိမ့်မည်။ သူတို့သည်လည်း တည်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုသခင်သည် မြေကြီးစွန်းတိုင်အောင် အစိုးရ၍၊ ရန်ငြိမ်းခြင်းအကြောင်းဖြစ်တော်မူလိမ့်မည်။
4अनि ऊ खडा हुन्छ आफ्नो भेडाको बथानलाई परमप्रभुको शक्तिले अनि उसका परमप्रभु परमेशवरको महिमाले खुवाँउँछ। तिनीहरु सुरक्षित हुनेछन् किनभने ऊ पृथ्वीको अर्को अन्त सम्म महान रहनेछ।
5အာရှုရိလူသည် ငါတို့ပြည်သို့လာ၍၊ ငါတို့ ဘုံ ဗိမာန်များကို နင်းသောအခါ၊ သိုးထိန်းခုနစ်ပါးနှင့် လူကြီး ရှစ်ပါးတို့သည် ငါတို့တွင် ပေါ်ထွန်း၍၊
5यहीं शान्ति हुनेछ जब अश्शूरी हाम्रो देशमा आउँछ र त्यले हाम्रो देशमा खुट्टा टेक्छ तब हामी त्यसको बिरूद्धमा सात गोठाला र आठ अगुवाहरु खडा गर्नेछौं।
6ထားလက်နက်ဖြင့် အာရှုရိပြည်ကို၎င်း၊ မြို့ တံခါးဝအတွင်း၌ နိမ်ရောဓနိုင်ငံကို၎င်း သုတ်သင်ပယ် ရှင်းသောအားဖြင့်၊ ငါတို့ပြည်သို့ လာ၍၊ ငါတို့နယ်အတွင်း တွင် နင်းသော အာရှုရိလူ၏လက်မှ ငါတို့ကို ကယ်လွှတ် လိမ့်မည်။
6अनि तिनीहरुले अश्शूरमाथि तरवारले र निम्रोदको भूमिमाथि नाङ्गो तरवारले शासन गर्नेछन्। अब अश्शूरीहरु हाम्रो देश भित्र पस्छन् र हाम्रो सिमानामा पाईला टेक्छन् तब उहाँले हामीहरुलाई अश्शूरीहरुको हातबाट बचाउँनुहुनेछ।
7ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တပါးအမျိုးသား အများတို့တွင် နေ၍၊ ထာဝရဘုရား ပေးတော်မူသောနှင်းကဲ့သို့၎င်း၊ လူကို မငံ့လင့်၊ လူသားတို့ ၏ အလိုသို့မလိုက်သော မိုဃ်းရေကဲ့သို့၎င်း ဖြစ်ကြလိမ့် မည်။
7अनि याकूबका बाँकि रहेकाहरु चाँहि धेरै मानिसहरुका बिचमा परमप्रभुबाट आएको शीत र घाँसमाथि पर्ने झरी झैं हुनेछन्, जसले न त कुनै मानिसलाई न मानिसका कुललाई पर्खनेछ।
8ကျန်ကြွင်းသော ယာကုပ်အမျိုးသားတို့သည် တပါးအမျိုးသားအများတို့တွင် နေ၍၊ တောသားရဲတို့တွင် ခြင်္သေ့ကဲ့သို့၎င်း၊ သိုးစုတို့တွင် ခြင်္သေ့ပျိုကဲ့သို့၎င်း ဖြစ်ကြ လိမ့်မည်။ ခြင်္သေ့ဝင်သောအခါ အဘယ်သူမျှ မကယ်နှုတ် နိုင်အောင် နင်း၍ ကိုက်စားတတ်၏။
8अनि याकूबका बाँकि रहेकाहरु चाँहि धेरै जनताको बीचमा जङ्गलका पशुहरुका बीचमा सिंह र जीव-जन्तुहरुको बिच सिंहको बच्चा जस्तै हुनेछन् जो तिनका बीचमा कुल्चँदै र तिनीहरुलाई टुक्रा पार्दै जानेछन्, र बचाउँने कोही पनि हुनेछैन।
9သင်၏ရန်ဘက်၌ နေသောသူတို့ကို သင်တိုက် ၍၊ ရန်သူအပေါင်းတို့သည် ဆုံးရှုံးကြလိမ့်မည်။
9तपाईंका बाहुली तपाईंका बिरोधीहरुमाथि रहोस्, र तपाईंका सबै शत्रुहरु ध्वंश हुनेछन्।”
10ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်၏မြင်းတို့ကို သင့်အလယ်က ငါပယ်ရှင်း၍၊ သင်၏ ရထားတို့ကိုလည်း ဖျက်ဆီးမည်။
10परमप्रभु भन्नुहुन्छ, “त्यसदिन म तिम्रा घोडाहरु खोस्नेछु र म तिम्रा रथहरु नष्ट गरिदिनेछु।
11သင်၏ပြည်၌ မြို့ရိုးတို့ကို ငါပယ်ရှင်း၍၊ သင်၏ ရဲတိုက်ရှိသမျှတို့ကို ဖြိုဖျက်မည်။
11म तिम्रो देशको सबै शहरहरु उजाड पारिदिनेछु। म तिम्रो सबै गढीहरु भत्काई दिनेछु।
12သင်၏နယ်၌ စုန်းလုပ်သောသူတို့ကို ငါပယ်ရှင်း ၍၊ သင်၌ ဗေဒင်ဟောသောသူမရှိရ။
12फेरि तिमीले जादू चलाउने प्रयत्न गर्नेछौनौं, फेरि तिमी ती मानिसहरुको भविष्य बताउँने प्रयास गर्नेछौनौ।
13ထုလုပ်သော ရုပ်တုဆင်းတုတို့ကို သင့်အလယ် က ငါပယ်ရှင်း၍ ၊ ကိုယ်လက်နှင့်လုပ်သော အရာကို နောက်တဖန်သင်မကိုးကွယ်ရ။
13म तिम्रा झूटा देवताको, मूर्तिहरु नष्ट गरिदिनेछु। ती झूटा देवताको मूर्तिहरुको ढुङ्गाको मूर्ति, स्मृति, स्तम्भहरु सबै उखेलेर फ्याँकिदिनेछु जसलाई तिमीहरु स्वयंले, आफ्नो हातले बनाएका थियौ, तिमीहरु त्यसको पूजा गर्ने पाउनेछैनौ।
14အာရှရပင်တို့ကိုလည်း သင့်အလယ်၌ ငါနှုတ်၍၊ သင်၏မြို့တို့ကိုလည်း ငါဖျက်ဆီးမည်။
14म अशेरा देवीका पूजाको खम्बाहरु नष्ट गरिदिनेछु। अनि म सबै तिम्रो झूटो देवताहरु नष्ट गरिदिनेछु।
15ငါ့စကားကို နားမထောင်သော တပါးအမျိုး သားတို့ကို ပြင်းစွာ အမျက်ထွက်၍ အပြစ်ဒဏ်ကို ငါစီရင် မည်။
15त्यहाँ केही जातिहरु छन् जसले मेरो कुरा सुन्दैनन्। म तिनीहरुसित क्रोधित हुनेछु र म तिनीहरुसित बद्ला लिनेछु।”